Friday, 24 July 2020 15:25

31china-briefing24-articleLarge.jpg

 
By-Jae
 
Coronavirus ကူးစက်ပျံ့နှံ့မှုကြောင့် လပေါင်းများစွာ ပိတ်သိမ်းပြီးနောက် ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် စီးပွားရေးဆိုင်ရာ လေကြောင်းလိုင်းများ ပြန်လည်စတင်ရန်  သဘောတူလိုက်ကြောင်း ဗီယက်နမ်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနမှ ဇူလိုင်လ ဒုတိယပတ်တွင် သတင်းထုတ်ပြန်ခဲ့သည်။
 
ဗီယက်နမ်နှင့် တရုတ်လေကြောင်းအာဏာပိုင်များအနေဖြင့် လေယာဉ်ခရီးစဉ်များကို မည်သည့်အချိန်တွင် စတင်မည်၊ အကြိမ်ရေ မည်မျှ ပျံသန်းပြေးဆွဲမည် စသည့် အချက်အလက်များကိုမူ ထပ်မံ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ဝန်ကြီးဌာနက အသိပေးထားသည်။ 
 
သို့ရာတွင် ဗီယက်နမ်နိုင်ငံကို သွားရောက်မည့် သူများအနေဖြင့် မဖြစ်မနေ ၁၄ ရက် Quarantine ဝင်ရမည် ဖြစ်သည်။
 
အရှေ့တောင်အာရှ နိုင်ငံများထဲတွင် ဗီယက်နမ်နိုင်ငံသည် Covid-19 ကူးစက်သူပေါင်း  ၄၁၂ ယောက် ရှိခဲ့သော်လည်း ယခုအချိန်အထိ သေဆုံးမှုများ မတွေ့ရှိရသေးသဖြင့် အခြားနိုင်ငံများထက် စီးပွားရေးကို ပြန်လည် စတင်နိုင်ခဲ့သည်။ 
 
တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသည် ကုန်သွယ်ရေးမဟာမိတ်နိုင်ငံတွေများ ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ဗီ ယက်နမ်သို့ လာရောက်သည့် နိုင်ငံခြားသားခရီးသွား ၁၈ သန်းအနက် သုံးပုံတစ်ပုံသည် တရုတ်ခရီးသွားများ ဖြစ်ကြောင်း သိရသည်။
 
ဗီယက်နမ်အနေဖြင့် ပြည်တွင်းတွင် Covid-19 ရောဂါပိုးကူးစက်ခံရသူတစ်ဦး စတင်တွေ့ရှိခဲ့သည့် ဖေဖော်ဝါရီလမှစ၍ နိုင်ငံသို့ ဝင်ခွင့်၊ ထွက်ခွင့်များ ပိတ်ထားခဲ့ပြီး ယခုအချိန်မှသာ တရုတ်စီးပွားရေးဆိုင်ရာ လေကြောင်းလိုင်းများကို စတင် ၀င်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
 

==============================

Coronavirus ကူးစက္ပ်ံ႕ႏွံ႔မႈေၾကာင့္ လေပါင္းမ်ားစြာ ပိတ္သိမ္းၿပီးေနာက္ ဗီယက္နမ္ႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံႏွင့္ စီးပြားေရးဆိုင္ရာ ေလေၾကာင္းလိုင္းမ်ား ျပန္လည္စတင္ရန္ သေဘာတူလိုက္ေၾကာင္း ဗီယက္နမ္ႏိုင္ငံ၏ သယ္ယူပို႔ေဆာင္ေရး ၀န္ႀကီးဌာနမွ ဇူလိုင္လ ဒုတိယပတ္တြင္ သတင္းထုတ္ျပန္ခဲ့သည္။ ဗီယက္နမ္ႏွင့္ တ႐ုတ္ေလေၾကာင္းအာဏာပိုင္မ်ားအေနျဖင့္ ေလယာဥ္ခရီးစဥ္မ်ားကို မည္သည့္အခ်ိန္တြင္ စတင္မည္၊ အႀကိမ္ေရ မည္မွ် ပ်ံသန္းေျပးဆြဲမည္ စသည့္ အခ်က္အလက္မ်ားကိုမူ ထပ္မံ ထုတ္ျပန္ေပးမည္ ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက အသိေပးထားသည္။ သို႔ရာတြင္ ဗီယက္နမ္ႏိုင္ငံကို သြားေရာက္မည့္ သူမ်ားအေနျဖင့္ မျဖစ္မေန ၁၄ ရက္ Quarantine ဝင္ရမည္ ျဖစ္သည္။ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားထဲတြင္ ဗီယက္နမ္ႏိုင္ငံသည္ Covid-19 ကူးစက္သူေပါင္း ၄၁၂ ေယာက္ ရွိခဲ့ေသာ္လည္း ယခုအခ်ိန္အထိ ေသဆုံးမႈမ်ား မေတြ႕ရွိရေသးသျဖင့္ အျခားႏိုင္ငံမ်ားထက္ စီးပြားေရးကို ျပန္လည္ စတင္ႏိုင္ခဲ့သည္။ တ႐ုတ္ႏိုင္ငံႏွင့္ ဗီယက္နမ္ႏိုင္ငံသည္ ကုန္သြယ္ေရးမဟာမိတ္ႏိုင္ငံေတြမ်ား ျဖစ္ၿပီး ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္တြင္ ဗီ ယက္နမ္သို႔ လာေရာက္သည့္ ႏိုင္ငံျခားသားခရီးသြား ၁၈ သန္းအနက္ သုံးပုံတစ္ပုံသည္ တ႐ုတ္ခရီးသြားမ်ား ျဖစ္ေၾကာင္း သိရသည္။ ဗီယက္နမ္အေနျဖင့္ ျပည္တြင္းတြင္ Covid-19 ေရာဂါပိုးကူးစက္ခံရသူတစ္ဦး စတင္ေတြ႕ရွိခဲ့သည့္ ေဖေဖာ္ဝါရီလမွစ၍ ႏိုင္ငံသို႔ ဝင္ခြင့္၊ ထြက္ခြင့္မ်ား ပိတ္ထားခဲ့ၿပီး ယခုအခ်ိန္မွသာ တ႐ုတ္စီးပြားေရးဆိုင္ရာ ေလေၾကာင္းလိုင္းမ်ားကို စတင္ ၀င္ခြင့္ျပဳခဲ့ျခင္း ျဖစ္သည္။

Read 110 times Last modified on Friday, 24 July 2020 15:59
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.