Thursday, 16 July 2020 17:34

 

By-Jae

ဂျပန်နိုင်ငံက Guyana, Cuba, Guatemala, Grenada, Costa Rica, Jamaica, Nicaragua, Haiti, Saint Vincent and the Grenadines, Algeria, Eswatini, Cameroon, Senegal, Central African Republic, Mauritania, Iraq, Lebanon နှင့် Georgia အပါအဝင် နိုင်ငံပေါင်း (၁၂၉) နိုင်ငံမှ ခရီးသွားများဝင်ရောက်ခြင်းကို ဇူလိုင်လကုန်အထိ ပိတ်ပင်ထားကြောင်း ဂျပန်နိုင်ငံလူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်များမှ ကြေညာခဲ့သည်။

ယခုနှစ်အစောပိုင်းက ဖြစ်ပွားခဲ့သည့် (Covid-19) ရောဂါကူးစက်မှု စတင်ကတည်းက ဂျပန်သို့ ခရီးသွားလာခြင်းသည် တဖြည်းဖြည်းချင်း လျော့ကျလာခဲ့ပြီး အစိုးရမှ ထုတ်ပြန်သော အချက်အလက်များအရ မေလတွင် ခရီးသွား ဧည့်သည်သည် ယခင်နှစ်ကထက် ၉၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ဇွန်လတွင် လူပေါင်း (၁၅၀) ပါသော စင်းလုံးငှားလေယာဉ်ဖြင့် ဗီယက်နမ်သို့ ပျံသန်းမှုများ တစ်စိတ်တစ်ပိုင်း ပြန်လည် စတင်ခဲ့သည်။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဂျပန်နိုင်ငံပြင်ပတွင် ထုတ်ပေးသည့် ဗီဇာများကို ဇူလိုင်လကုန်အထိ ယာယီရပ်ဆိုင်းရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Coronavirus ( Covid-19) ရောဂါပြန့်ပွားမှုကို တားဆီးရန်အတွက် ခရီးသွားလာခွင့် ကန့်သတ်ချက်များကို လျှော့ချရန်အတွက် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်အပါအဝင် နိုင်ငံပေါင်း (၁၀) နိုင်ငံနှင့် ဆွေးနွေးမှုများ စတင်ရန် စီစဉ်နေကြောင်း ဂျပန်အစိုးရ သတင်းရပ်ကွက်များက ဇူလိုင် (၁၀) ရက်နေ့တွင် ပြောကြားခဲ့သည်။

ဆွေးနွေးပွဲများအရ ဘရူနိုင်း၊ မြန်မာနှင့် လာအိုစသည့် နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များကို ဝင်ရောက်ခွင့်ပြုခြင်းကို ဦးစားပေးမည်ဟု မျှော်လင့်ရသည်။

==============================

ဇူလိုင္လကုန္ထိ နိုင္ငံေပါင္း (၁၂၉) နိုင္ငံမွ ခရီးသြားဝင္ေရာက္ခြင့္ကို ဂ်ပန္ပိတ္ပင္

ဂ်ပန္ႏိုင္ငံက Guyana, Cuba, Guatemala, Grenada, Costa Rica, Jamaica, Nicaragua, Haiti, Saint Vincent and the Grenadines, Algeria, Eswatini, Cameroon, Senegal, Central African Republic, Mauritania, Iraq, Lebanon ႏွင့္ Georgia အပါအဝင္ ႏိုင္ငံေပါင္း (၁၂၉) ႏိုင္ငံမွ ခရီးသြားမ်ားဝင္ေရာက္ျခင္းကို ဇူလိုင္လကုန္အထိ ပိတ္ပင္ထားေၾကာင္း ဂ်ပန္ႏိုင္ငံလူဝင္မႈ ႀကီးၾကပ္ေရး အာဏာပိုင္မ်ားမွ ေၾကညာခဲ့သည္။

ယခုႏွစ္အေစာပိုင္းက ျဖစ္ပြားခဲ့သည့္ (Covid-19) ေရာဂါကူးစက္မႈ စတင္ကတည္းက ဂ်ပန္သို႔ ခရီးသြားလာျခင္းသည္ တျဖည္းျဖည္းခ်င္း ေလ်ာ့က်လာခဲ့ၿပီး အစိုးရမွ ထုတ္ျပန္ေသာ အခ်က္အလက္မ်ားအရ ေမလတြင္ ခရီးသြား ဧည့္သည္သည္ ယခင္ႏွစ္ကထက္ ၉၉ ရာခိုင္ႏႈန္း က်ဆင္းခဲ့သည္။

ဇြန္လတြင္ လူေပါင္း (၁၅၀) ပါေသာ စင္းလုံးငွားေလယာဥ္ျဖင့္ ဗီယက္နမ္သို႔ ပ်ံသန္းမႈမ်ား တစ္စိတ္တစ္ပိုင္း ျပန္လည္ စတင္ခဲ့သည္။

ဂ်ပန္ႏိုင္ငံျခားေရး ၀န္ႀကီးဌာနကလည္း ဂ်ပန္ႏိုင္ငံျပင္ပတြင္ ထုတ္ေပးသည့္ ဗီဇာမ်ားကို ဇူလိုင္လကုန္အထိ ယာယီရပ္ဆိုင္းရန္ ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။

Coronavirus ( Covid-19) ေရာဂါျပန႔္ပြားမႈကို တားဆီးရန္အတြက္ ခရီးသြားလာခြင့္ ကန႔္သတ္ခ်က္မ်ားကို ေလွ်ာ့ခ်ရန္အတြက္ ဂ်ပန္၊ တ႐ုတ္၊ ေတာင္ကိုရီးယားႏွင့္ ထိုင္ဝမ္အပါအ၀င္ ႏိုင္ငံေပါင္း (၁၀) ႏိုင္ငံႏွင့္ ေဆြးေႏြးမႈမ်ား စတင္ရန္ စီစဥ္ေနေၾကာင္း ဂ်ပန္အစိုးရ သတင္းရပ္ကြက္မ်ားက ဇူလိုင္ (၁၀) ရက္ေန႔တြင္ ေျပာၾကားခဲ့သည္။

ေဆြးေႏြးပြဲမ်ားအရ ဘ႐ူႏိုင္း၊ ျမန္မာႏွင့္ လာအိုစသည့္ ႏိုင္ငံမ်ားမွ စီးပြားေရးလုပ္ငန္းရွင္မ်ားကို ဝင္ေရာက္ခြင့္ျပဳျခင္းကို ဦးစားေပးမည္ဟု ေမွ်ာ္လင့္ရသည္။


Read 72 times Last modified on Thursday, 16 July 2020 18:21
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.