Tuesday, 09 June 2020 10:04

83880018.jpg

 

မန္တလေးတိုင်းရှိ ဟိုတယ်များ စစ်ဆေးပြီးပါက တပြိုင်နက် ပြန်ဖွင့်ခွင့်ပြုမည်ဟု ဟိုတယ်နှင့် ခရီးသွားကဏ္ဍ တာဝန်ယူထားသော မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြောသည်။

“ နေ့စဉ် စစ်ဆေးပြီး စာရင်းကို ဝန်ကြီးချုပ်ဆီတင်ပြထားတယ်။ ဝန်ကြီးချုပ် လက်မှတ်ထိုးပြီး ခွင့်ပြုတာနဲ့ ပြန်ဖွင့်ခွင့်ရမှာပါ။ ဟိုတယ်အများစုကလဲ ဒီကာလမှာ ဧည့်သည်မရှိသေးတော့ သိပ်မဖွင့်ချင်ကြသေးဘူးလို့ တင်ပြထားတာရှိတော့ စစ်ဆေးမှုအပိုင်းကို သေချာပြီးစီးအောင် လုပ်နေတယ် ” ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနသို့ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ပြီး အစစ်ဆေးခံရန် စာရင်းပေးထားသော ဟိုတယ်၊ တည်းခိုခန်းအရေအတွက် (၅၀၀) နီးပါးခန့်ရှိပြီး မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံဒေသအစရှိသော ဒေသတို့မှ ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့မှ သိရသည်။

မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှုး ဦးစန်းယုက “ မေမြို့ ဇုန်ကလည်း စစ်နေတာ ပြီးသလောက်ရှိပြီ၊ သူတို့ ပြင်ဆင်ထားတာတွေလည်း အတော်လေး ပြည့်စုံတယ်လို့ ပြောလို့ရမယ်။ ဟိုတယ်တွေအနေနဲ့ စစ်ဆေးခံပြီးပြီ ဖြစ်ပေမဲ့ တိုင်းအစိုးရအဖွဲ့ ခွင့်ပြုချက်ရမှ ဖွင့်ခွင့်ရမှာဖြစ်တယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ဇွန် ၃ ရက်အထိ စစ်ဆေးပြီး အရေအတွက် ၉၅ လုံးရှိပြီး ၎င်းတို့အား ပြန်လည် ဖွင့်လှစ်ခွင့်ပြုရန် တိုင်းဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း စစ်ဆေးမှုအပိုင်းကိုလည်း ကွင်းဆင်းအဖွဲ့များက နေ့စဉ် ခရိုင်အလိုက် ဆောင်ရွက်နေကြောင်း ဆိုသည်။

ပုဂံဟိုတယ်ဇုန်ဥက္ကဌ ဦးဇော်ဝိတ်က “ ဒီမှာအစစ်ခံဖို့ စာရင်းပေးတာ ဟိုတယ်ကြီးတွေလောက်ပဲရှိတယ်။ အရေအတွက်က နည်းပါတယ်။ အများစုက ပြန်ဖွင့်ဖို့ အဆင့်သင့်မဖြစ်သေးသလို ဖွင့်လည်း မဖွင့်ချင်ကြသေးဘူး။ အဓိကက ဧည့်သည်မရှိသေးတာရယ်၊ လုပ်ငန်းပြန်စပြီဆိုတာနဲ့ ဝန်ထမ်းကလဲ မခေါ်ထားလို့ မရသလို မဖြစ်မနေကုန်မဲ့ ကုန်ကျစရိတ်တွေက တက်လာမှာလေ။ အဲဒါကြောင့် ပြန်ဖွင့်ဖို့ စိတ်ဝင်စားမှုနည်းနေတယ်လို့ ပြောရမယ် ” ဟု ဧရာဝတီကို ပြောသည်။

မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးစန်းယုက “ လုပ်ငန်းရှင်တွေအနေနဲ့ ဒီလိုကာလမှာ ကြိုတင်ပြင်ဆင်တာတွေ လုပ်တာမျိုး ရှိသလို စီးပွားရေး တွက်ခြေကိုက်မှုကိုလဲ ချိန်ဆနေတာမျိုးလည်းရှိတော့ ဟိုတယ်တွေအားလုံးကတော့ တပြိုင်နက်တော့ ဖွင့်ကြမှာ မဟုတ်သေးဘူး ” ဟု ပြောသည်။

ကိုဗစ်ကာကွယ်ရေး အစစ်ဆေးခံပြီး ပြန်ဖွင့်ရန် ပြင်ဆင်နေသည့် ဟိုတယ်အများစုသည် လက်ရှိအခြေအနေအရ Physical Distancing အတွက် မူလရှိသော ဝန်ထမ်းအင်အားနှင့် ဟိုတယ် အခန်း အရေအတွက်၏ ထက်ဝက်ခန့်သာ လုပ်ငန်းစတင်လည်ပတ်ရန် စီစဉ်ထားသလို အခန်းဌားရမ်းမှုနှုန်းများ၊ ဝန်ဆောင်မှုပုံစံများလည်း အနည်းငယ် အပြောင်းအလဲရှိမည်ဟု ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။

ကိုဗစ်ကြောင့် ယာယီပိတ်ထားရန် ညွှန်ကြားထားသော မန္တလေးတိုင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ စစ်ဆေးမှုများ ခံယူပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ပြန်လည် ဖွင့်လှစ်ခွင့်ပြုမည်ဟု မေလ ၃ ရက်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

DHT

==============================

မႏၲေလးတိုင္းရွိ ဟိုတယ္မ်ား စစ္ေဆးၿပီးပါက တၿပိဳင္နက္ ဖြင့္ခြင့္ေပးမည္

မႏၲေလးတိုင္းရွိ ဟိုတယ္မ်ား စစ္ေဆးၿပီးပါက တၿပိဳင္နက္ ျပန္ဖြင့္ခြင့္ျပဳမည္ဟု ဟိုတယ္ႏွင့္ ခရီးသြားက႑ တာဝန္ယူထားေသာ မႏၲေလးတိုင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးျမတ္သူက ဧရာဝတီကို ေျပာသည္။

“ ေန႔စဥ္ စစ္ေဆးၿပီး စာရင္းကို ဝန္ႀကီးခ်ဳပ္ဆီတင္ျပထားတယ္။ ဝန္ႀကီးခ်ဳပ္ လက္မွတ္ထိုးၿပီး ခြင့္ျပဳတာနဲ႔ ျပန္ဖြင့္ခြင့္ရမွာပါ။ ဟိုတယ္အမ်ားစုကလဲ ဒီကာလမွာ ဧည့္သည္မရွိေသးေတာ့ သိပ္မဖြင့္ခ်င္ၾကေသးဘူးလို႔ တင္ျပထားတာရွိေတာ့ စစ္ေဆးမႈအပိုင္းကို ေသခ်ာၿပီးစီးေအာင္ လုပ္ေနတယ္ ” ဟု ၎က ေျပာသည္။

မႏၲေလးတိုင္း ဟိုတယ္ႏွင့္ ခရီးသြားၫႊန္ၾကားမႈ ဦးစီးဌာနသို႔ ကိုဗစ္ကာကြယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ၿပီး အစစ္ေဆးခံရန္ စာရင္းေပးထားေသာ ဟိုတယ္၊ တည္းခိုခန္းအေရအတြက္ (၅၀၀) နီးပါးခန္႔ရွိၿပီး မႏၲေလး၊ ျပင္ဦးလြင္၊ ပုဂံေဒသအစရွိေသာ ေဒသတို႔မွ ျဖစ္ေၾကာင္း တိုင္းအစိုးရအဖြဲ႕မွ သိရသည္။

မႏၲေလးတိုင္း ဟိုတယ္ႏွင့္ ခရီးသြား ၫႊန္ၾကားမႈ ဦးစီးဌာနမွ လက္ေထာက္ ၫႊန္ၾကားေရးမႈး ဦးစန္းယုက “ ေမၿမိဳ႕ ဇုန္ကလည္း စစ္ေနတာ ၿပီးသေလာက္ရွိၿပီ၊ သူတို႔ ျပင္ဆင္ထားတာေတြလည္း အေတာ္ေလး ျပည့္စုံတယ္လို႔ ေျပာလို႔ရမယ္။ ဟိုတယ္ေတြအေနနဲ႔ စစ္ေဆးခံၿပီးၿပီ ျဖစ္ေပမဲ့ တိုင္းအစိုးရအဖြဲ႕ ခြင့္ျပဳခ်က္ရမွ ဖြင့္ခြင့္ရမွာျဖစ္တယ္ ” ဟု ဧရာဝတီသို႔ ေျပာသည္။

ဇြန္ ၃ ရက္အထိ စစ္ေဆးၿပီး အေရအတြက္ ၉၅ လုံးရွိၿပီး ၎တို႔အား ျပန္လည္ ဖြင့္လွစ္ခြင့္ျပဳရန္ တိုင္းဝန္ႀကီးခ်ဳပ္ထံ တင္ျပထားေၾကာင္း စစ္ေဆးမႈအပိုင္းကိုလည္း ကြင္းဆင္းအဖြဲ႕မ်ားက ေန႔စဥ္ ခ႐ိုင္အလိုက္ ေဆာင္႐ြက္ေနေၾကာင္း ဆိုသည္။

ပုဂံဟိုတယ္ဇုန္ဥကၠဌ ဦးေဇာ္ဝိတ္က “ ဒီမွာအစစ္ခံဖို႔ စာရင္းေပးတာ ဟိုတယ္ႀကီးေတြေလာက္ပဲရွိတယ္။ အေရအတြက္က နည္းပါတယ္။ အမ်ားစုက ျပန္ဖြင့္ဖို႔ အဆင့္သင့္မျဖစ္ေသးသလို ဖြင့္လည္း မဖြင့္ခ်င္ၾကေသးဘူး။ အဓိကက ဧည့္သည္မရွိေသးတာရယ္၊ လုပ္ငန္းျပန္စၿပီဆိုတာနဲ႔ ဝန္ထမ္းကလဲ မေခၚထားလို႔ မရသလို မျဖစ္မေနကုန္မဲ့ ကုန္က်စရိတ္ေတြက တက္လာမွာေလ။ အဲဒါေၾကာင့္ ျပန္ဖြင့္ဖို႔ စိတ္ဝင္စားမႈနည္းေနတယ္လို႔ ေျပာရမယ္ ” ဟု ဧရာဝတီကို ေျပာသည္။

မႏၲေလးတိုင္း ဟိုတယ္ႏွင့္ ခရီးသြား ၫႊန္ၾကားမႈ ဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမႈး ဦးစန္းယုက “ လုပ္ငန္းရွင္ေတြအေနနဲ႔ ဒီလိုကာလမွာ ႀကိဳတင္ျပင္ဆင္တာေတြ လုပ္တာမ်ိဳး ရွိသလို စီးပြားေရး တြက္ေျခကိုက္မႈကိုလဲ ခ်ိန္ဆေနတာမ်ိဳးလည္းရွိေတာ့ ဟိုတယ္ေတြအားလုံးကေတာ့ တၿပိဳင္နက္ေတာ့ ဖြင့္ၾကမွာ မဟုတ္ေသးဘူး ” ဟု ေျပာသည္။

ကိုဗစ္ကာကြယ္ေရး အစစ္ေဆးခံၿပီး ျပန္ဖြင့္ရန္ ျပင္ဆင္ေနသည့္ ဟိုတယ္အမ်ားစုသည္ လက္ရွိအေျခအေနအရ Physical Distancing အတြက္ မူလရွိေသာ ဝန္ထမ္းအင္အားႏွင့္ ဟိုတယ္ အခန္း အေရအတြက္၏ ထက္ဝက္ခန္႔သာ လုပ္ငန္းစတင္လည္ပတ္ရန္ စီစဥ္ထားသလို အခန္းဌားရမ္းမႈႏႈန္းမ်ား၊ ဝန္ေဆာင္မႈပုံစံမ်ားလည္း အနည္းငယ္ အေျပာင္းအလဲရွိမည္ဟု ဟိုတယ္လုပ္ငန္းရွင္မ်ားက ေျပာသည္။

ကိုဗစ္ေၾကာင့္ ယာယီပိတ္ထားရန္ ၫႊန္ၾကားထားေသာ မႏၲေလးတိုင္းရွိ ဟိုတယ္၊ မိုတယ္၊ တည္းခိုခန္းမ်ားအား က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန၊ ကြၽမ္းက်င္မႈဆိုင္ရာ ပူးေပါင္းအဖြဲ႕မ်ား၏ စစ္ေဆးမႈမ်ား ခံယူၿပီး သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီပါက ျပန္လည္ ဖြင့္လွစ္ခြင့္ျပဳမည္ဟု ေမလ ၃ ရက္က အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာခဲ့သည္။

DHT


Read 211 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.