Thursday, 28 May 2020 11:21

1a_44.jpg

 

မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလကုန်အထိ ယာဉ်တိုက်မှုပေါင်း ( ၄၇၄၉ ) ခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ( ၆၉၁၄ ) ဦးနှင့် သေဆုံးသူ ( ၁၆၈၄ ) ဦး ရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန်အထိတွင် ယာဉ်တိုက်မှုပေါင်း ( ၆၀၆၁ ) ခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ( ၉၆၆၁ ) ဦးနှင့် သေဆုံးသူ ( ၂၀၄၄ ) ဦး ရှိခဲ့သည်။

ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေသည် ( ၃၆၀ ) ဦး လျော့နည်းသွားပြီး ယာဉ်တိုက်မှုနှင့် ထိခိုက်ဒဏ်ရာရသူများလည်း သိသိသာသာ လျော့နည်းသွားကြောင်း တွေ့ရသည်။

နေပြည်တော် အပါအဝင် တိုင်းနှင့် ပြည်နယ် (၁၄) ခုတွင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ ယာဉ်တိုက်မှု အများဆုံး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုင်းနှင့်ပြည်နယ် တစ်ခုချင်းစီအလိုက် ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီမှ ဧပြီလကုန်အထိ ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများ၊ ထိခိုက်ဒဏ်ရာရမှုများနှင့် သေဆုံးမှုများ စာရင်း အသေးစိတ်ကို အောက်ပါဇယားတွင် ဖော်ပြပေးထားသည်။

Su Mon Oo ( Mine )

==============================

အျမန္လမ္းမေပၚတြင္ (၄) လအတြင္း ယာဥ္တိုက္မႈေပါင္း (၅၀၀၀) နီးပါး ျဖစ္ပြားခဲ့

ျမန္မာႏိုင္ငံတစ္ဝန္းတြင္ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလမွ ဧၿပီလကုန္အထိ ယာဥ္တိုက္မႈေပါင္း ( ၄၇၄၉ ) ခု ျဖစ္ပြားခဲ့ၿပီး ထိခိုက္ဒဏ္ရာရသူ ( ၆၉၁၄ ) ဦးႏွင့္ ေသဆုံးသူ ( ၁၆၈၄ ) ဦး ရွိခဲ့ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ ထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလမွ ဧၿပီလကုန္အထိတြင္ ယာဥ္တိုက္မႈေပါင္း ( ၆၀၆၁ ) ခု ျဖစ္ပြားခဲ့ၿပီး ထိခိုက္ဒဏ္ရာရသူ ( ၉၆၆၁ ) ဦးႏွင့္ ေသဆုံးသူ ( ၂၀၄၄ ) ဦး ရွိခဲ့သည္။

ယခင္ႏွစ္ႏွင့္ ႏႈိင္းယွဥ္လွ်င္ ယာဥ္တိုက္မႈေၾကာင့္ ေသဆုံးသူဦးေရသည္ ( ၃၆၀ ) ဦး ေလ်ာ့နည္းသြားၿပီး ယာဥ္တိုက္မႈႏွင့္ ထိခိုက္ဒဏ္ရာရသူမ်ားလည္း သိသိသာသာ ေလ်ာ့နည္းသြားေၾကာင္း ေတြ႕ရသည္။

ေနျပည္ေတာ္ အပါအဝင္ တိုင္းႏွင့္ ျပည္နယ္ (၁၄) ခုတြင္ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ မႏၲေလးတိုင္း၊ ဧရာဝတီတိုင္းႏွင့္ စစ္ကိုင္းတိုင္းတို႔မွ ယာဥ္တိုက္မႈ အမ်ားဆုံး ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

တိုင္းႏွင့္ျပည္နယ္ တစ္ခုခ်င္းစီအလိုက္ ၂၀၁၉ ႏွင့္ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီမွ ဧၿပီလကုန္အထိ ျဖစ္ပြားခဲ့ေသာ ယာဥ္တိုက္မႈမ်ား၊ ထိခိုက္ဒဏ္ရာရမႈမ်ားႏွင့္ ေသဆုံးမႈမ်ား စာရင္း အေသးစိတ္ကို ေအာက္ပါဇယားတြင္ ေဖာ္ျပေပးထားသည္။

Su Mon Oo ( Mine )

katha_4.jpg

 


Read 283 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.