Thursday, 14 May 2020 10:52

YD_1.jpg

 

၇ ရက်သားသမီးများ အားလုံးအတွက် မေလ ၁၄ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ တစ်ပတ်စာ ဗေဒင်ဟောစာတမ်းကို ဖော်ပြပေးလိုက်ပါသည်။

တနင်္ဂနွေ

လုပ်ငန်းများ တာဝန်ယူဦးဆောင်ခြင်း၊ ရေရှည်မျှော်မှန်းပြီး အစီအစဉ်ချမှတ်ခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိခြင်းများနှင့်အတူ စီးပွားရေးလုပ်ငန်းသစ်များ စတင်ရန် အချိန်ကောင်းဖြစ်သည်။မည်သည့်ကိစ္စတွင်မဆို မှန်မှန်ကန်ကန် မျှမျှတတဖြင့် ဖြေရှင်းရမည့်အချိန် ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများ အထူးကောင်းမွန်နေသော်လည်း အနောက်အရပ်နှင့် မြောက်အရပ်တွင် စီးပွားရှာရန် ခရီးမသွားသင့်ပါ။

အရမ်းပင်ပန်းနေရင်တော့ အနားယူ၊အပန်းဖြေပြီးမှလုပ်စရာရှိတာကို စလုပ်သင့်ပါတယ်။ တစ်ပါးသူတို့နှင့် ငွေပေး၊ ငွေယူကိစ္စ ရှင်းရှင်းဖြစ်ရန်လိုပါသည်။ အလုပ်တစ်ခုအပေါ်တွင် စွဲမိစွဲရာလုပ်ကိုင် နေမိတတ်ပါတယ်။ အပြုသဘော ကြံစည်တွေးတော၍ လုပ်ကိုင်ဆောင်ရွက်ခြင်းသည်လည်း သင့်ဘဝအောင်မြင်ရေးအတွက် သော့ချက်တစ်ခုဖြစ်သည်။ အချစ်ရေးတွင် ချစ်ကြသူအချင်းချင်း ကြည်ဖြူကြပါလျှက် ကြားစကားတွေကို ယုံကြည်လက်မခံမိပါစေနှင့်။

အိမ်တွင်းရေးကိစ္စတွေမှာတော့ အပူသောက များနေတတ်ပါတယ်။ သားသမီးအတွက် စိတ်ပင်ပန်းရတတ်ပါတယ်။ အသီးကောင်းကောင်းကို ရရှိစေရန်အတွက် အပင်ကောင်းကောင်းကို ရွေးချယ် စိုက်ပျိုးရပေလိမ့်မည်။ အိမ်ထောင်ရေးနှင့်ပက်သက်ပြီး တော့ အဆင်ပြေလိုက် မပြေလိုက် ဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးအညံ့ မရှိသေးပါ။ အပေါ်ယံရောဂါလောက်ပဲ ဖြစ်တတ်ပါတယ်။ ပညာရေးမှာတော့ မိမိတတ်သိထားတဲ့ပညာတွေကို ဖြန့်ဝေခွင့်ရမယ့် ကာလပါပဲ။

အကျိုးပေးဂဏန်း - ၁/၈/၅ 
အထူးဟော - စီးပွားရေး တစိုက်မတ်မတ်ပြန်လည်တိုးတတ်လာမည်။ 
ယတြာ - လစ်ပိုတစ်ပုလင်းဖွင့်ဖောက်ပြီး ဘုရားကပ်လှူလိုက်ပါ။

တနင်္လာ

အတော်အတန် ရှုပ်ထွေးသော လုပ်ငန်းကိစ္စရပ်များနှင့် ကြုံရတတ်ပါသေးတယ်။ မည်သည့်ပြဿနာအခက်အခဲနဲ့ ကြုံကြုံ မတုန်လှုပ်သင့်ပါ။ ဥစ္စာပစ္စည်းပြည့်စုံစွာဖြင့် တန်ဖိုးကြီးပစ္စည်းများ ပိုင်ဆိုင်ခွင့် ခံစားရပါလိမ့်မည်။ လိမ္မာသော သားသမီးများရဲ့အကျိုးကျေးဇူးများ ခံစားရပါလိမ့်မည်။ ဌာနဆိုင်ရာအတွင်း ရာထူးတိုးခံစားခွင့်များ ကြုံရပါလိမ့်မည်။ သူတစ်ပါး ၏‌ ပြောဆိုမှုများအပေါ်တွင် ယုံကြည်စွာလက်ခံလွယ်ပြီး နောင်မှနောင်တရတတ်သည်။

မည်မျှပင် ပြည့်စုံမှု ရှိပါသော်လည်းစိတ်ချမ်းသာမှု ကင်းမဲ့နေတတ်ပါတယ်။ အရှေ့အရပ်ဒေသမှ မိတ်ဆွေကောင်းများနှင့် ပူးတွဲလုပ်ကိုင်မှုများမှ အကျိုးကျေးဇူး ခံစားရ ပါလိမ့်မည်။ ကျန်းမာရေးတော့ အထူးဂရုစိုက်သင့်ပါတယ်။ ကျန်းမာရေးအတွက် စိတ်ပူစရာ သိပ်မလိုသော်လည်း ရေချိုးမှားတတ်သည်။ လူငယ်များ ရေကူးခြင်းကို ဒီအပတ် ရှောင်စေချင်ပါတယ်။ ပညာရေးမှာတော့ မိမိကိုယ်တိုင် သင်ယူလိုစိတ်ကုန်ခမ်းနေတတ်ပါတယ်။

ရပ်ဝေးခရီး၊ ပြည်ပခရီးတို့တွင် မျှော်လင့်ထားသည်ထက် အဆင်ပြေမှုကြုံရတတ်သည်။ အချစ်ရေးတွင် ချစ်သူသည် မိမိအပေါ်အချစ်လျော့နေတတ်ပါတယ်။ မိမိကပဲ အဆက်အသွယ် လုပ် နေရတတ်ပါတယ်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဘက်ဒိုးတူဘောင်ဘက် လုပ်ကိုင်ဆောင်ရွက်ဖြစ်မည်။ တစ်ယောက် နဲ့တစ်ယောက်နားလည်မှု ရရှိလိမ့်မယ်။

အကျိုးပေးဂဏန်း - ၅/၆/၉ 
အထူးဟော - စိတ်လေနေတတ်ပါတယ်။ 
ယတြာ - ပန်းသီးစိပ်ပြီး ဘုရားကပ်လှူလိုက်ပါ။

အင်္ဂါ

ရပ်ဝေးခရီး၊ နယ်စပ်ခရီးများလည်း မသွားချင်ဘဲသွား နေရမည်။ မိမိဩဇာဂုဏ်သိက္ခာနှင့်အလုပ်ကိစ္စဟူသမျှ အဆင်မပြေ၊ စိတ်တိုင်းမကျသော ဖြစ်ရပ်များနှင့် ကြုံရစေတတ်ပါတယ်။တစ်ရပ်တစ်ပါး၊ ဒေသများဆီသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတတ်ပါတယ်။ စပ်တူစီးပွားပူးတွဲ လုပ်ကိုင်ကြသူများ၏ မရိုးသားမှုများ၊ ငွေကြေးဥစ္စာ လိမ်ညာလှည့်စားမှုများ ကြုံရစေတတ်ပါတယ်။ အခက်အခဲ ခယောင်းလမ်းကို လျှောက်လှမ်းရတတ်ချိန်မျိုးပါ။ လောကဓံ၏ ဆိုးကျိုးများကို ခံရတတ်ပါသည်။

ပြောမနိုင်၊ ဆိုမရသည့် ဆန့်ကျင်ဘက်ပြုလိုသူများနှင့် ကြုံတွေ့ ဆက်ဆံနေရပါလိမ့်မည်။ မိမိအိမ်သို့ အိမ်ထောင်ပျက်များ ဝင်လာတတ်ပါသည်။ လက်မခံပါနှင့်။ အိမ်ထောင်ဖက်ကြောင့် ငွေကြေးကုန်ကျမှု များပြားနေပါလိမ့်မည်။ အိမ်ထောင်ရေးမှာတော့ လိင်မတူသူတွေရဲ့ အနှောင့်အယှက်ကြောင့် အိမ်ထောင်ဘက်နဲ့ စိတ်ဝမ်းကွဲတတ်ပါတယ်။ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် လေးလံထိုင်းမှိုင်း၍ ပျင်းရိနေတတ်မည်။

အပြုအမူမှန်သမျှသည် အစွန်းရောက် စိတ်ထားများ ရှိနေသကဲ့သို့ ဖြစ်ပေးနေမိပါလိမ့်မည်။ အချစ်ရေးမှာ အလုပ်များနေပြီးတော့ ချစ်သူကို မေ့နေတတ်ပါတယ်။ ကျန်းမာရေးနဲ့ ပက်သက်ပြီးတော့လဲ အနည်းငယ်ဂရုစိုက်ပါ။ ခေါင်းကြည်အောင်နေပါ။ မနက်စောစော လမ်းလျှောက်ပါ။ ပညာရေးတွင် မိမိလိုချင်စိတ်ထက် ဖိအားတွေကြောင့် လုပ်နေရတတ်ပါတယ်။ 

အကျိုးပေးဂဏန်း - ၃/၆/၇ 
အထူးဟော - စိတ်ပင်ပန်းရနေတတ်ပါတယ်။
ယတြာ - ဆေးအလှူလေးတွေ များများလုပ်ပါ။

ဗုဒ္ဓဟူး/ရာဟု

မိမိအနေဖြင့် ဆုံးဖြတ်ချက်ချပြီးသော အရာတိုင်းအတွက် ပြီးစီးအောင်မြင်စေရန် တိတိကျကျ လုပ်ကိုင် ဆောင်ရွက်နိုင်ရန် လိုအပ်ပါသည်။ နာမည်ဂုဏ်သတင်းကြီး၍ ကျော်ဇောထင်ရှားမည်။တည်ငြိမ်သော အောင်မြင်မှုရရှိရန် အပေါင်းအသင်း သတိပြုပါ။ မိမိကို ခြေထိုးခံရန် စောင့်နေတတ်သူရှိ၏။ သတိထားပါ။ အကြံသစ်၊ ဉာဏ်သစ်၊ လုပ်ငန်းသစ်ကြောင့် လုပ်ငန်းတိုင်းအောင်မြင်ပါလိမ့်မည်။ လောင်းကစားမှုအမျိုးမျိုးကို သတိရှိရှိ လုပ်ဆောင်သင့်ချိန်ပါ။ 

ဥစ္စာငွေကြေး၊ အစုလိုက်၊ အပြုံလိုက်ဖြင့် ရရှိ ခံစားနေရပါလိမ့်မည်။ တစ်ပါးသူအပေါ်တွင် ယုံကြည်မှုများ လွန်ကဲနေမိတတ်ပါတယ်။ တပည့်လက်အောက် ငယ်သားများ၏ အကျိုးကျေးဇူးများ မခံစားရတတ်ပါ။ ဘာသာရေးလုပ်သူများ ကုသိုလ်ကံထူးခြားစွာ ကောင်းမွန်နေပါလိမ့်မည်။ ပညာရေးနှင့်ဆိုင်သော ကိစ္စရပ်တိုင်းတွင် စိတ်ပါဝင်စားမှု လွန်ကဲနေမိပါလိမ့်မည်။ နိုင်ငံခြားပညာတော်သင်ခရီးများ သွားရတတ်ပါတယ်။ မိမိအယူအဆ၊အတွေးအခေါ်များအပေါ်တွင် အများ၏ လက်ခံအားပေးမှုများ ရရှိပါလိမ့်မည်။

အိမ်ထောင် ရေးသာယာပါလိမ့်မယ်။ အိမ်ထောင်ဘက်က မိမိကို ဂရုစိုက်ပါလိမ့်မယ်။ အချစ်ရေးတွင် စိတ်ချမ်းသာစရာများ နေတတ်ပါတယ်။ ချစ်သူနဲ့အနာဂတ် လက်တွဲဖို့ တိုင်ပင်လို့ ကောင်းပါတယ်။ ကျန်းမာရေးကတော့ အထူးကောင်းနေတတ်ပါတယ်။ လေကောင်းလေသန့် ရအောင်နေလေ ကျန်းမာလေပါပဲ။ 

အကျိုးပေးဂဏန်း - ၁/ဝ/၄ 
အထူးဟော - ကံမြင့်မားနေတတ်ပါတယ်။ 
ယတြာ - ထန်းလျက် ၁၁ လုံး ဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

ဒီကာလအတွင်း မပြီးပြတ်သေးသောလုပ်ငန်းများ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ပါလိမ့်မည်။ဆရာသမားများထံမှ နည်းပညာအသစ်အဆန်းများ လေ့လာသင်ယူခွင့် ရရှိပါလိမ့်မည်။စီးပွားရေး လုပ်ငန်းများ သင့်နေပါတယ်။ ညီအစ်ကို မောင်နှမများအတွက် ထောက်ပံ့ကူညီမှု ပြုပေးရပါလိမ့်မည်။ အိမ်ထောင်ဖက်နှင့်ဆိုင်သော ငွေကြေးဥစ္စာပစ္စည်းများ ဝင်လာပါလိမ့်မည်။ စပ်တူစီးပွားရေး လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု ပြုရပါလိမ့်မည်။

အတွင်းပစ္စည်းများ ဝယ်ယူ စုဆောင်းမှု ပြုရပါလိမ့်မည်။ ဥစ္စာပစ္စည်းများ ရလိုက်၊ ကုန်လိုက်နှင့် ဖြစ်နေတတ်ခြင်းကြောင့် အသုံးအစွဲ ချွေတာစိစစ်ပါရန် အထူးလိုအပ်ပါသည်။ သံတမန်ရေးရာကိစ္စများ နိုင်ငံခြားနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်း ကိစ္စများ လုပ်ကိုင်ဆောင်ရွက်ဖြစ်မည်။ တရားလိုက်စားသူများ တရားထူး၊ အသိထူးများ ရရှိခံစားစေရပါလိမ့်မည်။ ဖန်တီးနိုင်သော စွမ်းအားသစ်နှင့် ရိုးသားစွာ ကြိုးစားမှုတို့ကြောင့် ရုတ်တရက် အောင်မြင်ခွင့်ရမည်။

ဆန္ဒနှင့်ဘဝ ထပ်တူကျမည်။ အိမ်ထောင်ဖက်က မိမိကို ကရုဏာတရားကြီးမားစွာ ပြုစုယုယနေမိပါလိမ့်မည်။ အချစ်ရေးတွင် စန်းလွန်စွာမှ ပွင့်နေတတ်ပါတယ်။ ချစ်သူခင်သူ ပေါများနေတတ်ပါတယ်။ ချစ်သူကို ဖွင့်ပြောလို့ အလွန်ကောင်းပါတယ်။ ကျန်းမာရေးကတော့ ညံ့နေတာတော့ မရှိပါဘူး။ ဒါပေမယ့် အငန်တော့ လျှော့စားစေချင်ပါတယ်။ အပူအစပ်တွေလဲ လျှော့စားသင့်ပါတယ်။

အကျိုးပေးဂဏန်း - ၁/၂/၅ 
အထူးဟော - လူချစ်လူခင်များနေတတ်ပါတယ်။ 
ယတြာ - ကြံရည် ဘုရားကပ်လှူလိုက်ပါ။

သောကြာ

ဒီကာလအတွင်း မကောင်းသော မိတ်ဆွေများအပေါ်တွင် ယုံကြည်မိသော စိတ်များကြောင့် အခက်အခဲများ ကြုံတွေ့ရ စေတတ်ပါသည်။ အရာရာတွင် မိမိလိုအပ်ချက်၊ စိတ်ဆန္ဒနှင့် ကိုက်ညီမှုမရှိ ဖြစ်ရခြင်းအတွက် အမျက်ဒေါသစိတ် ကြီးမားနေမိပါလိမ့်မည်။ အရောင်းအဝယ်ပြုလုပ်ရာတွင် အကျိုးခံစားခွင့် နည်းပါးစေတတ်ပါတယ်။ စကားပြောဆိုရာတွင် သူတစ်ပါး၏ အပြစ်ကို ရှာကြံ ပြောဆိုမိခြင်းမျိုး မဖြစ်စေရန် သတိပြုဆင်ခြင်ရန် လိုပါသည်။

ရေနှင့်ပတ်သက်သော အန္တရာယ်မကင်းစေသည့် ဖြစ်ရပ်များနှင့် ကြုံတွေ့ရတတ်ပါတယ်။ အချို့သောကိစ္စများတွင် အချိန်ယူစောင့်ဆိုင်းမိခြင်းကြောင့် အခွင့်အရေးကောင်းများ လက်လွတ်သွားရစေတတ်ပါတယ်။ ဥစ္စာစီးပွားရှာဖွေရာတွင် ကျွမ်းကျင် ကျင်လည်စွာ လုပ်ကိုင်ဆောင်ရွက်မှု ပြုပေးရပါလိမ့်မည်။ မိခင်၏ ဆွေမျိုးသားချင်း၊ အသိုင်းအဝိုင်းထဲမှ အကူအညီများစွာ ရရှိပါလိမ့်မည်။ အထက်လူကြီး၊ ဆရာသမားများ၏ မြှောက်စားချီးမြှင့်ခြင်း ခံရပါလိမ့်မည်။

ဘုရားဖူးခရီး မကြာမကြာ သွားလိုစိတ်များ ဖြစ်ပေါ်နေမိပါလိမ့်မည်။ အချစ်ရေးမှာတော့ ချစ်သူအပေါ်  အထိနာစေမယ့် စကားတွေ မပြောမိပါစေနဲ့ ။ အပြီးတိုင်ဝေးသွားပါလိမ့်မယ်။အိမ်ထောင်ရေးနဲ့ ပက်သက်ပြီးတော့ ဒီကာလမှာတော့ စီးပွားရေးအားထုတ်မှုတွေ များများလုပ်နေတဲ့ အိမ်ထောင်ဘက်ကို ကူညီပေးရတတ်ပါတယ်။ ကျန်းမာရေးမှာတော့ ဆီး၊ ခြင်ဆီ၊ အဆုတ်အားနည်းတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။

အကျိုးပေးဂဏန်း - ၂/၃/၆ 
အထူးဟော - ကံအားနည်းနေတတ်ပါတယ်။ 
ယတြာ - ကန်စွန်းရွက်ကြော် ဘုရားကပ်လှူလိုက်ပါ။

စနေ

ဒီကာလအတွင်း စိတ်ချမ်းသာပျော်မွေ့၍ သောကကင်းသည့်အချိန် ဖြစ်ပါသည်။ မည်သည့်လုပ်ငန်းတွင်မဆို စပ်တူ လုပ်ကိုင်ဆောင်ရွက်ပါလျှင် အလွန်ကောင်းမွန်သော အချိန်အခါ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်လိင်များနှင့် ပတ်သက်၍ ဆက်ဆံရေးတွင် အဆင်ပြေပြီး တုံ့ပြန်မှုကောင်းများ ခံစားရပါလိမ့်မည်။ တနင်္ဂနွေ၊ ဗုဒ္ဓဟူး သားသမီးများ၏ အကူအညီများ ရယူသင့်ပါတယ်။ လူမှုရေး၊ စီးပွားရေး အစစအရာရာ ကောင်းမွန်နေပါတယ်။

အမှန်တရား၊ အမှန်စကားသာ ပြောတတ်ခြင်းကြောင့် လူအများရဲ့ လေးစားခြင်းကို ခံရတတ်ပါတယ်။ ကျန်းမာရေးအနည်းငယ် ညံ့နေ၍ အစာမှား၊ ဆေးမှား ဖြစ်စေရတတ်ပါတယ်။ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်နိုင်နင်းမှုများကြောင့် အများ၏ ကြည်ညိုလေးစားမှု ခံရပါလိမ့်မည်။နက်နဲသော ဆင်ခြင်ဉာဏ်ကြောင့် ထူးခြားသောအောင်မြင်မှုများ ရရှိမည်။ ဉာဏ်ကို လွှာသုံးလျှင် ကြီးပွားချမ်းသာမည်။ ရပ်ဝေးဒေသ၊ နယ်စပ်သွားလာခြင်း၊ ဆက်သွယ်ခြင်းများ အဆင်ပြေမည်။ လောင်းကစားမှုများကို အထူးရှောင်ရမည်။

ကံတရားအလွန်ကောင်းသော ကာလတစ်ခု မဟုတ်သော်လည်းအောင်မြင်မှုရရှိမည့် အသံများကိုသဲ့သဲ့လေးကြားရမည်။ ချစ်သူရဲ့ တန်ဖိုးထားအလေးပေးခြင်းကို ခံရတတ်ပါတယ်။အိမ်ထောင်ရေးမှာတော့ အဆင်မပြေတဲ့ အိမ်ထောင်ရေးတွေ ပြန်လည်ပြေလည်မှုတွေ ရလာတတ်ပါတယ်။ ပညာရေးမှာတော့ သင်ယူခြင်းထက် မိမိသိတာကို ပြန်သင်ပေးတာမျိုးက အလွန်သင့်တော်တဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း - ၃/၈/၇ 
အထူးဟော - ကံသင့်ပါတယ်။ 
ယတြာ - နှင်းဆီ ၇ ပွင့် ဘုရားကပ်လှူလိုက်ပါ။

ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ) 
0977 5555 695 09 44 5555 695

==============================

၇ ရက္သားသမီးမ်ားအတြက္ တစ္ပတ္စာ ေဗဒင္ေဟာစာတမ္း

၇ ရက္သားသမီးမ်ား အားလုံးအတြက္ ေမလ ၁၄ ရက္ေန႔မွ ေမလ ၂၀ ရက္ေန႔အထိ တစ္ပတ္စာ ေဗဒင္ေဟာစာတမ္းကို ေဖာ္ျပေပးလိုက္ပါသည္။

တနဂၤေႏြ

လုပ္ငန္းမ်ား တာဝန္ယူဦးေဆာင္ျခင္း၊ ေရရွည္ေမွ်ာ္မွန္းၿပီး အစီအစဥ္ခ်မွတ္ျခင္း၊ မိမိကိုယ္မိမိ ယုံၾကည္မႈရွိျခင္းမ်ားႏွင့္အတူ စီးပြားေရးလုပ္ငန္းသစ္မ်ား စတင္ရန္ အခ်ိန္ေကာင္းျဖစ္သည္။မည္သည့္ကိစၥတြင္မဆို မွန္မွန္ကန္ကန္ မွ်မွ်တတျဖင့္ ေျဖရွင္းရမည့္အခ်ိန္ ျဖစ္ပါသည္။ စီးပြားေရးလုပ္ငန္းမ်ား အထူးေကာင္းမြန္ေနေသာ္လည္း အေနာက္အရပ္ႏွင့္ ေျမာက္အရပ္တြင္ စီးပြားရွာရန္ ခရီးမသြားသင့္ပါ။

အရမ္းပင္ပန္းေနရင္ေတာ့ အနားယူ၊အပန္းေျဖၿပီးမွလုပ္စရာရွိတာကို စလုပ္သင့္ပါတယ္။ တစ္ပါးသူတို႔ႏွင့္ ေငြေပး၊ ေငြယူကိစၥ ရွင္းရွင္းျဖစ္ရန္လိုပါသည္။ အလုပ္တစ္ခုအေပၚတြင္ စြဲမိစြဲရာလုပ္ကိုင္ ေနမိတတ္ပါတယ္။ အျပဳသေဘာ ႀကံစည္ေတြးေတာ၍ လုပ္ကိုင္ေဆာင္႐ြက္ျခင္းသည္လည္း သင့္ဘဝေအာင္ျမင္ေရးအတြက္ ေသာ့ခ်က္တစ္ခုျဖစ္သည္။ အခ်စ္ေရးတြင္ ခ်စ္ၾကသူအခ်င္းခ်င္း ၾကည္ျဖဴၾကပါလွ်က္ ၾကားစကားေတြကို ယုံၾကည္လက္မခံမိပါေစႏွင့္။

အိမ္တြင္းေရးကိစၥေတြမွာေတာ့ အပူေသာက မ်ားေနတတ္ပါတယ္။ သားသမီးအတြက္ စိတ္ပင္ပန္းရတတ္ပါတယ္။ အသီးေကာင္းေကာင္းကို ရရွိေစရန္အတြက္ အပင္ေကာင္းေကာင္းကို ေ႐ြးခ်ယ္ စိုက္ပ်ိဳးရေပလိမ့္မည္။ အိမ္ေထာင္ေရးႏွင့္ပက္သက္ၿပီး ေတာ့ အဆင္ေျပလိုက္ မေျပလိုက္ ျဖစ္ေနတတ္ပါတယ္။ က်န္းမာေရးအညံ့ မရွိေသးပါ။ အေပၚယံေရာဂါေလာက္ပဲ ျဖစ္တတ္ပါတယ္။ ပညာေရးမွာေတာ့ မိမိတတ္သိထားတဲ့ပညာေတြကို ျဖန႔္ေဝခြင့္ရမယ့္ ကာလပါပဲ။

အက်ိဳးေပးဂဏန္း - ၁/၈/၅ 
အထူးေဟာ - စီးပြားေရး တစိုက္မတ္မတ္ျပန္လည္တိုးတတ္လာမည္။ 
ယၾတာ - လစ္ပိုတစ္ပုလင္းဖြင့္ေဖာက္ၿပီး ဘုရားကပ္လႉလိုက္ပါ။

တနလၤာ

အေတာ္အတန္ ရႈပ္ေထြးေသာ လုပ္ငန္းကိစၥရပ္မ်ားႏွင့္ ႀကဳံရတတ္ပါေသးတယ္။ မည္သည့္ျပႆနာအခက္အခဲနဲ႔ ႀကဳံႀကဳံ မတုန္လႈပ္သင့္ပါ။ ဥစၥာပစၥည္းျပည့္စုံစြာျဖင့္ တန္ဖိုးႀကီးပစၥည္းမ်ား ပိုင္ဆိုင္ခြင့္ ခံစားရပါလိမ့္မည္။ လိမၼာေသာ သားသမီးမ်ားရဲ႕အက်ိဳးေက်းဇူးမ်ား ခံစားရပါလိမ့္မည္။ ဌာနဆိုင္ရာအတြင္း ရာထူးတိုးခံစားခြင့္မ်ား ႀကဳံရပါလိမ့္မည္။ သူတစ္ပါး ၏‌ ေျပာဆိုမႈမ်ားအေပၚတြင္ ယုံၾကည္စြာလက္ခံလြယ္ၿပီး ေနာင္မွေနာင္တရတတ္သည္။

မည္မွ်ပင္ ျပည့္စုံမႈ ရွိပါေသာ္လည္းစိတ္ခ်မ္းသာမႈ ကင္းမဲ့ေနတတ္ပါတယ္။ အေရွ႕အရပ္ေဒသမွ မိတ္ေဆြေကာင္းမ်ားႏွင့္ ပူးတြဲလုပ္ကိုင္မႈမ်ားမွ အက်ိဳးေက်းဇူး ခံစားရ ပါလိမ့္မည္။ က်န္းမာေရးေတာ့ အထူးဂ႐ုစိုက္သင့္ပါတယ္။ က်န္းမာေရးအတြက္ စိတ္ပူစရာ သိပ္မလိုေသာ္လည္း ေရခ်ိဳးမွားတတ္သည္။ လူငယ္မ်ား ေရကူးျခင္းကို ဒီအပတ္ ေရွာင္ေစခ်င္ပါတယ္။ ပညာေရးမွာေတာ့ မိမိကိုယ္တိုင္ သင္ယူလိုစိတ္ကုန္ခမ္းေနတတ္ပါတယ္။

ရပ္ေဝးခရီး၊ ျပည္ပခရီးတို႔တြင္ ေမွ်ာ္လင့္ထားသည္ထက္ အဆင္ေျပမႈႀကဳံရတတ္သည္။ အခ်စ္ေရးတြင္ ခ်စ္သူသည္ မိမိအေပၚအခ်စ္ေလ်ာ့ေနတတ္ပါတယ္။ မိမိကပဲ အဆက္အသြယ္ လုပ္ ေနရတတ္ပါတယ္။ အိမ္ေထာင္ေရးတြင္ အိမ္ေထာင္ဘက္ဒိုးတူေဘာင္ဘက္ လုပ္ကိုင္ေဆာင္႐ြက္ျဖစ္မည္။ တစ္ေယာက္ နဲ႔တစ္ေယာက္နားလည္မႈ ရရွိလိမ့္မယ္။

အက်ိဳးေပးဂဏန္း - ၅/၆/၉ 
အထူးေဟာ - စိတ္ေလေနတတ္ပါတယ္။ 
ယၾတာ - ပန္းသီးစိပ္ၿပီး ဘုရားကပ္လႉလိုက္ပါ။

အဂၤါ

ရပ္ေဝးခရီး၊ နယ္စပ္ခရီးမ်ားလည္း မသြားခ်င္ဘဲသြား ေနရမည္။ မိမိဩဇာဂုဏ္သိကၡာႏွင့္အလုပ္ကိစၥဟူသမွ် အဆင္မေျပ၊ စိတ္တိုင္းမက်ေသာ ျဖစ္ရပ္မ်ားႏွင့္ ႀကဳံရေစတတ္ပါတယ္။တစ္ရပ္တစ္ပါး၊ ေဒသမ်ားဆီသို႔ ေျပာင္းေ႐ႊ႕တာဝန္ထမ္းေဆာင္ရတတ္ပါတယ္။ စပ္တူစီးပြားပူးတြဲ လုပ္ကိုင္ၾကသူမ်ား၏ မ႐ိုးသားမႈမ်ား၊ ေငြေၾကးဥစၥာ လိမ္ညာလွည့္စားမႈမ်ား ႀကဳံရေစတတ္ပါတယ္။ အခက္အခဲ ခေယာင္းလမ္းကို ေလွ်ာက္လွမ္းရတတ္ခ်ိန္မ်ိဳးပါ။ ေလာကဓံ၏ ဆိုးက်ိဳးမ်ားကို ခံရတတ္ပါသည္။

ေျပာမႏိုင္၊ ဆိုမရသည့္ ဆန႔္က်င္ဘက္ျပဳလိုသူမ်ားႏွင့္ ႀကဳံေတြ႕ ဆက္ဆံေနရပါလိမ့္မည္။ မိမိအိမ္သို႔ အိမ္ေထာင္ပ်က္မ်ား ဝင္လာတတ္ပါသည္။ လက္မခံပါႏွင့္။ အိမ္ေထာင္ဖက္ေၾကာင့္ ေငြေၾကးကုန္က်မႈ မ်ားျပားေနပါလိမ့္မည္။ အိမ္ေထာင္ေရးမွာေတာ့ လိင္မတူသူေတြရဲ႕ အေႏွာင့္အယွက္ေၾကာင့္ အိမ္ေထာင္ဘက္နဲ႔ စိတ္ဝမ္းကြဲတတ္ပါတယ္။ စီးပြားေရးလုပ္ငန္းမ်ား လုပ္ကိုင္ေဆာင္႐ြက္ရာတြင္ ေလးလံထိုင္းမႈိင္း၍ ပ်င္းရိေနတတ္မည္။

အျပဳအမူမွန္သမွ်သည္ အစြန္းေရာက္ စိတ္ထားမ်ား ရွိေနသကဲ့သို႔ ျဖစ္ေပးေနမိပါလိမ့္မည္။ အခ်စ္ေရးမွာ အလုပ္မ်ားေနၿပီးေတာ့ ခ်စ္သူကို ေမ့ေနတတ္ပါတယ္။ က်န္းမာေရးနဲ႔ ပက္သက္ၿပီးေတာ့လဲ အနည္းငယ္ဂ႐ုစိုက္ပါ။ ေခါင္းၾကည္ေအာင္ေနပါ။ မနက္ေစာေစာ လမ္းေလွ်ာက္ပါ။ ပညာေရးတြင္ မိမိလိုခ်င္စိတ္ထက္ ဖိအားေတြေၾကာင့္ လုပ္ေနရတတ္ပါတယ္။ 

အက်ိဳးေပးဂဏန္း - ၃/၆/၇ 
အထူးေဟာ - စိတ္ပင္ပန္းရေနတတ္ပါတယ္။
ယၾတာ - ေဆးအလႉေလးေတြ မ်ားမ်ားလုပ္ပါ။

ဗုဒၶဟူး/ရာဟု

မိမိအေနျဖင့္ ဆုံးျဖတ္ခ်က္ခ်ၿပီးေသာ အရာတိုင္းအတြက္ ၿပီးစီးေအာင္ျမင္ေစရန္ တိတိက်က် လုပ္ကိုင္ ေဆာင္႐ြက္ႏိုင္ရန္ လိုအပ္ပါသည္။ နာမည္ဂုဏ္သတင္းႀကီး၍ ေက်ာ္ေဇာထင္ရွားမည္။တည္ၿငိမ္ေသာ ေအာင္ျမင္မႈရရွိရန္ အေပါင္းအသင္း သတိျပဳပါ။ မိမိကို ေျခထိုးခံရန္ ေစာင့္ေနတတ္သူရွိ၏။ သတိထားပါ။ အႀကံသစ္၊ ဉာဏ္သစ္၊ လုပ္ငန္းသစ္ေၾကာင့္ လုပ္ငန္းတိုင္းေအာင္ျမင္ပါလိမ့္မည္။ ေလာင္းကစားမႈအမ်ိဳးမ်ိဳးကို သတိရွိရွိ လုပ္ေဆာင္သင့္ခ်ိန္ပါ။ 

ဥစၥာေငြေၾကး၊ အစုလိုက္၊ အၿပဳံလိုက္ျဖင့္ ရရွိ ခံစားေနရပါလိမ့္မည္။ တစ္ပါးသူအေပၚတြင္ ယုံၾကည္မႈမ်ား လြန္ကဲေနမိတတ္ပါတယ္။ တပည့္လက္ေအာက္ ငယ္သားမ်ား၏ အက်ိဳးေက်းဇူးမ်ား မခံစားရတတ္ပါ။ ဘာသာေရးလုပ္သူမ်ား ကုသိုလ္ကံထူးျခားစြာ ေကာင္းမြန္ေနပါလိမ့္မည္။ ပညာေရးႏွင့္ဆိုင္ေသာ ကိစၥရပ္တိုင္းတြင္ စိတ္ပါဝင္စားမႈ လြန္ကဲေနမိပါလိမ့္မည္။ ႏိုင္ငံျခားပညာေတာ္သင္ခရီးမ်ား သြားရတတ္ပါတယ္။ မိမိအယူအဆ၊အေတြးအေခၚမ်ားအေပၚတြင္ အမ်ား၏ လက္ခံအားေပးမႈမ်ား ရရွိပါလိမ့္မည္။

အိမ္ေထာင္ ေရးသာယာပါလိမ့္မယ္။ အိမ္ေထာင္ဘက္က မိမိကို ဂ႐ုစိုက္ပါလိမ့္မယ္။ အခ်စ္ေရးတြင္ စိတ္ခ်မ္းသာစရာမ်ား ေနတတ္ပါတယ္။ ခ်စ္သူနဲ႔အနာဂတ္ လက္တြဲဖို႔ တိုင္ပင္လို႔ ေကာင္းပါတယ္။ က်န္းမာေရးကေတာ့ အထူးေကာင္းေနတတ္ပါတယ္။ ေလေကာင္းေလသန႔္ ရေအာင္ေနေလ က်န္းမာေလပါပဲ။ 

အက်ိဳးေပးဂဏန္း - ၁/ဝ/၄ 
အထူးေဟာ - ကံျမင့္မားေနတတ္ပါတယ္။ 
ယၾတာ - ထန္းလ်က္ ၁၁ လုံး ဘုရားကပ္လႉလိုက္ပါ။

ၾကာသပေတး

ဒီကာလအတြင္း မၿပီးျပတ္ေသးေသာလုပ္ငန္းမ်ား ၿပီးျပတ္ေအာင္ ေဆာင္႐ြက္ႏိုင္ပါလိမ့္မည္။ဆရာသမားမ်ားထံမွ နည္းပညာအသစ္အဆန္းမ်ား ေလ့လာသင္ယူခြင့္ ရရွိပါလိမ့္မည္။စီးပြားေရး လုပ္ငန္းမ်ား သင့္ေနပါတယ္။ ညီအစ္ကို ေမာင္ႏွမမ်ားအတြက္ ေထာက္ပံ့ကူညီမႈ ျပဳေပးရပါလိမ့္မည္။ အိမ္ေထာင္ဖက္ႏွင့္ဆိုင္ေသာ ေငြေၾကးဥစၥာပစၥည္းမ်ား ဝင္လာပါလိမ့္မည္။ စပ္တူစီးပြားေရး လုပ္ငန္းရွင္မ်ားႏွင့္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္မႈ ျပဳရပါလိမ့္မည္။

အတြင္းပစၥည္းမ်ား ဝယ္ယူ စုေဆာင္းမႈ ျပဳရပါလိမ့္မည္။ ဥစၥာပစၥည္းမ်ား ရလိုက္၊ ကုန္လိုက္ႏွင့္ ျဖစ္ေနတတ္ျခင္းေၾကာင့္ အသုံးအစြဲ ေခြၽတာစိစစ္ပါရန္ အထူးလိုအပ္ပါသည္။ သံတမန္ေရးရာကိစၥမ်ား ႏိုင္ငံျခားႏွင့္ ဆက္စပ္ေသာ စီးပြားေရးလုပ္ငန္း ကိစၥမ်ား လုပ္ကိုင္ေဆာင္႐ြက္ျဖစ္မည္။ တရားလိုက္စားသူမ်ား တရားထူး၊ အသိထူးမ်ား ရရွိခံစားေစရပါလိမ့္မည္။ ဖန္တီးႏိုင္ေသာ စြမ္းအားသစ္ႏွင့္ ႐ိုးသားစြာ ႀကိဳးစားမႈတို႔ေၾကာင့္ ႐ုတ္တရက္ ေအာင္ျမင္ခြင့္ရမည္။

ဆႏၵႏွင့္ဘဝ ထပ္တူက်မည္။ အိမ္ေထာင္ဖက္က မိမိကို က႐ုဏာတရားႀကီးမားစြာ ျပဳစုယုယေနမိပါလိမ့္မည္။ အခ်စ္ေရးတြင္ စန္းလြန္စြာမွ ပြင့္ေနတတ္ပါတယ္။ ခ်စ္သူခင္သူ ေပါမ်ားေနတတ္ပါတယ္။ ခ်စ္သူကို ဖြင့္ေျပာလို႔ အလြန္ေကာင္းပါတယ္။ က်န္းမာေရးကေတာ့ ညံ့ေနတာေတာ့ မရွိပါဘူး။ ဒါေပမယ့္ အငန္ေတာ့ ေလွ်ာ့စားေစခ်င္ပါတယ္။ အပူအစပ္ေတြလဲ ေလွ်ာ့စားသင့္ပါတယ္။

အက်ိဳးေပးဂဏန္း - ၁/၂/၅ 
အထူးေဟာ - လူခ်စ္လူခင္မ်ားေနတတ္ပါတယ္။ 
ယၾတာ - ႀကံရည္ ဘုရားကပ္လႉလိုက္ပါ။

ေသာၾကာ

ဒီကာလအတြင္း မေကာင္းေသာ မိတ္ေဆြမ်ားအေပၚတြင္ ယုံၾကည္မိေသာ စိတ္မ်ားေၾကာင့္ အခက္အခဲမ်ား ႀကဳံေတြ႕ရ ေစတတ္ပါသည္။ အရာရာတြင္ မိမိလိုအပ္ခ်က္၊ စိတ္ဆႏၵႏွင့္ ကိုက္ညီမႈမရွိ ျဖစ္ရျခင္းအတြက္ အမ်က္ေဒါသစိတ္ ႀကီးမားေနမိပါလိမ့္မည္။ အေရာင္းအဝယ္ျပဳလုပ္ရာတြင္ အက်ိဳးခံစားခြင့္ နည္းပါးေစတတ္ပါတယ္။ စကားေျပာဆိုရာတြင္ သူတစ္ပါး၏ အျပစ္ကို ရွာႀကံ ေျပာဆိုမိျခင္းမ်ိဳး မျဖစ္ေစရန္ သတိျပဳဆင္ျခင္ရန္ လိုပါသည္။

ေရႏွင့္ပတ္သက္ေသာ အႏၲရာယ္မကင္းေစသည့္ ျဖစ္ရပ္မ်ားႏွင့္ ႀကဳံေတြ႕ရတတ္ပါတယ္။ အခ်ိဳ႕ေသာကိစၥမ်ားတြင္ အခ်ိန္ယူေစာင့္ဆိုင္းမိျခင္းေၾကာင့္ အခြင့္အေရးေကာင္းမ်ား လက္လြတ္သြားရေစတတ္ပါတယ္။ ဥစၥာစီးပြားရွာေဖြရာတြင္ ကြၽမ္းက်င္ က်င္လည္စြာ လုပ္ကိုင္ေဆာင္႐ြက္မႈ ျပဳေပးရပါလိမ့္မည္။ မိခင္၏ ေဆြမ်ိဳးသားခ်င္း၊ အသိုင္းအဝိုင္းထဲမွ အကူအညီမ်ားစြာ ရရွိပါလိမ့္မည္။ အထက္လူႀကီး၊ ဆရာသမားမ်ား၏ ေျမႇာက္စားခ်ီးျမႇင့္ျခင္း ခံရပါလိမ့္မည္။

ဘုရားဖူးခရီး မၾကာမၾကာ သြားလိုစိတ္မ်ား ျဖစ္ေပၚေနမိပါလိမ့္မည္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူအေပၚ  အထိနာေစမယ့္ စကားေတြ မေျပာမိပါေစနဲ႔ ။ အၿပီးတိုင္ေဝးသြားပါလိမ့္မယ္။အိမ္ေထာင္ေရးနဲ႔ ပက္သက္ၿပီးေတာ့ ဒီကာလမွာေတာ့ စီးပြားေရးအားထုတ္မႈေတြ မ်ားမ်ားလုပ္ေနတဲ့ အိမ္ေထာင္ဘက္ကို ကူညီေပးရတတ္ပါတယ္။ က်န္းမာေရးမွာေတာ့ ဆီး၊ ျခင္ဆီ၊ အဆုတ္အားနည္းတာမ်ိဳးေတြ ျဖစ္ေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း - ၂/၃/၆ 
အထူးေဟာ - ကံအားနည္းေနတတ္ပါတယ္။ 
ယၾတာ - ကန္စြန္း႐ြက္ေၾကာ္ ဘုရားကပ္လႉလိုက္ပါ။

စေန

ဒီကာလအတြင္း စိတ္ခ်မ္းသာေပ်ာ္ေမြ႕၍ ေသာကကင္းသည့္အခ်ိန္ ျဖစ္ပါသည္။ မည္သည့္လုပ္ငန္းတြင္မဆို စပ္တူ လုပ္ကိုင္ေဆာင္႐ြက္ပါလွ်င္ အလြန္ေကာင္းမြန္ေသာ အခ်ိန္အခါ ျဖစ္ပါတယ္။ ဆန႔္က်င္ဘက္လိင္မ်ားႏွင့္ ပတ္သက္၍ ဆက္ဆံေရးတြင္ အဆင္ေျပၿပီး တုံ႔ျပန္မႈေကာင္းမ်ား ခံစားရပါလိမ့္မည္။ တနဂၤေႏြ၊ ဗုဒၶဟူး သားသမီးမ်ား၏ အကူအညီမ်ား ရယူသင့္ပါတယ္။ လူမႈေရး၊ စီးပြားေရး အစစအရာရာ ေကာင္းမြန္ေနပါတယ္။

အမွန္တရား၊ အမွန္စကားသာ ေျပာတတ္ျခင္းေၾကာင့္ လူအမ်ားရဲ႕ ေလးစားျခင္းကို ခံရတတ္ပါတယ္။ က်န္းမာေရးအနည္းငယ္ ညံ့ေန၍ အစာမွား၊ ေဆးမွား ျဖစ္ေစရတတ္ပါတယ္။ လုပ္ငန္းဆိုင္ရာ ကြၽမ္းက်င္ႏိုင္နင္းမႈမ်ားေၾကာင့္ အမ်ား၏ ၾကည္ညိဳေလးစားမႈ ခံရပါလိမ့္မည္။နက္နဲေသာ ဆင္ျခင္ဉာဏ္ေၾကာင့္ ထူးျခားေသာေအာင္ျမင္မႈမ်ား ရရွိမည္။ ဉာဏ္ကို လႊာသုံးလွ်င္ ႀကီးပြားခ်မ္းသာမည္။ ရပ္ေဝးေဒသ၊ နယ္စပ္သြားလာျခင္း၊ ဆက္သြယ္ျခင္းမ်ား အဆင္ေျပမည္။ ေလာင္းကစားမႈမ်ားကို အထူးေရွာင္ရမည္။

ကံတရားအလြန္ေကာင္းေသာ ကာလတစ္ခု မဟုတ္ေသာ္လည္းေအာင္ျမင္မႈရရွိမည့္ အသံမ်ားကိုသဲ့သဲ့ေလးၾကားရမည္။ ခ်စ္သူရဲ႕ တန္ဖိုးထားအေလးေပးျခင္းကို ခံရတတ္ပါတယ္။အိမ္ေထာင္ေရးမွာေတာ့ အဆင္မေျပတဲ့ အိမ္ေထာင္ေရးေတြ ျပန္လည္ေျပလည္မႈေတြ ရလာတတ္ပါတယ္။ ပညာေရးမွာေတာ့ သင္ယူျခင္းထက္ မိမိသိတာကို ျပန္သင္ေပးတာမ်ိဳးက အလြန္သင့္ေတာ္တဲ့ကာလပါပဲ။

အက်ိဳးေပးဂဏန္း - ၃/၈/၇ 
အထူးေဟာ - ကံသင့္ပါတယ္။ 
ယၾတာ - ႏွင္းဆီ ၇ ပြင့္ ဘုရားကပ္လႉလိုက္ပါ။

ဆရာၿငိမ္းေအးလူ (ေဗဒင္သုေတသီ) 
0977 5555 695 09 44 5555 695


Read 766 times
Rate :
(6 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.