Print this page
Wednesday, 13 May 2020 17:42

72388162_2450573788533142_6220703212731629568_n.jpg

 

မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးမြို့အခြေစိုက် အဝေးပြေးယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ (ညောင်ဦးမြို့) မှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရ၏ ညွှန်ကြားချက်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ ယာဉ်လိုင်းများ အားလုံးကို ၆.၄.၂၀၂၀ ရက်နေ့မှ ၁၅.၅.၂၀၂၀ ရက်နေ့အထိ ယာယီရပ်နားခဲ့ကြောင်း၊ ၁၆.၅.၂၀၂၀ ရက်နေ့မှစတင်၍ ကော်မတီ၏ ကြီးကြပ်မှုအောက်ရှိ ယာဉ်လိုင်းများအားလုံး သက်ဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပြန်လည်ပြေးဆွဲသွားဖြစ်ကြောင်း ယာဉ် လုပ်ငန်းများကြီးကြပ်ရေးကော်မတီ (ညောင်ဦးမြို့) ဥက္ကဋ္ဌ ဦးကျော်ငြိမ်းထံမှ သိရသည်။

ကျန်းမာရေးဌာန ညွှန်ကြားချက်များနှင့်အညီ ကားကြီးကွင်း၊ ထွက်ခွါမည့်ယာဉ်၊ ကား လက်ကိုင်၊ ထိုင်ခုံများ ပိုးသတ်ဆေးပက်ဖျန်းခြင်း၊ ကားထွက်ခွါဂိတ်တိုင်း၌ လက်ဆေးကန် နှင့် Hand Gel များထားရှိပေးခြင်း၊ ခရီးသည်တစ်ဦးချင်းဆီအား Mask စနစ်တကျ တပ်ဆင် စေခြင်း၊ ထိုင်ခုံ ၂ လုံးတွင် ခရီးသည် ၁ ဦးတည်းသာ တင်ဆောင်စေခြင်း စသည့် နည်းလမ်း များဖြင့် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်းနှင့် ကားခနှုန်းထား နှစ်ဆကောက်ခံသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုအောက်တွင် ယာဉ်အသင်းကြီး ၂၉ သင်းမှ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မူဆယ်၊ လားရှိုး၊ ဘားအံ၊ မကွေး၊ မုံရွာ၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ နေပြည်တော်နှင့် ဘားအံစသည့် မြို့ပေါင်း (၁၂)ခု သို့ ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

MOI

==============================

ေမလ ၁၆ ရက္မွစ၍ ပုဂံ-ေညာင္ဦးအေျခစိုက္ အေဝးေျပးယာဥ္လိုင္းမ်ား ျပန္လည္ေျပးဆြဲမည္

မႏၲေလးတိုင္းေဒသႀကီး၊ ပုဂံ-ေညာင္ဦးၿမိဳ႕အေျခစိုက္ အေဝးေျပးယာဥ္လိုင္းမ်ား ျပန္လည္ေျပးဆြဲေတာ့မည္ျဖစ္ေၾကာင္း ယာဥ္လုပ္ငန္းမ်ား ႀကီးၾကပ္ေရးေကာ္မတီ (ေညာင္ဦးၿမိဳ႕) မွ သိရသည္။

မႏၲေလးတိုင္းေဒသႀကီးအစိုးရ၏ ၫႊန္ၾကားခ်က္ျဖင့္ တိုင္းေဒသႀကီးအတြင္းရွိ ယာဥ္လိုင္းမ်ား အားလုံးကို ၆.၄.၂၀၂၀ ရက္ေန႔မွ ၁၅.၅.၂၀၂၀ ရက္ေန႔အထိ ယာယီရပ္နားခဲ့ေၾကာင္း၊ ၁၆.၅.၂၀၂၀ ရက္ေန႔မွစတင္၍ ေကာ္မတီ၏ ႀကီးၾကပ္မႈေအာက္ရွိ ယာဥ္လိုင္းမ်ားအားလုံး သက္ဆိုင္ရာ က်န္းမာေရးၫႊန္ၾကားခ်က္မ်ားႏွင့္အညီ ျပန္လည္ေျပးဆြဲသြားျဖစ္ေၾကာင္း ယာဥ္ လုပ္ငန္းမ်ားႀကီးၾကပ္ေရးေကာ္မတီ (ေညာင္ဦးၿမိဳ႕) ဥကၠ႒ ဦးေက်ာ္ၿငိမ္းထံမွ သိရသည္။

က်န္းမာေရးဌာန ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ ကားႀကီးကြင္း၊ ထြက္ခြါမည့္ယာဥ္၊ ကား လက္ကိုင္၊ ထိုင္ခုံမ်ား ပိုးသတ္ေဆးပက္ဖ်န္းျခင္း၊ ကားထြက္ခြါဂိတ္တိုင္း၌ လက္ေဆးကန္ ႏွင့္ Hand Gel မ်ားထားရွိေပးျခင္း၊ ခရီးသည္တစ္ဦးခ်င္းဆီအား Mask စနစ္တက် တပ္ဆင္ ေစျခင္း၊ ထိုင္ခုံ ၂ လုံးတြင္ ခရီးသည္ ၁ ဦးတည္းသာ တင္ေဆာင္ေစျခင္း စသည့္ နည္းလမ္း မ်ားျဖင့္ ျပန္လည္ေျပးဆြဲမည္ျဖစ္ေၾကာင္းႏွင့္ ကားခႏႈန္းထား ႏွစ္ဆေကာက္ခံသြားမည္ ျဖစ္ေၾကာင္း ၎က ဆက္လက္ ေျပာၾကားသည္။

ယာဥ္လုပ္ငန္းမ်ား ႀကီးၾကပ္ေရးေကာ္မတီ၏ ႀကီးၾကပ္မႈေအာက္တြင္ ယာဥ္အသင္းႀကီး ၂၉ သင္းမွ ရန္ကုန္၊ မႏၲေလး၊ ေတာင္ႀကီး၊ မူဆယ္၊ လားရႈိး၊ ဘားအံ၊ မေကြး၊ မုံ႐ြာ၊ ပခုကၠဴ၊ ေက်ာက္ပန္းေတာင္း၊ ေနျပည္ေတာ္ႏွင့္ ဘားအံစသည့္ ၿမိဳ႕ေပါင္း (၁၂)ခု သို႔ ျပန္လည္ ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

MOI


Read 403 times
Rate :
(0 votes)

Related items