Print this page
Wednesday, 13 May 2020 12:42

auio_0.jpg

 

ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူများ မကြာခဏဆိုသလို မြင်တွေ့နေရသည်။ ရန်ကုန်၊ မန္တလေး အမြန်လမ်းမကြီးပေါ်ဆိုလျှင် ဖြစ်ပွားမှု အများဆုံး ဖြစ်သည်။

ထိုသို့ ဖြစ်ပွားမှု များလာရခြင်းမှာ မော်တော်ယာဉ် မောင်းနှင်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ အားနည်းနေခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် အမြန်လမ်းမကြီးပေါ်တွင် မော်တော်ယာဉ် ဖြတ်သန်း မောင်းနှင်သူများအနေဖြင့် လိုက်နာသင့်သည့် စည်းကမ်းချက်များကို ဖော်ပြပေးလိုက်ပါသည်။

၁။ ယာဉ်မောင်းသူသည် ရှေ့မှသွားနေသော ယာဉ်နှင့် အန္တရာယ်ကင်းသော အကွာအဝေးမှ မောင်းနှင်ရမည်။ ယာဘက် ယာဉ်ကြောမှ မောင်းနှင်ရမည်။

၂။ ယာဉ်ပေါ်ပါလာသူများအားလုံး ထိုင်ခုံခါးပတ် စနစ်တကျ ပတ်ထားရမည်။

၃။ အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်နေစဉ် သတ်မှတ်ထားသော အရှိန်ထက် ပိုမမောင်းပါနှင့်။ လမ်းအချက်ပြ လမ်းညွန်ဆိုင်းဘုတ်များအား လိုက်နာပါ။

၄။ မော်တော်ယာဉ်အား အမြန်နှုန်းဖြင့် မောင်းနှင်နေစဉ် ရေသောက်ခြင်း၊ နောက်လှည့်စကားပြောခြင်း၊ လက်ကိုင်ဖုန်းပြောခြင်း၊ ကွမ်း၊ တံတွေးထွေးခြင်း စသည့် ပေါ့ဆမှုများ မပြုလုပ်ရ။

၅။ အရက်နှင့် အခြားမူးယစ်စေတတ်သော အရာများ သောက်စားသုံးစွဲပြီး ယာဉ်မောင်းနှင်ခြင်း မပြုရ။

၆။ အမြန်လမ်းမကြီးပေါ်တွင် ယာဉ်ရပ်နားခြင်း မပြုရ။ မော်တော်ယာဉ် စက်ချို့ယွင်းမှုကြောင့် ရွှေ့ပြောင်းခြင်း မပြုလုပ်နိုင်ပါက ပါကင်မီး၊ အချက်ပြမီး ဖွင့်ထားရမည်။ ရောင်ပြန်ဆိုင်းဘုတ်ကို အခြားယာဉ်မောင်းများ မြင်နိုင်စေရန် မီတာ (၃၀) မှ (၅၀) အကွာအဝေးတွင် ထားရှိရမည်။

၇။ မော်တော်ယာဉ်အား အမြန်နှုန်းဖြင့် မောင်းနှင်နေစဉ် ရုတ်တရက် ယာဉ်ကြောပြောင်းခြင်း၊ ကွေ့ခြင်း၊ ရပ်ဆိုင်ခြင်း မပြုလုပ်ရ။

၈။ အမြန်လမ်းမကြီး၏ လက်ဝဲဘက်အစွန်ဆုံး ယာဉ်ကြောအား ကျော်တက်လိုသောအခါမှတစ်ပါး သာမန်ချိန်များတွင် အသုံးမပြုရ။

၉။ အမြန်လမ်းမကြီးပေါ်ရှိ တံတားများ၊ ကွေ့များကို ကျော်ဖြတ်ရာတွင် အရှိန်လျှော့ မောင်းနှင်ပါ။

၁၀။ အမြန်လမ်းမကြီးပေါ် မော်တော်ယာဉ် မောင်းနှင်သူများ အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အန္တရာယ် မကျရောက်အောင် အချိန်ပြည့် သတိကြီးစွာ မောင်းနှင်ရမည်။

အမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှုများ အပါအဝင် ခရီးသွားမိဘပြည်သူများ နှောင့်ယှက်ခံရခြင်း၊ အန္တရာယ်ပြုမူခြင်းများ ဖြစ်ပေါ်လာပါက အမြန်လမ်းရဲတပ်ဖွဲ့၏ ဖုန်းနံပါတ်များဖြစ်သည့် ၀၉-၄၂၀၈၈၈၈၀၁ နှင့် ၀၉-၄၂၀၈၈၈၈၇၀ တို့ကို ဆက်သွယ်နိုင်ပါသည်။

Su Mon Oo ( Mine )

==============================

အျမန္လမ္းမေပၚတြင္ ယာဥ္ေမာင္းသူမ်ား သတိထားသင့္သည့္ အခ်က္ (၁၀) ခ်က္

ယာဥ္မေတာ္တဆမႈမ်ားေၾကာင့္ ေသဆုံးသူ၊ ထိခိုက္ဒဏ္ရာရသူမ်ား မၾကာခဏဆိုသလို ျမင္ေတြ႕ေနရသည္။ ရန္ကုန္၊ မႏၲေလး အျမန္လမ္းမႀကီးေပၚဆိုလွ်င္ ျဖစ္ပြားမႈ အမ်ားဆုံး ျဖစ္သည္။

ထိုသို႔ ျဖစ္ပြားမႈ မ်ားလာရျခင္းမွာ ေမာ္ေတာ္ယာဥ္ ေမာင္းႏွင္ရာတြင္ လိုက္နာရမည့္ စည္းကမ္းခ်က္မ်ား အားနည္းေနျခင္းေၾကာင့္ ျဖစ္သည္။

ထို႔ေၾကာင့္ အျမန္လမ္းမႀကီးေပၚတြင္ ေမာ္ေတာ္ယာဥ္ ျဖတ္သန္း ေမာင္းႏွင္သူမ်ားအေနျဖင့္ လိုက္နာသင့္သည့္ စည္းကမ္းခ်က္မ်ားကို ေဖာ္ျပေပးလိုက္ပါသည္။

၁။ ယာဥ္ေမာင္းသူသည္ ေရွ႕မွသြားေနေသာ ယာဥ္ႏွင့္ အႏၲရာယ္ကင္းေသာ အကြာအေဝးမွ ေမာင္းႏွင္ရမည္။ ယာဘက္ ယာဥ္ေၾကာမွ ေမာင္းႏွင္ရမည္။

၂။ ယာဥ္ေပၚပါလာသူမ်ားအားလုံး ထိုင္ခုံခါးပတ္ စနစ္တက် ပတ္ထားရမည္။

၃။ အျမန္လမ္းမႀကီးေပၚတြင္ ေမာင္းႏွင္ေနစဥ္ သတ္မွတ္ထားေသာ အရွိန္ထက္ ပိုမေမာင္းပါႏွင့္။ လမ္းအခ်က္ျပ လမ္းၫြန္ဆိုင္းဘုတ္မ်ားအား လိုက္နာပါ။

၄။ ေမာ္ေတာ္ယာဥ္အား အျမန္ႏႈန္းျဖင့္ ေမာင္းႏွင္ေနစဥ္ ေရေသာက္ျခင္း၊ ေနာက္လွည့္စကားေျပာျခင္း၊ လက္ကိုင္ဖုန္းေျပာျခင္း၊ ကြမ္း၊ တံေတြးေထြးျခင္း စသည့္ ေပါ့ဆမႈမ်ား မျပဳလုပ္ရ။

၅။ အရက္ႏွင့္ အျခားမူးယစ္ေစတတ္ေသာ အရာမ်ား ေသာက္စားသုံးစြဲၿပီး ယာဥ္ေမာင္းႏွင္ျခင္း မျပဳရ။

၆။ အျမန္လမ္းမႀကီးေပၚတြင္ ယာဥ္ရပ္နားျခင္း မျပဳရ။ ေမာ္ေတာ္ယာဥ္ စက္ခ်ိဳ႕ယြင္းမႈေၾကာင့္ ေ႐ႊ႕ေျပာင္းျခင္း မျပဳလုပ္ႏိုင္ပါက ပါကင္မီး၊ အခ်က္ျပမီး ဖြင့္ထားရမည္။ ေရာင္ျပန္ဆိုင္းဘုတ္ကို အျခားယာဥ္ေမာင္းမ်ား ျမင္ႏိုင္ေစရန္ မီတာ (၃၀) မွ (၅၀) အကြာအေဝးတြင္ ထားရွိရမည္။

၇။ ေမာ္ေတာ္ယာဥ္အား အျမန္ႏႈန္းျဖင့္ ေမာင္းႏွင္ေနစဥ္ ႐ုတ္တရက္ ယာဥ္ေၾကာေျပာင္းျခင္း၊ ေကြ႕ျခင္း၊ ရပ္ဆိုင္ျခင္း မျပဳလုပ္ရ။

၈။ အျမန္လမ္းမႀကီး၏ လက္ဝဲဘက္အစြန္ဆုံး ယာဥ္ေၾကာအား ေက်ာ္တက္လိုေသာအခါမွတစ္ပါး သာမန္ခ်ိန္မ်ားတြင္ အသုံးမျပဳရ။

၉။ အျမန္လမ္းမႀကီးေပၚရွိ တံတားမ်ား၊ ေကြ႕မ်ားကို ေက်ာ္ျဖတ္ရာတြင္ အရွိန္ေလွ်ာ့ ေမာင္းႏွင္ပါ။

၁၀။ အျမန္လမ္းမႀကီးေပၚ ေမာ္ေတာ္ယာဥ္ ေမာင္းႏွင္သူမ်ား အေနျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အႏၲရာယ္ မက်ေရာက္ေအာင္ အခ်ိန္ျပည့္ သတိႀကီးစြာ ေမာင္းႏွင္ရမည္။

အျမန္လမ္းတစ္ေလွ်ာက္ ယာဥ္မေတာ္တဆမႈမ်ား အပါအဝင္ ခရီးသြားမိဘျပည္သူမ်ား ေႏွာင့္ယွက္ခံရျခင္း၊ အႏၲရာယ္ျပဳမူျခင္းမ်ား ျဖစ္ေပၚလာပါက အျမန္လမ္းရဲတပ္ဖြဲ႕၏ ဖုန္းနံပါတ္မ်ားျဖစ္သည့္ ၀၉-၄၂၀၈၈၈၈၀၁ ႏွင့္ ၀၉-၄၂၀၈၈၈၈၇၀ တို႔ကို ဆက္သြယ္ႏိုင္ပါသည္။

Su Mon Oo ( Mine )


Read 417 times Last modified on Wednesday, 13 May 2020 12:46
Rate :
(0 votes)

Related items