Tuesday, 12 May 2020 14:22

_111514063_trabajadorasafp.jpg

 

ကိုဗစ် - ၁၉ နှင့်ပတ်သက်၍ ပြည်သူများ သိရှိလိုသည့် မေးမြန်းမှုများကို National Call Centre ( 2019 ) သို့ မကြာမီ တိုင်းရင်းသား ဘာသာစကား ခုနစ်မျိုးဖြင့် မေးမြန်းနိုင်မည် ဖြစ်ကြောင်း Blue Ocean Investment Limited ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောသည်။

အချို့တိုင်းရင်းသားများ နားလည်ရန် တိုင်းရင်းသားဘာသာစကား ခုနစ်မျိုး ဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ဘာသာစကားများဖြင့် မေးမြန်းမှုများကို အလိုအလျောက် ဖြေကြားနိုင်ရန် စီစဉ်တည်းဖြတ်မှုများ လုပ်ဆောင်နေပြီး မကြာမီရက်ပိုင်းအတွင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ် - ၁၉ ရောဂါနှင့် ပတ်သက်၍ ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးလိုပါက 2019 ကိုခေါ်ဆိုကာ လိုင်းခွဲ (၀) ကို ခေါ်ဆိုမေးမြန်းနိုင်သည့် မေးမြန်းမှု များပြားသည့်အတွက် တစ်ဦးလျှင် အချိန် ခြောက်မိနစ်ခန့်သာ မေးမြန်းရမည် ဖြစ်သည်။

2019 ၏ လိုင်းခွဲ ၁ တွင် ရောဂါ လက္ခဏာများအကြောင်း၊ လိုင်းခွဲ ၂ တွင် ကူးစက်နိုင်သည့် နည်းလမ်းများအကြောင်း၊ လိုင်းခွဲ ၃ တွင် ကာကွယ်နိုင်သည့် နည်းလမ်းများ၊ လိုင်းခွဲ ၄ တွင် အသွားအလာ ကန့်သတ်ခြင်းအကြောင်း၊ လိုင်းခွဲ ၅ တွင် နောက်ဆုံးရ ကိုဗစ် - ၁၉ ပိုးတွေ့လူနာအရေအတွက် အကြောင်းတို့ကို ဖော်ပြပါလိုင်းခွဲငါးခုမှ အလိုအလျောက် စနစ်ဖြင့် ဖြေကြားပေးလျက် ရှိသည်။

COVID - 19 Call Centre အား ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် - ၁၉ ဖြစ်ပွားမှုအခြေအနေ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်း၊ ရောဂါကာကွယ်ရန် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်း၊ လူနာများ ရှာဖွေကုသခြင်း စသည့်လုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပြည်သူလူထုမှ ဆက်သွယ် မေးမြန်း သိရှိနိုင်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

အဆိုပါ Call Centre သို့ ဧပြီ ၉ ရက်မှ လကုန်အထိ ပြည်တွင်းအော်ပရေတာများမှတစ်ဆင့် အခမဲ့ ခေါ်ဆိုမေးမြန်းမှု ငါးသန်းရှိခဲ့ကြောင်း သိရသည်။

MOI

==============================

ကိုဗစ္-၁၉ Call Center သို႔ တိုင္းရင္းသားဘာသာစကား (၇) မ်ိဳးျဖင့္ ေမးျမန္းႏိုင္ေတာ့မည္

ကိုဗစ္ - ၁၉ ႏွင့္ပတ္သက္၍ ျပည္သူမ်ား သိရွိလိုသည့္ ေမးျမန္းမႈမ်ားကို National Call Centre ( 2019 ) သို႔ မၾကာမီ တိုင္းရင္းသား ဘာသာစကား ခုနစ္မ်ိဳးျဖင့္ ေမးျမန္းႏိုင္မည္ ျဖစ္ေၾကာင္း Blue Ocean Investment Limited ဥကၠ႒ ဦးထြန္းထြန္းႏိုင္ထံမွ ေျပာသည္။

အခ်ိဳ႕တိုင္းရင္းသားမ်ား နားလည္ရန္ တိုင္းရင္းသားဘာသာစကား ခုနစ္မ်ိဳး ျဖစ္သည့္ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ မြန္၊ ရခိုင္၊ ရွမ္း ဘာသာစကားမ်ားျဖင့္ ေမးျမန္းမႈမ်ားကို အလိုအေလ်ာက္ ေျဖၾကားႏိုင္ရန္ စီစဥ္တည္းျဖတ္မႈမ်ား လုပ္ေဆာင္ေနၿပီး မၾကာမီရက္ပိုင္းအတြင္း ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ကိုဗစ္ - ၁၉ ေရာဂါႏွင့္ ပတ္သက္၍ ဆရာဝန္မ်ားႏွင့္ တိုက္႐ိုက္ေဆြးေႏြးလိုပါက 2019 ကိုေခၚဆိုကာ လိုင္းခြဲ (၀) ကို ေခၚဆိုေမးျမန္းႏိုင္သည့္ ေမးျမန္းမႈ မ်ားျပားသည့္အတြက္ တစ္ဦးလွ်င္ အခ်ိန္ ေျခာက္မိနစ္ခန႔္သာ ေမးျမန္းရမည္ ျဖစ္သည္။

2019 ၏ လိုင္းခြဲ ၁ တြင္ ေရာဂါ လကၡဏာမ်ားအေၾကာင္း၊ လိုင္းခြဲ ၂ တြင္ ကူးစက္ႏိုင္သည့္ နည္းလမ္းမ်ားအေၾကာင္း၊ လိုင္းခြဲ ၃ တြင္ ကာကြယ္ႏိုင္သည့္ နည္းလမ္းမ်ား၊ လိုင္းခြဲ ၄ တြင္ အသြားအလာ ကန႔္သတ္ျခင္းအေၾကာင္း၊ လိုင္းခြဲ ၅ တြင္ ေနာက္ဆုံးရ ကိုဗစ္ - ၁၉ ပိုးေတြ႕လူနာအေရအတြက္ အေၾကာင္းတို႔ကို ေဖာ္ျပပါလိုင္းခြဲငါးခုမွ အလိုအေလ်ာက္ စနစ္ျဖင့္ ေျဖၾကားေပးလ်က္ ရွိသည္။

COVID - 19 Call Centre အား ကမာၻ႔ကပ္ေရာဂါ ကိုဗစ္ - ၁၉ ျဖစ္ပြားမႈအေျခအေန ေရာဂါေစာင့္ၾကပ္ ၾကည့္ရႈျခင္း၊ ကာကြယ္ထိန္းခ်ဳပ္ျခင္း၊ ေရာဂါကာကြယ္ရန္ က်န္းမာေရးအသိပညာေပးႏႈိးေဆာ္ျခင္း၊ လူနာမ်ား ရွာေဖြကုသျခင္း စသည့္လုပ္ငန္းမ်ားႏွင့္ ပတ္သက္သည့္ သတင္းအခ်က္အလက္မ်ားကို ျပည္သူလူထုမွ ဆက္သြယ္ ေမးျမန္း သိရွိႏိုင္ေစေရးအတြက္ ရည္႐ြယ္ဖြင့္လွစ္ထားျခင္း ျဖစ္သည္။

အဆိုပါ Call Centre သို႔ ဧၿပီ ၉ ရက္မွ လကုန္အထိ ျပည္တြင္းေအာ္ပေရတာမ်ားမွတစ္ဆင့္ အခမဲ့ ေခၚဆိုေမးျမန္းမႈ ငါးသန္းရွိခဲ့ေၾကာင္း သိရသည္။

MOI


Read 214 times Last modified on Tuesday, 12 May 2020 14:26
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.