Saturday, 09 May 2020 13:04

Medicine_1.jpg

 

ဆရာဝန်ညွှန်ကြားချက် မလိုသော ဆေးဝါးများ ( OTC ) ဝယ်ယူရာတွင် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် ( Myanmar Registration Number ) ပါရှိမှသာ ဝယ်ယူသင့်ကြောင်း FDA မှ ထုတ်ပြန် ကြေညာထားသည်။

မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် ဖော်ပြသည့်အခါတွင် စုစုပေါင်း ဂဏန်း (၇) လုံးမှ (၉) လုံးအထိ ပါရှိပြီး အလယ်တွင် AA (သို့) A (သို့) L (သို့) R (သို့) EA ပါရှိမည် ဖြစ်သည်။

AA (သို့) A ၏ အဓိပ္ပါယ်မှာ ပြည်ပမှ တင်သွင်းသော ဆေးဝါးများ ဖြစ်သည်။

L ၏ အဓိပ္ပါယ်မှာ Local ဆိုသည့် စကားလုံးကို အတိုကောက် ယူထားခြင်း ဖြစ်ပြီး မြန်မာပြည်တွင်းတွင် ထုတ်လုပ်သော ဆေးဝါးများ ဖြစ်သည်။

R ၏ အဓိပ္ပါယ်မှာ Renewal ဆိုသည့် စကားလုံးကို အတိုကောက်ယူထားခြင်း ဖြစ်ပြီး မှတ်ပုံတင်သက်တမ်းတိုးထားသည့် ဆေးဝါးများ ဖြစ်သည်။

EA ဆိုသည်မှာ ( E- Submission Application ) ဖြင့် မှတ်ပုံတင် ရရှိထားသော ပြည်ပမှ တင်သွင်းသော ဆေးဝါးများ ဖြစ်သည်။

အင်္ဂလိပ်အက္ခရာ၏ ရှေ့ဂဏန်း (၄) လုံးအနက် ပထမဂဏန်းနှစ်လုံး၏ အဓိပ္ပါယ်မှာ မှတ်ပုံတင် သက်တမ်းကုန်ဆုံးမည့် ခုနှစ်ဖြစ်ပြီး ဒုတိယဂဏန်းနှစ်လုံး၏ အဓိပ္ပါယ်မှာ မှတ်ပုံတင်သက်တမ်း ကုန်ဆုံးမည့်လ ဖြစ်သည်။ အင်္ဂလိပ်အက္ခရာ နောက်ဂဏန်းများမှာ မှတ်ပုံတင် အမှတ်စဉ်နံပါတ်များ ဖြစ်သည်။

မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် အသေးစိတ်ကို အောက်ပါပုံတွင် သေချာ ကြည့်ရှု လေ့လာနိုင်ပါသည်။

Su Mon Oo ( Mine )

==============================

ေဆးဝယ္ယူရာတြင္ ျမန္မာႏိုင္ငံ ေဆးဝါးမွတ္ပုံတင္အမွတ္ ပါမပါ ၾကည့္နည္း

ဆရာဝန္ၫႊန္ၾကားခ်က္ မလိုေသာ ေဆးဝါးမ်ား ( OTC ) ဝယ္ယူရာတြင္ ျမန္မာႏိုင္ငံ ေဆးဝါးမွတ္ပုံတင္အမွတ္ ( Myanmar Registration Number ) ပါရွိမွသာ ဝယ္ယူသင့္ေၾကာင္း FDA မွ ထုတ္ျပန္ ေၾကညာထားသည္။

ျမန္မာႏိုင္ငံ ေဆးဝါးမွတ္ပုံတင္အမွတ္ ေဖာ္ျပသည့္အခါတြင္ စုစုေပါင္း ဂဏန္း (၇) လုံးမွ (၉) လုံးအထိ ပါရွိၿပီး အလယ္တြင္ AA (သို႔) A (သို႔) L (သို႔) R (သို႔) EA ပါရွိမည္ ျဖစ္သည္။

AA (သို႔) A ၏ အဓိပၸါယ္မွာ ျပည္ပမွ တင္သြင္းေသာ ေဆးဝါးမ်ား ျဖစ္သည္။

L ၏ အဓိပၸါယ္မွာ Local ဆိုသည့္ စကားလုံးကို အတိုေကာက္ ယူထားျခင္း ျဖစ္ၿပီး ျမန္မာျပည္တြင္းတြင္ ထုတ္လုပ္ေသာ ေဆးဝါးမ်ား ျဖစ္သည္။

R ၏ အဓိပၸါယ္မွာ Renewal ဆိုသည့္ စကားလုံးကို အတိုေကာက္ယူထားျခင္း ျဖစ္ၿပီး မွတ္ပုံတင္သက္တမ္းတိုးထားသည့္ ေဆးဝါးမ်ား ျဖစ္သည္။

EA ဆိုသည္မွာ ( E- Submission Application ) ျဖင့္ မွတ္ပုံတင္ ရရွိထားေသာ ျပည္ပမွ တင္သြင္းေသာ ေဆးဝါးမ်ား ျဖစ္သည္။

အဂၤလိပ္အကၡရာ၏ ေရွ႕ဂဏန္း (၄) လုံးအနက္ ပထမဂဏန္းႏွစ္လုံး၏ အဓိပၸါယ္မွာ မွတ္ပုံတင္ သက္တမ္းကုန္ဆုံးမည့္ ခုႏွစ္ျဖစ္ၿပီး ဒုတိယဂဏန္းႏွစ္လုံး၏ အဓိပၸါယ္မွာ မွတ္ပုံတင္သက္တမ္း ကုန္ဆုံးမည့္လ ျဖစ္သည္။ အဂၤလိပ္အကၡရာ ေနာက္ဂဏန္းမ်ားမွာ မွတ္ပုံတင္ အမွတ္စဥ္နံပါတ္မ်ား ျဖစ္သည္။

ျမန္မာႏိုင္ငံ ေဆးဝါးမွတ္ပုံတင္အမွတ္ အေသးစိတ္ကို ေအာက္ပါပုံတြင္ ေသခ်ာ ၾကည့္ရႈ ေလ့လာႏိုင္ပါသည္။

Su Mon Oo ( Mine )


Read 538 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.