Thursday, 07 May 2020 10:15

Baydin_7.jpg

 

မေလ ၇ ရက်မှ ၁၃ ရက်ထိ  ၇ ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင်ဟောစာတမ်းကို ဖော်ပြပေးလိုက်ပါသည်။ တစ်ပတ်စာဟောစာတမ်းကို အပတ်စဉ် ကြာသပတေးနေ့တိုင်း တင်ပေးနေကြောင်း သတင်းကောင်းပါးပါရစေ။

တနင်္ဂနွေ

လုပ်ငန်းတူပြိုင်ဘက်တို့၏ အကွက်ချထိုးနှက်မှုကို ခံရတတ်ကြောင်းသတိထားသင့်ပါတယ်။ ရောဂါဘယ နည်းပါး နေတတ်ချိန်ပါ။ဒါပေမယ့် စိတ်ဓါတ်ကျလွယ်၊ စိတ်ထိခိုက်ချိန်ပါ။ စိတ်အာရုံရှုတ်ထွေးခြင်း၊ ဒွိဟသံသ ယများခြင်းများ ကြုံတွေ့ရတတ်ပါတယ်။ ထို့ကြောင့် သွက်လက်၍ ထက်မြက် အောင် လေ့ကျင့်နေထိုင်သင့် ပါတယ်။ မေတ္တာစိတ်ထားပြီး မိမိကိုယ်မိမိယုံကြည်စိတ်မွေးမြူကြည့်ပါ။ အားသွန် ခွန်စိုက် တတ်ကြွစွာလုပ်ကိုင် ဆောင်ရွက်မှုများကြောင့် အောင်မြင်ခြင်းဆိုင်းဘုတ်ချိတ်ဆွဲခွင့်ရမည်။ လုပ်ငန်းကိစ္စ ရပ်တိုင်း ကို စိတ်ရှည်ရှည်ထား လျှက်ဆောင်ရွက်ရပါလိမ့်မည်။ မမျှော်လင့်ထားသောအံ့ဩစရာ၊ ဝမ်းသာစရာမင်္ဂလာသတင်းစကားများ ကြားသိရ တတ်သည်။

သင့်ကိုအရေးမပါသူတစ်ဦးအဖြစ် ဥပေက္ခာပြုထားသောသူ အချို့ကို ကလဲ့စားခြေခွင့်ရလိမ့်မည်။ လုပ်ငန်းကိစ္စ ရပ်အသေးအမွှားအချို့ကို ပုံကြီးချဲ့၍ လုပ်ကိုင်ဆောင်ရွက်နေတတ်သည်။ အလွဲလွဲအချော်ချော်လုပ် ဆောင်နေတတ် ချိန်ဖြစ်၍ စီးပွားဥစ္စာတိုးတတ်မှုနှုန်းယာယီကျဆင်းနေလိမ့်မည်။ အချစ်ရေးကံကောင်းမည်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့အားပေးမှုကိုရပါလိမ့်မယ်။ ပညာရေးအတွက်တော့ စိုးရိမ်ပူပန်စရာတွေ များနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၃/၉
အထူးဟော ကံအနည်းငယ်ညံ့နေမည်။
ယတြာ ကြက်ဥကြော်ပြီး ဘုရားရှင်ကိုကပ်လှူလိုက်ပါ။

တနင်္လာ

ဒီကာလမှာ ချီတုံချတုံကိစ္စရပ်များ မကြာခဏ ကြုံတွေ့ရပါလိမ့်မည်။ နေ့စဉ်သတိနှင့်ယှဉ်၍ ကောင်းသော စကားကိုပြောဆိုခြင်းဖြင့် အစစအရာရာ အဆင်ပြေ သွားပါလိမ့်မည်။ ကျန်းမာရေးကောင်းမွန်စေရန် အဆီ၊ အဆိမ့် များသောအစားအစာများကို ရှောင်ပါ။ အစားအသောက်ဆင်ခြင်ပါက ရောဂါဘယကင်းရှင်း သွားလိမ့်မည်။ အလုပ် ကိစ္စ အဝဝကို အစွမ်းကုန်ကြိုးစားလုပ်ဆောင်ပြီးမှ အနားယူပါ။ စူးစမ်းဆင်ခြင်ဉာဏ်နှင့် လုံ့လဝီရိယ ရှိရှိတရား သဖြင့် အသက်မွေးခြင်းဖြစ်လျှင် မုချအောင်မြင်လိမ့်မည်။ တစ်ခါတစ်ရံ အများနှင့်ဆန့်ကျင်သောအပြုအမူကြောင့် ခင်မင်ရိုင်ပင်းသူအချို့နှင့် စကားပြောအဆင်မချောမှုများ ကြုံရတတ်၏။

လျှို့ဝှက်ဆန်းကြယ်မှုကို စိတ်ဝင်စားနေ လိမ့်မည်။ စီးပွားရေးလုပ်ငန်းကိစ္စရပ်များတွင် ဉာဏ်လည်းရှိ၊ ဝီရိယလည်း ကူသော ကြီးပွားချမ်းသာမှုရှိမည့် ကာလ တစ်ခုဖြစ်သည်။ လုပ်ငန်းတူ၊ ရည်ရွယ်ချက်တူသူတို့၏ နှောက်ယှက်မှုကို အနည်းငယ်ခံရတတ်သော်လည်း အနိုင်ယူ အောင်မြင်ပါလိမ့်မည်။ အချစ်ရေးမှာတော့ မိမိကိုယ်တိုင်က သံယောဇဉ်လျော့နည်းနေတတ်ပါတယ်။ အိမ်ထောင် ရေးမှာ အနေဝေးတတ်ပါတယ်။အနေမဝေးရင်စိတ်ချင်းဝေးနေတတ်ပါတယ်။ ပညာအသစ်တစ်ခုစသင် လို့ကောင်း တဲ့ ကာလထဲရောက်နေပါတယ်။

အကျိုးပေးဂဏန်း ၂/၃/၈
အထူးဟော တွေဝေဒွိဟတွေ ဖြစ်နေတတ်ပါတယ်။
ယတြာ လက်ဖက်ရည်နဲ့ လမုန့်ဘုရားကပ်ပါ။

အင်္ဂါ

ဒီကာလအတွင်း လက်တလောအခြေအနေမှ ပိုမိုအောင်မြင်စေရန်အတွက် အကြံပေးသူ၊ လမ်းညွှန်သူ၊ ကူညီသူများနှင့် တွေ့ရလိမ့်မည်။ အများကလိုလားစွာ ယုံကြည်အားကိုး လေးစား ကြည်ညိုမှုခံရမည်။ လုပ်ငန်းသစ်၊ အကြံသစ်နှင့်အကျိုးပေးတတ်သည်။ အခွင့်အရေးကောင်းများသည် အပြိုင်အဆိုင်များကြားမှ တည်ရှိနေမည်။ စိတ်ထားကောင်းပြီး အပြုသဘောဆောင်မှုများကြောင့် လူချစ်၊ လူခင်ပေါမည်။ အောင်မြင်မှုများစွာ ကသင့်ကို စောင့်ကြိုနေတတ်ချိန်ပါ။ ဉာဏ်ကွန့်ခြယ်ထားသော အတွေးသစ်၊ စိတ်ကူးဆန်းများကြောင့် ထူးခြားသော အောင် မြင်မှုများ ရရှိလိမ့်မည်။

ဟန်တစ်လုံး၊ ပန်တစ်လုံးဖြင့်မနေသော်လည်း လူအများ၏အထင်ကြီးလေးစားမှုကို ရရှိ တတ်ပါ သည်။ တည်ငြိမ်အေးဆေး၍ ချမ်းမြေ့ခြင်းကို အလိုရှိသောကာလတစ်ခုဖြစ်၏။ လုပ်ငန်းဆောင်တာ တိုးတတ်မှုကို ပြသောကာလဖြစ်၍ မည်သည့်ပြဿနာအခက်အခဲကိုမျှ ကြောက်စရာမလိုပါ။ ငွေကြေးဥစ္စာပစ္စည်း များ မထင်မှတ်ထားသောနေရာများမှ ရရှိမည်။ ကျန်းမာရေး အထူးဂရုပြုပါ။ ဆေးမြီးတိုများနှင့် မကုသပါနှင့်။အချစ် ရေးကတော့ အားနည်းပါတယ်။ စိတ်ကောက်နေတဲ့ချစ်သူကြောင့်စိတ်ညစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးသာယာ ပါလိမ့်မယ်။ ပညာရေးမှာ စူးစမ်းမှုကြောင့်ပညာတိုးပါတယ်။

အကျိုးပေးဂဏန်း ၃/၆/၄
အထူးဟော အလုပ်တွေတိုးတတ်ပါလိမ့်မယ်။
ယတြာ ဖရဲသီးစိပ်ဘုရားကပ်လှူလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းငွေကြေးကိစ္စစေတနာထား၍ ချေးငှားမှုမပြုသင့်ပါ။ မိတ်ဆွေအသိုင်းအဝိုင်းသစ်များ ရရှိ တတ်ချိန်ပါ။ အတွေးစိတ်ကူးလှပမှုကို လက်တွေ့ကျကျလုပ်ကိုင်ဆောင်ရွက်၍ ဘဝအောင်မြင်မှုရမည်။ စီးပွားရေး လုပ်ငန်းကိစ္စရပ်တိုင်းကို တိကျပြတ်သားစွာ လုပ်ကိုင်ဆောင်ရွက်ခွင့် ရမည်။ အနုပညာလုပ်ငန်း၊ စာပေ၊ ဂီတ လုပ်ငန်းများနှင့် အထူးအကျိုးပေးကောင်းချိန်ပါ။ ခရီးသွားလိုသောဆန္ဒမျိုး ဖြစ်ပြီး မကြာခဏခရီးသွားရတတ် သည်။ စီးပွားဥစ္စာတစ်ရိပ်ရိပ်တိုးတတ်စေမည့် ကံလာဘ်ပွင့်လန်းကောင်းမွန်ချိန်ဖြစ်ပါတယ်။ စိတ်ထားကောင်းမွန် ဖြူစင်ပြီး ရိုးသားစွာကြိုးစားမှုများအတွက် စီးပွားဥစ္စာကြီးပွားတိုးတတ်မည်။

စီးပွားရေးဆိုင်ရာပြိုင်ဆိုင်မှု စိန်ခေါ် မှုများစွာနှင့် တွေ့ကြုံရင်ဆိုင်ရတတ်၏။ အပြိုင်အဆိုင်အခက်အခဲတိုင်းကို ရှောင်ပြေးမသွားဖို့လိုပါလိမ့် မည်။ လူအများလက်ခံနိုင်သည့် ဆန်းသစ်တီထွင်မှုတစ်ခုကြောင့် ထင်ရှားကျော်ကြားလူသိများမည်။ပညာရေးတွင် စီးပွားရေးပညာရမည်။ ကြီးမားကျယ်ပြန့် သည့် ဈေးကွက်သစ်များ လေ့လာခွင့်ရမည်။ ကျန်းမာရေးကောင်းစေရန် အချို လျှော့စားပါ။ အချစ်ရေးမှာတော့ အဆင်ပြေစိတ်ချမ်းသာရမည်။ အိမ်ထောင်ရေးအထူးတလည်ညံ့နေတာမျိုး မတွေ့ ရသေးပါဘူး။

အကျိုးပေးဂဏန်း ၄/၅/၉
အထူးဟော ငွေကြေးအရှုပ်အရှင်းတွေ မလုပ်ပါနဲ့။
ယတြာ သပြေပန်းဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

ဒီကာလအတွင်း လုပ်ငန်းအကြံအစည်သစ်ပေါ်လျှင် ရဲရဲသာလုပ်ပါ။ လုပ်ငန်းကိစ္စအဝဝ အဆင်ပြေလိမ့်မည်။ အမွေရကိန်း၊ ထီပေါက်ကိန်း၊ ရာထူးတိုးကိန်းမြင်၏။ စီးပွားရေးလုပ်ငန်းကိစ္စအဝဝကို သူတစ်ပါးကိုယုံကြည်စွာ မျက်နှာလွဲ၍မရနိုင်ပါ။ စီးပွားရေးဆိုင်ရာအပြောင်းအရွှေ့ကိစ္စ၊ တိုးချဲ့မှုကိစ္စ၊ တီထွင်ဆန်းသစ်မှုကိစ္စရပ်များ ကြုံမည်။ မလုပ်ချင် သောလုပ်ငန်းများကို လုပ်ဆောင်ရခြင်း၊ တာဝန်ပိုများ၊ အလုပ်ပိုများကို လုပ်ဆောင်ရခြင်းမျိုးဖြစ်သည်။ နားမလည် သောလုပ်ငန်း၊ မကျွမ်းကျင်သောလုပ်ငန်းမျိုးကိုလည်း လုပ်ဆောင်ရတတ်သည်။

ထက်မြက်သော ဉာဏ်နှင့် ကြိုးစားရကျိုးနပ်အောင် လုပ်ဆောင်သင့်ပါတယ်။ ပိရိသေသပ်သောဇွဲနှင့်ထာဝစဉ်ကြိုးစားနေရတတ် သည်။ ဉာဏ်လည်းရှိ၊ ဝီရိယလည်းထက်သန်၍ ထူးထူးခြားခြားအောင်မြင်မည်။ စိတ်တိုပြီးတစ်ဇွတ်ထိုးလုပ်မှုကို လျှော့ပါ။ ဆန္ဒစော၍ ဇွတ်ပြောဆိုလုပ်ကိုင်လျှင် ပဋိပက္ခပိုကြီးမားလာနိုင်၍ အရာရာကိုအလိမ္မာသုံး၍ ရှောင်ပါ။ မိမိလိုချင် သောစီးပွားရေးအနေအထားသို့ ရောက်ရှိရန် စိတ်လိုက်မာန်ပါမလုပ်သင့်ပါ။ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ ရောဂါဝေဒနာများ အထူးသတိထားပါ။ အချစ်ရေးကံအထူးကောင်းပါတယ်။ အိမ်ထောင်ဘက်ရဲ့ အပြစ်တင် ဝေဖန်မှုကြောင့် စိတ်ညစ်ရတတ်ပါတယ်။ပညာရေးနဲ့ ဝေးနေတတ်တဲ့ကာလတစ်ခုပါပဲ။

အကျိုးပေးဂဏန်း ဝ/၅/၆
အထူးဟော ကျန်းမာရေးဂရုစိုက်ပေးပါ။
ယတြာ နွားနို့ပူပူလေးတစ်ခွက် ဘုရားကပ်လှူပေးပါ။

သောကြာ

ဒီကာလအတွင်းစီးပွားရေးဆိုင်ရာအောင်မြင်မှုရေစီးမှာမျောပါခွင့်ရမည်။ မျှော်လင့်ချက်ပြည့်ဝစွာအောင်မြင် တတ်သည်။ အောင်မြင်မှုကို ရင်းနှီးထားသူတို့က အသိအမှတ်ပြု ချီးကျူး ကြမည်။ လုပ်ငန်းသစ်၊ အကြံအစည် သစ်ကို လုပ်ဆောင်ကြည့်ရုံမက မူလလုပ်ငန်းကိုလည်း ဇောက်ချလုပ်ကိုင် ဆောင်ရွက်သင့်သည်။ လုပ်ငန်းတူပြိုင် ဘက်အချို့ နှင့် အပြန်အလှန် အကျိုးရှိစေမည့် လုပ်ငန်းကိစ္စများ ထူးထူးဆန်းဆန်းဆောင်ရွက်ရမည်။ ကိုယ်ပိုင် ဉာဏ်နှင့် ထူးချွန်အောင်ဆောင်ရွက် နေတတ်ချိန်ဖြစ်ပါသည်။ ကိုယ့်ထူး၊ ကိုယ်ချွန် ဆောင်ရွက်မှုများကြောင့် အောင်မြင် မှုရမည်။ ကူညီသူ၊ လမ်းညွှန် သူရှိသော်လည်း သူတစ်ပါးကိုအားကိုးလိုစိတ်မရှိပါ။

အတွေးအခေါ်၊ အယူအဆ လှပစွာ ပြောင်းလဲတတ်သည်။ အတွေးသစ်၊ အမြင်သစ်များ ရရှိမည်။ ဘဝကန္တာရခရီးကြမ်းကို အထီးကျန်လျှောက်လှမ်းနေရခြင်းကနေ အိုအေစစ်ကိုရရှိချိန်ပါ။ စိုးရိမ်ပူပင်သောက ပြဿနာများစွာက သင့်ကို စိန်ခေါ်နေပေမယ့်သင်ကျော်လွှားနိုင်လိမ့်မည်။ ကျန်းမာ ရေး သင့်သော်လည်း အစားအသောက်အနေအထိုင် ဂရု စိုက်ပါ။အမျိုးသမီးရောဂါများသတိရှိပါ။အချစ်ရေးမှာတော့ ချစ်သူနဲ့အဆင်ပြေပေမယ့် ဆုံချိန်နည်းပါလိမ့်မယ်။ အိမ်ထောင်ရေးသာယာပါလိမ့်မယ်။ ပညာရေးကံ အထူးကောင်းမွန်နေချိန်ပါပဲ။

အကျိုးပေးဂဏန်း ၁/ဝ/၆
အထူးဟော ကံမြင့်နေပါတယ်။
ယတြာ စပ်သော၊ပူသောအစားအသောက်တစ်မျိုးမျိုး ဘုရားကပ်လှူပါ။

စနေ

ယခုကာလအတွင်း ကြိုးစားရင် ကြိုးစားသလောက် ခရီးရောက်ပါလိမ့်မည်။ ပြုံးရွှင်လိုက်လျောစွာ ဆက်ဆံတတ်ခြင်း၊ ဝီရိယရှိခြင်း၊ ဉာဏ်ပညာကိုလွှာ၍ သုံးတတ်ခြင်းတို့ကြောင့် တိုးတတ်ကြီးပွားကိန်းမြင်သည်။ ဈေးကွက်ယန္တရားသစ်များစွာကို ထိန်းချုပ်နိုင်စွမ်းမြင့်မားမည်။ အမျိုးမျိုးသောပြဿနာပုစ္ဆာများက သင့်ကိုဉာဏ် စမ်းလာပါလိမ့်မည်။ ပြဿနာတိုင်း၏အကြောင်းအရင်းကို စိစစ်သုံးသပ် အဖြေရှာနိုင်လျှင် အောင်မြင်မှုရရှိမည်။ စီးပွားရေးလုပ်ငန်းကိစ္စရပ်တိုင်းကို သေသေချာချာသုံးသပ်သင့် သည်။ သင့်ဘဝတိုးတတ်မှုအတွက် မည်သူ့ကိုမျှ အားကိုး၍မရနိုင်ပါ။

သင့်ကိုယ်သင်အားကိုးမှသာ အောင်မြင်ကြွယ် ဝခွင့်ရမည်။ ကံထက်၊ ဉာဏ်ကိုအားကိုးပါ။ အလွန်တန်ဖိုးကြီးသောအချိန်နှင့် ငွေကိုမဖြုန်းသင့်ပါ။ သူတစ်ပါးကိစ္စ များကို ကြားမှတာဝန်ယူခြင်း၊ အာမခံခြင်း မျိုးကို အထူးရှောင်ကြဉ်ပါ။ အောင်မြင်မှုများက လက်တစ်ကမ်းအလိုမှာရောက်နေပါပြီ။ အပျင်းမဖက်ကြိုးစားပါ။ ကျန်းမာရေးကောင်းသော်လည်း ရေချိုးဆင်ခြင်ပါ။ အချစ်ရေးမှာတော့ ချစ်သူသစ်ရလွယ်သည်။ ချစ်သူရှိပြီးသူများ လှေနံနှစ်ဖက်နင်းချင်နေတတ်ပါတယ်။ အိမ်ထောင်ရေးကိုတော့ အနည်းငယ်စကားပြောဆင်ခြင်ဖို့ မှာချင်ပါတယ်။ ပညာရေးမှာတော့ စာထက် အပျော်အပါးကိုပိုမိုစိတ်ဝင်စားနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၉/၇
အထူးဟော စန်းပွင့်နေမည်။
ယတြာ ငါးကြော်ဘုရားကပ်လှူလိုက်ပါ။

ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)
0977 5555 695/09 44 5555 695

==============================

၇ ရက္သားသမီးမ်ားအတြက္ ေမလ ၁၃ ရက္ေန႔ထိ တစ္ပတ္စာေဗဒင္

ေမလ ၇ ရက္မွ ၁၃ ရက္ထိ  ၇ ရက္သားသမီးမ်ားအတြက္ တစ္ပတ္စာ ေဗဒင္ေဟာစာတမ္းကို ေဖာ္ျပေပးလိုက္ပါသည္။ တစ္ပတ္စာေဟာစာတမ္းကို အပတ္စဥ္ ၾကာသပေတးေန႔တိုင္း တင္ေပးေနေၾကာင္း သတင္းေကာင္းပါးပါရေစ။

တနဂၤေႏြ

လုပ္ငန္းတူၿပိဳင္ဘက္တို႔၏ အကြက္ခ်ထိုးႏွက္မႈကို ခံရတတ္ေၾကာင္းသတိထားသင့္ပါတယ္။ ေရာဂါဘယ နည္းပါး ေနတတ္ခ်ိန္ပါ။ဒါေပမယ့္ စိတ္ဓါတ္က်လြယ္၊ စိတ္ထိခိုက္ခ်ိန္ပါ။ စိတ္အာ႐ုံရႈတ္ေထြးျခင္း၊ ဒြိဟသံသ ယမ်ားျခင္းမ်ား ႀကဳံေတြ႕ရတတ္ပါတယ္။ ထို႔ေၾကာင့္ သြက္လက္၍ ထက္ျမက္ ေအာင္ ေလ့က်င့္ေနထိုင္သင့္ ပါတယ္။ ေမတၱာစိတ္ထားၿပီး မိမိကိုယ္မိမိယုံၾကည္စိတ္ေမြးျမဴၾကည့္ပါ။ အားသြန္ ခြန္စိုက္ တတ္ႂကြစြာလုပ္ကိုင္ ေဆာင္႐ြက္မႈမ်ားေၾကာင့္ ေအာင္ျမင္ျခင္းဆိုင္းဘုတ္ခ်ိတ္ဆြဲခြင့္ရမည္။ လုပ္ငန္းကိစၥ ရပ္တိုင္း ကို စိတ္ရွည္ရွည္ထား လွ်က္ေဆာင္႐ြက္ရပါလိမ့္မည္။ မေမွ်ာ္လင့္ထားေသာအံ့ဩစရာ၊ ဝမ္းသာစရာမဂၤလာသတင္းစကားမ်ား ၾကားသိရ တတ္သည္။

သင့္ကိုအေရးမပါသူတစ္ဦးအျဖစ္ ဥေပကၡာျပဳထားေသာသူ အခ်ိဳ႕ကို ကလဲ့စားေျခခြင့္ရလိမ့္မည္။ လုပ္ငန္းကိစၥ ရပ္အေသးအမႊားအခ်ိဳ႕ကို ပုံႀကီးခ်ဲ႕၍ လုပ္ကိုင္ေဆာင္႐ြက္ေနတတ္သည္။ အလြဲလြဲအေခ်ာ္ေခ်ာ္လုပ္ ေဆာင္ေနတတ္ ခ်ိန္ျဖစ္၍ စီးပြားဥစၥာတိုးတတ္မႈႏႈန္းယာယီက်ဆင္းေနလိမ့္မည္။ အခ်စ္ေရးကံေကာင္းမည္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္ရဲ႕အားေပးမႈကိုရပါလိမ့္မယ္။ ပညာေရးအတြက္ေတာ့ စိုးရိမ္ပူပန္စရာေတြ မ်ားေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၁/၃/၉
အထူးေဟာ ကံအနည္းငယ္ညံ့ေနမည္။
ယၾတာ ၾကက္ဥေၾကာ္ၿပီး ဘုရားရွင္ကိုကပ္လႉလိုက္ပါ။

တနလၤာ

ဒီကာလမွာ ခ်ီတုံခ်တုံကိစၥရပ္မ်ား မၾကာခဏ ႀကဳံေတြ႕ရပါလိမ့္မည္။ ေန႔စဥ္သတိႏွင့္ယွဥ္၍ ေကာင္းေသာ စကားကိုေျပာဆိုျခင္းျဖင့္ အစစအရာရာ အဆင္ေျပ သြားပါလိမ့္မည္။ က်န္းမာေရးေကာင္းမြန္ေစရန္ အဆီ၊ အဆိမ့္ မ်ားေသာအစားအစာမ်ားကို ေရွာင္ပါ။ အစားအေသာက္ဆင္ျခင္ပါက ေရာဂါဘယကင္းရွင္း သြားလိမ့္မည္။ အလုပ္ ကိစၥ အဝဝကို အစြမ္းကုန္ႀကိဳးစားလုပ္ေဆာင္ၿပီးမွ အနားယူပါ။ စူးစမ္းဆင္ျခင္ဉာဏ္ႏွင့္ လုံ႔လဝီရိယ ရွိရွိတရား သျဖင့္ အသက္ေမြးျခင္းျဖစ္လွ်င္ မုခ်ေအာင္ျမင္လိမ့္မည္။ တစ္ခါတစ္ရံ အမ်ားႏွင့္ဆန႔္က်င္ေသာအျပဳအမူေၾကာင့္ ခင္မင္႐ိုင္ပင္းသူအခ်ိဳ႕ႏွင့္ စကားေျပာအဆင္မေခ်ာမႈမ်ား ႀကဳံရတတ္၏။

လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈကို စိတ္ဝင္စားေန လိမ့္မည္။ စီးပြားေရးလုပ္ငန္းကိစၥရပ္မ်ားတြင္ ဉာဏ္လည္းရွိ၊ ဝီရိယလည္း ကူေသာ ႀကီးပြားခ်မ္းသာမႈရွိမည့္ ကာလ တစ္ခုျဖစ္သည္။ လုပ္ငန္းတူ၊ ရည္႐ြယ္ခ်က္တူသူတို႔၏ ေႏွာက္ယွက္မႈကို အနည္းငယ္ခံရတတ္ေသာ္လည္း အႏိုင္ယူ ေအာင္ျမင္ပါလိမ့္မည္။ အခ်စ္ေရးမွာေတာ့ မိမိကိုယ္တိုင္က သံေယာဇဥ္ေလ်ာ့နည္းေနတတ္ပါတယ္။ အိမ္ေထာင္ ေရးမွာ အေနေဝးတတ္ပါတယ္။အေနမေဝးရင္စိတ္ခ်င္းေဝးေနတတ္ပါတယ္။ ပညာအသစ္တစ္ခုစသင္ လို႔ေကာင္း တဲ့ ကာလထဲေရာက္ေနပါတယ္။

အက်ိဳးေပးဂဏန္း ၂/၃/၈
အထူးေဟာ ေတြေဝဒြိဟေတြ ျဖစ္ေနတတ္ပါတယ္။
ယၾတာ လက္ဖက္ရည္နဲ႔ လမုန႔္ဘုရားကပ္ပါ။

အဂၤါ

ဒီကာလအတြင္း လက္တေလာအေျခအေနမွ ပိုမိုေအာင္ျမင္ေစရန္အတြက္ အႀကံေပးသူ၊ လမ္းၫႊန္သူ၊ ကူညီသူမ်ားႏွင့္ ေတြ႕ရလိမ့္မည္။ အမ်ားကလိုလားစြာ ယုံၾကည္အားကိုး ေလးစား ၾကည္ညိဳမႈခံရမည္။ လုပ္ငန္းသစ္၊ အႀကံသစ္ႏွင့္အက်ိဳးေပးတတ္သည္။ အခြင့္အေရးေကာင္းမ်ားသည္ အၿပိဳင္အဆိုင္မ်ားၾကားမွ တည္ရွိေနမည္။ စိတ္ထားေကာင္းၿပီး အျပဳသေဘာေဆာင္မႈမ်ားေၾကာင့္ လူခ်စ္၊ လူခင္ေပါမည္။ ေအာင္ျမင္မႈမ်ားစြာ ကသင့္ကို ေစာင့္ႀကိဳေနတတ္ခ်ိန္ပါ။ ဉာဏ္ကြန႔္ျခယ္ထားေသာ အေတြးသစ္၊ စိတ္ကူးဆန္းမ်ားေၾကာင့္ ထူးျခားေသာ ေအာင္ ျမင္မႈမ်ား ရရွိလိမ့္မည္။

ဟန္တစ္လုံး၊ ပန္တစ္လုံးျဖင့္မေနေသာ္လည္း လူအမ်ား၏အထင္ႀကီးေလးစားမႈကို ရရွိ တတ္ပါ သည္။ တည္ၿငိမ္ေအးေဆး၍ ခ်မ္းေျမ့ျခင္းကို အလိုရွိေသာကာလတစ္ခုျဖစ္၏။ လုပ္ငန္းေဆာင္တာ တိုးတတ္မႈကို ျပေသာကာလျဖစ္၍ မည္သည့္ျပႆနာအခက္အခဲကိုမွ် ေၾကာက္စရာမလိုပါ။ ေငြေၾကးဥစၥာပစၥည္း မ်ား မထင္မွတ္ထားေသာေနရာမ်ားမွ ရရွိမည္။ က်န္းမာေရး အထူးဂ႐ုျပဳပါ။ ေဆးၿမီးတိုမ်ားႏွင့္ မကုသပါႏွင့္။အခ်စ္ ေရးကေတာ့ အားနည္းပါတယ္။ စိတ္ေကာက္ေနတဲ့ခ်စ္သူေၾကာင့္စိတ္ညစ္ရတတ္ပါတယ္။ အိမ္ေထာင္ေရးသာယာ ပါလိမ့္မယ္။ ပညာေရးမွာ စူးစမ္းမႈေၾကာင့္ပညာတိုးပါတယ္။

အက်ိဳးေပးဂဏန္း ၃/၆/၄
အထူးေဟာ အလုပ္ေတြတိုးတတ္ပါလိမ့္မယ္။
ယၾတာ ဖရဲသီးစိပ္ဘုရားကပ္လႉလိုက္ပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္းေငြေၾကးကိစၥေစတနာထား၍ ေခ်းငွားမႈမျပဳသင့္ပါ။ မိတ္ေဆြအသိုင္းအဝိုင္းသစ္မ်ား ရရွိ တတ္ခ်ိန္ပါ။ အေတြးစိတ္ကူးလွပမႈကို လက္ေတြ႕က်က်လုပ္ကိုင္ေဆာင္႐ြက္၍ ဘဝေအာင္ျမင္မႈရမည္။ စီးပြားေရး လုပ္ငန္းကိစၥရပ္တိုင္းကို တိက်ျပတ္သားစြာ လုပ္ကိုင္ေဆာင္႐ြက္ခြင့္ ရမည္။ အႏုပညာလုပ္ငန္း၊ စာေပ၊ ဂီတ လုပ္ငန္းမ်ားႏွင့္ အထူးအက်ိဳးေပးေကာင္းခ်ိန္ပါ။ ခရီးသြားလိုေသာဆႏၵမ်ိဳး ျဖစ္ၿပီး မၾကာခဏခရီးသြားရတတ္ သည္။ စီးပြားဥစၥာတစ္ရိပ္ရိပ္တိုးတတ္ေစမည့္ ကံလာဘ္ပြင့္လန္းေကာင္းမြန္ခ်ိန္ျဖစ္ပါတယ္။ စိတ္ထားေကာင္းမြန္ ျဖဴစင္ၿပီး ႐ိုးသားစြာႀကိဳးစားမႈမ်ားအတြက္ စီးပြားဥစၥာႀကီးပြားတိုးတတ္မည္။

စီးပြားေရးဆိုင္ရာၿပိဳင္ဆိုင္မႈ စိန္ေခၚ မႈမ်ားစြာႏွင့္ ေတြ႕ႀကဳံရင္ဆိုင္ရတတ္၏။ အၿပိဳင္အဆိုင္အခက္အခဲတိုင္းကို ေရွာင္ေျပးမသြားဖို႔လိုပါလိမ့္ မည္။ လူအမ်ားလက္ခံႏိုင္သည့္ ဆန္းသစ္တီထြင္မႈတစ္ခုေၾကာင့္ ထင္ရွားေက်ာ္ၾကားလူသိမ်ားမည္။ပညာေရးတြင္ စီးပြားေရးပညာရမည္။ ႀကီးမားက်ယ္ျပန႔္ သည့္ ေဈးကြက္သစ္မ်ား ေလ့လာခြင့္ရမည္။ က်န္းမာေရးေကာင္းေစရန္ အခ်ိဳ ေလွ်ာ့စားပါ။ အခ်စ္ေရးမွာေတာ့ အဆင္ေျပစိတ္ခ်မ္းသာရမည္။ အိမ္ေထာင္ေရးအထူးတလည္ညံ့ေနတာမ်ိဳး မေတြ႕ ရေသးပါဘူး။

အက်ိဳးေပးဂဏန္း ၄/၅/၉
အထူးေဟာ ေငြေၾကးအရႈပ္အရွင္းေတြ မလုပ္ပါနဲ႔။
ယၾတာ သေျပပန္းဘုရားကပ္လႉလိုက္ပါ။

ၾကာသပေတး

ဒီကာလအတြင္း လုပ္ငန္းအႀကံအစည္သစ္ေပၚလွ်င္ ရဲရဲသာလုပ္ပါ။ လုပ္ငန္းကိစၥအဝဝ အဆင္ေျပလိမ့္မည္။ အေမြရကိန္း၊ ထီေပါက္ကိန္း၊ ရာထူးတိုးကိန္းျမင္၏။ စီးပြားေရးလုပ္ငန္းကိစၥအဝဝကို သူတစ္ပါးကိုယုံၾကည္စြာ မ်က္ႏွာလြဲ၍မရႏိုင္ပါ။ စီးပြားေရးဆိုင္ရာအေျပာင္းအေ႐ႊ႕ကိစၥ၊ တိုးခ်ဲ႕မႈကိစၥ၊ တီထြင္ဆန္းသစ္မႈကိစၥရပ္မ်ား ႀကဳံမည္။ မလုပ္ခ်င္ ေသာလုပ္ငန္းမ်ားကို လုပ္ေဆာင္ရျခင္း၊ တာဝန္ပိုမ်ား၊ အလုပ္ပိုမ်ားကို လုပ္ေဆာင္ရျခင္းမ်ိဳးျဖစ္သည္။ နားမလည္ ေသာလုပ္ငန္း၊ မကြၽမ္းက်င္ေသာလုပ္ငန္းမ်ိဳးကိုလည္း လုပ္ေဆာင္ရတတ္သည္။

ထက္ျမက္ေသာ ဉာဏ္ႏွင့္ ႀကိဳးစားရက်ိဳးနပ္ေအာင္ လုပ္ေဆာင္သင့္ပါတယ္။ ပိရိေသသပ္ေသာဇြဲႏွင့္ထာဝစဥ္ႀကိဳးစားေနရတတ္ သည္။ ဉာဏ္လည္းရွိ၊ ဝီရိယလည္းထက္သန္၍ ထူးထူးျခားျခားေအာင္ျမင္မည္။ စိတ္တိုၿပီးတစ္ဇြတ္ထိုးလုပ္မႈကို ေလွ်ာ့ပါ။ ဆႏၵေစာ၍ ဇြတ္ေျပာဆိုလုပ္ကိုင္လွ်င္ ပဋိပကၡပိုႀကီးမားလာႏိုင္၍ အရာရာကိုအလိမၼာသုံး၍ ေရွာင္ပါ။ မိမိလိုခ်င္ ေသာစီးပြားေရးအေနအထားသို႔ ေရာက္ရွိရန္ စိတ္လိုက္မာန္ပါမလုပ္သင့္ပါ။ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာ ဆိုင္ရာ ေရာဂါေဝဒနာမ်ား အထူးသတိထားပါ။ အခ်စ္ေရးကံအထူးေကာင္းပါတယ္။ အိမ္ေထာင္ဘက္ရဲ႕ အျပစ္တင္ ေဝဖန္မႈေၾကာင့္ စိတ္ညစ္ရတတ္ပါတယ္။ပညာေရးနဲ႔ ေဝးေနတတ္တဲ့ကာလတစ္ခုပါပဲ။

အက်ိဳးေပးဂဏန္း ဝ/၅/၆
အထူးေဟာ က်န္းမာေရးဂ႐ုစိုက္ေပးပါ။
ယၾတာ ႏြားႏို႔ပူပူေလးတစ္ခြက္ ဘုရားကပ္လႉေပးပါ။

ေသာၾကာ

ဒီကာလအတြင္းစီးပြားေရးဆိုင္ရာေအာင္ျမင္မႈေရစီးမွာေမ်ာပါခြင့္ရမည္။ ေမွ်ာ္လင့္ခ်က္ျပည့္ဝစြာေအာင္ျမင္ တတ္သည္။ ေအာင္ျမင္မႈကို ရင္းႏွီးထားသူတို႔က အသိအမွတ္ျပဳ ခ်ီးက်ဴး ၾကမည္။ လုပ္ငန္းသစ္၊ အႀကံအစည္ သစ္ကို လုပ္ေဆာင္ၾကည့္႐ုံမက မူလလုပ္ငန္းကိုလည္း ေဇာက္ခ်လုပ္ကိုင္ ေဆာင္႐ြက္သင့္သည္။ လုပ္ငန္းတူၿပိဳင္ ဘက္အခ်ိဳ႕ ႏွင့္ အျပန္အလွန္ အက်ိဳးရွိေစမည့္ လုပ္ငန္းကိစၥမ်ား ထူးထူးဆန္းဆန္းေဆာင္႐ြက္ရမည္။ ကိုယ္ပိုင္ ဉာဏ္ႏွင့္ ထူးခြၽန္ေအာင္ေဆာင္႐ြက္ ေနတတ္ခ်ိန္ျဖစ္ပါသည္။ ကိုယ့္ထူး၊ ကိုယ္ခြၽန္ ေဆာင္႐ြက္မႈမ်ားေၾကာင့္ ေအာင္ျမင္ မႈရမည္။ ကူညီသူ၊ လမ္းၫႊန္ သူရွိေသာ္လည္း သူတစ္ပါးကိုအားကိုးလိုစိတ္မရွိပါ။

အေတြးအေခၚ၊ အယူအဆ လွပစြာ ေျပာင္းလဲတတ္သည္။ အေတြးသစ္၊ အျမင္သစ္မ်ား ရရွိမည္။ ဘဝကႏၲာရခရီးၾကမ္းကို အထီးက်န္ေလွ်ာက္လွမ္းေနရျခင္းကေန အိုေအစစ္ကိုရရွိခ်ိန္ပါ။ စိုးရိမ္ပူပင္ေသာက ျပႆနာမ်ားစြာက သင့္ကို စိန္ေခၚေနေပမယ့္သင္ေက်ာ္လႊားႏိုင္လိမ့္မည္။ က်န္းမာ ေရး သင့္ေသာ္လည္း အစားအေသာက္အေနအထိုင္ ဂ႐ု စိုက္ပါ။အမ်ိဳးသမီးေရာဂါမ်ားသတိရွိပါ။အခ်စ္ေရးမွာေတာ့ ခ်စ္သူနဲ႔အဆင္ေျပေပမယ့္ ဆုံခ်ိန္နည္းပါလိမ့္မယ္။ အိမ္ေထာင္ေရးသာယာပါလိမ့္မယ္။ ပညာေရးကံ အထူးေကာင္းမြန္ေနခ်ိန္ပါပဲ။

အက်ိဳးေပးဂဏန္း ၁/ဝ/၆
အထူးေဟာ ကံျမင့္ေနပါတယ္။
ယၾတာ စပ္ေသာ၊ပူေသာအစားအေသာက္တစ္မ်ိဳးမ်ိဳး ဘုရားကပ္လႉပါ။

စေန

ယခုကာလအတြင္း ႀကိဳးစားရင္ ႀကိဳးစားသေလာက္ ခရီးေရာက္ပါလိမ့္မည္။ ၿပဳံး႐ႊင္လိုက္ေလ်ာစြာ ဆက္ဆံတတ္ျခင္း၊ ဝီရိယရွိျခင္း၊ ဉာဏ္ပညာကိုလႊာ၍ သုံးတတ္ျခင္းတို႔ေၾကာင့္ တိုးတတ္ႀကီးပြားကိန္းျမင္သည္။ ေဈးကြက္ယႏၲရားသစ္မ်ားစြာကို ထိန္းခ်ဳပ္ႏိုင္စြမ္းျမင့္မားမည္။ အမ်ိဳးမ်ိဳးေသာျပႆနာပုစာၦမ်ားက သင့္ကိုဉာဏ္ စမ္းလာပါလိမ့္မည္။ ျပႆနာတိုင္း၏အေၾကာင္းအရင္းကို စိစစ္သုံးသပ္ အေျဖရွာႏိုင္လွ်င္ ေအာင္ျမင္မႈရရွိမည္။ စီးပြားေရးလုပ္ငန္းကိစၥရပ္တိုင္းကို ေသေသခ်ာခ်ာသုံးသပ္သင့္ သည္။ သင့္ဘဝတိုးတတ္မႈအတြက္ မည္သူ႔ကိုမွ် အားကိုး၍မရႏိုင္ပါ။

သင့္ကိုယ္သင္အားကိုးမွသာ ေအာင္ျမင္ႂကြယ္ ဝခြင့္ရမည္။ ကံထက္၊ ဉာဏ္ကိုအားကိုးပါ။ အလြန္တန္ဖိုးႀကီးေသာအခ်ိန္ႏွင့္ ေငြကိုမျဖဳန္းသင့္ပါ။ သူတစ္ပါးကိစၥ မ်ားကို ၾကားမွတာဝန္ယူျခင္း၊ အာမခံျခင္း မ်ိဳးကို အထူးေရွာင္ၾကဥ္ပါ။ ေအာင္ျမင္မႈမ်ားက လက္တစ္ကမ္းအလိုမွာေရာက္ေနပါၿပီ။ အပ်င္းမဖက္ႀကိဳးစားပါ။ က်န္းမာေရးေကာင္းေသာ္လည္း ေရခ်ိဳးဆင္ျခင္ပါ။ အခ်စ္ေရးမွာေတာ့ ခ်စ္သူသစ္ရလြယ္သည္။ ခ်စ္သူရွိၿပီးသူမ်ား ေလွနံႏွစ္ဖက္နင္းခ်င္ေနတတ္ပါတယ္။ အိမ္ေထာင္ေရးကိုေတာ့ အနည္းငယ္စကားေျပာဆင္ျခင္ဖို႔ မွာခ်င္ပါတယ္။ ပညာေရးမွာေတာ့ စာထက္ အေပ်ာ္အပါးကိုပိုမိုစိတ္ဝင္စားေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၁/၉/၇
အထူးေဟာ စန္းပြင့္ေနမည္။
ယၾတာ ငါးေၾကာ္ဘုရားကပ္လႉလိုက္ပါ။

ဆရာၿငိမ္းေအးလူ (ေဗဒင္သုေတသီ)
0977 5555 695/09 44 5555 695


Read 1636 times Last modified on Thursday, 07 May 2020 13:55
Rate :
(4 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.