Tuesday, 28 April 2020 21:37

unnamed_13.jpg

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ ချေးငွေရရှိသူများ စာရင်းကို ယနေ့ ဧပြီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဧပြီလ ၉ ရက်နေ့တွင် ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် ပထမအသုတ်အဖြစ် လုပ်ငန်း (၈၈) ခုကို ချေးငွေထုတ်ယူခွင့်ပြုခဲ့ပြီး ​မြန်မာ့စီးပွားရေးဘဏ်၏ စိစစ်ချက်အရ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လုပ်ငန်း (၈၅)ခု ကို ချေးငွေထုတ်ပေးခဲ့သည်။

ယနေ့ ဧပြီလ ၂၈ ရက်နေ့တွင် ဒုတိယသုတ်အဖြစ် လုပ်ငန်း (၁၁၃) ခုအား COVID 19 Fund မှ ထပ်မံ ချေးငွေ ထုတ်ယူခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ကုန်သည်စက်မှုအသင်းချုပ်သည် COVID-19 ချေးငွေလျှောက်လွှာများကို အသင်းချုပ်ရုံး၌သော်လည်းကောင်း Online မှတစ်ဆင့်သော်လည်းကောင်း ၂၀၂၀ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့၊ ည (၁၂)နာရီအထိ လျှောက်လွှာများ လက်ခံခဲ့သည်။

Su Mon Oo ( Mine )

==============================

Covid-19 Fund မွ ဒုတိယအႀကိမ္ ေခ်းေငြရရွိသည့္ လုပ္ငန္း (၁၁၃) ခု စာရင္း

COVID-19 ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားေရးလုပ္ငန္းေကာ္မတီမွ ေခ်းေငြရရွိသူမ်ား စာရင္းကို ယေန႔ ဧၿပီလ ၂၈ ရက္ေန႔တြင္ ထုတ္ျပန္လိုက္သည္။

ဧၿပီလ ၉ ရက္ေန႔တြင္ ေခ်းေငြေလွ်ာက္ထားသည့္ လုပ္ငန္းမ်ားအနက္ ပထမအသုတ္အျဖစ္ လုပ္ငန္း (၈၈) ခုကို ေခ်းေငြထုတ္ယူခြင့္ျပဳခဲ့ၿပီး ​ျမန္မာ့စီးပြားေရးဘဏ္၏ စိစစ္ခ်က္အရ သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီသည့္ လုပ္ငန္း (၈၅)ခု ကို ေခ်းေငြထုတ္ေပးခဲ့သည္။

ယေန႔ ဧၿပီလ ၂၈ ရက္ေန႔တြင္ ဒုတိယသုတ္အျဖစ္ လုပ္ငန္း (၁၁၃) ခုအား COVID 19 Fund မွ ထပ္မံ ေခ်းေငြ ထုတ္ယူခြင့္ျပဳလိုက္ျခင္း ျဖစ္သည္။

ကုန္သည္စက္မႈအသင္းခ်ဳပ္သည္ COVID-19 ေခ်းေငြေလွ်ာက္လႊာမ်ားကို အသင္းခ်ဳပ္႐ုံး၌ေသာ္လည္းေကာင္း Online မွတစ္ဆင့္ေသာ္လည္းေကာင္း ၂၀၂၀ ခုႏွစ္၊ မတ္လ ၃၀ ရက္ေန႔မွ ဧၿပီလ ၉ ရက္ေန႔၊ ည (၁၂)နာရီအထိ ေလွ်ာက္လႊာမ်ား လက္ခံခဲ့သည္။

Su Mon Oo ( Mine )

pasted_image_0_2.png

pasted_image_0_3.png

pasted_image_0_4.png

pasted_image_0_5.png

pasted_image_0_6.png

pasted_image_0_7.png

pasted_image_0_8.png

pasted_image_0_10.png

pasted_image_0_11.png

pasted_image_0_12.png

pasted_image_0_13.png

pasted_image_0_14.png

pasted_image_0_15.png


Read 521 times Last modified on Tuesday, 28 April 2020 21:44
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.