Sunday, 26 April 2020 11:07

7927476-Mandalay-Airport-0.jpg

 

ပြည်တွင်းလေဆိပ်များတွင် အပြည်ပြည်ဆိုင်ရာခရီးသည်တင် လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို ၂၀၂၀ ခုနှစ်၊ မေလ ၁၅ ရက်အထိ ထပ်မံ တိုးမြှင့်လိုက်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ထုတ်ပြန် ကြေညာလိုက်သည်။

ယခင်က ပြည်တွင်းလေဆိပ်များတွင် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့် ရပ်ဆိုင်းခြင်းကို မတ်လ ၃၀ ရက်မှ ဧပြီ ၁၃ ရက်အထိ ( ၂ ) ပတ် သတ်မှတ်ထားခဲ့ပြီး ယခုအခါ မေ ၃၀ ရက်နေ့သို့ ထပ်မံ ရက်တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရက်ထပ်မံတိုးချဲ့ရန် ဆွေးနွေး ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ သိရသည်။

ပထမထုတ်ပြန်ချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနများမှ ထုတ်ပြန်ခဲ့ပြီး ကူးစက်မြန် Covid-19 ရောဂါပြန့်ပွားမှု ကာကွယ်ရေး စီမံချက်အနေဖြင့် ယခင် ဆင်းသက်ခွင့်ပြုထားသော နိုင်ငံတကာလေကြောင်း ခရီးစဉ်များအားလုံးကိုပါ ဆိုင်းငံ့ထားသည်။

Su Mon Oo ( Mine )

==============================

ခရီးသည္တင္ေလယာဥ္မ်ား ပ်ံသန္းေျပးဆြဲခြင့္ ရပ္နားျခင္းကို ရက္ထပ္တိုး

ျပည္တြင္းေလဆိပ္မ်ားတြင္ အျပည္ျပည္ဆိုင္ရာခရီးသည္တင္ ေလယာဥ္မ်ား ပ်ံသန္းေျပးဆြဲခြင့္ ရပ္ဆိုင္းျခင္းကာလကို ၂၀၂၀ ခုႏွစ္၊ ေမလ ၁၅ ရက္အထိ ထပ္မံ တိုးျမႇင့္လိုက္ေၾကာင္း COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ ဗဟိုေကာ္မတီမွ ထုတ္ျပန္ ေၾကညာလိုက္သည္။

ယခင္က ျပည္တြင္းေလဆိပ္မ်ားတြင္ အျပည္ျပည္ဆိုင္ရာ ခရီးသည္တင္ေလယာဥ္မ်ား ဆိုက္ေရာက္ခြင့္ ရပ္ဆိုင္းျခင္းကို မတ္လ ၃၀ ရက္မွ ဧၿပီ ၁၃ ရက္အထိ ( ၂ ) ပတ္ သတ္မွတ္ထားခဲ့ၿပီး ယခုအခါ ေမ ၃၀ ရက္ေန႔သို႔ ထပ္မံ ရက္တိုးျမႇင့္လိုက္ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံအတြင္း COVID-19 ေရာဂါ ကူးစက္ျပန႔္ပြားမႈကို ထိေရာက္စြာ ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ရက္ထပ္မံတိုးခ်ဲ႕ရန္ ေဆြးေႏြး ဆုံးျဖတ္လိုက္ျခင္း ျဖစ္ေၾကာင္း COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ ဗဟိုေကာ္မတီမွ သိရသည္။

ပထမထုတ္ျပန္ခ်က္ကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ေလေၾကာင္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနမ်ားမွ ထုတ္ျပန္ခဲ့ၿပီး ကူးစက္ျမန္ Covid-19 ေရာဂါျပန႔္ပြားမႈ ကာကြယ္ေရး စီမံခ်က္အေနျဖင့္ ယခင္ ဆင္းသက္ခြင့္ျပဳထားေသာ ႏိုင္ငံတကာေလေၾကာင္း ခရီးစဥ္မ်ားအားလုံးကိုပါ ဆိုင္းငံ့ထားသည္။

Su Mon Oo ( Mine )


Read 240 times Last modified on Sunday, 26 April 2020 12:06
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.