Wednesday, 08 April 2020 11:36

_111691964_91256948_2607270899539887_869303124467122176_o.jpg

 

သေဆုံးသူများမှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ဝေဘာဂီဆေးရုံမှ လူနာအမှတ် (၁၆ ) နှင့် ပေါက်ခေါင်းမြို့နယ် ပြည်ဆေးရုံမှ လူနာအမှတ် ( ၁၇ ) တို့ ဖြစ်ပြီး ဧပြီလ ၈ ရက်နေ့ ( ယနေ့ ) မနက်ပိုင်းက သေဆုံးခဲ့ကြခြင်း ဖြစ်သည်။

လူနာအမှတ် (၁၆ ) မှာ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ဆီးချိုရောဂါအခံရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့နံနက်ပိုင်း Facebook Live လွှင့်မှုတွင် ပြောကြားခဲ့သည်။

လူနာအမှတ် (၁၇) မှာ ပေါက်ခေါင်းမြို့နယ်မှ ဒုအုပ်ချုပ်ရေးမှူးဖြစ်ပြီး Covid-19 ကြောင့် သွေးဆိပ်တက်ခြင်းနှင့် ပြင်းထန် အသက်ရှူလမ်းကြောင်း ရောဂါကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း သိရသည်။


Read 236 times Last modified on Wednesday, 08 April 2020 11:44
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.