Friday, 03 April 2020 12:58

5_49.jpg

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ် အရင်းအနှီးများအတွက် နှစ်စဉ်ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေနှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ၂ ဆင့် ချေးငွေ (JICA , Two Step Loan)၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ၂ ဆင့်ချေးငွေ ( MEB, Two Step Loan) တို့ကို ထုတ်ချေးပေးလျက် ရှိသည်။

လက်ရှိ ထုတ်ချေးပေးလျက်ရှိသော စိုက်ပျိုးစရိတ်ချေးငွေနှင့် JICA, Two Step Loan ချေးငွေ၊ MEB, Two Step Loan ချေးငွေများ၏ အတိုးနှုန်းကို ဧပြီ ၁ ရက်နေ့မှ စ၍ လျော့ချ ကောက်ခံသွားမည် ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူဦးကြီးများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ရရှိစေရေးအတွက် ယခုကဲ့သို့ လျှော့ချလိုက်ခြင်း ဖြစ်ပြီး ချေးငွေအမျိုးအစားနှင့် ပြင်ဆင်သည့်အတိုးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁ ) စိုက်ပျိုးစရိတ်ချေးငွေ - ၇ ရာခိုင်နှုန်း ( ယခင် ၈ ရာခိုင်နှုန်း )
(၂) JICA, Two Step Loan - ၆.၅ ရာခိုင်နှုန်း ( ယခင် ၈ ရာခိုင်နှုန်း )
(၃)MEB, Two Step Loan - ၈ ရာခိုင်နှုန်း ( ယခင် ၉ ရာခိုင်နှုန်း )
အဆိုပါ ချေးငွေအတိုးနှုန်းများသည် တစ်နှစ်စာအတွက် ဖြစ်သည်။

ထို့အတူ တောင်သူများ၏ စုဆောင်းအပ်နှံငွေအပေါ် ပေးမည့် အတိုးနှုန်းကိုလည်း ထုတ်ချေးငွေအပေါ် အတိုးနှုန်းနှင့် လိုက်လျောညီထွေ ဖြစ်စေရန် လက်ရှိ အတိုးနှုန်း ၁ နှစ်လျှင် ၈ ရာခိုင်နှုန်းမှ ၆.၅ ရာခိုင်နှုန်းသို့ ပြင်ဆင်မည် ဖြစ်သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးငွေနှင့် စုဆောင်းအပ်ငွေတို့အပေါ် ပြင်ဆင်သည့် အဆိုပါ အတိုးနှုန်းများသည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်၍ အကျိုးသက်ရောက်မည် ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန


Read 328 times Last modified on Friday, 03 April 2020 13:58
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.