Print this page
Wednesday, 01 April 2020 10:35

Shwe Man Thu Express Bus Service

ေ႐ႊမန္းသူအေဝးေျပးခရီးသည္ပို႔ေဆာင္ေရးလုပ္ငန္း၏ ယာဥ္လိုင္းမ်ားတြင္ လတ္မွတ္ခ တိုးမယူဘဲ ခရီးသည္ ထက္ဝက္သာ တင္မည္

Covid-19 အေရးေပၚကာလတြင္ ျပည္နယ္/တိုင္းေဒသႀကီးရွိ ၿမိဳ႕ႀကီးမ်ားသို႔ သြားေရာက္မည့္ခရီးသည္မ်ားအတြက္ ေ႐ႊမန္းသူအေဝးေျပးကားမ်ားမွ မတ္လ (၃၀) ရက္မွစ၍ လက္မွတ္ခတိုးမယူဘဲ ယာဥ္တစ္စီးလွ်င္ ခရီးသည္ ထက္ဝက္သာ တင္ေဆာင္ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း ဗႏၶဳလသယ္သူပို႔ေဆာင္ေရး မန္ေနဂ်င္းဒါ႐ိုက္တာ ဗိုလ္မွဴးႀကီးေအာင္ေက်ာ္မင္းထံမွ သိရသည္။

"Covid-19 အေရးေပၚကာလမွာ ေရာဂါကာကြယ္တဲ့အေနနဲ႔ ဒီေန႔ကစၿပီး ေ႐ႊမန္းသူအေဝးေျပးကားေတြအားလုံး လတ္မွတ္ႏႈန္းထားခ ပိုမယူဘဲ ခရီးသည္တစ္ဝက္သာ တင္ေဆာင္ေျပးဆြဲေပးသြားမွာပါ။ ကားတစ္စီးကို ခရီးသည္ ၂၁ ေယာက္ပဲ တင္ေဆာင္ပါမယ္။ ခရီးသည္တစ္ဦးကို လတ္မွတ္တစ္ေဆာင္စာဘဲ အရင္ႏႈန္းအတိုင္း ယူပါမယ္။ ေ႐ႊမန္းသူယာဥ္လိုင္းမ်ားအေနနဲ႔ ရန္ကုန္ကထြက္မယ့္ ကားေတြေရာ နယ္ကထြက္မယ့္ ေ႐ႊမန္းသူယာဥ္လိုင္းေအာက္က ကားေတြေရာ ဒီအတိုင္းဘဲေျပးဆြဲေပးသြားမွာပါ။"ဟု ဗႏၶဳလသယ္သူပို႔ေဆာင္ေရး မန္ေနဂ်င္းဒါ႐ိုက္တာ ဗိုလ္မွဴးႀကီး ေအာင္ေက်ာ္မင္းက မတ္ ၃၁ ရက္ေန႔က ေျပာၾကားထားသည္။

Read More>>> မႏၲေလးမွ ေျပးဆြဲေနသည့္ အေဝးေျပးယာဥ္လိုင္းမ်ားတြင္ ခရီးသည္မ်ား လက္မွတ္တစ္ေစာင္လွ်င္ ေဈးႏႈန္း ႏွစ္ဆျဖင့္ ဝယ္ယူရမည္

ဗႏၶဳလသယ္ယူပို႔ေဆာင္ေရးတြင္ တိုင္းေဒသႀကီး/ ျပည္နယ္အသီးသီးသို႔ သယ္ယူပို႔ေဆာင္ေပးေနသည့္ယာဥ္လိုင္းမ်ားမွာ ေ႐ႊမန္းသူ ၊ ပုသိမ္သူ ၊ ရွမ္းမေလး ၊ ေ႐ႊၿမိဳင္သူ စသည့္ယာဥ္စီးေရ ၁၁၆ စီးျဖင့္ ေနစဥ္ေျပးဆြဲေပးေနလ်က္ရွိရာ ခရီးသည္မ်ား ေဘးကင္းလုံၿခဳံစိတ္ခ် တာဝန္ယူမႈ ျပည့္ဝ ေဆာင္ပုဒ္ႏွင့္အညီ ခရီးသည္မ်ား လုံၿခဳံစိတ္ခ်ေစရန္အတြက္ ယာဥ္ေပၚတြင္ ပိုးသတ္ေဆးမ်ားျဖန္းေပးျခင္းမ်ား လုပ္ေဆာင္ေပးေနလ်က္ရွိေၾကာင္း သိရသည္။

"ေရာဂါႀကိဳတင္ကာကြယ္ႏိုင္ဖို႔အတြက္ ကားဝင္းထဲမွာလည္း လက္ေဆးေဘးစင္ထားေပးထားတယ္။ ခရီးသည္ေတြေကာ ယာဥ္ေမာင္းေတြေကာ အပူခ်ိန္တိုင္းတာေတြ လုပ္ေဆာင္ေနပါတယ္။ ခရီးသည္ေတြ နားေနေဆာင္ေတြ ကားေပၚေတြေကာ ကားဝင္းထဲမွာလည္း ေဆးဖန္းတာေတြလုပ္ေနပါတယ္"ဟု ဗိုလ္မွဴးႀကီး ေအာင္ေက်ာ္မင္းက ဆက္လက္ေျပာၾကားသည္။

Read More>>> မြို့ကြီး၊ ပြကြီးကနေ မိမိနေရပ်သို့ ပြန်မယ့်သူတွေအတွက် သိကိုသိထားသင့်တဲ့ အချက်များ

Covid-19 ေရာဂါကာကြယ္ႏိုင္ရန္ဟုဆိုကာ မတ္ ၂၈ ရက္မွစတင္၍ ခရီးသည္ယာဥ္လိုင္းမ်ားေျပးဆြဲရာတြင္ ယာဥ္ေပၚပါ လူဦးေရထက္ဝက္ ေလွ်ာ့ခ်ေျပးဆြဲေနရာ ခရီးသည္တစ္ဦးလွ်င္ ထိုင္ခုံေနရာ ၂ ေနရာစာ လက္မွတ္ျဖတ္ ဝယ္ယူရမည္ဟု မႏၲေလးတိုင္း ယာဥ္လုပ္ငန္းမ်ား ႀကီးၾကပ္မႈေကာ္မတီက ယာဥ္အသင္းမ်ားသို႔ အသိေပးအေၾကာင္းၾကားထားသည့္ ၫႊန္ၾကားခ်က္စာထြက္လာရာ လူမူကြန္ရက္တြင္ ေဝဖန္မႈမ်ား ရွိလာေနေၾကာင္း သိရသည္။

91025780 2924806057558362 4906848944241246208 o

### Zawgyi Code

ရွှေမန်းသူအဝေးပြေးခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၏ ယာဉ်လိုင်းများတွင် လတ်မှတ်ခ တိုးမယူဘဲ ခရီးသည် ထက်ဝက်သာ တင်မည်

Covid-19 အရေးပေါ်ကာလတွင် ပြည်နယ်/တိုင်းဒေသကြီးရှိ မြို့ကြီးများသို့ သွားရောက်မည့်ခရီးသည်များအတွက် ရွှေမန်းသူအဝေးပြေးကားများမှ မတ်လ (၃၀) ရက်မှစ၍ လက်မှတ်ခတိုးမယူဘဲ ယာဉ်တစ်စီးလျှင် ခရီးသည် ထက်ဝက်သာ တင်ဆောင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ဗန္ဓုလသယ်သူပို့ဆောင်ရေး မန်နေဂျင်းဒါရိုက်တာ ဗိုလ်မှူးကြီးအောင်ကျော်မင်းထံမှ သိရသည်။

"Covid-19 အရေးပေါ်ကာလမှာ ရောဂါကာကွယ်တဲ့အနေနဲ့ ဒီနေ့ကစပြီး ရွှေမန်းသူအဝေးပြေးကားတွေအားလုံး လတ်မှတ်နှုန်းထားခ ပိုမယူဘဲ ခရီးသည်တစ်ဝက်သာ တင်ဆောင်ပြေးဆွဲပေးသွားမှာပါ။ ကားတစ်စီးကို ခရီးသည် ၂၁ ယောက်ပဲ တင်ဆောင်ပါမယ်။ ခရီးသည်တစ်ဦးကို လတ်မှတ်တစ်ဆောင်စာဘဲ အရင်နှုန်းအတိုင်း ယူပါမယ်။ ရွှေမန်းသူယာဉ်လိုင်းများအနေနဲ့ ရန်ကုန်ကထွက်မယ့် ကားတွေရော နယ်ကထွက်မယ့် ရွှေမန်းသူယာဉ်လိုင်းအောက်က ကားတွေရော ဒီအတိုင်းဘဲပြေးဆွဲပေးသွားမှာပါ။"ဟု ဗန္ဓုလသယ်သူပို့ဆောင်ရေး မန်နေဂျင်းဒါရိုက်တာ ဗိုလ်မှူးကြီး အောင်ကျော်မင်းက မတ် ၃၁ ရက်နေ့က ပြောကြားထားသည်။

ဗန္ဓုလသယ်ယူပို့ဆောင်ရေးတွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ သယ်ယူပို့ဆောင်ပေးနေသည့်ယာဉ်လိုင်းများမှာ ရွှေမန်းသူ ၊ ပုသိမ်သူ ၊ ရှမ်းမလေး ၊ ရွှေမြိုင်သူ စသည့်ယာဉ်စီးရေ ၁၁၆ စီးဖြင့် နေစဉ်ပြေးဆွဲပေးနေလျက်ရှိရာ ခရီးသည်များ ဘေးကင်းလုံခြုံစိတ်ချ တာဝန်ယူမှု ပြည့်ဝ ဆောင်ပုဒ်နှင့်အညီ ခရီးသည်များ လုံခြုံစိတ်ချစေရန်အတွက် ယာဉ်ပေါ်တွင် ပိုးသတ်ဆေးများဖြန်းပေးခြင်းများ လုပ်ဆောင်ပေးနေလျက်ရှိကြောင်း သိရသည်။

"ရောဂါကြိုတင်ကာကွယ်နိုင်ဖို့အတွက် ကားဝင်းထဲမှာလည်း လက်ဆေးဘေးစင်ထားပေးထားတယ်။ ခရီးသည်တွေကော ယာဉ်မောင်းတွေကော အပူချိန်တိုင်းတာတွေ လုပ်ဆောင်နေပါတယ်။ ခရီးသည်တွေ နားနေဆောင်တွေ ကားပေါ်တွေကော ကားဝင်းထဲမှာလည်း ဆေးဖန်းတာတွေလုပ်နေပါတယ်"ဟု ဗိုလ်မှူးကြီး အောင်ကျော်မင်းက ဆက်လက်ပြောကြားသည်။

Covid-19 ရောဂါကာကွယ်နိုင်ရန်ဟုဆိုကာ မတ် ၂၈ ရက်မှစတင်၍ ခရီးသည်ယာဉ်လိုင်းများပြေးဆွဲရာတွင် ယာဉ်ပေါ်ပါ လူဦးရေထက်ဝက် လျှော့ချပြေးဆွဲနေရာ ခရီးသည်တစ်ဦးလျှင် ထိုင်ခုံနေရာ ၂ နေရာစာ လက်မှတ်ဖြတ် ဝယ်ယူရမည်ဟု မန္တလေးတိုင်း ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီက ယာဉ်အသင်းများသို့ အသိပေးအကြောင်းကြားထားသည့် ညွှန်ကြားချက်စာထွက်လာရာ လူမူကွန်ရက်တွင် ဝေဖန်မှုများ ရှိလာနေကြောင်း သိရသည်။


Read 322 times Last modified on Wednesday, 01 April 2020 10:47
Rate :
(6 votes)

Related items