Tuesday, 31 March 2020 17:15

ManHill

မတ္ ၂၈ ရက္မွစ၍ မႏၲေလးေတာင္တြင္ ဘုရားဖူးခ်ိန္ ေလွ်ာ့ခ်ထား

မႏၲေလးေတာင္တြင္ မတ္ ၂၈ ရက္မွစ၍ ဘုရားဖူးခ်ိန္ ေလွ်ာ့ခ်လိုက္ေၾကာင္း အဆိုပါ ေတာင္ေတာ္ေဂါပကအဖြဲ႕ ဥကၠ႒ ဦးသိန္းထြန္း၏ေျပာၾကားခ်က္အရ သိရသည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ မတ္ ၂၇ ရက္ ထုတ္ျပန္ခ်က္အရ မႏၲေလးၿမိဳ႕တြင္ COVID-19 ေရာဂါ ကူးစက္ခံရသူတစ္ဦး ေတြ႕ရွိခဲ့ျခင္းေၾကာင့္ ျပည္တြင္း/ ျပည္ပခရီးသြားဧည့္သည္ လာေရာက္လည္ပတ္မႈမ်ားသည့္ မႏၲေလးေတာင္၌ မတ္ ၂၈ ရက္မွစ၍ ဘုရားဖူးခ်ိန္ ေလွ်ာ့ခ်လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

Read More>>> ဧပြီ ၁၅ ရက်နေ့ နောက်ပိုင်းမှသာ နယ်စပ်ဂိတ်များမှ ပြန်လည် ဝင်ရောက်ခွင့်ပြုမည်

“COVID-19 ေရာဂါ ႀကိဳတင္ကာကြယ္ဖို႔ မတ္ ၂၇ ရက္က မႏၲေလးေတာင္ေတာ္ ေဂါပကအဖြဲ႕ဝင္ေတြအားလုံး အစည္းအေဝးက်င္းပခဲ့ပါတယ္။ ဒီေရာဂါကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ မတ္ ၂၈ ရက္ကစၿပီး မႏၲေလးေတာင္မွာ ဘုရားဖူးခ်ိန္ကို ေလွ်ာ့ခ်ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္” ဟု ဦးသိန္းထြန္းကေျပာသည္။

မႏၲေလးေတာင္၌ ယခင္က ဘုရားဖူးခ်ိန္ကို နံနက္ ၅ နာရီမွ ည ၉ နာရီအထိ ခြင့္ျပဳခဲ့ေသာ္လည္း မတ္ ၂၈ ရက္မွစ၍ ဘုရားဖူးခ်ိန္ကို နံနက္ ၉ နာရီမွ ညေန ၅ နာရီအထိသာ ခြင့္ျပဳေၾကာင္း သိရသည္။

အလားတူ မႏၲေလးေတာင္သို႔ လာေရာက္လည္ပတ္မည့္ ဘုရားဖူးမ်ားကို ဓာတ္ေလွကား၊ စက္ေလွကားႏွင့္ ေႁမြႀကီးႏွစ္ေကာင္ေနရာတို႔၌ အပူခ်ိန္တိုင္းကိရိယာမ်ားျဖင့္ ေန႔စဥ္စစ္ေဆးလ်က္ရွိၿပီး လက္ေဆးကန္မ်ားလည္း ထားရွိ ေပးထားေၾကာင္း သိရသည္။

Read More>>> မန္တလေးမှ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများတွ ခရီးသည်များ လက်မှတ်တစ်စောင်လျှင် စျေးနှုန်း နှစ်ဆဖြင့် ဝယ်ယူရမည်

မႏၲေလးေတာင္သို႔ ကိုရုိနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ ျပည္တြင္းမွ ဘုရားဖူးခရီးသြားဝင္ေရာက္မႈမွာ သိသိသာသာ ေလ်ာ့က်ခဲ့ၿပီး လက္ရွိျပည္တြင္းမွ ဘုရားဖူး ခရီးသြားဦးေရ တစ္ရက္လွ်င္ ၅၀ ခန္႔သာရွိၿပီး ၀င္ေရာက္လည္ပတ္မႈ မရွိေၾကာင္း သိရသည္။

Ref: Myawaddy

### Zawgyi Code

မတ် ၂၈ ရက်မှစ၍ မန္တလေးတောင်တွင် ဘုရားဖူးချိန် လျှော့ချထား

မန္တလေးတောင်တွင် မတ် ၂၈ ရက်မှစ၍ ဘုရားဖူးချိန် လျှော့ချလိုက်ကြောင်း အဆိုပါ တောင်တော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွန်း၏ပြောကြားချက်အရ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မတ် ၂၇ ရက် ထုတ်ပြန်ချက်အရ မန္တလေးမြို့တွင် COVID-19 ရောဂါ ကူးစက်ခံရသူတစ်ဦး တွေ့ရှိခဲ့ခြင်းကြောင့် ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည် လာရောက်လည်ပတ်မှုများသည့် မန္တလေးတောင်၌ မတ် ၂၈ ရက်မှစ၍ ဘုရားဖူးချိန် လျှော့ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“COVID-19 ရောဂါ ကြိုတင်ကာကွယ်ဖို့ မတ် ၂၇ ရက်က မန္တလေးတောင်တော် ဂေါပကအဖွဲ့ဝင်တွေအားလုံး အစည်းအဝေးကျင်းပခဲ့ပါတယ်။ ဒီရောဂါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ မတ် ၂၈ ရက်ကစပြီး မန္တလေးတောင်မှာ ဘုရားဖူးချိန်ကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ဦးသိန်းထွန်းကပြောသည်။

မန္တလေးတောင်၌ ယခင်က ဘုရားဖူးချိန်ကို နံနက် ၅ နာရီမှ ည ၉ နာရီအထိ ခွင့်ပြုခဲ့သော်လည်း မတ် ၂၈ ရက်မှစ၍ ဘုရားဖူးချိန်ကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိသာ ခွင့်ပြုကြောင်း သိရသည်။

အလားတူ မန္တလေးတောင်သို့ လာရောက်လည်ပတ်မည့် ဘုရားဖူးများကို ဓာတ်လှေကား၊ စက်လှေကားနှင့် မြွေကြီးနှစ်ကောင်နေရာတို့၌ အပူချိန်တိုင်းကိရိယာများဖြင့် နေ့စဉ်စစ်ဆေးလျက်ရှိပြီး လက်ဆေးကန်များလည်း ထားရှိ ပေးထားကြောင်း သိရသည်။

မန္တလေးတောင်သို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ပြည်တွင်းမှ ဘုရားဖူးခရီးသွားဝင်ရောက်မှုမှာ သိသိသာသာ လျော့ကျခဲ့ပြီး လက်ရှိပြည်တွင်းမှ ဘုရားဖူး ခရီးသွားဦးရေ တစ်ရက်လျှင် ၅၀ ခန့်သာရှိပြီး ဝင်ရောက်လည်ပတ်မှု မရှိကြောင်း သိရသည်။

Ref: Myawaddy


Read 182 times
Rate :
(5 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.