Tuesday, 31 March 2020 15:12

boundary

ဧၿပီ ၁၅ ရက္ေန႔ ေနာက္ပိုင္းမွသာ နယ္စပ္ဂိတ္မ်ားမွ ျပန္လည္ ဝင္ေရာက္ခြင့္ျပဳမည္

နယ္စပ္ဂိတ္မ်ားမွ ျပန္လည္ဝင္ေရာက္လာမည့္ သူမ်ားအေနျဖင့္ ျမန္မာႏိုင္ငံအတြင္းသို႔ ရက္သတၱ (၂) ပတ္ခန႔္ ေစာင့္ဆိုင္းၿပီး ဧၿပီလ ၁၅ ရက္ေန႔ ေနာက္ပိုင္းမွသာ ျပန္လည္ ဝင္ေရာက္ႏိုင္ေတာ့မည္ ျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

ျမန္မာအစိုးရအေနျဖင့္ နယ္စပ္ဂိတ္မ်ားမွ ေနာက္ထပ္ ဝင္ေရာက္လာမည့္သူမ်ားအတြက္ ထိန္းခ်ဳပ္ ကန႔္သတ္ေစာင့္ၾကည့္မႈ ( Quarantine ) ျပဳလုပ္ရန္ ေနရာထိုင္ခင္းမ်ား တိုးခ်ဲ႕ ေဆာင္႐ြက္ေနသည့္အတြက္ ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ နယ္စပ္ဂိတ္မ်ားမွ ျပန္လည္ ဝင္ေရာက္လာသူမ်ားအားလုံးကို မိမိတို႔၏ ေနရပ္ဌာေနမ်ားသို႔ တိုက္႐ိုက္ ျပန္ခြင့္ျပဳမည္မဟုတ္ပဲ အစိုးရမွ စီစဥ္ေပးထားေသာ သတ္မွတ္ေနရာမ်ားတြင္ ထိန္းခ်ဳပ္ ကန႔္သတ္ ေစာင့္ၾကည့္မႈျခင္းကို (၁၄) ရက္ မျဖစ္မေန ခံယူၾကရမည္ ျဖစ္သည္။

Read More>>> မန္တလေးမှ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများတွ ခရီးသည်များ လက်မှတ်တစ်စောင်လျှင် စျေးနှုန်း နှစ်ဆဖြင့် ဝယ်ယူရမည်

ျမန္မာႏိုင္ငံ၌ မတ္လ ၂၁ ရက္မွ ၃၀ ရက္ေန႔အထိ COVID-19 ေရာဂါပိုး‌ေတြ႕ရွိသူ (၁၄) ဦး ရွိလာၿပီး ၎တို႔ထဲတြင္ ထိုင္းႏိုင္ငံမွ ျပန္လာသူ အသက္ (၄၄) ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသားတစ္ဦးလည္း ပါဝင္သည္။

၎သည္ မတ္လ ၂၃ ရက္ေန႔တြင္ ထိုင္းႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျမဝတီနယ္စပ္ဂိတ္မွတစ္ဆင့္ ဝင္ေရာက္ကာ မဂၤလာဒုံၿမိဳ႕နယ္သို႔ ေရာက္ရွိ ေနထိုင္ခဲ့ၿပီး မတ္လ ၂၉ ရက္ေန႔ ဓါတ္ခြဲနမူနာအေျဖအရ COVID-19 ေရာဂါပိုးရွိေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရသည္။

ထို႔ေၾကာင့္ နယ္စပ္ဂိတ္မ်ားမွ အစုလိုက္အၿပဳံလိုက္ ျပန္လည္ ဝင္ေရာက္လာသူ အခ်င္းခ်င္းၾကားတြင္ လည္းေကာင္း၊ ျပည္တြင္းတြင္ ေနထိုင္သူမ်ားထံသို႔ လည္းေကာင္း ေရာဂါကူးစက္ျပန႔္ပြားၿပီး ကပ္ေရာဂါႀကီး ျဖစ္ပြားရန္ အလားအလာ အလြန္မ်ားျပားေနေသာေၾကာင့္ ယခုကဲ့သို႔ ထုတ္ျပန္လိုက္ရျခင္း ျဖစ္သည္။

Read More>>> မြို့ကြီး၊ ပြကြီးကနေ မိမိနေရပ်သို့ ပြန်မယ့်သူတွေအတွက် သိကိုသိထားသင့်တဲ့ အချက်များ

Su Mon Oo (Mine)

MOFA

### Zawgyi Code

ဧပြီ ၁၅ ရက်နေ့ နောက်ပိုင်းမှသာ နယ်စပ်ဂိတ်များမှ ပြန်လည် ဝင်ရောက်ခွင့်ပြုမည်

နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်လာမည့် သူများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ရက်သတ္တ (၂) ပတ်ခန့် စောင့်ဆိုင်းပြီး ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်းမှသာ ပြန်လည် ဝင်ရောက်နိုင်တော့မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာအစိုးရအနေဖြင့် နယ်စပ်ဂိတ်များမှ နောက်ထပ် ဝင်ရောက်လာမည့်သူများအတွက် ထိန်းချုပ် ကန့်သတ်စောင့်ကြည့်မှု ( Quarantine ) ပြုလုပ်ရန် နေရာထိုင်ခင်းများ တိုးချဲ့ ဆောင်ရွက်နေသည့်အတွက် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နယ်စပ်ဂိတ်များမှ ပြန်လည် ဝင်ရောက်လာသူများအားလုံးကို မိမိတို့၏ နေရပ်ဌာနေများသို့ တိုက်ရိုက် ပြန်ခွင့်ပြုမည်မဟုတ်ပဲ အစိုးရမှ စီစဉ်ပေးထားသော သတ်မှတ်နေရာများတွင် ထိန်းချုပ် ကန့်သတ် စောင့်ကြည့်မှုခြင်းကို (၁၄) ရက် မဖြစ်မနေ ခံယူကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၌ မတ်လ ၂၁ ရက်မှ ၃၀ ရက်နေ့အထိ COVID-19 ရောဂါပိုး‌တွေ့ရှိသူ (၁၄) ဦး ရှိလာပြီး ၎င်းတို့ထဲတွင် ထိုင်းနိုင်ငံမှ ပြန်လာသူ အသက် (၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးလည်း ပါဝင်သည်။

၎င်းသည် မတ်လ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်ကာ မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိ နေထိုင်ခဲ့ပြီး မတ်လ ၂၉ ရက်နေ့ ဓါတ်ခွဲနမူနာအဖြေအရ COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် နယ်စပ်ဂိတ်များမှ အစုလိုက်အပြုံလိုက် ပြန်လည် ဝင်ရောက်လာသူ အချင်းချင်းကြားတွင် လည်းကောင်း၊ ပြည်တွင်းတွင် နေထိုင်သူများထံသို့ လည်းကောင်း ရောဂါကူးစက်ပြန့်ပွားပြီး ကပ်ရောဂါကြီး ဖြစ်ပွားရန် အလားအလာ အလွန်များပြားနေသောကြောင့် ယခုကဲ့သို့ ထုတ်ပြန်လိုက်ရခြင်း ဖြစ်သည်။

Su Mon Oo (Mine)

MOFA


Read 162 times
Rate :
(16 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.