Monday, 30 March 2020 16:21

expresscar

မန္တလေးတိုင်းအစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ မန္တလေးမြို့မှ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများ ခရီးသည်လျော့ချပြေးဆွဲရမည်ဖြစ်ပြီး ခရီးသည်များသည် လက်မှတ်တစ်စောင်လျှင် ဈေးနှုန်း နှစ်ဆဖြင့် ဝယ်ယူရမည်ဖြစ်ကြောင်း သိရပါတယ်။

မန္တလေးမြို့မှ အခြား တိုင်/ပြည်နယ်သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများအားလုံးသည် CIVID-19 ကြောင့် ခရီးသည် လျော့ချပြေးဆွဲရန် တိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီ(မန္တလေး)က ဆိုပါတယ်။

"မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရပါ။ သတင်းက မှန်ပါတယ်"ဟုတိုင်းဒေသကြီးအဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီ(မန္တလေး)က ဆိုပါတယ်။

Read More>>> COVID-19 ရောဂါကြောင့် ပြင်ဦးလွင်မြို့ရှိ ပိတ်ချင်းမြောင်လိုဏ်ဂူကို ယာယီပိတ်ထားမည်

"ကားတစ်စီးမှာ ထိုင်ခုံ ၅၀ပါတယ်ဆိုရင် လက်ရှိ ညွှန်ကြားချက်အရ ထိုင်ခုံ ၂၅ လုံးသာ ခရီးသည် တင်ဆောင်ရမယ်။ခရီးသည်တွေက မူလက လက်မှတ်တစ်စောင် ၂သောင်းဆိုရင် အခုက ၄သောင်းကုန်ကျမယ်"ဟု ယာဉ်ပိုင်ရှင်ကဆိုပါတယ်။

အလားတူ ခရီးသည်ယာဉ်လုပ်ငန်းရှင်တစ်ဦးက "ခရီးသည်တွေအတွက် ကုန်ကျငွေ ပိုများသွားတာ။ ကုန်ကျငွေ ၂ဆ ဖြစ်တာပေါ့။ ဒါကို ပြည်သူတွေသိအောင် အစိုးရက ထုတ်ပြန်ဖို့လိုတယ်။ အစိုးရက ပြည်သူတွေကို မရှင်းလင်းရင် ယာဉ်လိုင်းတွေက နှစ်ဆယူတယ်ထင်မှာ"လို့ ပြောပါတယ်။

ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိသည့် ယာဉ်လိုင်းများကို တည်ဆဲဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ညွှန်ကြားချက်သည် မတ်၂၈ ရက်မှ ဧပြီ ၃၀ ရက်အထိ ယာဉ်လိုင်းများက လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရပါတယ်။

Read More>>> လူအများ သတိမထားမိသော လက်ကိုင်ဖုန်းပေါ်က ပိုးမွှားအန္တရာယ်

91283119 519255571982176 9210753414349193216 n

91110054 519255598648840 7467788052782383104 n

Ref: မြန်မာ့မီးရထား

### Zawgyi Code

မႏၱေလးမွ ေျပးဆြဲေနသည့္ အေဝးေျပးယာဥ္လိုင္းမ်ားတြ ခရီးသည္မ်ား လက္မွတ္တစ္ေစာင္လွ်င္ ေစ်းႏႈန္း ႏွစ္ဆျဖင့္ ဝယ္ယူရမည္

မႏၱေလးတိုင္းအစိုးရအဖြဲ႕၏ အစည္းအေဝးဆုံးျဖတ္ခ်က္အရ မႏၲေလးၿမိဳ႕မွ ေျပးဆြဲေနသည့္ အေဝးေျပးယာဥ္လိုင္းမ်ား ခရီးသည္ေလ်ာ့ခ်ေျပးဆြဲရမည္ျဖစ္ၿပီး ခရီးသည္မ်ားသည္ လက္မွတ္တစ္ေစာင္လွ်င္ ေစ်းႏႈန္း ႏွစ္ဆျဖင့္ ဝယ္ယူရမည္ျဖစ္ေၾကာင္း သိရပါတယ္။

မႏၲေလးၿမိဳ႕မွ အျခား တိုင္/ျပည္နယ္သို႔ ေျပးဆြဲေနသည့္ ယာဥ္လိုင္းမ်ားအားလုံးသည္ CIVID-19 ေၾကာင့္ ခရီးသည္ ေလ်ာ့ခ်ေျပးဆြဲရန္ တိုင္းေဒသႀကီး အေဝးေျပးယာဥ္လုပ္ငန္းမ်ားႀကီးၾကပ္ေရးလုပ္ငန္းေကာ္မတီ(မႏၲေလး)က ဆိုပါတယ္။

"မႏၲေလးတိုင္းအစိုးရအဖြဲ႕ရဲ႕ အစည္းအေဝးဆုံးျဖတ္ခ်က္အရပါ။ သတင္းက မွန္ပါတယ္"ဟုတိုင္းေဒသႀကီးအေဝးေျပးယာဥ္လုပ္ငန္းမ်ားႀကီးၾကပ္ေရးလုပ္ငန္းေကာ္မတီ(မႏၲေလး)က ဆိုပါတယ္။

"ကားတစ္စီးမွာ ထိုင္ခုံ ၅၀ပါတယ္ဆိုရင္ လက္ရွိ ၫႊန္ၾကားခ်က္အရ ထိုင္ခုံ ၂၅ လုံးသာ ခရီးသည္ တင္ေဆာင္ရမယ္။ခရီးသည္ေတြက မူလက လက္မွတ္တစ္ေစာင္ ၂ေသာင္းဆိုရင္ အခုက ၄ေသာင္းကုန္က်မယ္"ဟု ယာဥ္ပိုင္ရွင္ကဆိုပါတယ္။

အလားတူ ခရီးသည္ယာဥ္လုပ္ငန္းရွင္တစ္ဦးက "ခရီးသည္ေတြအတြက္ ကုန္က်ေငြ ပိုမ်ားသြားတာ။ ကုန္က်ေငြ ၂ဆ ျဖစ္တာေပါ့။ ဒါကို ျပည္သူေတြသိေအာင္ အစိုးရက ထုတ္ျပန္ဖို႔လိုတယ္။ အစိုးရက ျပည္သူေတြကို မရွင္းလင္းရင္ ယာဥ္လိုင္းေတြက ႏွစ္ဆယူတယ္ထင္မွာ"လို႔ ေျပာပါတယ္။

ၫႊန္ၾကားခ်က္ကို လိုက္နာျခင္းမရွိသည့္ ယာဥ္လိုင္းမ်ားကို တည္ဆဲဥပေဒျဖင့္ အေရးယူမည္ျဖစ္ေၾကာင္း သိရပါတယ္။

အဆိုပါ ၫႊန္ၾကားခ်က္သည္ မတ္၂၈ ရက္မွ ဧၿပီ ၃၀ ရက္အထိ ယာဥ္လိုင္းမ်ားက လိုက္နာေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း သိရပါတယ္။

Ref: ျမန္မာ့မီးရထား


Read 337 times
Rate :
(15 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.