Monday, 30 March 2020 15:43

return_home.jpg

ၿမိဳ႕ႀကီး၊ ျပႀကီးကေန မိမိေနရပ္သို႔ ျပန္မယ့္သူေတြအတြက္ သိကိုသိထားသင့္တဲ့ အခ်က္မ်ား

႐ုပ္ရွင္႐ုံထဲမွာ ၂ နာရီစာ ထိုင္ေနတာဟာ Virus ကူးဖို့ျမန္ဆန္ေစတယ္ဆိုရင္ ၁၂ နာရီ ၾကာခ်ိန္ (သို့မဟုတ္ ) ၆ နာရီၾကာခ်ိန္ ရွိတဲ့ ခရီးစဥ္ တစ္ခုမွာ လူ ၅၀ နဲ႔ ေလ အလုံပိတ္ ေအးစက္ေနတဲ့ အခန္းထဲ အတူတူရွိေနတယ္ လို့ ယူဆလို့ရပါတယ္။ အဲ့ဒီလိုမ်ိဳး စီးလာျခင္းဟာ ကူးစက္ခံထားရတဲ့ လူ နဲ႔ ေလယာဥ္ တစ္စီးတည္း စီးလာတဲ့ ပုံစံႏွင့္ အလားသ႑ာန္တူပါတယ္။

လက္ရွိအခ်ိန္မွာ ရန္ကုန္ (ေအာင္မဂ္လာ အ‌‌‌ေဝးေျပး ၊ ဒဂုံဧရာအ‌ေဝးေျပးတို့ကေန တစ္ရက္ တစ္ရက္ လူေပါင္းမ်ားစြာ ထြက္ခြာေနသလို ေန႔တိုင္း လူေတြ ျပည့္က်ပ္ ညႇပ္ေနတာ သိၿပီးသားျဖစ္မွာပါ။

ေရာဂါပိုး ရွိသူ တစ္ဦး ကိုယ့္ကားေပၚမွာ ပါလာခဲ့ရင္ ကိုယ္ဟာလည္း အိမ္အျပန္ မုန႔္၀ယ္သလိုမ်ိဳး အိမ္ကို Virus ပါသြားနိုင္တယ္ဆိုတာ သတိျပဳသင့္ပါတယ္။

စိုးရိမ္စရာ တစ္ခ်က္က ဒီလိုသာ ျဖစ္ခဲ့မယ္ဆိုရင္ အနယ္နယ္အရပ္ရပ္ကို ျဖန္ံသလို ျဖစ္သြားနိုင္ၿပီး ႐ုတ္တရက္ Confirmed Case ေပါင္း ေထာင္ဂဏန္း ေသာင္းဂဏန္း ျဖစ္သြားနိုင္တယ္။

အဲဒီအက်ိဳးဆက္က အစိုးရအေနနဲ႔ ၿမိဳ့ႀကီးေတြေပၚမွာ အခ်ိန္ကုသဖို့ လုံးပန္းေနရခ်ိန္ နယ္ေတြမွာ ျဖစ္လာႏိုင္တာေတြက မေတြးရဲစရာပါပဲ။ က်န္းမာေရး အသိပညာ၊ ကုသဖို႔ စက္ကိရိယာေတြ အားနည္းတဲ့အျပင္ လံုေလာက္တဲ့ ဆရာဝန္ေတြ မရွိတာေတြ၊ တခ်ိဳ့နယ္ေတြမွာ ဆိုရင္ တိုက္နယ္ေဆး႐ုံမရွိဘဲ အစိုးရလည္း လက္လွမ္းမမွီ ျဖစ္လာခဲ့ရင္ ထိုင္ၾကည့္႐ုံက လြဲၿပီး ဘာမွ လုပ္မရဘူးဆိုတာ ေတြးၾကည့္လို့ရပါလိမ့္မယ္။

ဒါ့ေၾကာင့္ နယ္ျပန္တဲ့သူမ်ားအတြက္ ျပင္ဆင္ထားသင့္တဲ့ အခ်က္ေတြကို ေျပာျပေပးသြားမွာပဲျဖစ္ပါတယ္။

၁။ ကားစီးေနတဲ့တေလ်ာက္ အခ်ိန္ျပည့္ mask တပ္ထားသင့္ပါတယ္။ ေအးလြန္းတဲ့ ကားထဲမွာ လူတစ္ေယာက္ အခ်ိန္မေရြး ေခ်ာင္းဆိုးလိုက္နိုင္ပါတယ္။

၂။ ကားဂိတ္ သို့ ကား ေပၚ ရွိ Hand Sanitizer ကို အသုံးျပဳရန္ ႏွင့္ မိမိကိုယ္ပိုင္ Hand Sanitizer
ေဆာင္ထားရန္ လိုအပ္ပါတယ္။

၃။ ျပတင္းေပါက္ တံခါးဖြင့္စီးလို့ရတဲ့ ကားမ်ိဳးဆို ဖြင့္စီးပါ။ ေလ၀င္ေလထြက္ရွိရင္ ပိုေကာင္းပါတယ္။

၄။ ကားေပၚမွာ တျခားသူ ကြမ္းတံေတြး ထိေတြ႔နိုင္တဲ့ ေနရာေတြ ေရွာင္ပါ။

၅. Express Car ဟာ ေလယာဥ္လို social Distance က်ဥ္းလြန္းတဲ့ေနရာျဖစ္တာမို့ မိမိေဘးနားတ၀ိုက္ ထိုင္တဲ့သူဟာ ဖ်ားနာျခင္း ၊ ေခ်ာင္းဆိုးျခင္း ရွိမရွိ ဂ႐ုစိုက္သင့္ပါတယ္။

၆။ ခရီးတေထာက္ ရပ္နားတဲ့ ဆိုင္ အ၀င္အထြက္တိုင္း လက္ေဆးျခင္း ျပဳလုပ္ၿပီးမွ စားေသာက္စရာမ်ားကို ကိုင္တြယ္ပါ။ တစ္ရက္တည္းမွာ ဆိုင္ကို ၀င္ထြက္လာသူ ခရီးသြားေပါင္း ေထာင္ခ်ီ ရွိနိုင္ပါတယ္။

၇။ မိမိ ရပ္ရြာသို့ ျပန္ေရာက္ေရာက္ခ်င္း အိမ္ထဲမ၀င္ခင္ ေျခလက္မ်က္ႏွာ သန႔္ရွင္းေရးလုပ္သင့္ပါတယ္။ အထူးသျဖင့္ mask ကို စနစ္တက် စြန႔္ပစ္ဖို့ လိုအပ္ပါတယ္။

၈။ မိမိရပ္ရြာကို ျပန္ေရာက္သည့္အခါ ေဆြမ်ိဳးမ်ားကို လိုက္လံေတြ႕ဆုံျခင္း၊ ဧည့္ေတြ႕ခံျခင္း၊ အလွဴပြဲ၊ မဂၤလာပြဲ မ်ားတက္ေရာက္ျခင္း မျပဳလုပ္ပဲ မိမိအိမ္၌သာ ေနထိုင္သင့္ပါတယ္။ အလည္ျပန္လာျခင္းမဟုတ္ပဲ Pandemic ေရွာင္လာသည္ကို သတိရပါ။

Read More >>> လူအမ်ား သတိမထားမိေသာ လက္ကိုင္ဖုန္းေပၚက ပိုးမႊားအႏၱရာယ္

၉။ မိမိေနထိုင္မေကာင္းသည္ျဖစ္ေစ ၊ မိမိကဲ့သို့ ျပန္လာသူတစ္ဦး ေနထိုင္မေကာင္းသည္ျဖစ္ေစ သတင္းရရွိပါက ရပ္ရြာအုပ္ခ်ဳပ္ေရးမွဴးသို့ အေၾကာင္းၾကားသတိေပးထားပါ။

၁၀။ မိမိေနထိုင္သည့္ေနရာမွ အစိုးရေထာက္ပံ့မွုရနိုင္သည့္ ေဆး႐ုံေဆးခန္း မည္သည့္ေနရာတြင္ရွိသည္ကို ႀကိဳတင္စုံစမ္းထားပါ..

၁၁။ အေရးေပၚ ျဖစ္လာသည့္အခါ ဆက္သြယ္နိုင္သည့္ အနီးဆုံး ျပည့္သူက်န္းမာေရးဌာန ၊ ၿမိဳ့နယ္ေဆး႐ုံ ေဆးခန္းမ်ား၏ ဖုန္းနံပါတ္မ်ား မိမိတြင္ ရွိေနေစရန္အတြက္ ႀကိဳတင္စံုစမ္းထားပါ။

၁၂။ မိမိေနထိုင္သည့္ေနရာမွ အဆိုပါေနရာသို့ သြားရန္ အဆက္အသြယ္ႏွင့္ ကား၊ ယာဥ္ ငွားရမ္းရနိုင္ျခင္းရွိမရွိစုံစမ္းထားပါ။

၁၃။ အစိုးရမွ ထုတ္ျပန္သည့္ သတင္းအခ်က္အလက္မ်ား ရယူနိုင္ရန္ အင္တာနက္ မရွိပါက ျမန္မာအသံ ၊ FM စသည့္ Radio လိုင္းမ်ားမွ နားေထာင္နိုင္ပါတယ္။

၁၄။ အေကာင္းဆုံးကေတာ့ (တတ္နိုင္လၽွင္) private car (ကိုယ္ပိုင္ကား သို့ မဟုတ္ စီးလုံးငွားကား)နဲ႔ ျပန္တာ အေကာင္းဆုံးျဖစ္ပါတယ္။

မႏၲေလးၿမိဳ႕မွာရွိတဲ့ အေဝးေျပးကားလတ္မွတ္ အေရာင္းကိုယ္စာလွယ္ (၁၆၈) ခုရဲ႕ လိပ္စာႏွင့္ ဖုန္းနံပါတ္မ်ား ကို ရွာေဖြရန္ >>> https://bit.ly/3dC59Jz

ကိုယ္ျပန္လာတဲ့ ရပ္ရြာက Covid 19 ကင္းလြတ္ရာေျမ Safe Zone ျဖစ္ေနတာမဟုတ္ပါဘူး။ မျဖစ္ဘူးဆိုတာ ဘယ္ဟာကမွ အာမ မခံထားပါဘူး။ ကိုယ္ရပ္ရြာထဲမွာ ဒါမွမဟုတ္ ကိုယ္ေဘးနားက ထိုင္တဲ့သူဟာ ထိုင္းကေန ျပန္လာနိုင္တဲ့သူလည္း ျဖစ္နိုင္တာမို့ ႀကိဳတင္ ျပင္ဆင္

ထားဖို့ အလြန္လိုအပ္ပါတယ္။

Express Car ကားဂိတ္မ်ား၊ ေမာင္းႏွင္သူ ကားဆရာမ်ားအေနနဲ႔ သတိထားသင့္တဲ့ အခ်က္မ်ား

၁။ မိမိကားဂိတ္တြင္ လက္ေဆးရည္မ်ား ထားရွိေပးဖို့ လိုအပ္ပါတယ္။

၂။ မိမိကားေပၚတြင္ ေခ်ာင္းဆိုးေနတဲ့သူ ရွိမရွိ ဂ႐ုစိုက္ပါ။ ေခ်ာင္းဆိုးသူရွိေနလၽွင္ Mask မျဖစ္မေနတပ္ဖို့ သတိေပးပါ။

၃။ ေနရာလြတ္ သီးသန႔္ ရွိပါက သီးသန႔္ထိုင္ေပးဖို့ ေမတၱာရပ္ခံရပါမယ္။

၄။ မိမိကားေပၚတြင္ လက္ေဆးရည္ရွိပါက ကားအတက္အဆင္းတိုင္း တြင္ အသုံးျပဳရန္ သတိေပးပါ။

၅။ ခရီးတေထာက္ ရပ္နားခ်ိန္တြင္ ခရီးသည္မ်ား ဆင္းသြားၿပီးအခ်ိန္ႏွင့္ ျပန္မတက္ခင္ အခ်ိန္တြင္ တံခါးမ်ားဖြင့္ၿပီး ေလ၀င္ေလထြက္ ျပဳလုပ္ေပးသင့္ပါတယ္။

၆။ မိမိကားေပၚတြင္ ဖ်ားနာသူ ရွိပါက ကားဂိတ္ သို့ ႀကိဳတင္ သတင္းပို့ရန္ လိုအပ္ပါမယ္။ ဒါမွ တစ္စုံတစ္ခုျဖစ္ခဲ့သည္ရွိေသာ္ Trace လိုက္ရ လြယ္ပါမယ္။

၇။ မိမိကားက ျပတင္းတံခါး ဖြင့္စီးလို့ရတဲ့ ကားဆိုရင္ ေလ၀င္ေလထြက္ေကာင္းဖို့ ဖြင့္စီးသင့္ပါတယ္။

ယခုလိုအခ်ိန္အခါမ်ိဳးမွာ ဘယ္သူမဆို မိသားစုနဲ႔ နီးနီးကပ္ကပ္ရွိေနခ်င္ၾကပါတယ္။ ဒါေပမဲ့ အိမ္အျပန္ မုန႔္၀ယ္သလို Virus လက္ေဆာင္အျပန္ မပါသြားဖို့လည္း အေရးႀကီးပါတယ္။

ကားမစီးခင္မွာ လူေကာင္းတစ္ေယာက္ ျဖစ္ေပမဲ့ ကားစီးတဲ့ အခ်ိန္ ေလးအတြင္းမွာ ကူးစက္ခံရသူ တစ္ေယာက္ လည္းျဖစ္သြားနိုင္ကို သတိျပဳေပးပါ။

ဒါေၾကာင့္ ကိုယ္ခ်စ္ရသူ နယ္က မိဘ ေဆြမ်ိဳး ညီကိုေမာင္ႏွမ ေတြအတြက္ ဂ႐ုစိုက္ေပးပါ။

My Mandalay

Credit : Own creator

### Unicode ###

မြို့ကြီး၊ ပြကြီးကနေ မိမိနေရပ်သို့ ပြန်မယ့်သူတွေအတွက် သိကိုသိထားသင့်တဲ့ အချက်များ

ရုပ်ရှင်ရုံထဲမှာ ၂ နာရီစာ ထိုင်နေတာဟာ Virus ကူးဖို့မြန်ဆန်စေတယ်ဆိုရင် ၁၂ နာရီ ကြာချိန် (သို့မဟုတ် ) ၆ နာရီကြာချိန် ရှိတဲ့ ခရီးစဉ် တစ်ခုမှာ လူ ၅၀ နဲ့ လေ အလုံပိတ် အေးစက်နေတဲ့ အခန်းထဲ အတူတူရှိနေတယ် လို့ ယူဆလို့ရပါတယ်။ အဲ့ဒီလိုမျိုး စီးလာခြင်းဟာ ကူးစက်ခံထားရတဲ့ လူ နဲ့ လေယာဉ် တစ်စီးတည်း စီးလာတဲ့ ပုံစံနှင့် အလားသဏ္ဍာန်တူပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန် (အောင်မဂ်လာ အ‌‌‌ဝေးပြေး ၊ ဒဂုံဧရာအ‌ဝေးပြေးတို့ကနေ တစ်ရက် တစ်ရက် လူပေါင်းများစွာ ထွက်ခွာနေသလို နေ့တိုင်း လူတွေ ပြည့်ကျပ် ညှပ်နေတာ သိပြီးသားဖြစ်မှာပါ။

ရောဂါပိုး ရှိသူ တစ်ဦး ကိုယ့်ကားပေါ်မှာ ပါလာခဲ့ရင် ကိုယ်ဟာလည်း အိမ်အပြန် မုန့်ဝယ်သလိုမျိုး အိမ်ကို Virus ပါသွားနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။

စိုးရိမ်စရာ တစ်ချက်က ဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် အနယ်နယ်အရပ်ရပ်ကို ဖြန်ံသလို ဖြစ်သွားနိုင်ပြီး ရုတ်တရက် Confirmed Case ပေါင်း ထောင်ဂဏန်း သောင်းဂဏန်း ဖြစ်သွားနိုင်တယ်။

အဲဒီအကျိုးဆက်က အစိုးရအနေနဲ့ မြို့ကြီးတွေပေါ်မှာ အချိန်ကုသဖို့ လုံးပန်းနေရချိန် နယ်တွေမှာ ဖြစ်လာနိုင်တာတွေက မတွေးရဲစရာပါပဲ။ ကျန်းမာရေး အသိပညာ၊ ကုသဖို့ စက်ကိရိယာတွေ အားနည်းတဲ့အပြင် လုံလောက်တဲ့ ဆရာဝန်တွေ မရှိတာတွေ၊ တချို့နယ်တွေမှာ ဆိုရင် တိုက်နယ်ဆေးရုံမရှိဘဲ အစိုးရလည်း လက်လှမ်းမမှီ ဖြစ်လာခဲ့ရင် ထိုင်ကြည့်ရုံက လွဲပြီး ဘာမှ လုပ်မရဘူးဆိုတာ တွေးကြည့်လို့ရပါလိမ့်မယ်။

ဒါ့ကြောင့် နယ်ပြန်တဲ့သူများအတွက် ပြင်ဆင်ထားသင့်တဲ့ အချက်တွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

၁။ ကားစီးနေတဲ့တလျောက် အချိန်ပြည့် mask တပ်ထားသင့်ပါတယ်။ အေးလွန်းတဲ့ ကားထဲမှာ လူတစ်ယောက် အချိန်မရွေး ချောင်းဆိုးလိုက်နိုင်ပါတယ်။

၂။ ကားဂိတ် သို့ ကား ပေါ် ရှိ Hand Sanitizer ကို အသုံးပြုရန် နှင့် မိမိကိုယ်ပိုင် Hand Sanitizer
ဆောင်ထားရန် လိုအပ်ပါတယ်။

၃။ ပြတင်းပေါက် တံခါးဖွင့်စီးလို့ရတဲ့ ကားမျိုးဆို ဖွင့်စီးပါ။ လေဝင်လေထွက်ရှိရင် ပိုကောင်းပါတယ်။

၄။ ကားပေါ်မှာ တခြားသူ ကွမ်းတံတွေး ထိတွေ့နိုင်တဲ့ နေရာတွေ ရှောင်ပါ။

၅. Express Car ဟာ လေယာဉ်လို social Distance ကျဉ်းလွန်းတဲ့နေရာဖြစ်တာမို့ မိမိဘေးနားတဝိုက် ထိုင်တဲ့သူဟာ ဖျားနာခြင်း ၊ ချောင်းဆိုးခြင်း ရှိမရှိ ဂရုစိုက်သင့်ပါတယ်။

၆။ ခရီးတထောက် ရပ်နားတဲ့ ဆိုင် အဝင်အထွက်တိုင်း လက်ဆေးခြင်း ပြုလုပ်ပြီးမှ စားသောက်စရာများကို ကိုင်တွယ်ပါ။ တစ်ရက်တည်းမှာ ဆိုင်ကို ဝင်ထွက်လာသူ ခရီးသွားပေါင်း ထောင်ချီ ရှိနိုင်ပါတယ်။

၇။ မိမိ ရပ်ရွာသို့ ပြန်ရောက်ရောက်ချင်း အိမ်ထဲမဝင်ခင် ခြေလက်မျက်နှာ သန့်ရှင်းရေးလုပ်သင့်ပါတယ်။ အထူးသဖြင့် mask ကို စနစ်တကျ စွန့်ပစ်ဖို့ လိုအပ်ပါတယ်။

၈။ မိမိရပ်ရွာကို ပြန်ရောက်သည့်အခါ ဆွေမျိုးများကို လိုက်လံတွေ့ဆုံခြင်း၊ ဧည့်တွေ့ခံခြင်း၊ အလှူပွဲ၊ မင်္ဂလာပွဲ များတက်ရောက်ခြင်း မပြုလုပ်ပဲ မိမိအိမ်၌သာ နေထိုင်သင့်ပါတယ်။ အလည်ပြန်လာခြင်းမဟုတ်ပဲ Pandemic ရှောင်လာသည်ကို သတိရပါ။

Read More >>> လူအများ သတိမထားမိသော လက်ကိုင်ဖုန်းပေါ်က ပိုးမွှားအန္တရာယ်

၉။ မိမိနေထိုင်မကောင်းသည်ဖြစ်စေ ၊ မိမိကဲ့သို့ ပြန်လာသူတစ်ဦး နေထိုင်မကောင်းသည်ဖြစ်စေ သတင်းရရှိပါက ရပ်ရွာအုပ်ချုပ်ရေးမှူးသို့ အကြောင်းကြားသတိပေးထားပါ။

၁၀။ မိမိနေထိုင်သည့်နေရာမှ အစိုးရထောက်ပံ့မှုရနိုင်သည့် ဆေးရုံဆေးခန်း မည်သည့်နေရာတွင်ရှိသည်ကို ကြိုတင်စုံစမ်းထားပါ.

၁၁။ အရေးပေါ် ဖြစ်လာသည့်အခါ ဆက်သွယ်နိုင်သည့် အနီးဆုံး ပြည့်သူကျန်းမာရေးဌာန ၊ မြို့နယ်ဆေးရုံ ဆေးခန်းများ၏ ဖုန်းနံပါတ်များ မိမိတွင် ရှိနေစေရန်အတွက် ကြိုတင်စုံစမ်းထားပါ။

၁၂။ မိမိနေထိုင်သည့်နေရာမှ အဆိုပါနေရာသို့ သွားရန် အဆက်အသွယ်နှင့် ကား၊ ယာဉ် ငှားရမ်းရနိုင်ခြင်းရှိမရှိစုံစမ်းထားပါ။

၁၃။ အစိုးရမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များ ရယူနိုင်ရန် အင်တာနက် မရှိပါက မြန်မာအသံ ၊ FM စသည့် Radio လိုင်းများမှ နားထောင်နိုင်ပါတယ်။

၁၄။ အကောင်းဆုံးကတော့ (တတ်နိုင်လျှင်) private car (ကိုယ်ပိုင်ကား သို့ မဟုတ် စီးလုံးငှားကား)နဲ့ ပြန်တာ အကောင်းဆုံးဖြစ်ပါတယ်။

မန္တလေးမြို့မှာရှိတဲ့ အဝေးပြေးကားလတ်မှတ် အရောင်းကိုယ်စာလှယ် (၁၆၈) ခုရဲ့ လိပ်စာနှင့် ဖုန်းနံပါတ်များ ကို ရှာဖွေရန် >>> https://bit.ly/3dC59Jz

ကိုယ်ပြန်လာတဲ့ ရပ်ရွာက Covid 19 ကင်းလွတ်ရာမြေ Safe Zone ဖြစ်နေတာမဟုတ်ပါဘူး။ မဖြစ်ဘူးဆိုတာ ဘယ်ဟာကမှ အာမ မခံထားပါဘူး။ ကိုယ်ရပ်ရွာထဲမှာ ဒါမှမဟုတ် ကိုယ်ဘေးနားက ထိုင်တဲ့သူဟာ ထိုင်းကနေ ပြန်လာနိုင်တဲ့သူလည်း ဖြစ်နိုင်တာမို့ ကြိုတင် ပြင်ဆင်

ထားဖို့ အလွန်လိုအပ်ပါတယ်။

Express Car ကားဂိတ်များ၊ မောင်းနှင်သူ ကားဆရာများအနေနဲ့ သတိထားသင့်တဲ့ အချက်များ

၁။ မိမိကားဂိတ်တွင် လက်ဆေးရည်များ ထားရှိပေးဖို့ လိုအပ်ပါတယ်။

၂။ မိမိကားပေါ်တွင် ချောင်းဆိုးနေတဲ့သူ ရှိမရှိ ဂရုစိုက်ပါ။ ချောင်းဆိုးသူရှိနေလျှင် Mask မဖြစ်မနေတပ်ဖို့ သတိပေးပါ။

၃။ နေရာလွတ် သီးသန့် ရှိပါက သီးသန့်ထိုင်ပေးဖို့ မေတ္တာရပ်ခံရပါမယ်။

၄။ မိမိကားပေါ်တွင် လက်ဆေးရည်ရှိပါက ကားအတက်အဆင်းတိုင်း တွင် အသုံးပြုရန် သတိပေးပါ။

၅။ ခရီးတထောက် ရပ်နားချိန်တွင် ခရီးသည်များ ဆင်းသွားပြီးအချိန်နှင့် ပြန်မတက်ခင် အချိန်တွင် တံခါးများဖွင့်ပြီး လေဝင်လေထွက် ပြုလုပ်ပေးသင့်ပါတယ်။

၆။ မိမိကားပေါ်တွင် ဖျားနာသူ ရှိပါက ကားဂိတ် သို့ ကြိုတင် သတင်းပို့ရန် လိုအပ်ပါမယ်။ ဒါမှ တစ်စုံတစ်ခုဖြစ်ခဲ့သည်ရှိသော် Trace လိုက်ရ လွယ်ပါမယ်။

၇။ မိမိကားက ပြတင်းတံခါး ဖွင့်စီးလို့ရတဲ့ ကားဆိုရင် လေဝင်လေထွက်ကောင်းဖို့ ဖွင့်စီးသင့်ပါတယ်။

ယခုလိုအချိန်အခါမျိုးမှာ ဘယ်သူမဆို မိသားစုနဲ့ နီးနီးကပ်ကပ်ရှိနေချင်ကြပါတယ်။ ဒါပေမဲ့ အိမ်အပြန် မုန့်ဝယ်သလို Virus လက်ဆောင်အပြန် မပါသွားဖို့လည်း အရေးကြီးပါတယ်။

ကားမစီးခင်မှာ လူကောင်းတစ်ယောက် ဖြစ်ပေမဲ့ ကားစီးတဲ့ အချိန် လေးအတွင်းမှာ ကူးစက်ခံရသူ တစ်ယောက် လည်းဖြစ်သွားနိုင်ကို သတိပြုပေးပါ။

ဒါကြောင့် ကိုယ်ချစ်ရသူ နယ်က မိဘ ဆွေမျိုး ညီကိုမောင်နှမ တွေအတွက် ဂရုစိုက်ပေးပါ။

My Mandalay

Credit : Own creator


Read 810 times
Rate :
(12 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.