Sunday, 29 March 2020 11:56

Page-9-Airport-tourism-visa-tourist-11_1.jpg

 

( Unicode )

ကို႐ိုနာဗိုင္းရပ္စ္ ( Covid-19 ) ကူးစက္ျပန႔္ပြားမႈကို ပိုမိုထိေရာက္စြာ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ကမာၻ႔ႏိုင္ငံအသီးသီးမွ ျမန္မာႏိုင္ငံသို႔ လာေရာက္ၾကမည့္ ႏိုင္ငံျခားသားအားလုံးအေပၚ ျပည္ဝင္မႈဆိုင္ရာ ယာယီကန႔္သတ္ခ်က္မ်ား ခ်မွတ္လိုက္ၿပီ ျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ေၾကညာခ်က္ ထုတ္ျပန္လိုက္သည္။

အဆိုပါ ေၾကညာခ်က္ပါ အေၾကာင္းအရာမ်ားမွာ ေအာက္ပါအတိုင္း ျဖစ္သည္။

(က) ႏိုင္ငံျခားသားအားလုံးအား ( ျမန္မာႏိုင္ငံဆိုင္ရာ သံတမန္မ်ား၊ ျမန္မာႏိုင္ငံအေျခစိုက္ ကုလသမဂၢလက္ေအာက္ခံ အဖြဲ႕အစည္းမ်ားမွ ဝန္ထမ္းမ်ား၊ ျမန္မာႏိုင္ငံႏွင့္ အျပန္အလွန္ ေျပးဆြဲေနသည့္ ေလယာဥ္မ်ားႏွင့္ သေဘၤာမ်ားမွ ေလယာဥ္မႉးမ်ား၊ သေဘၤာအရာရွိမ်ား တာဝန္ရွိအမႈထမ္းမ်ားမွလြဲ၍ ) လူမႈေရးဗီဇာ အပါအဝင္ မည္သည့္ျပည္ဝင္ဗီဇာ ထုတ္ေပးျခင္းကိုမဆို ယာယီရပ္ဆိုင္းျခင္း။

(ခ) အာဆီယံႏိုင္ငံမ်ား အပါအဝင္ ျမန္မာႏိုင္ငံႏွင့္ ႏွစ္ႏိုင္ငံ အစီအစဥ္ျဖင့္ ျပည္ဝင္ ဗီဇာကင္းလြတ္ခြင့္ပ ျပဳထားေသာ ႏိုင္ငံအားလုံးမွ ႏိုင္ငံျခားသားမ်ားအား ( သံတမန္ ႏိုင္ငံကူးလက္မွတ္ႏွင့္ အထူးႏိုင္ငံကူး လက္မွတ္ကိုင္ေဆာင္သူမ်ားမွအပ ) ဗီဇာကင္းလြတ္ခြင့္ကို ယာယီရပ္ဆိုင္းျခင္း။

(ဂ) ျမန္မာႏိုင္ငံဆိုင္ရာ သံတမန္မ်ား၊ ျမန္မာႏိုင္ငံအေျခစိုက္ ကုလသမဂၢလက္ေအာက္ခံ အဖြဲ႕အစည္းမ်ားမွ ဝန္ထမ္းမ်ားအေနျဖင့္ ျပည္ပႏိုင္ငံမ်ားရွိ သက္ဆိုင္ရာ ျမန္မာသံ႐ုံး/အဖြဲ႕ ႐ုံး/ေကာင္စစ္ ဝန္ခ်ဳပ္႐ုံးတို႔မွတစ္ဆင့္ ျပည္ဝင္ဗီဇာ ေလွ်ာက္ထားရယူႏိုင္မည္ ျဖစ္သည္။

၎တို႔အေနျဖင့္ ျမန္မာႏိုင္ငံသို႔ လာေရာက္မည့္ ေန႔ရက္မတိုင္မီႏွင့္ ေလယာဥ္ေပၚသို႔ မတက္ေရာက္မီ အသိအမွတ္ျပဳ ဓာတ္ခြဲခန္းမွ လြန္ခဲ့ေသာ ( ၇၂ ) နာရီ မတိုင္မီက ရရွိထားသည့္ Covid-19 ေရာဂါ ကင္းရွင္းေၾကာင္း ေဆးစစ္ခ်က္ အေထာက္အထားျပသရန္ လိုအပ္ၿပီး ျမန္မာ ႏိုင္ငံသို႔ ေရာက္ရွိခ်ိန္မွ စတင္၍ ၁၄ ရက္ သီးသန႔္ေနထိုင္ေစာင့္ၾကည့္မႈ ( Home Quarantine ) ျပဳလုပ္သြားမည္ ျဖစ္သည္။

(ဃ) ျမန္မာႏိုင္ငံႏွင့္ အျပန္အလွန္ေျပးဆြဲေနသည့္ ေလယာဥ္မ်ားႏွင့္ သေဘၤာမ်ားမွ ေလယာဥ္မႉးမ်ား/ သေဘၤာအရာရွိမ်ား၊ တာဝန္ရွိအမႈထမ္းမ်ားအေနျဖင့္လည္း ျပည္ပႏိုင္ငံမ်ားရွိ သက္ဆိုင္ရာ ျမန္မာ သံ႐ုံးအဖြဲ႕႐ုံး၊ ေကာင္စစ္ဝန္ခ်ဳပ္႐ုံးတို႔မွတစ္ဆင့္ ျပည္ဝင္ဗီဇာ ေလွ်ာက္ထားရယူႏိုင္မည္ ျဖစ္သည္။

၎တို႔အေနျဖင့္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနမွ ေနာက္ဆုံးထုတ္ျပန္ထားသည့္ လမ္းၫႊန္ခ်က္မ်ား၊ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ တိတိက်က် လိုက္နာေဆာင္႐ြက္သြားရမည္ ျဖစ္သည္။

သို႔ရာတြင္ ျပည္ပႏိုင္ငံအသီးသီးမွ ခရီးသြားမ်ားအေနျဖင့္ မလႊဲမေရွာင္သာ ကိစၥရပ္ေၾကာင့္ျဖစ္ေစ ( သို႔ ) အေရးေပၚတာဝန္ျဖင့္ျဖစ္ေစ ျမန္မာႏိုင္ငံသို႔ လာေရာက္ရန္ရွိပါက ေဖာ္ျပပါ ျပည္ဝင္ဗီဇာကန႔္သတ္မႈမ်ားမွ ကင္းလြတ္ခြင့္ ရရွိႏိုင္ရန္အတြက္ ျပည္ပႏိုင္ငံမ်ားရွိ အနီးဆုံး ျမန္မာသံ႐ုံးအဖြဲ႕႐ုံး/ ေကာင္စစ္ဝန္ခ်ဳပ္႐ုံးမ်ားသို႔ ဆက္သြယ္အကူအညီ ေတာင္းခံႏိုင္ေၾကာင္း သိရသည္။

Su Mon Oo ( Mine )
Source : MOFA

========================

( Zawgyi )

ကိုရိုနာဗိုင်းရပ်စ် ( Covid-19 ) ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသားအားလုံးအပေါ်  ပြည်ဝင်မှုဆိုင်ရာ ယာယီကန့်သတ်ချက်များ ချမှတ်လိုက်ပြီ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်လိုက်သည်။

အဆိုပါ ကြေညာချက်ပါ အကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

(က) နိုင်ငံခြားသားအားလုံးအား ( မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံနှင့် အပြန်အလှန် ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ လေယာဉ်မှူးများ၊ သင်္ဘောအရာရှိများ တာဝန်ရှိအမှုထမ်းများမှလွဲ၍ ) လူမှုရေးဗီဇာ အပါအဝင် မည်သည့်ပြည်ဝင်ဗီဇာ ထုတ်ပေးခြင်းကိုမဆို ယာယီရပ်ဆိုင်းခြင်း။ 

(ခ) အာဆီယံနိုင်ငံများ အပါအဝင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ အစီအစဉ်ဖြင့် ပြည်ဝင် ဗီဇာကင်းလွတ်ခွင့်ပ ပြုထားသော နိုင်ငံအားလုံးမှ နိုင်ငံခြားသားများအား ( သံတမန် နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများမှအပ ) ဗီဇာကင်းလွတ်ခွင့်ကို ယာယီရပ်ဆိုင်းခြင်း။ 

(ဂ) မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ ရုံး/ကောင်စစ် ဝန်ချုပ်ရုံးတို့မှတစ်ဆင့် ပြည်ဝင်ဗီဇာ လျှောက်ထားရယူနိုင်မည် ဖြစ်သည်။

၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နေ့ရက်မတိုင်မီနှင့် လေယာဉ်ပေါ်သို့ မတက်ရောက်မီ အသိအမှတ်ပြု ဓာတ်ခွဲခန်းမှ လွန်ခဲ့သော ( ၇၂ ) နာရီ မတိုင်မီက ရရှိထားသည့် Covid-19 ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက် အထောက်အထားပြသရန် လိုအပ်ပြီး မြန်မာ နိုင်ငံသို့ ရောက်ရှိချိန်မှ စတင်၍ ၁၄ ရက် သီးသန့်နေထိုင်စောင့်ကြည့်မှု ( Home Quarantine ) ပြုလုပ်သွားမည် ဖြစ်သည်။

(ဃ) မြန်မာနိုင်ငံနှင့် အပြန်အလှန်ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ လေယာဉ်မှူးများ/ သင်္ဘောအရာရှိများ၊ တာဝန်ရှိအမှုထမ်းများအနေဖြင့်လည်း ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာ သံရုံးအဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့မှတစ်ဆင့် ပြည်ဝင်ဗီဇာ လျှောက်ထားရယူနိုင်မည် ဖြစ်သည်။ 

၎င်းတို့အနေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားရမည် ဖြစ်သည်။ 

သို့ရာတွင် ပြည်ပနိုင်ငံအသီးသီးမှ ခရီးသွားများအနေဖြင့် မလွှဲမရှောင်သာ ကိစ္စရပ်ကြောင့်ဖြစ်စေ ( သို့ ) အရေးပေါ်တာဝန်ဖြင့်ဖြစ်စေ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပါက ဖော်ပြပါ ပြည်ဝင်ဗီဇာကန့်သတ်မှုများမှ ကင်းလွတ်ခွင့် ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံးအဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

Su Mon Oo ( Mine )
Source : MOFA


Read 113 times Last modified on Sunday, 29 March 2020 12:26
Rate :
(9 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.