Thursday, 26 March 2020 15:42

mansmartcity

မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ေက်း႐ြာေပါင္း ၂၈၅ ႐ြာတြင္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးစီမံခ်က္ျဖင့္ တစ္႐ြာလွ်င္ က်ပ္သိန္း ၁၀၀ ႏႈန္း ေထာက္ပံ့ကူညီမႈ ျပဳလုပ္ေပးသြားမည္ေၾကာင္း တိုင္းေဒသႀကီး ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴး ဦးစိုးသန္းက ေျပာၾကားထားပါတယ္။

"မႏၲေလးတိုင္းေဒသႀကီး ၿမိဳ႕နယ္ေတြအတြင္း မွာရွိတဲ့ ေက်း႐ြာေပါင္း ၂၈၅ ႐ြာမွာ တစ္႐ြာကို သိန္း ၁၀၀ ႏႈန္းနဲ႔ ေထာက္ပံ့ၿပီး ေက်းလက္ေဒသ ဖြံ႕ၿဖိဳး ေရးလုပ္ငန္းေတြအတြက္ ေဒသခံျပည္သူေတြနဲ႔ ပူးေပါင္းၿပီး ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

Read More>>> လူတစ္ဦးလွ်င္ဝယ္ယူႏုိင္မယ့္ စားေသာက္ကုန္နဲ႔ပမာဏေတြကို သတ္မွတ္လုိက္တဲ့ City Mart

ဖြံ႕ၿဖိဳးမႈနည္းပါးတဲ့ ေက်း႐ြာေတြကို သက္ဆိုင္ရာ အဖြဲ႕အစည္းေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ညႇိႏႈိင္းေဆြးေႏြးၿပီးေတာ့ စိစစ္ေ႐ြးခ်ယ္တာျဖစ္ပါတယ္။ ေက်း႐ြာေတြအေနနဲ႔ကေတာ့ ေကာ္မတီဖြဲ႕ၿပီး ေငြကို ထိန္းသိမ္းတာ ျပန္လည္အသုံးခ်တာေတြကို လုပ္ေဆာင္ရပါတယ္။ ေထာက္ပံ့ေငြေတြနဲ႔ သူတို႔ထည့္ဝင္ေငြေတြ ပူးေပါင္းၿပီးေတာ့ ေက်း႐ြာဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ၾကပါတယ္။ ဒီလကေန စတင္ေဆာင္႐ြက္ေနပါတယ္"ဟု ၎က ဆက္လက္ ေျပာၾကားပါတယ္။

စီမံခ်က္အရ ေထာက္ပံ့မည့္ေငြေၾကးမ်ားျဖင့္ ေဒသခံျပည္သူမ်ား၏ ထည့္ဝင္ေငြကို ပူးေပါင္းကာ ေက်း႐ြာတြင္း ေက်ာက္ေခ်ာလမ္းမ်ား ခင္းက်င္းျခင္း၊ ကြန္ကရစ္လမ္းမ်ား ခင္းျခင္း၊ ေခ်ာင္းကူးတံတားမ်ား တည္ေဆာက္ျခင္း၊ ေရတြင္းေရကန္မ်ား တူးေဖာ္တည္ေဆာက္ျခင္း၊ စာသင္ေက်ာင္းမ်ား တည္ေဆာက္ျခင္းႏွင့္ ေက်း႐ြာစာၾကည့္တိုက္မ်ား တည္ေဆာက္ျခင္းတို႔ကို ေက်း႐ြာေနေဒသခံမ်ား၏ ဆုံးျဖတ္ခ်က္ျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

Read More>>> တိုင္းေဒသႀကီးႏွင့္ျပည္နယ္အသီးသီးတြင္ ဖြင့္လွစ္ထားရွိသည့္ ဆင္စခန္းမ်ားအားလုံး ေခတၱပိတ္ထားမည္

အဆိုပါ စီမံခ်က္မွ တစ္႐ြာလွ်င္ က်ပ္သိန္း ၁၀၀ ႏႈန္း ေထာက္ပံ့မႈကို ေဆာင္႐ြက္ေပးမည့္ ၿမိဳ႕နယ္မ်ားမွာ သပိတ္က်င္းၿမိဳ႕နယ္၊ တံတားဦးၿမိဳ႕နယ္၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ျမစ္သားၿမိဳ႕နယ္၊ အမရပူရၿမိဳ႕ နယ္၊ မိုးကုတ္ၿမိဳ႕နယ္၊ မတၱရာၿမိဳ႕နယ္၊ စဥ့္ကူးၿမိဳ႕နယ္၊ ေက်ာက္ဆည္ၿမိဳ႕နယ္၊ စဥ့္ကိုင္ၿမိဳ႕နယ္၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ မိတၳီလာၿမိဳ႕နယ္၊ မလႈိင္ၿမိဳ႕နယ္၊ ဝမ္းတြင္းၿမိဳ႕နယ္၊ သာစည္ၿမိဳ႕နယ္၊ ျမင္းၿခံၿမိဳ႕နယ္၊ ေတာင္သာၿမိဳ႕နယ္၊ ငါန္းဇြန္ၿမိဳ႕နယ္၊ ေညာင္ဦး ၿမိဳ႕နယ္ႏွင့္ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္မ်ားျဖစ္ၿပီး စုစုေပါင္း ေက်း႐ြာ ၂၈၅ ႐ြာအတြက္ က်ပ္သိန္း ၂၈,၅၀၀ ကို ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာနမွ သိရပါတယ္။

Ref: Myanmaalinn

### Zawgyi Code

မန္တလေးတိုင်းဒေသကြီးမှ ရွာပေါင်း၂၈၅ ရွာသို့ တစ်ရွာလျှင်ကျပ်သိန်း ၁၀၀ နှုန်း ထောက်ပံ့သွားမည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၂၈၅ ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ဖြင့် တစ်ရွာလျှင် ကျပ်သိန်း ၁၀၀ နှုန်း ထောက်ပံ့ကူညီမှု ပြုလုပ်ပေးသွားမည်ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြောကြားထားပါတယ်။

"မန္တလေးတိုင်းဒေသကြီး မြို့နယ်တွေအတွင်း မှာရှိတဲ့ ကျေးရွာပေါင်း ၂၈၅ ရွာမှာ တစ်ရွာကို သိန်း ၁၀၀ နှုန်းနဲ့ ထောက်ပံ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးလုပ်ငန်းတွေအတွက် ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဖွံ့ဖြိုးမှုနည်းပါးတဲ့ ကျေးရွာတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ စိစစ်ရွေးချယ်တာဖြစ်ပါတယ်။ ကျေးရွာတွေအနေနဲ့ကတော့ ကော်မတီဖွဲ့ပြီး ငွေကို ထိန်းသိမ်းတာ ပြန်လည်အသုံးချတာတွေကို လုပ်ဆောင်ရပါတယ်။ ထောက်ပံ့ငွေတွေနဲ့ သူတို့ထည့်ဝင်ငွေတွေ ပူးပေါင်းပြီးတော့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ကြပါတယ်။ ဒီလကနေ စတင်ဆောင်ရွက်နေပါတယ်"ဟု ၎င်းက ဆက်လက် ပြောကြားပါတယ်။

စီမံချက်အရ ထောက်ပံ့မည့်ငွေကြေးများဖြင့် ဒေသခံပြည်သူများ၏ ထည့်ဝင်ငွေကို ပူးပေါင်းကာ ကျေးရွာတွင်း ကျောက်ချောလမ်းများ ခင်းကျင်းခြင်း၊ ကွန်ကရစ်လမ်းများ ခင်းခြင်း၊ ချောင်းကူးတံတားများ တည်ဆောက်ခြင်း၊ ရေတွင်းရေကန်များ တူးဖော်တည်ဆောက်ခြင်း၊ စာသင်ကျောင်းများ တည်ဆောက်ခြင်းနှင့် ကျေးရွာစာကြည့်တိုက်များ တည်ဆောက်ခြင်းတို့ကို ကျေးရွာနေဒေသခံများ၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ စီမံချက်မှ တစ်ရွာလျှင် ကျပ်သိန်း ၁၀၀ နှုန်း ထောက်ပံ့မှုကို ဆောင်ရွက်ပေးမည့် မြို့နယ်များမှာ သပိတ်ကျင်းမြို့နယ်၊ တံတားဦးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ မြစ်သားမြို့နယ်၊ အမရပူရမြို့ နယ်၊ မိုးကုတ်မြို့နယ်၊ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်၊ မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ ညောင်ဦး မြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်များဖြစ်ပြီး စုစုပေါင်း ကျေးရွာ ၂၈၅ ရွာအတွက် ကျပ်သိန်း ၂၈,၅၀၀ ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရပါတယ်။

Ref: Myanmaalinn


Read 501 times
Rate :
(7 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.