Wednesday, 25 March 2020 16:28

girl_reading_a_book.jpg.860x0_q70_crop-scale_1.jpg


လတ္တေလာမွာ Covid 19 ေရာဂါေၾကာင့္ လူစုလူေဝးေတြကို ေရွာင္တဲ့အေနနဲ႔ အိမ္တြင္းမွာပဲေနတာဟာ အလံုျခံဳဆံုးနဲ႔ စိတ္အခ်ရဆံုး အေျခအေနပဲျဖစ္ပါတယ္။

အိမ္မွာေနတဲ့အခါမွာ ပ်င္းစရာမေကာင္းပဲ အက်ိဳးရွိေအာင္ ဘာေတြလုပ္ၾကမလဲ။ တခ်ိဳ႕ကလဲ ရုပ္ရွင္ေတြၾကည့္လုိက္၊ မိသားစုကို အခ်ိန္ေပးလုိက္၊ ဟင္းေတြခ်က္စားလုိက္၊ အိမ္အလုပ္ေတြလုပ္လုိက္နဲ႔ အခ်ိန္ေတြကုန္ခ်င္ၾကပါတယ္။ ဒီထဲမွာမွ စာအုပ္ဝါသနာရွင္ေတြအတြက္ ကိုရုိနာဗုိင္းရပ္စ္ကိုကာကြယ္ရင္း အိမ္တြင္းမွာေနမယ္ဆုိရင္ ဖတ္ရွဳ႕သင့္တဲ့ ဒီတပတ္ထြက္ စာအုပ္ေကာင္း(၉)အုပ္ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အင္းစိန္ေထာင္အတြင္းက ထူးေထြဆန္းျပား ဘိုးေတာ္မယ္ေတာ္မ်ား
စာေရးသူ - ေဇာ္ၿငိမ္းလတ္

၁၉၇၆ ခုႏွစ္မွာ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းဟာ ဘိုးေတာ္စစ္ဆင္ေရးအမည္နဲ႔ စစ္ဆင္ေရးတစ္ခု ျပဳလုပ္ခဲ့ပါတယ္။ အဆိုပါ ဘိုးေတာ္စစ္ဆင္ေရးအတြင္းျမန္မာတစ္ျပည္လုံးမွာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတဲ့ ဘိုးေတာ္၊ မယ္ေတာ္ေတြရဲ့ ထူးဆန္းအံ့ၾသဖြယ္ ေထာင္တြင္းအေၾကာင္းအရာေတြကို ေရးသားထားတဲ့ ျဖစ္ရပ္မွန္ စာအုပ္ျဖစ္ပါတယ္။

၂။ ကမၻာေက်ာ္တရားခြင္ ေလၽွာက္လဲခ်က္မ်ား
စာေရးသူ - ေမာင္ကိုယု

တရားခြင္ျဖစ္ရပ္ေတြဟာ လူတို႔ရဲ့ တကယ့္ျဖစ္ရပ္ေတြျဖစ္ၿပီး စိတ္ဝင္စားစရာဇာတ္လမ္းေတြလည္း ျဖစ္ပါတယ္။ ဒီစာအုပ္မွာ ပါဝင္တဲ့ ေလၽွာက္လဲခ်က္ေတြဟာ မိမိအမႈသည္ တရားခံ လြတ္ေျမာက္ေရးအတြက္ ေျပာင္ေျမာက္တဲ့ စကားလုံးေတြနဲ႔ ႀကိဳးစားေလၽွာက္လဲခ်က္ေတြလည္း ပါဝင္သလို ရက္စက္ယုတ္မာလွတဲ့ လူသတ္သမားရဲ့ ရက္စက္မႈေတြကို ေဖာ္ထုတ္ၿပီး တရားမၽွတမႈကို ရယူေပးခဲ့တဲ့ တရားလိုေရွ႕ေနေတြရဲ့ေလၽွာက္လဲခ်က္ေတြလည္း ပါဝင္ပါတယ္။

Read More>>>လက္ရွိအေျခေနေတြေၾကာင့္ Work From Home လုပ္ေနသူေတြအတြက္ သိထားသင့္တဲ့အခ်က္မ်ား

၃။ အေၾကာင္းတရားတို႔၏ အစြမ္းသတၱိမ်ား
စာေရးသူ - ေဒါက္တာေအးေက်ာ္

ေဟတုပစၥည္းႏွင့္ အုပ္ခ်ဳပ္ေရးဗ်ဴဟာေျခာက္ရပ္၊ ေလာကီ အညမညျဖစ္စဥ္မ်ား၊ ဒုစရိုက္မႈမ်ား၏ အခ်င္းခ်င္း ဆက္သြယ္ခ်က္၊ ပုေရဇာတပစၥည္းႏွင့္ ပစၧာဇာတပစၥည္းတို႔ကို ဘဝဖြံ့ၿဖိဳးေရးအတြက္ အသုံးခ်ျခင္း၊ အခ်စ္စိတ္ကို ပ႒ာန္း ၂၄ ပစၥည္းႏွင့္ ဆက္စပ္ေလ့လာျခင္း စသည္ျဖင့္ အဆင့္ျမင့္ ပ႒ာန္းသေဘာတရားမ်ားကို နိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးႏွင့္ ပညာေရးက႑တို႔တြင္ လက္ေတြ႕ အသုံးခ်နိုင္ေစရန္ လမ္းညႊန္ေရးသားထားတဲ့ စာအုပ္ျဖစ္ပါတယ္။


၄။ ေအာင္ျမင္ေက်ာ္ၾကား တ႐ုတ္ႏွင့္အိႏၵိယ ဘီလ်ံနာႀကီးမ်ား
စာေရးသူ - အလင္းဆက္ (IR)

အေမရိကန္၊ ဥေရာပနဲ႔ အေနာက္နိုင္ငံေတြက ေအာင္ျမင္ေက်ာ္ၾကားသူ ဘီလ်ံနာေတြ၊ လုပ္ငန္းရွင္ေတြအေၾကာင္း ျပဳစုေရးသားထားတဲ့ စာအုပ္ေတြ အမ်ားအျပားရွိေပမယ့္ အာရွေဒသက လုပ္ငန္းရွင္ေတြအေၾကာင္း ေရးသားထားတဲ့ စာအုပ္ေတြ အမ်ားႀကီး မရွိပါဘူး။ ဒီစာအုပ္မွာေတာ့ စာေရးသူ အလင္းဆက္ (IR) က တ႐ုတ္နဲ႔ အိႏၵိယ ဘီလ်ံနာ ၂၅ ဦးရဲ့ ဘဝအေၾကာင္းအရာေတြနဲ႔ သူတို႔ရဲ့ လုပ္ငန္းေတြအေၾကာင္း ျပဳစုေရးသားထားပါတယ္။

၅။ ေရတိမ္နစ္တဲ့ျမစ္
စာေရးသူ - ေဒါက္တာေဇာ္ျမင့္နီ

မိသားစုခ်င္းခင္တြယ္ၾကသလို၊ တန္ဖိုးထားၾကသလို ေရ၊ ေျမ၊ ေလ၊ ဇီဝထုအေပၚမွာ တန္ဖိုးထား ေစာင့္ေရွာက္ရမယ့္ ေန႔တစ္ေန႔ကို ေရာက္လာမွာျဖစ္တယ္လို႔ စာေရးသူက ဆိုပါတယ္။ ေရ၊ ေျမ၊ ေလ၊ ဇီဝထုမရွိရင္ ငါတို႔လည္း အသက္မရွင္နိုင္ဘူးဆိုတဲ့ အသိရွိလာတဲ့အခါ ကိုယ့္အေဖာ္မြန္လို၊ မိသားစုလိုကာကြယ္လာၾကမယ္လို႔ ဆိုပါတယ္။ ဇီဝမ်ိဳးႏြယ္မ်ားထိန္းသိမ္းေရး၊ ေလထုညစ္ညမ္းျခင္း၊ အဆိပ္သင့္ပစၥည္းမ်ားနဲ႔ ေရႀကီးေရလၽွံျခင္း အေၾကာင္းအရာေတြကို သုံးသပ္ေရးသားထားတဲ့ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဆိုင္ရာ ေဆာင္းပါးေတြ ပါဝင္ပါတယ္။

၆။ နားမၾကားနိုင္ငံေတာ္
ျမန္မာျပန္ - သူရိန္ဝင္း

ယခင္ဆိုဗီယက္ျပည္ေထာင္စုမွာ ေမြးဖြားခဲ့တဲ့ ကဗ်ာဆရာ အီလ်ာကာမင္းစကီးဟာ သူ႔အေတြ႕အၾကဳံေတြကို အေျခခံၿပီး အာဏာရွင္ကို ဖီဆန္ေတာ္လွန္တဲ့ ကဗ်ာစုေတြျဖစ္တဲ့ ``နားမၾကားနိုင္ငံေတာ္´´ ကို
ေရးဖြဲ႕ထားပါတယ္။ ``ဗဆင္ကာ´´ ဆိုတဲ့ စိတ္ကူးယဥ္ၿမိဳ႕တစ္ၿမိဳ႕ကို ေနာက္ခံထားၿပီး အခ်စ္နဲ႔ စစ္အေၾကာင္းဖြင့္ဆိုထားတဲ့ ဒီစာအုပ္ကို ပါဝင္တဲ့ ဇာတ္ေကာင္ေတြရဲ အမည္ေတြနဲ႔ စဖြင့္ထားပါတယ္။

>>>စာအုပ္အေရာင္းဆိုင္မ်ား (103)

၇။ ၾကယ္ေတြေႂကြေနတဲ့ ေကာင္းကင္
စာေရးသူ - ညီလင္းနိုင္

မေလးရွားနိုင္ငံက နာမည္ေက်ာ္ စြန္ဂိုင္းဘလို႔ေထာင္၊ ကာဂ်န္းေထာင္နဲ႔ လင္းဂင္းန္ကမ့္အတြင္းက ျပည္ပေရာက္အလုပ္သမားေတြရဲ့ ေထာင္တြင္း ျဖစ္ရပ္မွန္ေတြကို မေလးရွားမွာ ႏွစ္ေပါင္းမ်ားစြာေနထိုင္ခဲ့ၿပီး ကိုယ္တိုင္ေတြ႕ၾကဳံခံစားခဲ့ရတဲ့ စာေရးသူက မွတ္တမ္းတင္ ေရးသားထားတဲ့ စာအုပ္ျဖစ္ပါတယ္။

၈။ ႏုပ်ိဳစြာ အသက္ရွည္ပါ
စာေရးသူ - ေအာင္ဝင္း (စိတ္ပညာ)

ေဆးပညာပါရဂူေတြ၊ သုေတသနပညာရွင္ေတြနဲ႔ သိပၸံပညာရွင္ေတြရဲ့ ေလ့လာေတြ႕ရွိခ်က္၊ လမ္းညႊန္ခ်က္ေတြ အပါအဝင္ စာေရးသူရဲ့ ကိုယ္ပိုင္အေတြ႕အၾကဳံေတြနဲ႔ စုစည္းျပဳစုထားတဲ့ ႏုပ်ိဳက်န္းမာ အသက္ရွည္နည္းေတြ ပါဝင္ပါတယ္။

၉။ ကမၻာေက်ာ္တို႔၏ ေအာင္ျမင္ေရးအေတြးစကားမ်ား
စာေရးသူ - ေကာင္းသန႔္

စာတစ္ေၾကာင္း၊ စကားတစ္ခြန္းဟာ လူတစ္ေယာက္ရဲ့ဘဝကို ေျပာင္းလဲေစနိုင္ပါတယ္။ ဒီစာအုပ္မွာ ပညာရွင္ေတြရဲ့ ကမၻာေက်ာ္ အဆိုအမိန႔္ေတြ၊ ျမန္မာပညာေက်ာ္ေတြရဲ့ အဆုံးအမစကားေတြကို ကာတြန္းသ႐ုပ္ေဖာ္ ပုံနဲ႔အတူ စာေရးသူရဲ့ အေတြးအျမင္ကိုပါ ျဖည့္စြက္ကာ ေဖာ္ျပထားပါတယ္။

Source; Today Book Store
My Mandalay

Zawgyi

လတ်တလောမှာ Covid 19 ရောဂါကြောင့် လူစုလူဝေးတွေကို ရှောင်တဲ့အနေနဲ့ အိမ်တွင်းမှာပဲနေတာဟာ အလုံခြုံဆုံးနဲ့ စိတ်အချရဆုံး အခြေအနေပဲဖြစ်ပါတယ်။ အိမ်မှာနေတဲ့အခါမှာ ပျင်းစရာမကောင်းပဲ အကျိုးရှိအောင် ဘာတွေလုပ်ကြမလဲ။ တချို့ကလဲ ရုပ်ရှင်တွေကြည့်လိုက်၊ မိသားစုကို အချိန်ပေးလိုက်၊ ဟင်းတွေချက်စားလိုက်၊ အိမ်အလုပ်တွေလုပ်လိုက်နဲ့ အချိန်တွေကုန်ချင်ကြပါတယ်။ ဒီထဲမှာမှ စာအုပ်ဝါသနာရှင်တွေအတွက် ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်ရင်း အိမ်တွင်းမှာနေမယ်ဆိုရင် ဖတ်ရှု့သင့်တဲ့ ဒီတပတ်ထွက် စာအုပ်ကောင်း(၁၀)အုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အင်းစိန်ထောင်အတွင်းက ထူးထွေဆန်းပြား ဘိုးတော်မယ်တော်များ
စာရေးသူ - ဇော်ငြိမ်းလတ်

၁၉၇၆ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းဟာ ဘိုးတော်စစ်ဆင်ရေးအမည်နဲ့ စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဘိုးတော်စစ်ဆင်ရေးအတွင်းမြန်မာတစ်ပြည်လုံးမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဘိုးတော်၊ မယ်တော်တွေရဲ့ ထူးဆန်းအံ့သြဖွယ် ထောင်တွင်းအကြောင်းအရာတွေကို ရေးသားထားတဲ့ ဖြစ်ရပ်မှန် စာအုပ်ဖြစ်ပါတယ်။

၂။ ကမ္ဘာကျော်တရားခွင် လျှောက်လဲချက်များ
စာရေးသူ - မောင်ကိုယု

တရားခွင်ဖြစ်ရပ်တွေဟာ လူတို့ရဲ့ တကယ့်ဖြစ်ရပ်တွေဖြစ်ပြီး စိတ်ဝင်စားစရာဇာတ်လမ်းတွေလည်း ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပါဝင်တဲ့ လျှောက်လဲချက်တွေဟာ မိမိအမှုသည် တရားခံ လွတ်မြောက်ရေးအတွက် ပြောင်မြောက်တဲ့ စကားလုံးတွေနဲ့ ကြိုးစားလျှောက်လဲချက်တွေလည်း ပါဝင်သလို ရက်စက်ယုတ်မာလှတဲ့ လူသတ်သမားရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ပြီး တရားမျှတမှုကို ရယူပေးခဲ့တဲ့ တရားလိုရှေ့နေတွေရဲ့လျှောက်လဲချက်တွေလည်း ပါဝင်ပါတယ်။

၃။ အကြောင်းတရားတို့၏ အစွမ်းသတ္တိများ
စာရေးသူ - ဒေါက်တာအေးကျော်

ဟေတုပစ္စည်းနှင့် အုပ်ချုပ်ရေးဗျူဟာခြောက်ရပ်၊ လောကီ အညမညဖြစ်စဉ်များ၊ ဒုစရိုက်မှုများ၏ အချင်းချင်း ဆက်သွယ်ချက်၊ ပုရေဇာတပစ္စည်းနှင့် ပစ္ဆာဇာတပစ္စည်းတို့ကို ဘဝဖွံ့ဖြိုးရေးအတွက် အသုံးချခြင်း၊ အချစ်စိတ်ကို ပဋ္ဌာန်း ၂၄ ပစ္စည်းနှင့် ဆက်စပ်လေ့လာခြင်း စသည်ဖြင့် အဆင့်မြင့် ပဋ္ဌာန်းသဘောတရားများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးကဏ္ဍတို့တွင် လက်တွေ့ အသုံးချနိုင်စေရန် လမ်းညွှန်ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။


၄။ အောင်မြင်ကျော်ကြား တရုတ်နှင့်အိန္ဒိယ ဘီလျံနာကြီးများ
စာရေးသူ - အလင်းဆက် (IR)

အမေရိကန်၊ ဥရောပနဲ့ အနောက်နိုင်ငံတွေက အောင်မြင်ကျော်ကြားသူ ဘီလျံနာတွေ၊ လုပ်ငန်းရှင်တွေအကြောင်း ပြုစုရေးသားထားတဲ့ စာအုပ်တွေ အများအပြားရှိပေမယ့် အာရှဒေသက လုပ်ငန်းရှင်တွေအကြောင်း ရေးသားထားတဲ့ စာအုပ်တွေ အများကြီး မရှိပါဘူး။ ဒီစာအုပ်မှာတော့ စာရေးသူ အလင်းဆက် (IR) က တရုတ်နဲ့ အိန္ဒိယ ဘီလျံနာ ၂၅ ဦးရဲ့ ဘဝအကြောင်းအရာတွေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေအကြောင်း ပြုစုရေးသားထားပါတယ်။

၅။ ရေတိမ်နစ်တဲ့မြစ်
စာရေးသူ - ဒေါက်တာဇော်မြင့်နီ

မိသားစုချင်းခင်တွယ်ကြသလို၊ တန်ဖိုးထားကြသလို ရေ၊ မြေ၊ လေ၊ ဇီဝထုအပေါ်မှာ တန်ဖိုးထား စောင့်ရှောက်ရမယ့် နေ့တစ်နေ့ကို ရောက်လာမှာဖြစ်တယ်လို့ စာရေးသူက ဆိုပါတယ်။ ရေ၊ မြေ၊ လေ၊ ဇီဝထုမရှိရင် ငါတို့လည်း အသက်မရှင်နိုင်ဘူးဆိုတဲ့ အသိရှိလာတဲ့အခါ ကိုယ့်အဖော်မွန်လို၊ မိသားစုလိုကာကွယ်လာကြမယ်လို့ ဆိုပါတယ်။ ဇီဝမျိုးနွယ်များထိန်းသိမ်းရေး၊ လေထုညစ်ညမ်းခြင်း၊ အဆိပ်သင့်ပစ္စည်းများနဲ့ ရေကြီးရေလျှံခြင်း အကြောင်းအရာတွေကို သုံးသပ်ရေးသားထားတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆောင်းပါးတွေ ပါဝင်ပါတယ်။

၆။ နားမကြားနိုင်ငံတော်
မြန်မာပြန် - သူရိန်ဝင်း

ယခင်ဆိုဗီယက်ပြည်ထောင်စုမှာ မွေးဖွားခဲ့တဲ့ ကဗျာဆရာ အီလျာကာမင်းစကီးဟာ သူ့အတွေ့အကြုံတွေကို အခြေခံပြီး အာဏာရှင်ကို ဖီဆန်တော်လှန်တဲ့ ကဗျာစုတွေဖြစ်တဲ့ ``နားမကြားနိုင်ငံတော်´´ ကို
ရေးဖွဲ့ထားပါတယ်။ ``ဗဆင်ကာ´´ ဆိုတဲ့ စိတ်ကူးယဉ်မြို့တစ်မြို့ကို နောက်ခံထားပြီး အချစ်နဲ့ စစ်အကြောင်းဖွင့်ဆိုထားတဲ့ ဒီစာအုပ်ကို ပါဝင်တဲ့ ဇာတ်ကောင်တွေရဲ အမည်တွေနဲ့ စဖွင့်ထားပါတယ်။

၇။ ကြယ်တွေကြွေနေတဲ့ ကောင်းကင်
စာရေးသူ - ညီလင်းနိုင်

မလေးရှားနိုင်ငံက နာမည်ကျော် စွန်ဂိုင်းဘလို့ထောင်၊ ကာဂျန်းထောင်နဲ့ လင်းဂင်းန်ကမ့်အတွင်းက ပြည်ပရောက်အလုပ်သမားတွေရဲ့ ထောင်တွင်း ဖြစ်ရပ်မှန်တွေကို မလေးရှားမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့ စာရေးသူက မှတ်တမ်းတင် ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။

၈။ နုပျိုစွာ အသက်ရှည်ပါ
စာရေးသူ - အောင်ဝင်း (စိတ်ပညာ)

ဆေးပညာပါရဂူတွေ၊ သုတေသနပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်၊ လမ်းညွှန်ချက်တွေ အပါအဝင် စာရေးသူရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ စုစည်းပြုစုထားတဲ့ နုပျိုကျန်းမာ အသက်ရှည်နည်းတွေ ပါဝင်ပါတယ်။

၉။ ကမ္ဘာကျော်တို့၏ အောင်မြင်ရေးအတွေးစကားများ
စာရေးသူ - ကောင်းသန့်

စာတစ်ကြောင်း၊ စကားတစ်ခွန်းဟာ လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲစေနိုင်ပါတယ်။ ဒီစာအုပ်မှာ ပညာရှင်တွေရဲ့ ကမ္ဘာကျော် အဆိုအမိန့်တွေ၊ မြန်မာပညာကျော်တွေရဲ့ အဆုံးအမစကားတွေကို ကာတွန်းသရုပ်ဖော် ပုံနဲ့အတူ စာရေးသူရဲ့ အတွေးအမြင်ကိုပါ ဖြည့်စွက်ကာ ဖော်ပြထားပါတယ်။

Source; Today Book Store
My Mandalay


Read 176 times Last modified on Wednesday, 25 March 2020 16:49
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.