Wednesday, 25 March 2020 15:22

5e6a696554f25c672967bb55_1.jpg

 

လက္တေလာမွာ ကိုရုိနာဗုိင္းရပ္ေၾကာင့္ ပြဲလမ္းသဘင္ေတြရပ္နားျခင္း၊ တကၠသိုလ္စာေမးပြဲေတြရပ္နားျခင္းေတြ ျပဳလုပ္ေနၿပီး ရံုးသမားေတြဆုိရင္လဲ ရံုးမတက္ေတာ့ပဲ ( Wrok From Home ) မိမိအိမ္ကေနပဲ အလုပ္ေတြကို လုပ္ကိုင္ေနၾကပါၿပီ။

အခုေျပာခ်င္တာကေတာ့ ရံုးမတက္ပဲ Wrok From Home လုပ္တဲ့ သူေတြအတြက္ပါ။ တခ်ိဳ႕ေတြက ရံုးမတက္ပဲ ကိုယ့္အိမ္မွာပဲ အလုပ္လုပ္ရတာဟာ သက္ေသာင့္သက္သာရွိၿပီး အဆင္ေျပလိမ့္မယ္လုိ႔ ထင္ေနတက္ၾကပါတယ္။ တကယ္တမ္းေတာ့ Wrok From Home လုပ္ျခင္းဟာ ရံုးမွာလုပ္ရတာထက္ စိတ္ဖိစီးမႈပုိမ်ားေစပါတယ္။ ဒီစိတ္ဖိစီးမႈေတြကို ေက်ာ္လႊားႏုိင္ဖုိ႔အတြက္ လုိအပ္တဲ့အခ်က္ေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္။

၁။ အျပဳသေဘာ ေဆာင္စြာေတြးပါ

တစ္ခါတစ္ေလ အိမ္မွာမို႔ အသံေတြ ဆူညံေနတာ၊ ကေလးေတြ ေဆာ့ကစားေနတာ၊ လူႀကီးတေယာက္ေယာက္က တစ္ခုခုထခိုင္းလိုက္တာမ်ိဳးေတြ မလြဲမေသြ ၾကဳံဆုံရနိုင္ပါတယ္။ ဒီလို အေျခအေနေတြမွာ အလုပ္မ်ားေနရင္ ေသခ်ာေပါက္ စိတ္ဆိုးတာ၊ ေဒါသထြက္တာေတြ ျဖစ္လာမွာပါ။ ဒါမ်ိဳးျဖစ္မလာေစဖို႔ဆိုရင္ ကိစၥတိုင္းကို အျပဳသေဘာေဆာင္စြာနဲ႔ ေတြးေပးဖို႔ လိုအပ္ပါတယ္။ ဒီလိုေတြးေပးျခင္းအားျဖင့္ စိတ္ဖိစီးမႈ၊ ေဒါသနဲ႔ ပူပင္ေသာကေတြကို နည္းပါးေစပါလိမ့္မယ္။

၂။ တစ္ေယာက္တည္း ျဖစ္မေနပါေစနဲ႔

႐ုံးက လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ပဲျဖစ္ျဖစ္၊ အိမ္က အိမ္သားေတြနဲ႔ပဲျဖစ္ျဖစ္၊ အျပင္က သူငယ္ခ်င္းေတြနဲ႔ပဲျဖစ္ျဖစ္ အဆက္အဆံမျပတ္ပါေစနဲ႔။ “ငါ အိမ္မွာ အလုပ္လုပ္ေနတာ ဘယ္သူမွ မေႏွာင့္ယွက္ၾကနဲ႔” ဆိုၿပီး အခန္းပိတ္ေနတာက တကယ္တမ္းအားျဖင့္ စိတ္ဖိစီးမႈပိုမ်ားေစပါတယ္။ အလုပ္လုပ္ရင္း ပတ္ဝန္းက်င္နဲ႔ Connection ေလးတစ္ခုထားရင္းေနတာက ကိုယ့္အလုပ္ကိုလည္း မထိခိုက္သလို ပိုၿပီးလည္း စိတ္သက္ေသာင့္သက္သာျဖစ္ေစမွာပါ။

Read More>>>ကိုရုိနာဗိုင္းရပ္စ္ေၾကာင့္ အိမ္ထဲမွာပဲေနရမယ္ဆုိရင္ အက်ိဳးရွိေအာင္ဘာေတြလုပ္ၾကမလဲ

၃။ အေကာင္းဆုံး လမ္းေၾကာင္းကို ေရြးခ်ယ္ထားပါ

ပုံမွန္အားျဖင့္ေတာ့ အိမ္မွာ အလုပ္လုပ္တယ္ဆိုေပမယ့္ အလုပ္ခ်ိန္အတိုင္း လုပ္ျဖစ္ၾကရတာမ်ားပါတယ္။ ဒါေပမယ့္ အိမ္မွာေနေနခ်ိန္မွာ အလုပ္ထဲမွာလို တေနကုန္ တေနခမ္း ထိုင္ေနလို႔ရနိုင္ေလာက္တဲ့ ပတ္ဝန္းက်င္မ်ိဳးရွိဖို႔ မလြယ္ကူပါဘူး။ ဒါေၾကာင့္ ဘယ္အခ်ိန္ထမယ္၊ ဘယ္အခ်ိန္ မနက္စာစားမယ္၊ ဘယ္အခ်ိန္မွာ ဘာလုပ္မယ္၊ ဘယ္အခ်ိန္မွာနားမယ္၊ အလုပ္ေတြကို ဘယ္အခ်ိန္ လက္စသတ္မယ္၊ ဘယ္သူေတြနဲ႔ ဘယ္အခ်ိန္စကားေျပာမယ္၊ Video Call မိတင္ေတြကို ဘယ္မွာလုပ္မယ္ဆိုတာမ်ိဳးေတြ ေသခ်ာ သတ္မွတ္ထားဖို႔ လိုအပ္ပါတယ္။ ဒါမွသာ အလုပ္လည္းတြင္၊ လူလည္း မပင္ပန္း၊ စိတ္လည္းခ်မ္းသာမွာပါ။

၄။ မၾကာခန နားပါ

႐ုံးမွာလို တထိုင္တည္း အလုပ္ေတြ ထိုင္လုပ္ေနဖို႔ အဆင္ေျပခ်င္မွ ေျပမွာပါ။ ဒီေတာ့ အလုပ္ေတြကို ခနခန အခ်ိန္နည္းနည္းစီနားၿပီး သက္ေသာင့္သက္သာလုပ္ပါ။ ေနအိမ္အျပင္အဆင္၊ ရာသီဥတုနဲ႔ မိသားစု ပတ္ဝန္းက်င္ေတြေၾကာင့္ တစ္ထိုင္တည္း အလုပ္ကို ကုန္း႐ုန္းလုပ္ေနတာက ကိုယ့္အတြက္ စိတ္ပင္ပန္းမႈပိုရေစနိုင္ပါတယ္။

၅။ ပတ္ဝန္းက်င္ကို ေလ့လာပါ၊ ၿပီးမွ ေျပာပါ

တစ္ခ်ိဳ႕ေတြအတြက္ ေနအိမ္ပတ္ဝန္းက်င္ဟာ လုပ္ေဖာ္ကိုင္ဖက္ေတြကို မသိေစခ်င္ၾကပါဘူး။ ဒါမွမဟုတ္ အိမ္က ဆူညံမႈေတြ၊ ရႈပ္ေထြးၿပီး အဆင္မေျပျဖစ္ေနမႈေတြေၾကာင့္ စိတ္အေႏွာင့္အယွက္ မျဖစ္ခ်င္ၾကပါဘူး။ ဒီလို အေျခအေနေတြကို ေရွာင္လြဲဖို႔ဆိုရင္ ကိုယ့္ပတ္ဝန္းက်င္ကို ႀကိဳတင္ေလ့လာပါ၊ အိမ္ကလူေတြကို အေျခအေနကို ေသခ်ာေျပာဆိုပါ၊ ၿပီးမွ စကားေျပာပါ။ သတိေပးခ်က္ေတြအရေတာ့ အိမ္မွာအလုပ္လုပ္တဲ့လူေတြအမ်ားဆုံး စိတ္ဖိစီးမႈဝင္ေစတဲ့ကိစၥက သူတို႔ဆီကို ႐ုတ္တရက္ Video Call ေတြ ဝင္လာခ်ိန္ေတြမွာျဖစ္ပါတယ္တဲ့။

>>>>ဝက္ဘ္ဆိုက္ဝန္ေဆာင္မႈလုပ္ငန္းမ်ား (9)ရဲ႕လိပ္စာနဲ႔ ဇုန္းနံပါတ္မ်ား

၆။ သတင္းဆိုးေတြကို တတ္နိုင္သမၽွ ေရွာင္ပါ

သတင္းဆိုးေတြဆိုတာ ႀကိဳတင္ အသိေပးၿပီး ေရာက္လာတတ္တာေတြ မဟုတ္တာမွန္ေပမယ့္ တခ်ိဳ႕အေျခအေနေတြမွာေတာ့ ေရွာင္ဖယ္လုိ႔ရနိုင္တာေတြ ရွိပါတယ္။ အလုပ္ခ်ိန္လို႔ သတ္မွတ္ထားတဲ့ အခ်ိန္အတြင္း လူမႈကြန္ယက္သုံးတာ သတင္းေတြဖတ္တာေတြက ေလၽွာ့တာေတြ လုပ္လိုက္မယ္ဆိုရင္ သတင္းဆိုးေတြ ၾကဳံရနိုင္ေခ်နည္းပါးသြားပါလိမ့္မယ္။ သတင္းဆိုးေတြေၾကာင့္ အခ်ိန္ကုန္သလို လူလည္းစိတ္ပင္ပန္းရတာမို႔ အိမ္မွာ အလုပ္လုပ္ခ်ိန္မွာ ပိုၿပီး အာ႐ုံေထြျပားနိုင္ေစတယ္လို႔ စိတ္ပညာရွင္ေတြက သတိေပးထားၾကပါတယ္။

၇။ Clients နဲ႔ ကိုယ္နဲ႔အၾကားမွာ တိက်တဲ့ စည္းရွိပါေစ

Client ေတြကို အလိုလိုက္ရတာ၊ အျငင္းပြားရတာေတြက ဝန္ထမ္းေတြအတြက္ မျဖစ္မေန ေရွာင္လႊဲရခက္တဲ့ ကိစၥျဖစ္ပါတယ္။ ဒါက ႐ုံးမွာေတာင္ စိတ္မသက္မသာျဖစ္ေစရတဲ့ အေျခအေနမ်ိဳးပါ။ ကိုယ့္အိမ္မွာ ကိုယ့္မိသားစုဝင္ေတြ ေရွ႕မွာဆို ပိုၿပီး ေနရ ေျပာရ ခက္နိုင္ပါတယ္။ ဒီေတာ့ အေျခအေနတစ္ခု စည္းတစ္ခုသတ္မွတ္ၿပီးထားပါ။ ေနအိမ္ကေန အလုပ္လုပ္ေနရတာမို႔ Email နဲ႔ပဲ ဆက္သြယ္ပါတို႔၊ ဘယ္အခ်ိန္နဲ႔ ဘယ္အခ်ိန္ၾကားပဲ ဖုန္းနဲ႔ ေျပာဆိုဆက္သြယ္ၾကမယ္တို႔ ဆိုတာမ်ိဳးေပါ့။ ေနာက္ၿပီး No လို႔ ျငင္းပယ္ရမွာကိုလည္း မေၾကာက္ပါနဲ႔။
ခုေဖာ္ျပခဲ့တဲ့ နည္းလမ္းေတြဟာ Work from Home အျဖစ္နဲ႔ ေနအိမ္မွာ အလုပ္ေတြ လုပ္ကိုင္ေနၾကရသူေတြသာမက Outsourcing အေနနဲ႔ ေနအိမ္မွာပဲ ေနထိုင္ကာ အလုပ္လုပ္ေနသူေတြအတြက္ပါ အဆင္ေျပေစမယ့္ နည္လမ္းေတြျဖစ္ပါတယ္။

Source; Hello Doctor
My Mandalay

 

Zawgyi

 

လက်တလောမှာ ကိုရိုနာဗိုင်းရပ်ကြောင့် ပွဲလမ်းသဘင်တွေရပ်နားခြင်း၊ တက္ကသိုလ်စာမေးပွဲတွေရပ်နားခြင်းတွေ ပြုလုပ်နေပြီး ရုံးသမားတွေဆိုရင်လဲ ရုံးမတက်တော့ပဲ ( Wrok From Home ) မိမိအိမ်ကနေပဲ အလုပ်တွေကို လုပ်ကိုင်နေကြပါပြီ။ အခုပြောချင်တာကတော့ ရုံးမတက်ပဲ Wrok From Home လုပ်တဲ့ သူတွေအတွက်ပါ။ တချို့တွေက ရုံးမတက်ပဲ ကိုယ့်အိမ်မှာပဲ အလုပ်လုပ်ရတာဟာ သက်သောင့်သက်သာရှိပြီး အဆင်ပြေလိမ့်မယ်လို့ ထင်နေတက်ကြပါတယ်။ တကယ်တမ်းတော့ Wrok From Home လုပ်ခြင်းဟာ ရုံးမှာလုပ်ရတာထက် စိတ်ဖိစီးမှုပိုများစေပါတယ်။ ဒီစိတ်ဖိစီးမှုတွေကို ကျော်လွှားနိုင်ဖို့အတွက် လိုအပ်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အပြုသဘော ဆောင်စွာတွေးပါ

တစ်ခါတစ်လေ အိမ်မှာမို့ အသံတွေ ဆူညံနေတာ၊ ကလေးတွေ ဆော့ကစားနေတာ၊ လူကြီးတယောက်ယောက်က တစ်ခုခုထခိုင်းလိုက်တာမျိုးတွေ မလွဲမသွေ ကြုံဆုံရနိုင်ပါတယ်။ ဒီလို အခြေအနေတွေမှာ အလုပ်များနေရင် သေချာပေါက် စိတ်ဆိုးတာ၊ ဒေါသထွက်တာတွေ ဖြစ်လာမှာပါ။ ဒါမျိုးဖြစ်မလာစေဖို့ဆိုရင် ကိစ္စတိုင်းကို အပြုသဘောဆောင်စွာနဲ့ တွေးပေးဖို့ လိုအပ်ပါတယ်။ ဒီလိုတွေးပေးခြင်းအားဖြင့် စိတ်ဖိစီးမှု၊ ဒေါသနဲ့ ပူပင်သောကတွေကို နည်းပါးစေပါလိမ့်မယ်။

၂။ တစ်ယောက်တည်း ဖြစ်မနေပါစေနဲ့

ရုံးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲဖြစ်ဖြစ်၊ အိမ်က အိမ်သားတွေနဲ့ပဲဖြစ်ဖြစ်၊ အပြင်က သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အဆက်အဆံမပြတ်ပါစေနဲ့။ “ငါ အိမ်မှာ အလုပ်လုပ်နေတာ ဘယ်သူမှ မနှောင့်ယှက်ကြနဲ့” ဆိုပြီး အခန်းပိတ်နေတာက တကယ်တမ်းအားဖြင့် စိတ်ဖိစီးမှုပိုများစေပါတယ်။ အလုပ်လုပ်ရင်း ပတ်ဝန်းကျင်နဲ့ Connection လေးတစ်ခုထားရင်းနေတာက ကိုယ့်အလုပ်ကိုလည်း မထိခိုက်သလို ပိုပြီးလည်း စိတ်သက်သောင့်သက်သာဖြစ်စေမှာပါ။

၃။ အကောင်းဆုံး လမ်းကြောင်းကို ရွေးချယ်ထားပါ

ပုံမှန်အားဖြင့်တော့ အိမ်မှာ အလုပ်လုပ်တယ်ဆိုပေမယ့် အလုပ်ချိန်အတိုင်း လုပ်ဖြစ်ကြရတာများပါတယ်။ ဒါပေမယ့် အိမ်မှာနေနေချိန်မှာ အလုပ်ထဲမှာလို တနေကုန် တနေခမ်း ထိုင်နေလို့ရနိုင်လောက်တဲ့ ပတ်ဝန်းကျင်မျိုးရှိဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် ဘယ်အချိန်ထမယ်၊ ဘယ်အချိန် မနက်စာစားမယ်၊ ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဘယ်အချိန်မှာနားမယ်၊ အလုပ်တွေကို ဘယ်အချိန် လက်စသတ်မယ်၊ ဘယ်သူတွေနဲ့ ဘယ်အချိန်စကားပြောမယ်၊ Video Call မိတင်တွေကို ဘယ်မှာလုပ်မယ်ဆိုတာမျိုးတွေ သေချာ သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ အလုပ်လည်းတွင်၊ လူလည်း မပင်ပန်း၊ စိတ်လည်းချမ်းသာမှာပါ။

၄။ မကြာခန နားပါ

ရုံးမှာလို တထိုင်တည်း အလုပ်တွေ ထိုင်လုပ်နေဖို့ အဆင်ပြေချင်မှ ပြေမှာပါ။ ဒီတော့ အလုပ်တွေကို ခနခန အချိန်နည်းနည်းစီနားပြီး သက်သောင့်သက်သာလုပ်ပါ။ နေအိမ်အပြင်အဆင်၊ ရာသီဥတုနဲ့ မိသားစု ပတ်ဝန်းကျင်တွေကြောင့် တစ်ထိုင်တည်း အလုပ်ကို ကုန်းရုန်းလုပ်နေတာက ကိုယ့်အတွက် စိတ်ပင်ပန်းမှုပိုရစေနိုင်ပါတယ်။

၅။ ပတ်ဝန်းကျင်ကို လေ့လာပါ၊ ပြီးမှ ပြောပါ

တစ်ချို့တွေအတွက် နေအိမ်ပတ်ဝန်းကျင်ဟာ လုပ်ဖော်ကိုင်ဖက်တွေကို မသိစေချင်ကြပါဘူး။ ဒါမှမဟုတ် အိမ်က ဆူညံမှုတွေ၊ ရှုပ်ထွေးပြီး အဆင်မပြေဖြစ်နေမှုတွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်ချင်ကြပါဘူး။ ဒီလို အခြေအနေတွေကို ရှောင်လွဲဖို့ဆိုရင် ကိုယ့်ပတ်ဝန်းကျင်ကို ကြိုတင်လေ့လာပါ၊ အိမ်ကလူတွေကို အခြေအနေကို သေချာပြောဆိုပါ၊ ပြီးမှ စကားပြောပါ။ သတိပေးချက်တွေအရတော့ အိမ်မှာအလုပ်လုပ်တဲ့လူတွေအများဆုံး စိတ်ဖိစီးမှုဝင်စေတဲ့ကိစ္စက သူတို့ဆီကို ရုတ်တရက် Video Call တွေ ဝင်လာချိန်တွေမှာဖြစ်ပါတယ်တဲ့။

၆။ သတင်းဆိုးတွေကို တတ်နိုင်သမျှ ရှောင်ပါ

သတင်းဆိုးတွေဆိုတာ ကြိုတင် အသိပေးပြီး ရောက်လာတတ်တာတွေ မဟုတ်တာမှန်ပေမယ့် တချို့အခြေအနေတွေမှာတော့ ရှောင်ဖယ်လို့ရနိုင်တာတွေ ရှိပါတယ်။ အလုပ်ချိန်လို့ သတ်မှတ်ထားတဲ့ အချိန်အတွင်း လူမှုကွန်ယက်သုံးတာ သတင်းတွေဖတ်တာတွေက လျှော့တာတွေ လုပ်လိုက်မယ်ဆိုရင် သတင်းဆိုးတွေ ကြုံရနိုင်ချေနည်းပါးသွားပါလိမ့်မယ်။ သတင်းဆိုးတွေကြောင့် အချိန်ကုန်သလို လူလည်းစိတ်ပင်ပန်းရတာမို့ အိမ်မှာ အလုပ်လုပ်ချိန်မှာ ပိုပြီး အာရုံထွေပြားနိုင်စေတယ်လို့ စိတ်ပညာရှင်တွေက သတိပေးထားကြပါတယ်။

၇။ Clients နဲ့ ကိုယ်နဲ့အကြားမှာ တိကျတဲ့ စည်းရှိပါစေ

Client တွေကို အလိုလိုက်ရတာ၊ အငြင်းပွားရတာတွေက ဝန်ထမ်းတွေအတွက် မဖြစ်မနေ ရှောင်လွှဲရခက်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါက ရုံးမှာတောင် စိတ်မသက်မသာဖြစ်စေရတဲ့ အခြေအနေမျိုးပါ။ ကိုယ့်အိမ်မှာ ကိုယ့်မိသားစုဝင်တွေ ရှေ့မှာဆို ပိုပြီး နေရ ပြောရ ခက်နိုင်ပါတယ်။ ဒီတော့ အခြေအနေတစ်ခု စည်းတစ်ခုသတ်မှတ်ပြီးထားပါ။ နေအိမ်ကနေ အလုပ်လုပ်နေရတာမို့ Email နဲ့ပဲ ဆက်သွယ်ပါတို့၊ ဘယ်အချိန်နဲ့ ဘယ်အချိန်ကြားပဲ ဖုန်းနဲ့ ပြောဆိုဆက်သွယ်ကြမယ်တို့ ဆိုတာမျိုးပေါ့။ နောက်ပြီး No လို့ ငြင်းပယ်ရမှာကိုလည်း မကြောက်ပါနဲ့။
ခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေဟာ Work from Home အဖြစ်နဲ့ နေအိမ်မှာ အလုပ်တွေ လုပ်ကိုင်နေကြရသူတွေသာမက Outsourcing အနေနဲ့ နေအိမ်မှာပဲ နေထိုင်ကာ အလုပ်လုပ်နေသူတွေအတွက်ပါ အဆင်ပြေစေမယ့် နည်လမ်းတွေဖြစ်ပါတယ်။

Source; Hello Doctor
My Mandalay


Read 135 times
Rate :
(8 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.