Wednesday, 25 March 2020 14:39
191004-think-working-remote-se-640p_55671dfe9da3e0f7482fed9a1cbc136a_1.jpg
Read More>>>ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ရက်အလိုက် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါလက္ခဏာများ
၂။ New TV Show ကြည့်ပါ
၃။ အခန်းရှင်းပါ
>>>ဆန်စက်များ (67)ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များ
Source; Akhayar
My Mandalay
Zawgyi
ကိုရိုနာဗိုင်းရပ်စ်ဟာ လူများတဲ့နေရာတွေမှာ ပိုပြီးကူးစပ်နိုင်တာကြောင့် မိမိအိမ်မှာနေခြင်းဟာ အလုံခြုံဆုံးဖြစ်တာလို့ တက်နိုင်သလောက် အပြင်မထွက်ပဲနေသင့်ပါတယ်။ ဒီလို အိမ်ထဲမှာနေတဲ့အခါ ပျင်းစရာမကောင်းပဲ အချိန်ကိုအကျိုးရှိရှိအသုံးချနိုင်ဖို့အတွက် အသုံးဝင်မယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဟင်းချက်နည်းအသစ်တွေ စမ်းကြည့်ပါ
အပြင်လည်း မထွက်ရဘူး။ စားချင်တဲ့ အစားအသောက်တွေကိုလည်း အပြင်ထွက်စားလို့လည်း အဆင်မပြေဘူးဆိုရင် ကိုယ်စားချင်တဲ့ အစားအသောက်လေးကို YouTube , Facebook ကိုပဲ အားကိုးလိုက်ကြပါ။ အထားခံတဲ့အစားစာတွေကို ဘယ်လိုချက်ပြီးစားမလဲဆိုတာ ရှာဖွေလိုက်ပါ။ အစားအသောက်စားခြင်းကလည်း သင့်ကိုစိတ်ကျေနပ်မှုပေးနိုင်ပါတယ်။
၂။ New TV Show ကြည့်ပါ
အလုပ်တွေရှပ်နေလို့ TV မကြည့်ဖြစ်ဘူး၊ ဖုန်းနဲ့ပဲ အချိန်ကုန်ဖြစ်နေတယ်ဆိုရင် TV ကို ပြန်ဖွင့်ပြီးကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ့်မလုပ်ဖြစ်တာကြာတဲ့အရာတစ်ခုကို ပြန်လုပ်ကြည့်ရင် စိတ်ကျေနပ်မှုတစ်ခုလေရပြီတော့ ရီရတဲ့ Channel တွေကို ပိုကြည့်ပေးသင့်ပါတယ်။
၃။ အခန်းရှင်းပါ
ကိုရိုနာရောဂါကာကွယ်ဖို ့လက်သေချာဆေးဖို့ တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ဖို ့ကျန်းမာရေးအဖွဲ့အစည်းတွေက ထပ်ခါတလဲလဲသတိပေးထားပါတယ်။ ဒီလို အခြေအနေဆိုးတွေ ရောက်နေတဲ့အချိန်ဆိုရင် စိတ်တွေကအရမ်းမွန်းကြပ်နေတဲ့ အချိန်မျိုးပေါ့နော်။ ကိုယ့်ရဲ့အခန်းလေးကို အရင်ရှင်းလိုက်ပါ။ ကိုယ့်ပတ်ဝန်းကျင်က ရှင်းလင်းနေဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် အိမ်ကို သန့်ရှင်းရေးလုပ်လိုက်ပါ။ အိမ်ကသန့်ရှင်းနေရင်ရောဂါတွေ မကူးနိုင်သလို စိတ်လည်းရှင်းပါတယ်။
၄။ အပြင်ကိုမဖြစ်မနေသွားမှရမယ်ဆိုရင် Mask တပ်ပါ
Mask တပ်ပါ။ လက်ခဏခဏဆေးပေးပါ။ ကိုယ့်ခန္ဓာအားရှိစေတဲ့ အစားအသောက်တွေ စားပေးပါ။ Hand Gel (လက်သန့်ဆေးရည်) တွေကို ကိုယ်နဲ့မကွာဆောင်ထားပါ။ လူစုလူဝေးရှိတဲ့နေရာတွေကို အဓိကရှောင်ပါ။
၅။ အနာဂတ်အတွက်ပြင်ဆင်ပါ
လူသန်းချီပြီးသေစေခဲ့တဲ့ ပထမကမ္ဘာစစ်က စပိန်ငှက်ဖျားတို့ အလယ်ခေတ်က မဟာပုလိပ်ရောဂါကပ်ကြီးတို့လည်း အမြဲရှိမနေခဲ့ပါဘူး။ ရောဂါပျောက်သွားရင် ကျန်ခဲ့တဲ့သူတွေက ဖြစ်ခဲ့တာတွေကိုထားပြီး ရှေ့ဆက်ရတာပါပဲ။ အဖြစ်အပျက်တွေက အချိန်တိုလေးအတွင်းမှာ ဖြစ်သွားတယ်ဆိုပေမယ့်လည်း ကိုယ်အနာဂတ်ကတေ ာ့သေဆုံးသွားမှာ မဟုတ်ပါဘူး။ ရှေ့ဆက်ရအုံးမှာပါ။ အခန်းတွင်း၊ အိမ်းတွင်းအောင်းနေတဲ့အချိန်မျိုးတွေမှာ ကိုယ့်အနာဂတ်အတွက် ဘယ်လိုပြင်ဆင်ထားမလဲ။ ဘယ်လို့လေ့လာသင်ယူနေမလဲဆိုတာ အားလုံးငြိမ်ပြီး ကပ်ဆိုးကြီးကနေ လွတ်မြောက်သွားတဲ့အချိန်ကျရင် ကိုယ်ကသူများထက် ခြေတစ်လှမ်းသာနေသူ ဖြစ်နေမှာပါ။
Source; Akhayar
My Mandalay
Read 342 times
Rate :
(3 votes)
Related items
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.