Wednesday, 25 March 2020 11:36

Banks and ATM

၂၀၂၀ ျပည့္ႏွစ္၊ မတ္လ ၂၃ ရက္ေန႔ညတြင္ ျမန္မာႏိုင္ငံ၌ COVID-19 အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါရွိသူ (၂)ဦး ေတြ႕ရွိခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ပိုင္း ဘဏ္မ်ားႏွင့္ ဆက္သြယ္ေဆာင္႐ြက္သူ ျပည္သူမ်ားအေနျဖင့္ ဘဏ္မ်ားမွ ပုံမွန္ထက္ပိုမို၍ ေငြသားလာေရာက္ထုတ္ယူမႈမ်ားရွိေၾကာင္း ေတြ႕ရွိရပါသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သည္ ျမန္မာႏိုင္ငံ၏ ဘဏ္လုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕စြာ လည္ပတ္ႏိုင္ေရးအတြက္ ႀကီးၾကပ္လ်က္ရွိရာ မည္သည့္အေျခအေနတြင္ျဖစ္ေစ ဘဏ္လုပ္ငန္းမ်ား စဥ္ဆက္မျပတ္ လည္ပတ္ေဆာင္႐ြက္ႏိုင္ေရးအတြက္ ေဆာင္႐ြက္သြားရန္ အစီအမံမ်ားထားရွိထားပါသည္။

Read More>>> ဗဟိုဘဏ္မွ ဘဏ္အတိုးႏႈန္းမ်ားကို ထပ္မံ ေလွ်ာ့ခ်မည္

ဘဏ္လုပ္ငန္းမ်ား စဥ္ဆက္မျပတ္ လည္ပတ္ေဆာင္႐ြက္ႏိုင္ရန္ အစီအမံမ်ားႀကိဳတင္ျပဳလုပ္ၾကရန္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သည္ ၁၃-၃-၂၀၂၀ ရက္ေန႔ကတည္းက ဘဏ္မ်ားအားလုံးသို႔ ၫႊန္ၾကားထားၿပီးျဖစ္ပါသည္။

ဘဏ္မ်ားအားလုံးသည္ မည္သည့္အေျခအေနတြင္ျဖစ္ေစ ဘဏ္မ်ားႏွင့္ ဆက္သြယ္ေဆာင္႐ြက္သူျပည္သူမ်ားအား ေငြထုတ္ေပးျခင္းအပါအဝင္ ေန႔စဥ္ ပုံမွန္ဝန္ေဆာင္မႈလုပ္ငန္းမ်ားကို ဘဏ္ဖြင့္ရက္မ်ားအတိုင္း ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သည္ အမ်ားျပည္သူတို႔ ေငြေပးေခ်မႈမ်ားကို အဆင္ေျပစြာေဆာင္႐ြက္ႏိုင္ေစရန္ မိုဘိုင္း ေငြေရးေၾကးေရးဝန္ေဆာင္မႈလုပ္ငန္းမ်ားကို ေငြလႊဲေငြပို႔ျခင္းမ်ားအတြက္ ပုံမွန္ထက္ ပမာဏတိုးျမႇင့္ ေဆာင္႐ြက္ခြင့္ျပဳထားပါသည္။

Read More>>> ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရရင္ ရက္အလိုက္ ျဖစ္ေပၚလာနိုင္တဲ့ ေရာဂါလကၡဏာမ်ား

ဘဏ္မ်ားကိုလည္း ဘဏ္ခြဲမ်ားတြင္သာမက အလိုအေလွ်ာက္ ေငြထုတ္စက္ (Automated Teller Machine - ATM) မ်ားတြင္လည္း အခ်ိန္မေ႐ြး ေငြမျပတ္ထုတ္ယူႏိုင္ေရး စီစဥ္ထားရွိရန္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္မွ ၫႊန္ၾကားထားပါေၾကာင္း အသိေပးအပ္ပါသည္။

90057944 2691624237553670 7106738645020704768 n

### Zawgyi Code

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဘဏ်နှင့် ATM စက်များတွင် ငွေသားထုတ်ယူမှု ပုံမှန်ထက်ပိုမိုဆောင်ရွက်ပေးရန် ညွန်ကြားထား

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့ညတွင် မြန်မာနိုင်ငံ၌ COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူ (၂)ဦး တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက်သူ ပြည်သူများအနေဖြင့် ဘဏ်များမှ ပုံမှန်ထက်ပိုမို၍ ငွေသားလာရောက်ထုတ်ယူမှုများရှိကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ကြီးကြပ်လျက်ရှိရာ မည်သည့်အခြေအနေတွင်ဖြစ်စေ ဘဏ်လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် အစီအမံများထားရှိထားပါသည်။

ဘဏ်လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်ဆောင်ရွက်နိုင်ရန် အစီအမံများကြိုတင်ပြုလုပ်ကြရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၁၃-၃-၂၀၂၀ ရက်နေ့ကတည်းက ဘဏ်များအားလုံးသို့ ညွှန်ကြားထားပြီးဖြစ်ပါသည်။

ဘဏ်များအားလုံးသည် မည်သည့်အခြေအနေတွင်ဖြစ်စေ ဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက်သူပြည်သူများအား ငွေထုတ်ပေးခြင်းအပါအဝင် နေ့စဉ် ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းများကို ဘဏ်ဖွင့်ရက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အများပြည်သူတို့ ငွေပေးချေမှုများကို အဆင်ပြေစွာဆောင်ရွက်နိုင်စေရန် မိုဘိုင်း ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို ငွေလွှဲငွေပို့ခြင်းများအတွက် ပုံမှန်ထက် ပမာဏတိုးမြှင့် ဆောင်ရွက်ခွင့်ပြုထားပါသည်။

ဘဏ်များကိုလည်း ဘဏ်ခွဲများတွင်သာမက အလိုအလျှောက် ငွေထုတ်စက် (Automated Teller Machine - ATM) များတွင်လည်း အချိန်မရွေး ငွေမပြတ်ထုတ်ယူနိုင်ရေး စီစဉ်ထားရှိရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ညွှန်ကြားထားပါကြောင်း အသိပေးအပ်ပါသည်။


Read 158 times Last modified on Wednesday, 25 March 2020 11:49
Rate :
(10 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.