Wednesday, 25 March 2020 11:11
Coronavirus-COVID-19-AP_GB-1-1_1.jpg
(၁)ရက်ကနေ (၃)ရက်အတွင်း
Read More>>>ဘတ်စ်ကားမဖြစ်မနေစီးနေရသူတွေအတွက် ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လိုကာကွယ်မလဲ
( ၄ ) ရက်‌မြောက်နေ့
( ၅ ) ရက်မြောက်နေ့
( ၆ ) ရက်မြောက်နေ့
>>>>ဆေးရုံများ (အစိုးရ) (15)
( ၇ ) ရက်မြောက်နေ
( ၈ ) ရက်မြောက်နေ့
My Mandalay
Zawgyi
လက်ရှိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါတွေ့ရှိသူ (၃)ဦးဖြစ်သွားပြီဆိုတော့ အရမ်းကိုဂရုတစိုက်နဲ့ နေရတော့မယ့်အချိန်ဖြစ်နေပါပြီ။ ဒါကြောင့် ကြိုတင်ကာကွယ်နိုင်ဖို့အတွက် စင်္ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ရက်အလိုက် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါလက္ခဏရပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ် ကူးစက်ခံရရင် ရက်စွဲအလိုက် ခံစားရနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့
(၁)ရက်ကနေ (၃)ရက်အတွင်း
ရိုးရိုးတုပ်ကွေးဖြစ်သလို အဖျားရှိမယ်။ အဖျားငွေ့ငွေ့လေးရှိနေမယ်။ ခေါင်းနည်းနည်းကိုက်မယ်။ လည်ချောင်းနာမယ်။ အစားအသောက်မပျက်ဘူး။ စားနိုင်သောက်နိုင်မယ်။
( ၄ ) ရက်‌မြောက်နေ့
အဖျားငွေ့ငွေ့လေးပဲ ရှိနေဦးမယ်။ လည်ချောင်းနည်းနည်းပိုနာလာမယ်။ အစားအသောက်ပျက်လာမယ်။ ခေါင်းတွေကိုက်လာမယ် ။ ဝမ်းလျှောတာတွေ ဖြစ်လာတတ်ပါတယ် ။
( ၅ ) ရက်မြောက်နေ့
လည်ပင်းတွေ အရမ်းနာလာမယ်။ အစားအသောက်စားရင်တောင် လည်ပင်းနာလာမယ်။ ရေသောက်ရင်တောင် လည်ပင်း နာလာမယ်။ စကားပြောရင်လည်း လည်ပင်းတွေနာလာမယ်။ ခြေထောက်တွေပိုပြီး ကိုက်ခဲလာတယ်။ လူက ညောင်းပြီးတော့ အားနည်းလာမယ်။
( ၆ ) ရက်မြောက်နေ့
အဖျားက ငွေ့ငွေ့လေးပဲရှိနေဦးမယ်။ လည်ချောင်းတွေ အရမ်းနာလာပြီး ချောင်း‌ခြောက်တွေ ဆိုးလာမယ်။ အသက်ရှူရတာခက်ခဲပြီး မောလာမယ်။ ခြေလက်တွေ ပိုပြီးကိုက်ခဲလာမယ်။
( ၇ ) ရက်မြောက်နေ့
အဖျားက 100 ကျော်လာမယ်။ ချောင်းတွေ အရမ်းဆိုးလာမယ်။ သလိပ်တွေ ထွက်လာမယ်။
( ၈ ) ရက်မြောက်နေ့
လူက လုံးဝ အားမရှိတော့သလိုဖြစ်ပြီးတော့ အရမ်းနုံးလာမယ်။ အရမ်းမောလာမယ်။ ရင်ဘတ်တွေ အရမ်းအောင့်လာမယ်။ ခံစားရတဲ့ဝေဒနာတွေ ပိုဆိုးလာမယ်။ ခြေဆစ်လက်ဆစ်တွေ အရမ်းကိုက်ပြီး လည်ပင်းကလည်း အရမ်းနာလာမယ်။ အရေးပေါ် အခြေအနေမှာတော့ ရင်ဘတ်တွေ အရမ်းအောင့်ပြီး မောလာမယ်။ မျက်နာတွေပြာလာမယ်။ မျက်လုံးတွေပြာလာမယ်။ ဒါဆိုရင်တော့ ဆေးရုံအရေးပေါ် သွားဖို့ လိုနေပါပြီ။
ဒီတော့ လူတစ်ယောက်ဟာ ဖျားမယ်၊ ချောင်းဆိုးမယ်၊ မောလာမယ် ဆိုရင်တော့ မဖြစ်မနေ ဆရာဝန်ပြဖို့လိုပါတယ်။ 80% က သူ့ကိုယ်ခံအားစနစ်နဲ့ ခုခံပျောက်ကင်းပြီးတော့ 20% က ရောဂါ ပြင်းထန်တတ်ကြပါတယ်။ ဂရုတစိုက်နဲ့ နေကြပါလို့ အကြံပြုချင်ပါတယ်။
Source; ဒေါက်တာဇင်မင်းထွန်း
My Mandalay
Read 356 times Last modified on Wednesday, 25 March 2020 11:49
Rate :
(10 votes)
Related items
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.