Wednesday, 25 March 2020 11:09

Central bank of myanmar

ႏုိင္ငံေတာ္ ဗဟိုဘဏ္၏ အတုိးနႈန္းကို တစ္ႏွစ္လွ်င္ ၉ ဒသမ ၅ ရာခုိင္နႈန္းမွ ၁ ဒသမ ၀ ရာခုိင္နႈန္းသို႔ ထပ္မံ ေလွ်ာ့ခ်လိုက္ၿပီး ၈ ဒသမ၅ ရာခုိင္ႏႈန္းသုိ႔ ျပင္ဆင္သတ္မွတ္မည္ျဖစ္ေၾကာင္း သိရပါသည္။

ယခင္က ဘဏ္တိုးႏႈန္းကို တစ္ႏွစ္လၽွင္ ၁၀ ရာခိုင္ႏႈန္းဟု သတ္မွတ္ထားခဲ့ၿပီး ယခုအခါ ဝ ဒသမ ၅ရာခိုင္ႏႈန္း တစ္ႀကိမ္၊ ယခု ၁ ဒသမ ၀ ရာခိုင္ႏႈန္းတစ္ႀကိမ္ စုစုေပါင္း တစ္လအတြင္း ႏွစ္ႀကိမ္ေလွ်ာ့ခ်လိုက္ေသာေၾကာင့္ ၈ ဒသမ၅ ရာခုိင္ႏႈန္းျဖစ္သြားကာ ယင္းမွာ ဧၿပီလ ၁ ရက္တြင္ အက်ဳံးဝင္မည္ျဖစ္ေၾကာင္း သိရပါသည္။

Read More>>> မတ္လ (၂၅) ရက္ေန႔ ေနာက္ဆံုးထား၍ မႏၲေလးၿမိဳ႕အနီး ေရတံခြန္ေတာင္ ေဂါက္ကြင္းသြား လမ္းေဘးရွိ ၾကက္ေၾကာ္ဆိုင္မာ်း ဖ်က္သိမ္းရန္ သတိေပးစာ ထုတ္ျပန္ထား

ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း အတိုးႏႈန္းကို ဝ ဒသမ ၅ရာခိုင္ႏႈန္း ေလၽွာ့ခ်ခဲ့စဥ္ အတိုးစတင္ေလၽွာ့ခ်မည့္ရက္ကို ဧၿပီလ ၁ ရက္ဟု ထုတ္ျပန္ခဲ့ေသာ္လည္း မတ္လ ၁၆ ရက္တြင္ စတင္မည္ျဖစ္ေၾကာင္း ျပန္လည္ထုတ္ျပန္ခဲ့ေၾကာင္း သိရပါသည္။

ျပင္ဆင္သတ္မွတ္လိုက္ေသာေၾကာင့္ ေငြစုစာရင္းအပ္ေငြ၊ ေငြစုလက္မွတ္ႏွင့္ အခ်ိန္ေစ့မွ ေပးရေသာ အနည္းဆုံးအတိုးႏႈန္းကို ဗဟိုဘဏ္အတိုးႏႈန္းေအာက္ ၂ ရာခိုင္ႏႈန္း ၈ ဒသမ ၅ ရာခိုင္ႏႈန္း -၂ ရာခိုင္ႏႈန္း = ၆ ဒသမ ၅ ရာခိုင္ႏႈန္းထက္မနည္းေစရ၊ အာမခံပစၥည္းမ်ား ရယူထုတ္ေခ်းသည့္ ေခ်းေငြအေပၚ ေတာင္းခံႏိုင္သည့္ အမ်ားဆုံးအတိုးႏႈန္းကို ဗဟိုဘဏ္အတိုးႏႈန္းထက္ ၃ရာခိုင္ႏႈန္း ၈ ဒသမ ၅ ရာခိုင္ႏႈန္း အေပါင္း ၃ ရာခိုင္ႏႈန္း = ၁၁ ဒသမ ၅ဝ ရာခိုင္ႏႈန္းထက္ ေက်ာ္လြန္ေကာက္ခံျခင္း မျပဳရ၊ အျခား အာမခံပစၥည္းမ်ား၊ အာမခံပစၥည္းမယူဘဲ ထုတ္ေခ်းသည့္ အမ်ားဆုံးအတိုးကို ၈ ဒသမ ၅ ရာခိုင္ႏႈန္း အေပါင္း ၆ ရာခိုင္ႏႈန္း = ၁၄ ဒသမ ၅ ရာခိုင္ႏႈန္းထက္ မေက်ာ္ေစရ ျဖစ္သြားမည္ဟု ဗဟိုဘဏ္၏ ထုတ္ျပန္ခ်က္တြင္ ပါရွိေၾကာင္း သိရပါသည္။

Read More>>> ျမန္မာႏိုင္ငံအတြင္း COVID-19 ေရာဂါျဖစ္သူ နွစ္ဦးေတြ႕ရွိေၾကာင္း သတင္းထုတ္ျပန္ခ်က္

Mandalay Directory

Nilar Myot Win(Myingyan)

### Zawgyi Code

ဗဟိုဘဏ်မှ အတိုးနှုန်းများကို ထပ်မံ လျှော့ချမည်

နိုင်ငံတော် ဗဟိုဘဏ်၏ အတိုးနှုန်းကို တစ်နှစ်လျှင် ၉ ဒသမ ၅ ရာခိုင်နှုန်းမှ ၁ ဒသမ ၀ ရာခိုင်နှုန်းသို့ ထပ်မံ လျှော့ချလိုက်ပြီး ၈ ဒသမ၅ ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်မည်ဖြစ်ကြောင်း သိရပါသည်။

ယခင်က ဘဏ်တိုးနှုန်းကို တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းဟု သတ်မှတ်ထားခဲ့ပြီး ယခုအခါ ဝ ဒသမ ၅ရာခိုင်နှုန်း တစ်ကြိမ်၊ ယခု ၁ ဒသမ ၀ ရာခိုင်နှုန်းတစ်ကြိမ် စုစုပေါင်း တစ်လအတွင်း နှစ်ကြိမ်လျှော့ချလိုက်သောကြောင့် ၈ ဒသမ၅ ရာခိုင်နှုန်းဖြစ်သွားကာ ယင်းမှာ ဧပြီလ ၁ ရက်တွင် အကျုံးဝင်မည်ဖြစ်ကြောင်း သိရပါသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း အတိုးနှုန်းကို ဝ ဒသမ ၅ရာခိုင်နှုန်း လျှော့ချခဲ့စဉ် အတိုးစတင်လျှော့ချမည့်ရက်ကို ဧပြီလ ၁ ရက်ဟု ထုတ်ပြန်ခဲ့သော်လည်း မတ်လ ၁၆ ရက်တွင် စတင်မည်ဖြစ်ကြောင်း ပြန်လည်ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။

ပြင်ဆင်သတ်မှတ်လိုက်သောကြောင့် ငွေစုစာရင်းအပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှ ပေးရသော အနည်းဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအောက် ၂ ရာခိုင်နှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း -၂ ရာခိုင်နှုန်း = ၆ ဒသမ ၅ ရာခိုင်နှုန်းထက်မနည်းစေရ၊ အာမခံပစ္စည်းများ ရယူထုတ်ချေးသည့် ချေးငွေအပေါ် တောင်းခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းထက် ၃ရာခိုင်နှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း အပေါင်း ၃ ရာခိုင်နှုန်း = ၁၁ ဒသမ ၅ဝ ရာခိုင်နှုန်းထက် ကျော်လွန်ကောက်ခံခြင်း မပြုရ၊ အခြား အာမခံပစ္စည်းများ၊ အာမခံပစ္စည်းမယူဘဲ ထုတ်ချေးသည့် အများဆုံးအတိုးကို ၈ ဒသမ ၅ ရာခိုင်နှုန်း အပေါင်း ၆ ရာခိုင်နှုန်း = ၁၄ ဒသမ ၅ ရာခိုင်နှုန်းထက် မကျော်စေရ ဖြစ်သွားမည်ဟု ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ပါရှိကြောင်း သိရပါသည်။

Mandalay Directory

Nilar Myot Win(Myingyan)


Read 144 times Last modified on Wednesday, 25 March 2020 11:49
Rate :
(10 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.