Friday, 20 March 2020 13:54

MyanmarRepublic

COVID-19 ေရာဂါ ျပည္ပမွ ကူးစက္ျပန္႔ပြားမႈကို ကာကြယ္၊ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ မည့္သည့္ႏိုင္ငံျခားသားကိုမဆို ျမန္မာႏိုင္ငံႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားအၾကား ဖြင့္လွစ္ထားသည့္ နယ္စပ္စစ္ေဆးေရးဂိတ္မ်ားမွတစ္ဆင့္ ျမန္မာႏိုင္ငံဘက္သို႔ ျပည္ဝင္ခြင့္ဗီဇာျဖင့္ ဝင္ေရာက္ခြင့္ကို ယာယီတားျမစ္ ပိတ္ပင္လိုက္ၿပီျဖစ္ေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာနမွ မတ္လ(၁၉)ရက္ေန႔က ထုတ္ျပန္ေၾကညာထားပါတယ္။

သို႔ေသာ္ ႏွစ္ဖက္ေဒသခံျပည္သူမ်ား နယ္စပ္ျဖတ္ေက်ာ္ခြင့္လက္မွတ္(Border Pass)ျဖင့္ ဝင္ေရာက္ခြင့္ကိုမူ ပိတ္ပင္ျခင္း ရွိမည္မဟုတ္ဘဲ ဝင္ေရာက္လာသူမ်ားအား ကိုယ္အပူခ်ိန္တိုင္းတာမႈမ်ား၊ က်န္းမာေရးစိစစ္မႈမ်ားကိုသာ တင္းၾကပ္စြာ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားေၾကာင္း သိရပါတယ္။

Read More>>> မတ္လ(၁၉)ရက္ညမွစတင္ၿပီး မနၱေလးရွိ ေကတီဗြီ၊ နိဳက္ကလပ္ႏွင့္ ဘားမ်ားကို ပိတ္သိမ္းမည္

ျမန္မာႏိုင္ငံသို႔ ျပည္ဝင္ခြင့္ဗီဇာရရွိထားသည့္ ႏိုင္ငံျခားသားမ်ားအေနျဖင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္၊ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္ႏွင့္ ေနျပည္ေတာ္ အျပည္ျပည္ဆိုင္ရာေလဆိပ္တို႔မွသာ တည္ဆဲစည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ဆက္လက္ဝင္ေရာက္ခြင့္၊ ထြက္ခြာခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရပါတယ္။

ၿပီးခဲ့သည့္ မတ္လ(၁၅)ရက္ကလည္း တ႐ုတ္၊ ကိုရီးယား၊ အီတလီ၊ ျပင္သစ္၊ စပိန္၊ ဂ်ာမနီႏွင့္ အီရန္ႏိုင္ငံ စသည့္ Covid-19 ေရာဂါ ျဖစ္ပြားမႈမ်ားသည့္ ႏိုင္ငံ(၇)ႏိုင္ငံမွ ခရီးသြားမ်ားအေနျဖင့္ ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္မည္ဆိုပါက ေရာဂါကူးစက္ခံရမႈ ရွိ၊မရွိ ေစာင့္ၾကည့္ႏိုင္ရန္ (၁၄)ရက္ၾကာ ေစာင့္ၾကည့္စစ္ေဆးမႈ (Quarantine) အျဖစ္ ေနထိုင္ရမည္ျဖစ္ၿပီး ထိုသို႔ ေနထိုင္ႏိုင္မွ ျပည္ဝင္ခြင့္ ျပဳမည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားေၾကာင္း သိရပါတယ္။

ျမန္မာႏိုင္ငံသို႔ ႏိုင္ငံျခားသားမ်ား ဝင္ထြက္သြားလာႏိုင္သည့္ နယ္စပ္ဂိတ္မ်ားအျဖစ္ ၿမိတ္ေလဆိပ္၊ တာခ်ီလိတ္၊ ျမဝတီ၊ ေကာ့ေသာင္း၊ ထီးခီး၊ တမူး၊ ရိေခါဒါရ္ စသည့္ဂိတ္မ်ားကို ခြင့္ျပဳထားေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနမွ သတင္းထုတ္ျပန္ထားပါတယ္။

Read More>>> လူမႈဖူလုံေရးကတ္ မရွိေသာ အလုပ္သမားမ်ားလည္း လူမႈဖူလုံေရး ေဆးခန္းမ်ား၌ ကုသႏိုင္

အဆိုပါ ႏိုင္ငံျခားသားမ်ား ဝင္ထြက္ႏိုင္သည့္ နယ္စပ္ဂိတ္မ်ားအနက္ ထိုင္း-ျမန္မာနယ္စပ္ တာခ်ီလိတ္ဂိတ္မွာ ႏိုင္ငံျခားသား ဝင္ထြက္မႈ အမ်ားဆုံးျဖစ္ၿပီး ၿပီးခဲ့သည့္ ေဖေဖၚဝါရီလအတြင္း ကမာၻလွည့္ခရီးသြား (၂,၃၀၀)ေက်ာ္ႏွင့္ လုပ္ငန္းဗီဇာျဖင့္ ခရီးသြား (၁၁၀)ေက်ာ္ ဝင္ေရာက္ထြက္ခြာမႈ ရွိခဲ့ေၾကာင္း သိရပါတယ္။

90145948 803105016879622 2636360890332479488 n 1

Mandalay Directory

Ref:Ministry of Foreign Affairs Myanmar

### Zawgyi Code

Covid-19 ကာကွယ်ရေးအတွက် နိုင်ငံခြားသားများ နယ်စပ်ဂိတ်မှ ဝင်ရောက်ခွင့် ယာယီပိတ်ပင်တားမြစ်ထား

COVID-19 ရောဂါ ပြည်ပမှ ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မည့်သည့်နိုင်ငံခြားသားကိုမဆို မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ဖွင့်လှစ်ထားသည့် နယ်စပ်စစ်ဆေးရေးဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့်ကို ယာယီတားမြစ် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ မတ်လ(၁၉)ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။

သို့သော် နှစ်ဖက်ဒေသခံပြည်သူများ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်(Border Pass)ဖြင့် ဝင်ရောက်ခွင့်ကိုမူ ပိတ်ပင်ခြင်း ရှိမည်မဟုတ်ဘဲ ဝင်ရောက်လာသူများအား ကိုယ်အပူချိန်တိုင်းတာမှုများ၊ ကျန်းမာရေးစိစစ်မှုများကိုသာ တင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရပါတယ်။

မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာရရှိထားသည့် နိုင်ငံခြားသားများအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှသာ တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဝင်ရောက်ခွင့်၊ ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့သည့် မတ်လ(၁၅)ရက်ကလည်း တရုတ်၊ ကိုရီးယား၊ အီတလီ၊ ပြင်သစ်၊ စပိန်၊ ဂျာမနီနှင့် အီရန်နိုင်ငံ စသည့် Covid-19 ရောဂါ ဖြစ်ပွားမှုများသည့် နိုင်ငံ(၇)နိုင်ငံမှ ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည်ဆိုပါက ရောဂါကူးစက်ခံရမှု ရှိ၊မရှိ စောင့်ကြည့်နိုင်ရန် (၁၄)ရက်ကြာ စောင့်ကြည့်စစ်ဆေးမှု (Quarantine) အဖြစ် နေထိုင်ရမည်ဖြစ်ပြီး ထိုသို့ နေထိုင်နိုင်မှ ပြည်ဝင်ခွင့် ပြုမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရပါတယ်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသားများ ဝင်ထွက်သွားလာနိုင်သည့် နယ်စပ်ဂိတ်များအဖြစ် မြိတ်လေဆိပ်၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ ထီးခီး၊ တမူး၊ ရိခေါဒါရ် စသည့်ဂိတ်များကို ခွင့်ပြုထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ နိုင်ငံခြားသားများ ဝင်ထွက်နိုင်သည့် နယ်စပ်ဂိတ်များအနက် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ဂိတ်မှာ နိုင်ငံခြားသား ဝင်ထွက်မှု အများဆုံးဖြစ်ပြီး ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်း ကမ္ဘာလှည့်ခရီးသွား (၂,၃၀၀)ကျော်နှင့် လုပ်ငန်းဗီဇာဖြင့် ခရီးသွား (၁၁၀)ကျော် ဝင်ရောက်ထွက်ခွာမှု ရှိခဲ့ကြောင်း သိရသည်။

Mandalay Directory

Ref:Ministry of Foreign Affairs Myanmar


Read 289 times Last modified on Friday, 20 March 2020 17:10
Rate :
(13 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.