Thursday, 19 March 2020 16:52

tu3nnznm0fwomp6wjgbe_1.jpg

 

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ စတင္ျဖစ္ပြားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ (Covid-19) ကူးစက္ ျပန႔္ပြားမႈေတြဟာ အခုအခ်ိန္မွာ ကမာၻအႏွံ႔ကို ပ်ံ႕ႏွံ႔ေနၿပီျဖစ္ၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ကလည္း ကပ္ေရာဂါအျဖစ္ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ယခုခ်ိန္ထိ ျမန္မာႏိုင္ငံအတြင္းမွာ Covid-19 ေရာဂါ ကူးစက္ျဖစ္ပြားသူ တစ္ဦးမွ်မရွိေသးေသာ္လည္း အဆိုပါ Covid-19 ေရာဂါဟာ လူစုလူေဝးမ်ားျပားတဲ့ ေနရာမ်ားမွာ လ်င္ျမန္စြာ ကူးစက္ႏိုင္တဲ့အတြက္ သၾကၤန္ပြဲေတာ္ မ႑ပ္ေဆာက္လုပ္ျခင္းအပါအဝင္ ျမန္မာႏိုင္ငံအတြင္း ပြဲလမ္းသဘင္ အခမ္းအနားမ်ား ဧၿပီလကုန္အထိ က်င္းပခြင့္ျပဳမည္ မဟုတ္ေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ုံးက မတ္လ(၁၃)တြင္ ထုတ္ျပန္ခဲ့ပါတယ္။

Read More>>>လုပ္ငန္းခြင္အတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ျခင္း မခံရေအာင္ ကာကြယ္ရန္နည္းမ်ား

ဒီလို ႏုိင္ငံေတာ္သမၼတရံုးမွ ထုတ္ျပန္ၿပီးတဲ့ေနာက္မွာေတာ့ ပြဲလမ္းသဘင္ အခမ္းအနားမ်ား က်င္းပခြင့္ပိတ္သိမ္းခဲ့ရာ ယခု မတ္လ(၁၉)ရက္မွ စတင္ၿပီး မနၱေလးတိုင္းအတြင္းရွိ စင္တင္၊ ေကတီဗြီ၊ နိဳက္ကလပ္ႏွင့္ ဘားမ်ားကို ပိတ္သိမ္းထားရန္ ညႊန္ၾကားမယ္လုိ႔ မနၱေလးတိုင္း ေခတၱ၀န္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္ကေ တိုင္းလႊတ္ေတာ္ အစည္းအေ၀းအျပီးမွာ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လို႔ တရား၀င္ ညႊန္ၾကားစာ ထုတ္ျပန္ထားျခင္း ဟုတ္၊ မဟုတ္ကို အေသးစိတ္ေျပာၾကားျခင္းမရွိေသးပဲ အဲဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ စီမံခန္႔ခြဲေဆာင္ရြက္ေနတယ္လိုပဲ႔ ေျပာၾကားခဲ့ပါတယ္။

Source; Mandalay Indepth News
My Mandalay

 

Zawgyi 

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကူးစက် ပြန့်ပွားမှုတွေဟာ အခုအချိန်မှာ ကမ္ဘာအနှံ့ကို ပျံ့နှံ့နေပြီဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ကပ်ရောဂါအဖြစ် ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ယခုချိန်ထိ မြန်မာနိုင်ငံအတွင်းမှာ Covid-19 ရောဂါ ကူးစက်ဖြစ်ပွားသူ တစ်ဦးမျှမရှိသေးသော်လည်း အဆိုပါ Covid-19 ရောဂါဟာ လူစုလူဝေးများပြားတဲ့ နေရာများမှာ လျင်မြန်စွာ ကူးစက်နိုင်တဲ့အတွက် သင်္ကြန်ပွဲတော် မဏ္ဍပ်ဆောက်လုပ်ခြင်းအပါအဝင် မြန်မာနိုင်ငံအတွင်း ပွဲလမ်းသဘင် အခမ်းအနားများ ဧပြီလကုန်အထိ ကျင်းပခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးက မတ်လ(၁၃)တွင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ပြီးတဲ့နောက်မှာတော့ ပွဲလမ်းသဘင် အခမ်းအနားများ ကျင်းပခွင့်ပိတ်သိမ်းခဲ့ရာ ယခု မတ်လ(၁၉)ရက်မှ စတင်ပြီး မန္တလေးတိုင်းအတွင်းရှိ စင်တင်၊ ကေတီဗွီ၊ နိုက်ကလပ်နှင့် ဘားများကို ပိတ်သိမ်းထားရန် ညွှန်ကြားမယ်လို့ မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်ကေ တိုင်းလွှတ်တော် အစည်းအဝေးအပြီးမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လို့ တရားဝင် ညွှန်ကြားစာ ထုတ်ပြန်ထားခြင်း ဟုတ်၊ မဟုတ်ကို အသေးစိတ်ပြောကြားခြင်းမရှိသေးပဲ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စီမံခန့်ခွဲဆောင်ရွက်နေတယ်လိုပဲ့ ပြောကြားခဲ့ပါတယ်။

Source; Mandalay Indepth News
My Mandalay

 

 


Read 211 times
Rate :
(11 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.