Tuesday, 17 March 2020 18:03

YL.jpg

လွပၿပီး လြယ္ကူတဲ့ ရြက္လွပန္းပင္ကို စိုက္ေတာ့မယ္ဆိုရင္ သိထားသင့္တဲ့အခ်က္မ်ား

ရြက္လွပန္းပင္သည္ အပြင့္ေၾကာင့္ မထင္ရွားဘဲ အရြက္မ်ား လွပတင့္တယ္ျခင္းေၾကာင့္ ရြက္လွပန္းဟု ျမန္မာႏိုင္ငံတြင္ ထင္ရွားေက်ာ္ၾကားေနသည္မွာ ႏွစ္ေပါင္း တစ္ရာခန္႔ရွိၿပီဟု မွန္းဆရပါတယ္။

ရြက္လွပင္ေလးမ်ားဟာ ပန္းေရာင္နဲ႔ အစိမ္းေရာင္၊ ပန္းေရာင္နဲ႔ အျဖဴေရာင္၊ အစိမ္းေရာင္နဲ႔ အျဖဴေရာင္၊ အနီေရာင္နဲ႔ အစိမ္းေရာင္ စသျဖင့္ အေရာင္ခုႏွစ္မ်ိဳးရွိပါတယ္။

အဲ့ဒီရြက္လွပင္ေလးမ်ားထဲမွ ပန္းေရာင္ရြက္လွပင္ဟာဆိုရင္ျဖင့္ အိမ္တြင္းဥယ်ာဥ္ေလးထဲမွာ ထည့္စိုက္ဖို႔ သင့္ေတာ္တဲ့ အပင္ထဲမွာ ပါဝင္ပါတယ္။ သူဟာ ဆြဲေဆာင္မႈရွိရံုသာမကဘဲ စိုက္ပ်ိဳးရလည္း လြယ္ကူသည့္အျပင္ ႀကီးထြားႏႈန္းမျမန္ဆန္ေပမယ့္ အထူးဂ႐ုစိုက္ေနဖို႔လည္း မလိုအပ္ပါဘူး။ ဒီေဆာင္းပါးေလးမွာေတာ့ ရြက္လွပန္းပင္ေလးကို အိမ္မွာ စိုက္ေတာ့မယ္ဆိုရင္ လုပ္ေဆာင္သြားရမယ့္ အခ်က္ေလးေတြကို ေျပာျပေပးသြားမွာျဖစ္ပါတယ္။

၁။ အလင္းေကာင္းေကာင္းရၿပီး ေနေရာင္ တိုက္႐ိုက္မက်ေရာက္မယ့္ ေနရာမ်ိဳးမွာ စိုက္ပါ။ ဒီလိုစိုက္ျခင္းအားျဖင့္ အေရာင္ေတြကို ေတာက္ပေနေစၿပီး အပင္ကိုလည္း အာဟာရျပည့္ဝေစမွာျဖစ္ပါတယ္။ အလင္မရွိတဲ့ေနရာမ်ိဳးမွာစိုက္ပ်ိဳးမိပါက အေရာင္လြင့္လြယ္ၿပီး အလင္းမ်ားလြန္းရင္လည္း ေနစားသြားပါလိမ့္မယ္။

Read More >>> သင့္အိမ္တြင္းေရးနဲ႔ က်န္းမာေရးကို ထိခိုက္ေစႏိုင္တဲ့ ဂမုန္းမ်ား

၂။ ရြက္လွပင္ေတြဟာ ေကာင္းစြာ ႀကီးထြားႏိုင္ဖို႔ အစိုဓာတ္ရရွိဖို႔ လိုအပ္ပါတယ္။ အစိုဓာတ္အၿမဲရဖို႔အတြက္ ေရစီးေရလာေကာင္းတဲ့ သဘာဝေျမထဲမွာ စိုက္ပ်ိဳးျခင္းက အေကာင္းဆံုးပါပဲ။ ရြက္လွပင္ေတြဟာ အစိုဓာတ္လိုအပါတယ္ဆိုေပမယ့္ စိုစြတ္လြန္းရင္လည္း အျမစ္ေတြ ပုပ္သိုးသြားႏိုင္ပါတယ္။ ေျမဆီလႊာရဲ႕ တစ္ဝက္ ဒါမွမဟုတ္ ေလးပံုတစ္ပံုေလာက္က ေျခာက္ေသြ႕ေနၿပီဆိုမွ ေရေလာင္းပါ။ အပင္စိုက္ထားတဲ့ အိုးေသးေလ၊ ေရေျခာက္ေသြတာျမန္ေလျဖစ္လို႔ အိုးနည္းနည္းႀကီးတာနဲ႔ စိုက္ပါ။

၃။ ရြက္လွပင္ဟာ ေျမၾသဇာမ်ားမ်ားလိုအပ္တဲ့ အပင္မ်ိဳးျဖစ္တဲ့အတြက္ အိမ္တြင္းစိုက္အပင္ေတြအတြက္ သံုးရတဲ့ ေျမၾသဇာကို တစ္လမွာ တစ္ေခါက္ေလာက္ေတာ့ ပံုမွန္ထည့္ေပးဖို႕လိုပါတယ္။

စိုက္ပ်ိဳးေရးလုပ္ငန္းသံုး ဓာတုေဗဒပစၥည္းမ်ား အေရာင္းဝယ္ေရးလုပ္ငန္း ၁၃၂ ခုရဲ႕ လိပ္စာနဲ႔ဖုန္းနံပါတ္မ်ား >>> https://bit.ly/38U98gX

၄။ ရြက္လွပင္မ်ား ေကာင္းေကာင္းရွင္သန္ႏိုင္ဖို႔အတြက္ စိုစြတ္ေအာင္ထားၿပီး အပူခ်ိန္ ၇၅ ဒီဂရီ ဖာရင္ဟိုက္ဝန္းက်င္မွာ ထားတာ အေကာင္းဆံုးပါပဲ။ အပင္ေတြဟာ တစ္ပင္နဲ႔ တစ္ပင္ အစိုဓာတ္ကူးေစတာမို႔ တျခားအပင္ေတြနဲ႔ ေရာစိုက္ျခင္းကလည္း ရြက္လွပင္ကို အစိုဓာတ္ရေစမွာပါ။

၅။ ရြက္လွရြက္ေလးေတြဟာ အရွည္ျမန္တာေၾကာင့္ အရြက္ေတြကို အပတ္စဥ္တိေပးဖို႔ လိုပါတယ္။ အရြက္ႏွစ္ခုရဲ႕ အဆံုးသတ္က ႐ိုးတံေလးကို ဖိဖိေပးပါ။ အရြက္ေတြကို ပံုမွန္တိေပးျခင္းက ရြက္လွပင္ကို ရွင္းရွင္းလင္းလင္းနဲ႔ လွပေနေစမွာပါ။

My Mandalay

## Unicode##

လှပပြီး လွယ်ကူတဲ့ ရွက်လှပန်းပင်ကို စိုက်တော့မယ်ဆိုရင် သိထားသင့်တဲ့အချက်များ

ရွက်လှပန်းပင်သည် အပွင့်ကြောင့် မထင်ရှားဘဲ အရွက်များ လှပတင့်တယ်ခြင်းကြောင့် ရွက်လှပန်းဟု မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားနေသည်မှာ နှစ်ပေါင်း တစ်ရာခန့်ရှိပြီဟု မှန်းဆရပါတယ်။ ရွက်လှပင်လေးများဟာ ပန်းရောင်နဲ့ အစိမ်းရောင်၊ ပန်းရောင်နဲ့ အဖြူရောင်၊ အစိမ်းရောင်နဲ့ အဖြူရောင်၊ အနီရောင်နဲ့ အစိမ်းရောင် စသဖြင့် အရောင်ခုနှစ်မျိုးရှိပါတယ်။

အဲ့ဒီရွက်လှပင်လေးများထဲမှ ပန်းရောင်ရွက်လှပင်ဟာဆိုရင်ဖြင့် အိမ်တွင်းဥယျာဉ်လေးထဲမှာ ထည့်စိုက်ဖို့ သင့်တော်တဲ့ အပင်ထဲမှာ ပါဝင်ပါတယ်။ သူဟာ ဆွဲဆောင်မှုရှိရုံသာမကဘဲ စိုက်ပျိုးရလည်း လွယ်ကူသည့်အပြင် ကြီးထွားနှုန်းမမြန်ဆန်ပေမယ့် အထူးဂရုစိုက်နေဖို့လည်း မလိုအပ်ပါဘူး။ ဒီဆောင်းပါးလေးမှာတော့ ရွက်လှပန်းပင်လေးကို အိမ်မှာ စိုက်တော့မယ်ဆိုရင် လုပ်ဆောင်သွားရမယ့် အချက်လေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

၁။ အလင်းကောင်းကောင်းရပြီး နေရောင် တိုက်ရိုက်မကျရောက်မယ့် နေရာမျိုးမှာ စိုက်ပါ။ ဒီလိုစိုက်ခြင်းအားဖြင့် အရောင်တွေကို တောက်ပနေစေပြီး အပင်ကိုလည်း အာဟာရပြည့်ဝစေမှာဖြစ်ပါတယ်။ အလင်မရှိတဲ့နေရာမျိုးမှာစိုက်ပျိုးမိပါက အရောင်လွင့်လွယ်ပြီး အလင်းများလွန်းရင်လည်း နေစားသွားပါလိမ့်မယ်။

Read More >>> သင့်အိမ်တွင်းရေးနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဂမုန်းများ

၂။ ရွက်လှပင်တွေဟာ ကောင်းစွာ ကြီးထွားနိုင်ဖို့ အစိုဓာတ်ရရှိဖို့ လိုအပ်ပါတယ်။ အစိုဓာတ်အမြဲရဖို့အတွက် ရေစီးရေလာကောင်းတဲ့ သဘာဝမြေထဲမှာ စိုက်ပျိုးခြင်းက အကောင်းဆုံးပါပဲ။ ရွက်လှပင်တွေဟာ အစိုဓာတ်လိုအပါတယ်ဆိုပေမယ့် စိုစွတ်လွန်းရင်လည်း အမြစ်တွေ ပုပ်သိုးသွားနိုင်ပါတယ်။ မြေဆီလွှာရဲ့ တစ်ဝက် ဒါမှမဟုတ် လေးပုံတစ်ပုံလောက်က ခြောက်သွေ့နေပြီဆိုမှ ရေလောင်းပါ။ အပင်စိုက်ထားတဲ့ အိုးသေးလေ၊ ရေခြောက်သွေတာမြန်လေဖြစ်လို့ အိုးနည်းနည်းကြီးတာနဲ့ စိုက်ပါ။

၃။ ရွက်လှပင်ဟာ မြေသြဇာများများလိုအပ်တဲ့ အပင်မျိုးဖြစ်တဲ့အတွက် အိမ်တွင်းစိုက်အပင်တွေအတွက် သုံးရတဲ့ မြေသြဇာကို တစ်လမှာ တစ်ခေါက်လောက်တော့ ပုံမှန်ထည့်ပေးဖို့လိုပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုဗေဒပစ္စည်းများ အရောင်းဝယ်ရေးလုပ်ငန်း ၁၃၂ ခုရဲ့ လိပ်စာနဲ့ဖုန်းနံပါတ်များ >>> https://bit.ly/38U98gX

၄။ ရွက်လှပင်များ ကောင်းကောင်းရှင်သန်နိုင်ဖို့အတွက် စိုစွတ်အောင်ထားပြီး အပူချိန် ၇၅ ဒီဂရီ ဖာရင်ဟိုက်ဝန်းကျင်မှာ ထားတာ အကောင်းဆုံးပါပဲ။ အပင်တွေဟာ တစ်ပင်နဲ့ တစ်ပင် အစိုဓာတ်ကူးစေတာမို့ တခြားအပင်တွေနဲ့ ရောစိုက်ခြင်းကလည်း ရွက်လှပင်ကို အစိုဓာတ်ရစေမှာပါ။

၅။ ရွက်လှရွက်လေးတွေဟာ အရှည်မြန်တာကြောင့် အရွက်တွေကို အပတ်စဉ်တိပေးဖို့ လိုပါတယ်။ အရွက်နှစ်ခုရဲ့ အဆုံးသတ်က ရိုးတံလေးကို ဖိဖိပေးပါ။ အရွက်တွေကို ပုံမှန်တိပေးခြင်းက ရွက်လှပင်ကို ရှင်းရှင်းလင်းလင်းနဲ့ လှပနေစေမှာပါ။

My Mandalay


Read 364 times
Rate :
(4 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.