Print this page
Tuesday, 17 March 2020 16:36

Manhospital

COVID-19 ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္၍ မႏၲေလးၿမိဳ႕ ကန္ေတာ္နဒီေဆး႐ုံ၌ သီးျခားထားရွိ ကုသေနသည့္ အမ်ိဳးသမီးတစ္ဦး ယေန႔ မတ္လ(၁၇)ရက္ နံနက္ပိုင္းက ေသဆုံးခဲ့ေၾကာင္း မႏၲေလးတိုင္း Covid-19 ေရာဂါ ေစာင့္ၾကည့္စစ္ေဆး ကုသေရးႀကီးၾကပ္မႈေကာ္မတီ (SRT) အတြင္းေရးမွဴး ေဒါက္တာသန္းသန္းျမင့္က ေျပာၾကားထားေၾကာင္း သိရသည္။

သို႔ေသာ္ စစ္ေဆးခ်က္အရ အဆိုပါ လူနာအမ်ိဳးသမီးတြင္ Covid-19 ေရာဂါပိုး မေတြ႕ရွိဟု ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာန၊ မႏၲေလးတိုင္းေဒသႀကီး ဦးစီးမႉးလည္း ျဖစ္သည့္ ေဒါက္တာသန္းသန္းျမင့္က ေျပာသည္။

Read More>>> မႏၲေလးၿမိဳ႕က ထင္ရွားေက်ာ္ၾကားတဲ့ေနရာေတြမွာ COVID-19 အသိပညာေပး ဆိုင္းဘုတ္မ်ား စိုက္ထူမည္

“လူနာတစ္ေယာက္ေတာ့ ဆုံးပါတယ္ရွင့္။ အဲ့ဒီ ေရာဂါနဲ႔ေတာ့ မဟုတ္ပါဘူး။ အေျဖကလည္း Negative (ေရာဂါပိုးမေတြ႕)။ ပို႔ေတာ့ ထားပါတယ္။ အေျဖကေတာ့ မထြက္ေသးပါဘူးရွင့္။ ကြၽန္မတို႔ ေစာင့္ၾကည့္လူနာ ပို႔တာေပါ့ေနာ္”ဟု ေဒါက္တာသန္းသန္းျမင့္က ေျပာသည္။

ယင္းႏွင့္ပတ္သက္၍ မႏၲေလး အေထြေထြရာဂါကုေဆး႐ုံ ေဆး႐ုံအုပ္ႀကီး ေဒါက္တာစုစုေဒြးကလည္း ေသဆုံးသြားသူ လူနာအမ်ိဳးသမီးသည္ ယမန္ေန႔ မတ္လ(၁၆)ရက္ ည(၁၂)နာရီေက်ာ္အခ်ိန္က မႏၲေလးေဆး႐ုံႀကီးသို႔ လာေရာက္ျပသျဖင္းျဖစ္ေၾကာင္း သိရသည္။

“မေန႔ကည (၁၂)ေက်ာ္မွ ေဆး႐ုံကို လာျပတာ။ ဖ်ားၿပီး အသက္ရႈက်ပ္တဲ့လကၡဏာ‌ေတြ႕တယ္။ နယ္ဘက္က လာျပတာ။ ခရီးသြား ရာဇဝင္မရွိဘူး”ဟု မႏၲေလးေဆး႐ုံအုပ္ႀကီး ေဒါက္တာစုစုေဒြးက ေျပာသည္။

အဆိုပါ လူနာအမ်ိဳးသမီး၏ အသက္အ႐ြယ္ႏွင့္ အေသးစိတ္အခ်က္အလက္မ်ားကိုမူ မႏၲေလးတိုင္း SRT တာဝန္ရွိသူမ်ားက အတည္ျပဳေျဖၾကားျခင္း မရွိေသးပါ။

Read More>>> ကုန္သည္၊စက္မႈအသင္းက မႏၲေလးရွိ ရပ္ကြက္အခ်ိဳ႔တြင္ ဆန္ႏွင့္ စားေသာက္ကုန္မ်ားကို ေဈးေလွ်ာ့ေရာင္းေပးမည္

အဆိုပါ ေစာင့္ၾကည့္လူနာအမ်ိဳးသမီး ေသဆုံးျခင္းေၾကာင့္ မႏၲေလး ကန္ေတာ္နဒီေဆး႐ုံ၌ Covid-19 ေစာင့္ၾကည့္လူနာ ေသဆုံးသူ(၂)ဦး ရွိလာခဲ့ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ မတ္လ(၆) ရက္ကလည္း မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ေန အသက္(၆၈)ႏွစ္အ႐ြယ္ ေစာင့္ၾကည့္လူနာ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့သည္။

ၿပီးခဲ့သည့္ ဇန္နဝါရီလမွ လက္ရွိ မတ္လ(၁၆) ရက္အထိ မႏၲေလးတိုင္းအတြင္း Covid-19 ေစာင့္ၾကည့္လူနာ (၂၆)ဦးအထိရွိခဲ့ၿပီး ဓါတ္ခြဲစစ္ေဆးခ်က္မ်ားအရ Covid-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိသူတစ္ဦးမွ် မရွိဟု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါသည္။

Source: Mandalay Indepth News

### Zawgyi Code

မန္တလေး ကန်တော်နဒီဆေးရုံတွင် COVID-19 စောင့်ကြည့်လူနာတစ်ဦး ထပ်မံသေဆုံး

COVID-19 စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ မန္တလေးမြို့ ကန်တော်နဒီဆေးရုံ၌ သီးခြားထားရှိ ကုသနေသည့် အမျိုးသမီးတစ်ဦး ယနေ့ မတ်လ(၁၇)ရက် နံနက်ပိုင်းက သေဆုံးခဲ့ကြောင်း မန္တလေးတိုင်း Covid-19 ရောဂါ စောင့်ကြည့်စစ်ဆေး ကုသရေးကြီးကြပ်မှုကော်မတီ (SRT) အတွင်းရေးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောကြားထားကြောင်း သိရသည်။

သို့သော် စစ်ဆေးချက်အရ အဆိုပါ လူနာအမျိုးသမီးတွင် Covid-19 ရောဂါပိုး မတွေ့ရှိဟု ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးလည်း ဖြစ်သည့် ဒေါက်တာသန်းသန်းမြင့်က ပြောသည်။

“လူနာတစ်ယောက်တော့ ဆုံးပါတယ်ရှင့်။ အဲ့ဒီ ရောဂါနဲ့တော့ မဟုတ်ပါဘူး။ အဖြေကလည်း Negative (ရောဂါပိုးမတွေ့)။ ပို့တော့ ထားပါတယ်။ အဖြေကတော့ မထွက်သေးပါဘူးရှင့်။ ကျွန်မတို့ စောင့်ကြည့်လူနာ ပို့တာပေါ့နော်”ဟု ဒေါက်တာသန်းသန်းမြင့်က ပြောသည်။

ယင်းနှင့်ပတ်သက်၍ မန္တလေး အထွေထွေရာဂါကုဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးကလည်း သေဆုံးသွားသူ လူနာအမျိုးသမီးသည် ယမန်နေ့ မတ်လ(၁၆)ရက် ည(၁၂)နာရီကျော်အချိန်က မန္တလေးဆေးရုံကြီးသို့ လာရောက်ပြသဖြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ကည (၁၂)ကျော်မှ ဆေးရုံကို လာပြတာ။ ဖျားပြီး အသက်ရှုကျပ်တဲ့လက္ခဏာ‌တွေ့တယ်။ နယ်ဘက်က လာပြတာ။ ခရီးသွား ရာဇဝင်မရှိဘူး”ဟု မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောသည်။

အဆိုပါ လူနာအမျိုးသမီး၏ အသက်အရွယ်နှင့် အသေးစိတ်အချက်အလက်များကိုမူ မန္တလေးတိုင်း SRT တာဝန်ရှိသူများက အတည်ပြုဖြေကြားခြင်း မရှိသေးပါ။

အဆိုပါ စောင့်ကြည့်လူနာအမျိုးသမီး သေဆုံးခြင်းကြောင့် မန္တလေး ကန်တော်နဒီဆေးရုံ၌ Covid-19 စောင့်ကြည့်လူနာ သေဆုံးသူ(၂)ဦး ရှိလာခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ(၆) ရက်ကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နေ အသက်(၆၈)နှစ်အရွယ် စောင့်ကြည့်လူနာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလမှ လက်ရှိ မတ်လ(၁၆) ရက်အထိ မန္တလေးတိုင်းအတွင်း Covid-19 စောင့်ကြည့်လူနာ (၂၆)ဦးအထိရှိခဲ့ပြီး ဓါတ်ခွဲစစ်ဆေးချက်များအရ Covid-19 ရောဂါပိုး စစ်ဆေးတွေ့ရှိသူတစ်ဦးမျှ မရှိဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။


Source: Mandalay Indepth News


Read 315 times
Rate :
(7 votes)

Related items