Tuesday, 17 March 2020 13:55

Covid 19

မႏၲေလးရွိ ျပည္တြင္း ျပည္ပခရီးသြားမ်ား အမ်ားဆံုးလာေရာက္တဲ့ေနရာေတြမွာ COVID-19 (2019 Novel Coronavirus) အသိပညာေပး ဆိုင္းဘုတ္ေတြ စိုက္ထူမယ္လို႔ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္း (မႏၲေလး)က သိရပါတယ္။

အဆိုပါဆိုင္းဘုတ္ေတြစိုက္ထူရျခင္း ရည္ရြယ္ခ်က္ကေတာ့ ျပည္တြင္း ျပည္ပခရီးသြားမ်ားအေနျဖင့္ COVID-19 နဲ႔ပတ္သက္ၿပီး ပိုမိုသိရွိေစဖို႔ ျပဳလုပ္ရတာ ျဖစ္ပါတယ္။

ဆိုင္းဘုတ္ေတြစိုက္ထူမယ့္ေနရာေတြကေတာ့ မႏၲေလးၿမိဳ႕ရွိ ေတာင္သမန္တံတား (ဦးပိန္)၊ မဟာမုနိ႐ုပ္ရွင္ေတာ္ျမတ္ႀကီးနဲ႔ ေဂါဝိန္ဆိပ္ စသည့္ေနရာေတြမွာ ျပဳလုပ္သြားမွာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္း (မႏၲေလး) ဥကၠ႒ ဦးမ်ိဳးရီက ေျပာပါတယ္။

Read More>>> ကုန္သည္၊စက္မႈအသင္းက မႏၲေလးရွိ ရပ္ကြက္အခ်ိဳ႔တြင္ ဆန္ႏွင့္ စားေသာက္ကုန္မ်ားကို ေဈးေလွ်ာ့ေရာင္းေပးမည္

အသိပညာေပးလုပ္ငန္းေတြကို တစ္ပတ္အတြင္း စတင္ျပဳလုပ္မွာျဖစ္ၿပီး ေတာင္သမန္တံတား(ဦးပိန္)မွာ ဆိုင္းဘုတ္ေထာင္တာေတြ၊ လက္ကမ္းစာေစာင္ေတြေဝတာ၊ မဟာမုနိ႐ုပ္ရွင္ေတာ္ျမတ္ႀကီးမွာ ပိုစတာေထာင္တာေတြ၊ လက္ကမ္း စာေစာင္ေတြ ေဝတာ၊ မရမ္းၿခံဆိပ္ကမ္းမွာေတာ့ ဆိုင္းဘုတ္ေထာင္တာေတြ  ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

အဆိုပါလုပ္ငန္းမ်ားကို ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ တိုင္းၾကက္ေျခနီတို႔နဲ႔ ပူးေပါင္းလုပ္ေဆာင္သြားမယ္လို႔ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္း(မႏၲေလး)က သိရပါတယ္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ပြားခဲ့တဲ့ COVID-19 ဟာ မတ္လ ၁၃ ရက္ေန႔အထိ ႏိုင္ငံေပါင္း ၁၁၈ ႏိုင္ငံမွာ ျဖစ္ပြားေနပါတယ္။ အတည္ျပဳလူနာေပါင္း ၁၂၅,ဝ၄၈ ဦးမွာ ကူးစက္ခံေနရၿပီး မတ္လ ၁၃ ရက္ေန႔အထိ ေသဆုံးသူေပါင္း ၄၆၁၃ ဦး ရွိသြားၿပီျဖစ္တယ္လို႔ က်န္မာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သိရပါတယ္။

Read More>>> ျပန္ၾကားေရးဝန္ႀကီးဌာနရဲ႕ ညႊန္ၾကားခ်က္အတုိင္း မႏၱေလးၿမိဳ႕ရွိ ရုပ္ရွင္ရံုမ်ားကို ေခတၱရပ္ဆုိင္း

Ref: ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္း (မႏၲေလး), kumudra

### Zawgyi Code

မန္တလေးမြို့က ထင်ရှားကျော်ကြားတဲ့နေရာတွေမှာ COVID-19 အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူမည်

မန္တလေးရှိ ပြည်တွင်း ပြည်ပခရီးသွားများ အများဆုံးလာရောက်တဲ့နေရာတွေမှာ COVID-19 (2019 Novel Coronavirus) အသိပညာပေး ဆိုင်းဘုတ်တွေ စိုက်ထူမယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေး)က သိရပါတယ်။

အဆိုပါဆိုင်းဘုတ်တွေစိုက်ထူရခြင်း ရည်ရွယ်ချက်ကတော့ ပြည်တွင်း ပြည်ပခရီးသွားများအနေဖြင့် COVID-19 နဲ့ပတ်သက်ပြီး ပိုမိုသိရှိစေဖို့ ပြုလုပ်ရတာ ဖြစ်ပါတယ်။

ဆိုင်းဘုတ်တွေစိုက်ထူမယ့်နေရာတွေကတော့ မန္တလေးမြို့ရှိ တောင်သမန်တံတား (ဦးပိန်)၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးနဲ့ ဂေါဝိန်ဆိပ် စသည့်နေရာတွေမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေး) ဥက္ကဋ္ဌ ဦးမျိုးရီက ပြောပါတယ်။

အသိပညာပေးလုပ်ငန်းတွေကို တစ်ပတ်အတွင်း စတင်ပြုလုပ်မှာဖြစ်ပြီး တောင်သမန်တံတား(ဦးပိန်)မှာ ဆိုင်းဘုတ်ထောင်တာတွေ၊ လက်ကမ်းစာစောင်တွေဝေတာ၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးမှာ ပိုစတာထောင်တာတွေ၊ လက်ကမ်း စာစောင်တွေ ဝေတာ၊ မရမ်းခြံဆိပ်ကမ်းမှာတော့ ဆိုင်းဘုတ်ထောင်တာတွေ  ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းကြက်ခြေနီတို့နဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း(မန္တလေး)က သိရပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ဟာ မတ်လ ၁၃ ရက်နေ့အထိ နိုင်ငံပေါင်း ၁၁၈ နိုင်ငံမှာ ဖြစ်ပွားနေပါတယ်။ အတည်ပြုလူနာပေါင်း ၁၂၅,ဝ၄၈ ဦးမှာ ကူးစက်ခံနေရပြီး မတ်လ ၁၃ ရက်နေ့အထိ သေဆုံးသူပေါင်း ၄၆၁၃ ဦး ရှိသွားပြီဖြစ်တယ်လို့ ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနက သိရပါတယ်။

Ref: မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေး), kumudra


Read 286 times
Rate :
(4 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.