Tuesday, 17 March 2020 12:13

indus

မႏၲေလးတိုင္းေဒသႀကီး ကုန္သည္၊ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း (MRCCI)ႏွင့္ ညီေနာင္ကုန္သည္အသင္းမ်ား ပူးေပါင္းကာ မႏၲေလးၿမိဳ႕ရွိ ရပ္ကြက္အခ်ိဳ႕တြင္ ဆန္ႏွင့္ အေျခခံစားေသာက္ကုန္ပစၥည္းမ်ား ေဈးေလွ်ာ့ေရာင္းခ်ေပးမည္ဟု အဆိုပါအသင္း၏ တာဝန္ရွိသူမ်ားက ေျပာၾကားထားပါတယ္။

“အဓိကေတာ့ ကုန္ေဈးႏႈန္းေတြ မတက္ဘဲ ထိန္းႏိုင္ေအာင္လို႔ပါ။ ဝယ္ယူရတာ ခက္ခဲတဲ့ရပ္ကြက္ေတြမွာ ကားနဲ႔ လိုက္ေရာင္းမွာပါ။ အေျခခံစားေသာက္ကုန္ေတြျဖစ္တဲ့ ဆန္၊ ဆီ၊ ၾကက္ဥ၊ လက္ဖက္အပါအဝင္ အသင္းမွာရွိတဲ့ ညီေနာင္ကုန္သည္အသင္းေတြက သူတို႔ရဲ႕ သက္ဆိုင္ရာ ကုန္ေတြကို ေရာင္းခ်မွာပါ။ တစ္ပတ္အတြင္း ေရာင္းခ်ႏိုင္ေအာင္ ကြၽန္ေတာ္တို႔ ျပင္ဆင္မွာပါ”ဟု MRCCI အတြင္းေရးမွဴး ဦးဥကၠာေက်ာ္က ေျပာၾကားထားပါတယ္။

Read More>>> ျပန္ၾကားေရးဝန္ႀကီးဌာနရဲ႕ ညႊန္ၾကားခ်က္အတုိင္း မႏၱေလးၿမိဳ႕ရွိ ရုပ္ရွင္ရံုမ်ားကို ေခတၱရပ္ဆုိင္း

မတ္လ(၁၆)ရက္က MRCCI ႐ုံး၌ က်င္းပခဲ့သည့္ အစည္းအေဝးတြင္ အထက္ပါအတိုင္း ရပ္ကြက္အခ်ိဳ႕၌ စားေသာက္ကုန္မ်ား ေဈးေလွ်ာ့ေရာင္းေပးရန္ စီစဥ္ခဲ့ေၾကာင္း ၎က ဆိုပါတယ္။

“MRCCI အသင္းႀကီးမွ ဆန္၊ ၾကက္ဥ၊ လက္ဖက္ အေၾကာ္စုံအပါအဝင္ တစ္ဦး က်ပ္ႏွစ္ေထာင္ဖိုး၊ ပုသိမ္ႀကီးႏွင့္ စက္မႈဇုန္တို႔တြင္ ေလွ်ာ့ေဈးႏွင့္ ေရာင္းခ်ေပးပါမည္”ဟု MRCCI ဥကၠဌ ဦးေက်ာ္မင္းက ဆိုပါတယ္။

ပုသိမ္ႀကီးၿမိဳ႕နယ္ႏွင့္ မႏၲေလးစက္မႈကဲ့သို႔ ေနရာမ်ားကို ဦးစားေပးထားၿပီး အျခားေနရာမ်ားကိုလည္း ဆက္လက္ေရာင္းခ်ႏိုင္ရန္ ႀကိဳးစားမည္ဟု MRCCI တာဝန္ရွိသူမ်ားက ဆိုပါတယ္။ သို႔ေသာ္ စတင္ေရာင္းခ်မည့္ အခ်ိန္ႏွင့္ ေန႔ရက္ကိုမူ ေျပာၾကားျခင္း မရွိေသးပါ။

Read More>>> ဆင္ေျခေထာက္ေရာဂါကာကြယ္ေဆး တုိက္ေကြ်းသြားမယ့္ မႏၱေလးၿမိဳ႕ကခရုိင္(၄)ခု

ထိုသို႔ ေရာင္းခ်ရာ၌ စားေသာက္ကုန္ လာေရာက္ဝယ္ယူသူမ်ားအား စိုးရိမ္ေၾကာက္လန္႔စိတ္ျဖင့္ ကုန္ပစၥည္းဝယ္ယူစုေဆာင္းျခင္းမ်ိဳး မျပဳလုပ္ရန္ႏွင့္ COVID-19 အေၾကာင္း အသိပညာေပးမႈမ်ားလည္း လုပ္ေဆာင္မည္ဟု ဆိုပါတယ္။

“ကြၽန္ေတာ္တို႔ ေလာေလာဆယ္ေတာ့ ၾကက္ဥေရာင္းဖို႔ကေတာ့ ေသခ်ာတယ္။ ၾကက္သားေတြေရာင္းဖို႔ ပါမွာလား၊ မပါဘူးလားကေတာ့ မနက္ျဖန္မွ အစည္းအေဝး ျပန္ထိုင္မွာ။ ၾကက္ဥကို ျပင္ပမွာ ၁၂၀၊ ၁၃၀ က်ပ္ ေပးေနရတယ္။ အခုေရာင္းမွာက ၿခံေကာက္ေဈးနဲ႔ ေရာင္းမွာပါ။ ၉၀ က်ပ္ဝန္းက်င္ေပါ့” ဟု မႏၲေလးတိုင္းေဒသႀကီး ေမြးျမဴေရးလုပ္ငန္း အဖြဲ႕ခ်ဳပ္ ဥကၠဌ ေဒါက္တာေက်ာ္ထင္က ေျပာထားပါတယ္။

ေဈးေရာင္းခ်မည့္ ေနရာ၊ အခ်ိန္ႏွင့္ ေဈးႏႈန္းမ်ားကို MRCCI ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွ ေၾကညာေပးမည္ဟု MRCCI တာဝန္ရွိသူမ်ားက ဆိုပါတယ္။

Read More>>> မႏၱေလးၿမိဳ႕တြင္ လမ္းေလွ်ာက္သၾကၤန္အပါအ၀င္ သၾကၤန္ပြဲေတာ္အစီအစဥ္မ်ား က်င္းပေတာ့မည္မဟုတ္

MRCCIအေနျဖင့္ အထက္ပါအတိုင္း ဆန္ႏွင့္ စားေသာက္ကုန္အခ်ိဳ႕ ေဈးေလွ်ာ့ေရာင္းျခင္းကို မႏၲေလးၿမိဳ႕ေပၚတြင္သာ ျပဳလုပ္မည္ျဖစ္ေသာ္လည္း နယ္ေဒသမ်ားရွိ ကုန္သည္မ်ားမွ အထက္ပါအတိုင္း ေရာင္းခ်လိုပါက ေရာင္းခ်ႏိုင္ရန္ ဦးေဆာင္ျပဳလုပ္ျခင္းျဖစ္သည္ဟု ဦးဥကၠေက်ာ္က ေျပာပါတယ္။

မႏၱေလးၿမိဳ႕က ကုန္သည္၊ စက္မႈအသင္းမ်ား၏ လိပ္စာႏွင့္ ဖုန္းနံပါတ္မ်ား

Ref: Mandalay Indepth News

### Zawgyi Code

ကုန်သည်၊စက်မှုအသင်းက မန္တလေးရှိ ရပ်ကွက်အချို့တွင် ဆန်နှင့် စားသောက်ကုန်များကို ဈေးလျှော့ရောင်းပေးမည်

မန္တလေးတိုင်းဒေသကြီး ကုန်သည်၊ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)နှင့် ညီနောင်ကုန်သည်အသင်းများ ပူးပေါင်းကာ မန္တလေးမြို့ရှိ ရပ်ကွက်အချို့တွင် ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးလျှော့ရောင်းချပေးမည်ဟု အဆိုပါအသင်း၏ တာဝန်ရှိသူများက ပြောကြားထားပါတယ်။

“အဓိကတော့ ကုန်ဈေးနှုန်းတွေ မတက်ဘဲ ထိန်းနိုင်အောင်လို့ပါ။ ဝယ်ယူရတာ ခက်ခဲတဲ့ရပ်ကွက်တွေမှာ ကားနဲ့ လိုက်ရောင်းမှာပါ။ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ကြက်ဥ၊ လက်ဖက်အပါအဝင် အသင်းမှာရှိတဲ့ ညီနောင်ကုန်သည်အသင်းတွေက သူတို့ရဲ့ သက်ဆိုင်ရာ ကုန်တွေကို ရောင်းချမှာပါ။ တစ်ပတ်အတွင်း ရောင်းချနိုင်အောင် ကျွန်တော်တို့ ပြင်ဆင်မှာပါ”ဟု MRCCI အတွင်းရေးမှူး ဦးဥက္ကာကျော်က ပြောကြားထားပါတယ်။

မတ်လ(၁၆)ရက်က MRCCI ရုံး၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် အထက်ပါအတိုင်း ရပ်ကွက်အချို့၌ စားသောက်ကုန်များ ဈေးလျှော့ရောင်းပေးရန် စီစဉ်ခဲ့ကြောင်း ၎င်းက ဆိုပါတယ်။

“MRCCI အသင်းကြီးမှ ဆန်၊ ကြက်ဥ၊ လက်ဖက် အကြော်စုံအပါအဝင် တစ်ဦး ကျပ်နှစ်ထောင်ဖိုး၊ ပုသိမ်ကြီးနှင့် စက်မှုဇုန်တို့တွင် လျှော့ဈေးနှင့် ရောင်းချပေးပါမည်”ဟု MRCCI ဥက္ကဌ ဦးကျော်မင်းက ဆိုပါတယ်။

ပုသိမ်ကြီးမြို့နယ်နှင့် မန္တလေးစက်မှုကဲ့သို့ နေရာများကို ဦးစားပေးထားပြီး အခြားနေရာများကိုလည်း ဆက်လက်ရောင်းချနိုင်ရန် ကြိုးစားမည်ဟု MRCCI တာဝန်ရှိသူများက ဆိုပါတယ်။ သို့သော် စတင်ရောင်းချမည့် အချိန်နှင့် နေ့ရက်ကိုမူ ပြောကြားခြင်း မရှိသေးပါ။

ထိုသို့ ရောင်းချရာ၌ စားသောက်ကုန် လာရောက်ဝယ်ယူသူများအား စိုးရိမ်ကြောက်လန့်စိတ်ဖြင့် ကုန်ပစ္စည်းဝယ်ယူစုဆောင်းခြင်းမျိုး မပြုလုပ်ရန်နှင့် COVID-19 အကြောင်း အသိပညာပေးမှုများလည်း လုပ်ဆောင်မည်ဟု ဆိုပါတယ်။

“ကျွန်တော်တို့ လောလောဆယ်တော့ ကြက်ဥရောင်းဖို့ကတော့ သေချာတယ်။ ကြက်သားတွေရောင်းဖို့ ပါမှာလား၊ မပါဘူးလားကတော့ မနက်ဖြန်မှ အစည်းအဝေး ပြန်ထိုင်မှာ။ ကြက်ဥကို ပြင်ပမှာ ၁၂၀၊ ၁၃၀ ကျပ် ပေးနေရတယ်။ အခုရောင်းမှာက ခြံကောက်ဈေးနဲ့ ရောင်းမှာပါ။ ၉၀ ကျပ်ဝန်းကျင်ပေါ့” ဟု မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာကျော်ထင်က ပြောထားပါတယ်။

ဈေးရောင်းချမည့် နေရာ၊ အချိန်နှင့် ဈေးနှုန်းများကို MRCCI ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ကြေညာပေးမည်ဟု MRCCI တာဝန်ရှိသူများက ဆိုပါတယ်။

MRCCIအနေဖြင့် အထက်ပါအတိုင်း ဆန်နှင့် စားသောက်ကုန်အချို့ ဈေးလျှော့ရောင်းခြင်းကို မန္တလေးမြို့ပေါ်တွင်သာ ပြုလုပ်မည်ဖြစ်သော်လည်း နယ်ဒေသများရှိ ကုန်သည်များမှ အထက်ပါအတိုင်း ရောင်းချလိုပါက ရောင်းချနိုင်ရန် ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်ဟု ဦးဥက္ကကျော်က ပြောပါတယ်။

Ref: Mandalay Indepth News


Read 353 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.