Monday, 16 March 2020 10:09
baydin.jpg
တနင်္ဂနွေ
ဓါတ်ယတြာ
ထီနံပါတ် ( 12. 17. 16. )
တနင်္လာ
ဓါတ်ယတြာ
ထီနံပါတ် ( 65. 60. 69. )
Read More>>>မန္တလေးမြို့ကပြန်တဲ့အခါ ဘယ်လိုအမှတ်တရပစ္စည်းတွေကို လက်ဆောင်ဝယ်သွားသင့်လဲ
အင်္ဂါ
ဓါတ်ယတြာ
ထီနံပါတ် ( 24. 25. 20. )
ဗုဒ္ဓဟူး
ဓါတ်ယတြာ
ထီနံပါတ် ( 43. 48. 47. )
ရာဟု
ဓါတ်ယတြာ
ထီနံပါတ် ( 68. 63. 62. )
>>>>မန္တလေးမြို့ရှိ ဘဏ် (ပုဂ္ဂလိက) (207)ခုရဲ့လိပ်စာနဲ့ ဖုန်းနံပါတ်များ
ကြာသပတေး
ဓါတ်ယတြာ
ထီနံပါတ် ( 52. 57. 51. )
သောကြာ
ဓါတ်ယတြာ
ထီနံပါတ် ( 62. 67. 68.)
စနေ
ဓါတ်ယတြာ
ထီနံပါတ် ( 37. 32. 38. )
Credit; Baydin World
My Mandalay
Zawgyi
(၁၅.၃.၂၀၂၀) ရက်နေ့မှ (၂၁.၃.၂၀၂၀) ရက်နေ့အထိ (၇) ရက်သားသမီးများအတွက် တစ်ပတ်စာကံကြမ္မာ ဗေဒင်ဟောစာတမ်းတွေကို ဗေဒင်ဝါသနာရှင်တွေအတွက် ဖော်ပြပေးလိုက်ပါသည်။
တနင်္ဂနွေ
နေရာသစ်သို့ ပြောင်းရွှေ့လုပ်ကိုင် ဆောင်ရွက်ရမည်။ အလုပ်အကိုင် အပြောင်းအလဲနှင့် တိုးတက်မှုရှိမည်။ စီးပွါးရေးနှင့်ပတ်သက်ပြီး အရေးကြီးသောဆုံးဖြတ်ချက်များ ချမှတ်အကောင်အထည်ဖေါ်ရမည်။ ဘာသာတူ လူမျိုးခြား အကျိုးပေးမည်။ နာမည်ကျော်ဇောမည်။ ငွေကြေးအမြောက်အမြား ဝင်မည်။ ချစ်သူနှင့် ပျားရည်ဆမ်းခရီး ထွက်ရမည်။ ခြံ၊ မြေ၊ တိုက်၊ ကား ဝင်မည်။ အနီးဝန်းကျင် အောက်လက်ငယ်သား တော်လှန်ပုန်ကန်တတ်သည်။ အိမ်ထောင်ဖက်ကောင်းမှုကြောင့် မိမိဘဝဂုဏ်မြင့်မည်။ ရပ်ဝေးမှ မင်္ဂလာသတင်းစကား ကြားရမည်။ စိတ်ချမ်းသာမည်။ သွေးတိုးရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
အင်ကြင်းပန်း ( 6 ) ပွင့် ဘုရားလှူပါ။
ထီနံပါတ် ( 12. 17. 16. )
တနင်္လာ
ဘာသာတူလူမျိုးခြားတို့နှင့် စပ်တူလုပ်ကိုင်သောလုပ်ငန်းများ အောင်မြင်ကျော်ကြားလာမည်။ ငွေကြေးအမြောက်အမြား ဝင်မည်။ မျက်နှာစန်းပွင့်မည်။ လူချစ်လူခင် ပေါမည်။ မိမိအရင်းနှီးဆုံးပုဂ္ဂိုလ်က မိမိအားမနာလိုဝန်တိုဖြစ်ကာ ဂုံးချောစကား အတင်းအဖြင်း ပြောလိမ့်မည်။ သည်းခံခြင်းဖြင့် အနိုင်ယူလိုက်ပါ။ မိမိလုပ်ဆောင်သမျှ ထွန်းထွန်းပေါက်ပေါက် အောင်မြင်မည်။ ပညာရေး ကောင်းပါသည်။ ထူးချွန်မည်။ ငွေချေးငှားခြင်း၊ ရွှေထည်ပစ္စည်း ခဏငှားခြင်း၊ အာမခံခြင်းတွေ မလုပ်ပါနှင့်။ ဆုံးရှုံးတတ်သည်။ လူလိမ်လူကောက် ခံရတတ်သည်။ အိမ်ထောင်ရေး အဆင်ပြေလာမည်။ သားသမီးအကျိုး ခံစားရမည်။ အစာအိမ်ရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
သပြေ ( 9 ) ညွန့် ဘုရားလှူပါ။
ထီနံပါတ် ( 65. 60. 69. )
အင်္ဂါ
အဆိုးအညံ့ကင်းစင်၍ ဆောင်ရွက်သမျှ ထွန်းပေါက်အောင်မြင်မည်။ လူချစ်လူခင် ပေါမည်။ မိမိတတ်ထားသော အတတ်ပညာတွင် ထူးခြားစွာ အောင်မြင်မှုများ ရရှိမည်။ အလှူအတန်း သာသနာပြုလုပ်ငန်းကိစ္စများတွင် မိမိကပါဝင်ပတ်သက်ရလိမ့်မည်။ အလိုရှိရာဆန္ဒတို့ကို ရှေ့တိုးဆောင်ရွက်ရလိမ့်မည်။ နာမည်ဂုဏ်သတင်း ကျော်ဇောထင်ရှားမည်။ အဖက်ဖက်မှ ငွေများ အစုလိုက်အပုံလိုက် ဝင်လာမည်။ နိုင်ငံခြားခရီး သွားရမည်။ ကူညီမည့်သူ မိတ်ဆွေကောင်း ဆရာကောင်း တွေ့မည်။ အိမ်ထောင်ရေး အချစ်ရေး အဆင်ပြေလာမည်။ သားသမီးများအတွက် စိတ်ချမ်းသာမှုဖြစ်မည်။ ဆီးချိုသွေးချိုရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
ခရေပန်း ( 10 ) ကုံး ဘုရားလှူပါ။
ထီနံပါတ် ( 24. 25. 20. )
ဗုဒ္ဓဟူး
သင်အခုချိန်အခါမှာ ဘာပဲလုပ်လုပ် အဆင်မပြေဖြစ်မည်။ ငွေရေးကြေးရေး အခက်အခဲဖြစ်ပေါ်မည်။ စုဆောင်းထားသော ငွေကြေးများ ထုတ်ယူသုံးစွဲရလိမ့်မည်။ ခက်ခဲသောပြဿနာများ အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်း ကျော်လွှားအနိုင်ယူနိုင်မည်။ မိသားစုကိစ္စအတွက် စိတ်ပူပင်သောက ရောက်မည်။ ဟိုအရေးဒီအရေးတွေနှင့် စိတ်ရှုပ်ထွေးနေမည်။ အလုပ်အကိုင် အဆင်မပြေဖြစ်မည်။ ငွေကုန်ကြေးကျ များမည်။ စီးပွါးရေးလုပ်ငန်း အရှုံးပေါ်တတ်သည်။ အချစ်ရေး အဆင်မပြေဖြစ်မည်။ နေရာဌာန ပြောင်းရွှေ့လုပ်ကိုင် ဆောင်ရွက်ရမည်။ မိတ်ဆွေသူငယ်ချင်းများ၏ ကူညီပံ့ပိုးမှုကို ရရှိမည်။ ရွှေငွေရတနာပစ္စည်း ထွက်မည်။ ဒူးနာခါးနာရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
ရွက်လှ ( 7 ) ညွန့် ဘုရားလှူပါ။
ထီနံပါတ် ( 43. 48. 47. )
ရာဟု
လက်လွန်ဆုံးရှုံးထားသော ငွေကြေးနှင့်ဥစ္စာပစ္စည်းတို့အား ပြန်လည်ရရှိမည်။ ရောင်းမထွက်သောပစ္စည်းများ ရောင်းထွက်မည်။ ဖြစ်ပေါ်လာသော အမှုပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်မည်။ မိမိရဲ့အတတ်ပညာကြောင့် ဘဝလမ်းကြောင်း တိုးတက်မှုများကို ဖန်တီးနိုင်မည်။ ဆိုင်းငံ့ထားသောလုပ်ငန်းများ ပြန်လည်လုပ်ကိုင် ဆောင်ရွက်ရလိမ့်မည်။ မိမိမျှော်မှန်းထားသော အလိုဆန္ဒများ ပြည့်မြောက်အောင်မြင်မည်။ အလုပ်အကိုင် အကြံအစည် တိုးတက်အောင်မြင် ကျော်ကြားလာမည်။ ငွေရေးကြေးရေး အဆင်ပြေလာမည်။ ရွှေငွေရတနာပစ္စည်း ဝင်မည်။ လေနာရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
သရက်သီး ( 2 ) လုံး ဘုရားလှူပါ။
ထီနံပါတ် ( 68. 63. 62. )
ကြာသပတေး
ဘဝမှာဖြစ်ပေါ်လာသော အခက်အခဲပြဿနာများကို ပြေလည်အောင် ရင်ဆိုင်ဖြေရှင်းနိုင်မည်။ မမျှော်လင့်ဘဲ အလုပ်အကိုင်အဆင်ပြေလာမည်။ အရောင်းအဝယ်တစ်ခုကြောင့် ရုတ်တရက် ငွေကြေးအမြောက်အမြား ဝင်မည်။ ခြံ၊ မြေ၊ ကား ဝင်မည်။ အချစ်ရေး အဆင်ပြေလာမည်။ ချစ်သူနှင့် စပ်တူအလုပ် လုပ်ကိုင်ရမည်။ ထီပေါက်ကိန်း ရှိသည်။ အလုပ်နှင့်ပတ်သက်သောသင်တန်း တက်ရောက်အောင်မြင်မည်။ နိုင်ငံရပ်ခြား ခရီးဝေးသွားရမည်။ အိမ်ထောင်ရေး အဆင်ပြေလာမည်။ နှလုံးရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
ဂန္ဓမာပန်း ( 1 ) ပွင့် ဘုရားလှူပါ။
ထီနံပါတ် ( 52. 57. 51. )
သောကြာ
အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေသာယာလာမည်။ မမျှော်လင့်ဘဲ ငွေကြေးအမြောက်အမြား ဝင်မည်။ ခရီးယာယီ များမည်။ အလုပ်အကိုင် အဆင်ပြေလာမည်။ စီးပွါးရေး အရောင်းအဝယ် တိုးတက်ဖွွံ့ဖြိုးလာမည်။ အမှောင်ခွင်း အလင်းဆောင်ပြီ။ စိတ်ညစ်တာတွေပျောက် စိတ်ချမ်းသာမှုတွေ ရောက်မည်။ မိဘဆွေမျိုးသားချင်းတို့ရဲ့ ရိုင်းပင်းကူညီမှုကို ရရှိမည်။ လမ်းခရီးသွားရင်း သွေးထွက်သံယိုမှု ဖြစ်မည်။ ပညာထူးချွန်မည်။ ရာထူးဂုဏ်ထူး တိုးတက်မည်။ နေရာကောင်း ရရှိမည်။ သားသမီးများအတွက် စိတ်ချမ်းသာမှုဖြစ်မည်။ ရွှေငွေရတနာပစ္စည်း ထွက်မည်။ အာရုံကြောရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
သစ်ခွပန်း ( 8 ) ခက် ဘုရားလှူပါ။
ထီနံပါတ် ( 62. 67. 68.)
စနေ
အမှောင်ခွင်းအလင်းဆောင်ပြိး စိတ်ညစ်စရာပျောက် စိတ်ချမ်းသာမှုရောက်မည်။ မိမိစီးပွါးရေးလုပ်ငန်းများကို မိတ်ဟောင်းဆွေဟောင်းများနှင့် ငယ်သူငယ်ချင်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလိမ့်မည်။ ငွေရေးကြေးရေး အခက်အခဲများ ပြေလည်သွားလိမ့်မည်။ ရပ်ဝေးသူအချစ်ဦးကို တွေ့မည်။ အလုပ်အကိုင် နေရာဌာန ပြောင်းရွှေ့ရလိမ့်မည်။ ရွှေငွေရတနာပစ္စည်း ထွက်မည်။ အိမ်ထောင်ရေး အဆင်ပြေသာယာလာမည်။ သားသမီးအကျိုးကျေးဇူး ခံစားရမည်။ ရပ်ဝေးတစ်နေရာဆီမှ မင်္ဂလာသတင်းစကား ကြားရမည်။ ထီပေါက်ကိန်း ရှိသည်။ အမွေပစ္စည်း ရမည်။ အသည်းရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
စွယ်တော်ပန်း ( 8 ) ပွင့် ဘုရားလှူပါ။
ထီနံပါတ် ( 37. 32. 38. )
Credit; Baydin World
My Mandalay
Read 156 times
Rate :
(6 votes)
Related items
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.