Saturday, 14 March 2020 14:09

central bank npt 2 1



Read More>>> နှစ်လတာအတွင်း မီးလောင်မှုပေါင်း (၄၉၈) ကြိမ် ဖြစ်ပွားပြီး ကျပ်သန်း (၅,၀၀၀) ကျော် ဆုံးရှုံးခဲ့


89848166 3066994616665774 7778789078522134528 n

89992342 10156899696165840 9004610222685159424 n

89479805 10156899696210840 715818572609224704 n

Mandalay Directory


### Zawgyi Code

ဗဟိုဘဏ်မှ အတိုးနှုန်းထားများ၏ အကျိုးသက်ရောက်မည့်ရက်ကို ပြောင်းလဲသတ်မှတ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဗဟိုဘဏ်၏ အတိုးနှုန်း၊ အပ်ငွေများအပေါ် ပေးသည့်အတိုးနှုန်းနှင့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အတိုးနှုန်းများ ပြင်ဆင်သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံဗဟိုဘဏ်၏ အတိုးနှုန်း (Bank Rate)ကို တစ်နှစ်လျှင် (၁၀) ရာခိုင်နှုန်းမှ (၉.၅) ရာခိုင်နှုန်းသို့ ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ပါတယ်။

ယခုအခါ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိရောက်မြန်ဆန်စွာ အကျိုးသက်ရောက်မှုရရှိနိုင်စေရန်အတွက် ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) ၏ အကျိုးသက်ရောက်မည့်ရက်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့အစား ၂၀၂၀ ပြည့်နှစ် မတ်လ ၁၆ ရက်နေ့အဖြစ် ပြင်ဆင်သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

Mandalay Directory

Nilar Myot Win (Myingyan)


Read 293 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.