Wednesday, 11 March 2020 17:12

thumbs_b_c_562d6bee393393c657a0cf654fe104aa_1.jpg

 



Read More>>>နိုင်ငံပေါင်း(၃၀)ကျော် ခွဲစိတ်ကုသခဲ့တဲ့ဆရာဝန်ကြီးနဲ့ ဆွေးနွေးပြသခွင့်ရရှိမယ့် အခွင့်အရေး



My Mandalay

 

Zawgyi

မတ်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ Mandalay Convention Center တွင် သုံးရက်တာ ကျင်းပပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ "The 2nd Mandalay International Trade Fair & Business Forum 2020" ပွဲကြီးကို ‌ခေတ္တယာယီ ရွှေ့ဆိုင်းထားတဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ယခုချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံအချို့မှာ ကူးစက်ပျံ့နှံ့လျက်ရှိပြီး၊ အများပြည်သူ စိုးရိမ်နေကြရတဲ့ “COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ”ကို အထူးဂရုပြု ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပွဲကြီးသို့ တက်ရောက်လာကြမယ့် ဧည့်ပရိသတ်များရဲ့ ကျန်းမာရေးကို အလေးထားပြီး ရွှေ့ဆိုင်းလိုက်တာပဲဖြစ်ပါတယ်။

ပွဲကြီးကို “COVID-19” ရောဂါကူးစက်ပျံ့နှံ့မှု လျော့ကျပြီး စိတ်ချရပြီးဆိုတာနဲ့ ၂၀၂၀ ခုနှစ်အတွင်း အမြန်ဆုံး ပြန်လည်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပွဲကျင်းပသွားမယ့် အချိန်နဲ့ ရက်ကို ယခုလင့်ခ်မှာ https://bit.ly/3aPn7WH ဖော်ပြပေးမှာ ဖြစ်လို့ စောင်မျှော်ကြည့်ရှုနိုင်ပါတယ်။

"The 2nd Mandalay International Trade Fair & Business Forum 2020" ပွဲကြီးဟာ စီးပွားရေးပညာရှင်တွေ၊ Speakers တွေ၊ လုပ်ငန်းရှင်တွေရဲ့ ဆွေးနွေးပွဲတွေ၊ စီးပွားရေးဆိုင်ရာ အတွေ့အကြုံတွေကို ဟောပြောမျှဝေပေးသွားမယ့် ပွဲကြီးပဲ ဖြစ်ပါတယ်။

My Mandalay


Read 115 times
Rate :
(8 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.