Tuesday, 03 March 2020 17:37

Myingyan

မႏၲေလးတိုင္းေဒသႀကီး ျမင္းၿခံခ႐ိုင္ ျမင္းၿခံၿမိဳ႕တြင္ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕ႏွင့္ ဝင္းႏုဝင္းကုမၸဏီတို႔ ပူးေပါင္းေဆာင္႐ြက္သည့္ ေျမလတ္အိမ္ရာစီမံကိန္းကို ပထမဦးဆုံး စတင္အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ ရွိပါသည္။

အဆိုပါ ေျမလတ္အိမ္ရာစီမံကိန္းကို ျမင္းၿခံ-ပုဂံေညာင္ဦးလမ္းေဘးတြင္ရွိေသာ ေျမေနရာတြင္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနျခင္းျဖစ္ပါသည္။

အေဆာက္အအုံတစ္လုံးတြင္ အခန္း ၃၂ ခန္းပါရွိၿပီး အေဆာက္အအုံ ၁၀ လုံး ေဆာက္လုပ္မည္ျဖစ္ေၾကာင္း သိရပါသည္။

Read More>>> ေရငန္ကေန ေရခ်ိဳအျဖစ္ ေျပာင္းလဲသန္႔စင္ေပးမယ့္ ကမာၻ႔ပထမဆုံး ေနေရာင္ျခည္စြမ္းအင္သုံး စက္႐ုံ

ေျမလတ္အိမ္ရာစီမံကိန္းတြင္ ေနထိုင္သူမ်ားအဆင္ေျပေစရန္အတြက္-

- အဆင့္ျမင့္နည္းပညာမ်ား၊

- အရည္အေသြးျမင့္ပစၥည္မ်ား၊

- ငလ်င္ဒဏ္ခံႏိုင္မႈစနစ္မ်ား ထည့္သြင္းတည္ေဆာက္ထားျခင္း၊

- အေပၚထပ္မ်ားတြင္ ေနထိုင္သူမ်ားအတြက္ အမႈိက္ပစ္ရန္ ပိုက္လုံးမ်ား၊

- အေရးေပၚေလွကားမ်ားကိုလည္း တပ္ဆင္ေဆာက္လုပ္ထားျခင္း၊

- ေရကူးကန္၊

- ကေလးကစားကြင္း၊

- ကားပါကင္၊

- အားကစားခန္းမ၊

- ေဈးဝယ္စင္တာႏွင့္

-အနားယူအပန္းေျဖႏိုင္ေသာ ပန္းၿခံမ်ား စသည္တို႔ပါရွိေၾကာင္း တာဝန္ယူေဆာက္လုပ္လ်က္ရွိသည့္ ကုမၸဏီမွ တာဝန္ရွိသူမ်ားထံက သိရပါသည္။

Read More>>> ေဆာက္လုပ္ေရး လုပ္ငန္းသံုးပစၥည္းဆိုင္ (၇၀) ၏လိပ္စာႏွင့္ ဖုန္းနံပါတ္မ်ား

အဆိုပါ စီမံကိန္းသည္ ျမင္းၿခံၿမိဳ႕တြင္ ပထမဆုံးေဆာင္႐ြက္သည့္ လုပ္ငန္းျဖစ္ၿပီး တိုးတက္မ်ားျပားလာေသာ လူဦးေရတို႔ ကိုယ္ပိုင္အခန္းမ်ားျဖင့္ လူေနမႈအဆင့္အတန္းျမင့္မားစြာ ေနထိုင္ႏိုင္ေစရန္ႏွင့္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေစရန္ ရည္႐ြယ္ေဆာက္လုပ္ထားေၾကာင္း သိရပါသည္။

Ref: Myingyan Media, MyanmaAlinn, mdn

### Zawgyi Code

မြင်းခြံမြို့၏ ပထမဦးဆုံးသော မြေလတ်အိမ်ရာစီမံကိန်း စတင်အကောင်အထည်ဖော်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဝင်းနုဝင်းကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် မြေလတ်အိမ်ရာစီမံကိန်းကို ပထမဦးဆုံး စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။

အဆိုပါ မြေလတ်အိမ်ရာစီမံကိန်းကို မြင်းခြံ-ပုဂံညောင်ဦးလမ်းဘေးတွင်ရှိသော မြေနေရာတွင် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

အဆောက်အအုံတစ်လုံးတွင် အခန်း ၃၂ ခန်းပါရှိပြီး အဆောက်အအုံ ၁၀ လုံး ဆောက်လုပ်မည်ဖြစ်ကြောင်း သိရပါသည်။

မြေလတ်အိမ်ရာစီမံကိန်းတွင် နေထိုင်သူများအဆင်ပြေစေရန်အတွက်-

- အဆင့်မြင့်နည်းပညာများ၊

- အရည်အသွေးမြင့်ပစ္စည်များ၊

- ငလျင်ဒဏ်ခံနိုင်မှုစနစ်များ ထည့်သွင်းတည်ဆောက်ထားခြင်း၊

- အပေါ်ထပ်များတွင် နေထိုင်သူများအတွက် အမှိုက်ပစ်ရန် ပိုက်လုံးများ၊

- အရေးပေါ်လှေကားများကိုလည်း တပ်ဆင်ဆောက်လုပ်ထားခြင်း၊

- ရေကူးကန်၊

- ကလေးကစားကွင်း၊

- ကားပါကင်၊

- အားကစားခန်းမ၊

- ဈေးဝယ်စင်တာနှင့်

-အနားယူအပန်းဖြေနိုင်သော ပန်းခြံများ စသည်တို့ပါရှိကြောင်း တာဝန်ယူဆောက်လုပ်လျက်ရှိသည့် ကုမ္ပဏီမှ တာဝန်ရှိသူများထံက သိရပါသည်။

အဆိုပါ စီမံကိန်းသည် မြင်းခြံမြို့တွင် ပထမဆုံးဆောင်ရွက်သည့် လုပ်ငန်းဖြစ်ပြီး တိုးတက်များပြားလာသော လူဦးရေတို့ ကိုယ်ပိုင်အခန်းများဖြင့် လူနေမှုအဆင့်အတန်းမြင့်မားစွာ နေထိုင်နိုင်စေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောက်လုပ်ထားကြောင်း သိရပါသည်။

Ref: Myingyan Media, MyanmaAlinn, mdn


Read 426 times
Rate :
(15 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.