Tuesday, 03 March 2020 16:44

Pure Water 2

ပင္လယ္ေရငန္ကို ေရခ်ိဳအျဖစ္ ေျပာင္းလဲဖို႔ ႏွစ္ေပါင္းေထာင္နဲ႔ခ်ီ ႀကိဳးစားခဲ့ၾကတာပါ။ ဒါေပမဲ့ သုံးစြဲရမယ့္ စြမ္းအင္ပမာဏနဲ႔ စရိတ္ႀကီးျမင့္မႈေတြေၾကာင့္ မေအာင္ျမင္ခဲ့ၾကပါဘူး။

ဒါေၾကာင့္ အာဖရိကတိုက္၊ ကင္ညာႏိုင္ငံမွာ ကမာၻ႔ပထမဆုံး ေရငန္ကေန ေရခ်ိဳ ေျပာင္းလဲသန္႔စင္ေပးမယ့္ ေနေရာင္ျခည္စြမ္းအင္သုံး စက္႐ုံကို ပရဟိတအဖြဲ႕အစည္းတခုျဖစ္တဲ့ Give Power ကကူညီတည္ေဆာက္ေပးခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္ေဒၚလာ ၅ သိန္းကုန္က်ၿပီး တည္ေဆာက္ထားတဲ့ အဆိုပါစက္႐ုံ စတင္လည္ပတ္ေနပါၿပီ။ တေန႔ကို လူဦးေရ ၃၅,၀၀၀ အတြက္ ဖူလုံမယ့္ ေသာက္သုံးေရ ဂါလံ ၂၀,၀၀၀ ေက်ာ္သန္႔စင္ေပးႏိုင္မွာ ျဖစ္ပါတယ္။

ဒီလုပ္ငန္းစဥ္သာ ေအာင္ျမင္စြာ တိုးခ်ဲ႕ႏိုင္မယ္ဆိုရင္ ၂၀၂၅ ခုႏွစ္မွာ ကမာၻ႔လူဦးေရ ထက္ဝက္ခန္႔ ေရခ်ိဳရွားပါးမႈ ျပႆနာကို ေျဖရွင္းႏိုင္မွာ ျဖစ္ပါတယ္။

Read More>>> မႏၲေလး မဂၤလာေဈးသစ္ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို လပိုင္းအတြင္း စတင္မည္

Tesla ကုမၸဏီဟာ သဘာဝတရားႀကီးကေန အကန္႔သတ္မရွိ ရရွိေနတဲ့ ေနေရာင္ျခည္ကို အသုံးျပဳၿပီး ေနေရာင္ျခည္စြမ္းအင္ခံျပားနဲ႔ ဘက္ထရီကို ထုတ္လုပ္ခဲ့ပါတယ္။

“ေရရွည္အတြက္ ပင္လယ္ေရေတြကို အဆင့္ဆင့္ သယ္ယူမယ့္ နည္းလမ္းေတြ ရွိရပါမယ္” လို႔ Give Power ရဲ႕ဥကၠ႒ျဖစ္သူ Hayes Barnard က ဆိုပါတယ္။

ကမာၻေပၚမွာ ေရခ်ိဳရွားပါးမႈျပႆနာကို ေျဖရွင္းႏိုင္ဖို႔ အလားတူစက္႐ုံမ်ိဳးေတြ ကမာၻ႔အႏွံ႔မွာ ေဆာက္လုပ္သြားဖို႔ Barnard ကေမွ်ာ္လင့္ထားပါတယ္။

ကမာၻေပၚမွာ တိုးပြားလာတဲ့ လူဦးေရအတြက္ ေရခ်ိဳလုံေလာက္မႈ မရွိတဲ့ေနရာေတြ ၂၀၂၅ ခုႏွစ္မွာ ပိုမိုမ်ားျပားလာမယ္လို႔ ခန္႔မွန္းထားပါတယ္။ လက္ရွိအခ်ိန္မွာကို ကမာၻ႔လူဦးေရ ၃ ေယာက္မွာ ၁ ေယာက္ဟာ သန္႔စင္တဲ့ ေသာက္သုံးေရ မရရွိေတာ့ပါဘူး။

အခု ပေရာဂ်က္ေၾကာင့္ ကင္ညာျပည္သူေတြဟာ ေရ ၁ ဂါလံကို ေငြ ၁ ပဲနိေလာက္နဲ႔ ေသာက္သုံးႏိုင္ေနပါၿပီ။ ဒါဟာ မႏွစ္က ေရရွားပါးမႈေၾကာင့္ ပင္လယ္ေရငန္ေတြေသာက္ၿပီး ေက်ာက္ကပ္ေရာဂါနဲ႔ ေသဆုံးခဲ့တာနဲ႔စာရင္ အမ်ားႀကီးအက်ိဳးရွိခဲ့တာပါ။

Read More>>> စပ္ေဆးေရာင္းခ်ေနသည့္ မႏၱေလးၿမိဳ႕မွ ေဆးဆိုင္(၁၃)ဆိုင္ကို ယာယီပိတ္သိမ္းထား

ကင္ညာႏိုင္ငံ၏ ကမ္းေျခၿမိဳ႕ေလးဟာ ဆိုးဆိုးဝါးဝါး မိုးေခါင္မႈေတြနဲ႔ ပင္လယ္ေရမ်က္ႏွာျပင္ျမင့္တက္လာမႈေတြေၾကာင့္ လြန္ခဲ့တဲ့ ၅ ႏွစ္ခန္႔ေလာက္ကစၿပီး မသန္႔စင္တဲ့ ေရနဲ႔ ပင္လယ္ေရေတြကိုေတာင္ ေသာက္သုံးခဲ့ၾကရပါတယ္။

စက္႐ုံ တည္ေဆာက္ေပးခဲ့တဲ့ Give Power အဖြဲ႕စည္းက ဒီေဒသမွာေနထိုင္တဲ့ ေဒသခံေတြဟာ အဆိုပါစက္႐ုံကို အမွီျပဳၿပီး စာသင္ေက်ာင္း၊ ေဆး႐ုံနဲ႔ အနီးနားက ႐ြာေတြထိပါ ေသာက္သုံးေရခ်ိဳေရာက္ေအာင္ ျဖန္႔ျဖဴးေရးလုပ္ငန္းေတြ လုပ္ကိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။

စက္႐ုံႀကီး၏ ကုန္က်စရိတ္ကို ေရ ၁ ဂါလံ ၁ ပဲနိနဲ႔ ေရာင္းတဲ့ ေငြေတြကေန ၅ ႏွစ္အတြင္း အရင္းေက်ႏိုင္ၿပီး ေနာက္ထပ္စက္႐ုံေတြ ထပ္မံတည္ေဆာက္သြားႏိုင္ဖို႔ စီစဥ္ေနပါတယ္။ ေနာက္ပိုင္း စက္႐ုံတည္ေဆာက္စရိတ္ကို ေဒၚလာ ၁ သိန္းေလာက္နဲ႔ပဲ ကုန္က်ဖို႔ ေမွ်ာ္မွန္းထားပါတယ္။

 Read More>>> ေရဆိုးသန္႔စင္ျခင္းလုပ္ငန္း (၄) ခု၏ လိပ္စာႏွင့္ ဖုန္းနံပါတ္မ်ား

Source: irrawaddy

### Zawgyi Code

ရေငန်ကနေ ရေချိုအဖြစ် ပြောင်းလဲသန့်စင်ပေးမယ့် ကမ္ဘာ့ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး စက်ရုံ

ပင်လယ်ရေငန်ကို ရေချိုအဖြစ် ပြောင်းလဲဖို့ နှစ်ပေါင်းထောင်နဲ့ချီ ကြိုးစားခဲ့ကြတာပါ။ ဒါပေမဲ့ သုံးစွဲရမယ့် စွမ်းအင်ပမာဏနဲ့ စရိတ်ကြီးမြင့်မှုတွေကြောင့် မအောင်မြင်ခဲ့ကြပါဘူး။

ဒါကြောင့် အာဖရိကတိုက်၊ ကင်ညာနိုင်ငံမှာ ကမ္ဘာ့ပထမဆုံး ရေငန်ကနေ ရေချို ပြောင်းလဲသန့်စင်ပေးမယ့် နေရောင်ခြည်စွမ်းအင်သုံး စက်ရုံကို ပရဟိတအဖွဲ့အစည်းတခုဖြစ်တဲ့ Give Power ကကူညီတည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၅ သိန်းကုန်ကျပြီး တည်ဆောက်ထားတဲ့ အဆိုပါစက်ရုံ စတင်လည်ပတ်နေပါပြီ။ တနေ့ကို လူဦးရေ ၃၅,၀၀၀ အတွက် ဖူလုံမယ့် သောက်သုံးရေ ဂါလံ ၂၀,၀၀၀ ကျော်သန့်စင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်သာ အောင်မြင်စွာ တိုးချဲ့နိုင်မယ်ဆိုရင် ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့် ရေချိုရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

Tesla ကုမ္ပဏီဟာ သဘာဝတရားကြီးကနေ အကန့်သတ်မရှိ ရရှိနေတဲ့ နေရောင်ခြည်ကို အသုံးပြုပြီး နေရောင်ခြည်စွမ်းအင်ခံပြားနဲ့ ဘက်ထရီကို ထုတ်လုပ်ခဲ့ပါတယ်။

“ရေရှည်အတွက် ပင်လယ်ရေတွေကို အဆင့်ဆင့် သယ်ယူမယ့် နည်းလမ်းတွေ ရှိရပါမယ်” လို့ Give Power ရဲ့ဥက္ကဋ္ဌဖြစ်သူ Hayes Barnard က ဆိုပါတယ်။

ကမ္ဘာပေါ်မှာ ရေချိုရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ဖို့ အလားတူစက်ရုံမျိုးတွေ ကမ္ဘာ့အနှံ့မှာ ဆောက်လုပ်သွားဖို့ Barnard ကမျှော်လင့်ထားပါတယ်။

ကမ္ဘာပေါ်မှာ တိုးပွားလာတဲ့ လူဦးရေအတွက် ရေချိုလုံလောက်မှု မရှိတဲ့နေရာတွေ ၂၀၂၅ ခုနှစ်မှာ ပိုမိုများပြားလာမယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိအချိန်မှာကို ကမ္ဘာ့လူဦးရေ ၃ ယောက်မှာ ၁ ယောက်ဟာ သန့်စင်တဲ့ သောက်သုံးရေ မရရှိတော့ပါဘူး။

အခု ပရောဂျက်ကြောင့် ကင်ညာပြည်သူတွေဟာ ရေ ၁ ဂါလံကို ငွေ ၁ ပဲနိလောက်နဲ့ သောက်သုံးနိုင်နေပါပြီ။ ဒါဟာ မနှစ်က ရေရှားပါးမှုကြောင့် ပင်လယ်ရေငန်တွေသောက်ပြီး ကျောက်ကပ်ရောဂါနဲ့ သေဆုံးခဲ့တာနဲ့စာရင် အများကြီးအကျိုးရှိခဲ့တာပါ။

ကင်ညာနိုင်ငံ၊ Kiunga ကမ်းခြေမြို့လေးဟာ ဆိုးဆိုးဝါးဝါး မိုးခေါင်မှုတွေနဲ့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုတွေကြောင့် လွန်ခဲ့တဲ့ ၅ နှစ်ခန့်လောက်ကစပြီး မသန့်စင်တဲ့ ရေနဲ့ ပင်လယ်ရေတွေကိုတောင် သောက်သုံးခဲ့ကြရပါတယ်။

စက်ရုံ တည်ဆောက်ပေးခဲ့တဲ့ Give Power အဖွဲ့စည်းက ဒီဒေသမှာနေထိုင်တဲ့ ဒေသခံတွေဟာ အဆိုပါစက်ရုံကို အမှီပြုပြီး စာသင်ကျောင်း၊ ဆေးရုံနဲ့ အနီးနားက ရွာတွေထိပါ သောက်သုံးရေချိုရောက်အောင် ဖြန့်ဖြူးရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ မျှော်လင့်ထားပါတယ်။

စက်ရုံကြီး၏ ကုန်ကျစရိတ်ကို ရေ ၁ ဂါလံ ၁ ပဲနိနဲ့ ရောင်းတဲ့ ငွေတွေကနေ ၅ နှစ်အတွင်း အရင်းကျေနိုင်ပြီး နောက်ထပ်စက်ရုံတွေ ထပ်မံတည်ဆောက်သွားနိုင်ဖို့ စီစဉ်နေပါတယ်။ နောက်ပိုင်း စက်ရုံတည်ဆောက်စရိတ်ကို ဒေါ်လာ ၁ သိန်းလောက်နဲ့ပဲ ကုန်ကျဖို့ မျှော်မှန်းထားပါတယ်။

Source: irrawaddy


Read 277 times
Rate :
(6 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.