Tuesday, 03 March 2020 14:42

Mandalay Mingalar Market

မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီဥကၠဌ ၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္ ေၾကညာထားသည့္ ေဖေဖၚဝါရီ (၂၉) ရက္စြဲပါ အမိန္႔ေၾကာ္ျငာစာတြင္ မႏၲေလးၿမိဳ႕ မဂၤလာေဈးအသစ္ ျပန္လည္တည္ေဆာက္ေရး စီမံကိန္းဧရိယာကို ေအာက္ပါအတိုင္း ေၾကညာထားပါတယ္။

မႏၲေလး မဂၤလာေဈးအသစ္ ျပန္လည္တည္ေဆာက္ႏိုင္ေရး စီမံကိန္းဧရိယာအျဖစ္ မႏၲေလးၿမိဳ႕ေတာ္ဝန္ေနအိမ္ဧရိယာကိုပါ ထည့္သြင္းကာ ယခင္ (၂) ဧကေက်ာ္မွ ယခု (၃) ဧကေက်ာ္အထိ တိုးခ်ဲ႕သတ္မွတ္ေၾကာင္း သိရပါတယ္။

Read More>>> အက်ဘက္ကို ဆက္လက္ဦးတည္ေနတဲ့ မႏၱေလးၿမိဳ႕မွ စက္သံုးဆီေစ်းႏႈန္းမ်ား

မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီသည္ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးဥပေဒအရ အပ္ႏွင္းထားေသာလုပ္ပိုင္ခြင့္ကို က်င့္သုံး၍ မႏၲေလးတိုင္းအစိုးရအဖြဲ႕၏ သေဘာတူညီခ်က္ျဖင့္ မႏၲေလး မဂၤလာေဈးအသစ္ ျပန္လည္တည္ေဆာက္ႏိုင္ေရးႏွင့္ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးအတြက္ ေဆာင္႐ြက္မည့္ စီမံကိန္းဧရိယာအျဖစ္ ခ်မ္းေအးသာစံၿမိဳ႕နယ္ ရန္မ်ိဳးလုံရပ္ကြက္၊ အကြက္အမွတ္(၇၃၉)၊ လမ္း ၃၀ႏွင့္ ၃၁ လမ္းၾကား၊ ၇၂လမ္းႏွင့္ ၇၃လမ္းၾကားရွိ မဂၤလာေဈးဧရိယာ စုစုေပါင္း (၃ ဒႆမ ၇,၀၀၆) ဧကအနက္ ဘုရားႏွင့္ ဓမၼာ႐ုံဧရိယာ (၀ ဒႆမ ၁,၂၇၂) ဧကအား ခ်န္လွပ္၍ ယခင္အသုံးျပဳေသာ မဂၤလာေဈးဧရိယာ (၂ ဒႆမ ၆,၅၄၃) ဧက၊ ၿမိဳ႕ေတာ္ဝန္ ေနအိမ္ဧရိယာ (၀ ဒႆမ ၆,၇၇၇) ဧက၊ လူေနဆိုင္ခန္း(၉)ခန္း ဧရိယာ(၀ ဒႆမ ၁၅၄၃) ဧကႏွင့္ က်န္ေျမဧရိယာ (၀ ဒႆမ ၀,၈၇၁) ဧက၊ စုစုေပါင္း ေျမဧရိယာ (၃ ဒႆမ ၅,၇၃၄) ဧကကို စီမံကိန္းဧရိယာအျဖစ္ သတ္မွတ္ထား၍ စုစုေပါင္း ၃ ဒႆမ ၅၇၄ ဧကအထိ က်ယ္ဝန္းလာမည္ျဖစ္ေၾကာင္း သိရပါတယ္။

မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ လမ္း ၃၀ႏွင့္ ၇၃ လမ္းေထာင့္ရွိ မဂၤလာေဈးသည္ ယခင္ကေဈးဆိုင္ႏွင့္ လူေနဆိုင္ခန္းမ်ားပါရွိသည့္ ေလးထပ္အျမင့္ အေဆာက္အဦးျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ မတ္လအတြင္းက မီးေလာင္ ပ်က္စီးခဲ့ပါတယ္။

Read More>>> ေဘးတြဲ၊ ေနာက္တြဲမ်ား တပ္ဆင္ထားေသာ ေမာ္ေတာ္ဆိုင္ကယ္မ်ားကို မတ္လ ၁ ရက္ေန႔မွစ၍ အေရးယူသြားမည္

မဂၤလာေဈး မီးေလာင္ၿပီး ေလးႏွစ္ၾကာခ်ိန္အထိ ေဈးအသစ္ျပန္လည္တည္ေဆာက္ႏိုင္ျခင္း မရွိေသးဘဲျဖစ္ေနရာ လက္ရွိတြင္ တိုင္းအစိုးရက ေဈးသစ္တည္ေဆာက္ေရး စီမံကိန္းဧရိယာမ်ားကို အထက္ပါအတိုင္း သတ္မွတ္လိုက္ျခင္းျဖစ္ပါတယ္။

မီးေဘးသင့္ မႏၲေလး မဂၤလာေဈးေနရာတြင္ ေဈးအသစ္ တည္ေဆာက္ေရးလုပ္ငန္းမ်ား လပိုင္းအတြင္း စတင္ေဆာင္႐ြက္ႏိုင္ရန္ႀကိဳးစားနေၾကာင္း မႏၲေလးတိုင္းအစိုးရ ေခတၱဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့သူ၊ တိုင္းအစိုးရ လ်ပ္စစ္၊ စြမ္းအင္ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီး ဦးဇာနည္ေအာင္က ေျပာထားပါတယ္။

မႏၲေလး မဂၤလာေဈးသည္ ၿမိဳ႕၏ အခ်က္အခ်ာေနရာတြင္ရွိေနေသာေၾကာင့္ ေဈးအသစ္ဒီဇိုင္းသည္ ဗိသုကာအျမင္မ်ားျဖင့္ ႏွစ္ေပါင္းမ်ားစြာ လိုက္ေလ်ာညီေထြျဖစ္သည့္ဒီဇိုင္းျဖစ္ရန္ လိုအပ္သလို ေဆာက္လုပ္ေရးစံႏႈန္းႏွင့္ ကိုက္ညီေသာ အေဆာက္အဦးတစ္ခုအျဖစ္ ေဆာက္လုပ္မည္ျဖစ္ေၾကာင္း ဦးဇာနည္ေအာင္က ေျပာထားပါတယ္။

ဒါ့အျပင္ မီးေဘးသင့္ မဂၤလာေဈးအား ေဈးသစ္ အျမန္ဆုံးတည္ေဆာက္ေပးေရးႏွင့္ ေျမညီထပ္ဆိုင္ခန္းမ်ားရရွိေရး ေဖေဖာ္ဝါရီ(၁၆) ရက္က မဂၤလာေဈးမွ ေဈးသူ၊ ေဈးသားမ်ား အင္အားတစ္ရာေက်ာ္ျဖင့္ ဆႏၵျပ ေတာင္းဆိုခဲ့ေၾကာင္းလည္း သိရပါတယ္။

Read More>>> ေတာင္သူလယ္သမားေန႔တြင္ မႏၲေလး-ျမစ္ႀကီးနား Air Con ေလအိတ္ရထား စတင္ေျပးဆြဲမည္

မီးေဘးသင့္ မဂၤလာေဈးမွ ေဈးသူ/သားမ်ားကို လက္ရွိတြင္ မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ ၃၅ လမ္းႏွင့္ ၇၁ လမ္းေထာင့္ရွိ ေဂၚရာေဘာလုံးကြင္းေျမေနရာ၌ ယာယီေဈးမ်ားအျဖစ္ ဖြင့္လွစ္ခြင့္ျပဳထားပါတယ္။

88268553 223636862014488 638965535916163072 n 768x707

Ref: Mandalay Indenth News

### Zawgyi Code

မန္တလေး မင်္ဂလာဈေးသစ် တည်ဆောက်ရေးလုပ်ငန်းများကို လပိုင်းအတွင်း စတင်မည်

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဌ မြို့တော်ဝန် ဒေါက်တာရဲလွင် ကြေညာထားသည့် ဖေဖေါ်ဝါရီ (၂၉) ရက်စွဲပါ အမိန့်ကြော်ငြာစာတွင် မန္တလေးမြို့ မင်္ဂလာဈေးအသစ် ပြန်လည်တည်ဆောက်ရေး စီမံကိန်းဧရိယာကို အောက်ပါအတိုင်း ကြေညာထားပါတယ်။

မန္တလေး မင်္ဂလာဈေးအသစ် ပြန်လည်တည်ဆောက်နိုင်ရေး စီမံကိန်းဧရိယာအဖြစ် မန္တလေးမြို့တော်ဝန်နေအိမ်ဧရိယာကိုပါ ထည့်သွင်းကာ ယခင် (၂) ဧကကျော်မှ ယခု (၃) ဧကကျော်အထိ တိုးချဲ့သတ်မှတ်ကြောင်း သိရပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသည် မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေအရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ မန္တလေးတိုင်းအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မန္တလေး မင်္ဂလာဈေးအသစ် ပြန်လည်တည်ဆောက်နိုင်ရေးနှင့် မြို့ပြဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် စီမံကိန်းဧရိယာအဖြစ် ချမ်းအေးသာစံမြို့နယ် ရန်မျိုးလုံရပ်ကွက်၊ အကွက်အမှတ်(၇၃၉)၊ လမ်း ၃၀နှင့် ၃၁ လမ်းကြား၊ ၇၂လမ်းနှင့် ၇၃လမ်းကြားရှိ မင်္ဂလာဈေးဧရိယာ စုစုပေါင်း (၃ ဒဿမ ၇,၀၀၆) ဧကအနက် ဘုရားနှင့် ဓမ္မာရုံဧရိယာ (၀ ဒဿမ ၁,၂၇၂) ဧကအား ချန်လှပ်၍ ယခင်အသုံးပြုသော မင်္ဂလာဈေးဧရိယာ (၂ ဒဿမ ၆,၅၄၃) ဧက၊ မြို့တော်ဝန် နေအိမ်ဧရိယာ (၀ ဒဿမ ၆,၇၇၇) ဧက၊ လူနေဆိုင်ခန်း(၉)ခန်း ဧရိယာ(၀ ဒဿမ ၁၅၄၃) ဧကနှင့် ကျန်မြေဧရိယာ (၀ ဒဿမ ဝ,၈၇၁) ဧက၊ စုစုပေါင်း မြေဧရိယာ (၃ ဒဿမ ၅,၇၃၄) ဧကကို စီမံကိန်းဧရိယာအဖြစ် သတ်မှတ်ထား၍ စုစုပေါင်း ၃ ဒဿမ ၅၇၄ ဧကအထိ ကျယ်ဝန်းလာမည်ဖြစ်ကြောင်း သိရပါတယ်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀နှင့် ၇၃ လမ်းထောင့်ရှိ မင်္ဂလာဈေးသည် ယခင်ကဈေးဆိုင်နှင့် လူနေဆိုင်ခန်းများပါရှိသည့် လေးထပ်အမြင့် အဆောက်အဦးဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လအတွင်းက မီးလောင် ပျက်စီးခဲ့ပါတယ်။

မင်္ဂလာဈေး မီးလောင်ပြီး လေးနှစ်ကြာချိန်အထိ ဈေးအသစ်ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးဘဲဖြစ်နေရာ လက်ရှိတွင် တိုင်းအစိုးရက ဈေးသစ်တည်ဆောက်ရေး စီမံကိန်းဧရိယာများကို အထက်ပါအတိုင်း သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။

မီးဘေးသင့် မန္တလေး မင်္ဂလာဈေးနေရာတွင် ဈေးအသစ် တည်ဆောက်ရေးလုပ်ငန်းများ လပိုင်းအတွင်း စတင်ဆောင်ရွက်နိုင်ရန်ကြိုးစားနကြောင်း မန္တလေးတိုင်းအစိုးရ ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ၊ တိုင်းအစိုးရ လျပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောထားပါတယ်။

မန္တလေး မင်္ဂလာဈေးသည် မြို့၏ အချက်အချာနေရာတွင်ရှိနေသောကြောင့် ဈေးအသစ်ဒီဇိုင်းသည် ဗိသုကာအမြင်များဖြင့် နှစ်ပေါင်းများစွာ လိုက်လျောညီထွေဖြစ်သည့်ဒီဇိုင်းဖြစ်ရန် လိုအပ်သလို ဆောက်လုပ်ရေးစံနှုန်းနှင့် ကိုက်ညီသော အဆောက်အဦးတစ်ခုအဖြစ် ဆောက်လုပ်မည်ဖြစ်ကြောင်း ဦးဇာနည်အောင်က ပြောထားပါတယ်။

ဒါ့အပြင် မီးဘေးသင့် မင်္ဂလာဈေးအား ဈေးသစ် အမြန်ဆုံးတည်ဆောက်ပေးရေးနှင့် မြေညီထပ်ဆိုင်ခန်းများရရှိရေး ဖေဖော်ဝါရီ(၁၆) ရက်က မင်္ဂလာဈေးမှ ဈေးသူ၊ ဈေးသားများ အင်အားတစ်ရာကျော်ဖြင့် ဆန္ဒပြ တောင်းဆိုခဲ့ကြောင်းလည်း သိရပါတယ်။

မီးဘေးသင့် မင်္ဂလာဈေးမှ ဈေးသူ/သားများကို လက်ရှိတွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် ၇၁ လမ်းထောင့်ရှိ ဂေါ်ရာဘောလုံးကွင်းမြေနေရာ၌ ယာယီဈေးများအဖြစ် ဖွင့်လှစ်ခွင့်ပြုထားပါတယ်။

Ref: Mandalay Indenth News


Read 368 times Last modified on Tuesday, 03 March 2020 17:05
Rate :
(9 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.