Friday, 28 February 2020 17:18

Mandalay Myitkyina Air Con train

မႏၲေလး-ျမစ္ႀကီးနားလမ္းပိုင္းတြင္ ခရီးသြားျပည္သူမိဘမ်ား သြားလာေရး အဆင္ေျပလြယ္ကူေစရန္အတြက္ မတ္ ၂ ရက္တြင္ အမွတ္(၃၁)အဆန္၊ အမွတ္(၃၂) အစုန္ရထားမ်ား စတင္ေျပးဆြဲမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုရထားအဆိုင္းႏွစ္ဆိုင္းသည္ ကိုရီးယားႏိုင္ငံမွ ေရာက္ရွိလာသည့္ Air Con ေလအိတ္ရထားမ်ားျဖစ္ပါသည္။

မႏၲေလး-ျမစ္ႀကီးနားသို႔ ေျပးဆြဲမည့္ ရထားတြဲမ်ားသည္ EDCF ေခ်းေငြျဖင့္ ဝယ္ယူထားျခင္းျဖစ္ေၾကာင္း သိရသည္။

Read More>>> အက်ဘက္ကို ဆက္လက္ဦးတည္ေနတဲ့ မႏၱေလးၿမိဳ႕မွ စက္သံုးဆီေစ်းႏႈန္းမ်ား

အမွတ္(၃၁)အဆန္ရထားတြင္ အထက္တန္းတြဲ(၁၀)တြဲ၊ စားေသာက္တြဲ တစ္တြဲ၊ ႐ိုး႐ိုးတန္း ၃၆ ခုံပါ ဘရိတ္တြဲတစ္တြဲ စုစုေပါင္း ၁၂ တြဲ ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါရထားသည္ မႏၲေလးဘူတာမွ မြန္းလြဲ ၁ နာရီတြင္ စတင္ထြက္ခြာကာ ကန႔္ဘလူဘူတာသို႔ ညေန ၅ နာရီခြဲ၌ ဆိုက္ေရာက္မည္ျဖစ္ၿပီး ျမစ္ႀကီးနားဘူတာသို႔ ေနာက္တစ္ေန႔ နံနက္ ၇ နာရီတြင္ ဆိုက္ေရာက္မည္ျဖစ္ပါသည္။

အမွတ္(၃၂)အစုန္ရထားသည္ ျမစ္ႀကီးနားဘူတာမွ မြန္းလြဲ ၁ နာရီခြဲတြင္ စတင္ထြက္ခြာကာ ကန္႔ဘလူဘူတာသို႔ နံနက္ ၂ နာရီခြဲတြင္ ဆိုက္ေရာက္ၿပီး မႏၲေလးဘူတာသို႔ နံနက္ ၇ နာရီ ၄၅ မိနစ္တြင္ ဆိုက္ေရာက္မည္ျဖစ္ပါသည္။

Read More>>> ေဘးတြဲ၊ ေနာက္တြဲမ်ား တပ္ဆင္ထားေသာ ေမာ္ေတာ္ဆိုင္ကယ္မ်ားကို မတ္လ ၁ ရက္ေန႔မွစ၍ အေရးယူသြားမည္

အဆိုပါ မႏၲေလး-ျမစ္ႀကီးနားလမ္းပိုင္းရွိ ေ႐ႊဘို၊ ကန္႔ဘလူ၊ ေကာလင္း၊ နဘား၊ မိုးညႇင္း၊ ဟိုပင္၊ မိုးေကာင္းဘူတာမ်ားတြင္ ရပ္တန္႔ေပးမည္ ျဖစ္ေၾကာင္း သိရသည္။

download.jpeg

Nilar Myot Win (Mandalay Directory)

Ref: MOI

### Zawgyi Code

တောင်သူလယ်သမားနေ့တွင် မန္တလေး-မြစ်ကြီးနား Air Con လေအိတ်ရထား စတင်ပြေးဆွဲမည်

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် ခရီးသွားပြည်သူမိဘများ သွားလာရေး အဆင်ပြေလွယ်ကူစေရန်အတွက် မတ် ၂ ရက်တွင် အမှတ်(၃၁)အဆန်၊ အမှတ်(၃၂) အစုန်ရထားများ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

အဆိုရထားအဆိုင်းနှစ်ဆိုင်းသည် ကိုရီးယားနိုင်ငံမှ ရောက်ရှိလာသည့် Air Con လေအိတ်ရထားများဖြစ်ပါသည်။

မန္တလေး-မြစ်ကြီးနားသို့ ပြေးဆွဲမည့် ရထားတွဲများသည် EDCF ချေးငွေဖြင့် ဝယ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

အမှတ်(၃၁)အဆန်ရထားတွင် အထက်တန်းတွဲ(၁၀)တွဲ၊ စားသောက်တွဲ တစ်တွဲ၊ ရိုးရိုးတန်း ၃၆ ခုံပါ ဘရိတ်တွဲတစ်တွဲ စုစုပေါင်း ၁၂ တွဲ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရထားသည် မန္တလေးဘူတာမှ မွန်းလွဲ ၁ နာရီတွင် စတင်ထွက်ခွာကာ ကန့်ဘလူဘူတာသို့ ညနေ ၅ နာရီခွဲ၌ ဆိုက်ရောက်မည်ဖြစ်ပြီး မြစ်ကြီးနားဘူတာသို့ နောက်တစ်နေ့ နံနက် ၇ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ပါသည်။

အမှတ်(၃၂)အစုန်ရထားသည် မြစ်ကြီးနားဘူတာမှ မွန်းလွဲ ၁ နာရီခွဲတွင် စတင်ထွက်ခွာကာ ကန့်ဘလူဘူတာသို့ နံနက် ၂ နာရီခွဲတွင် ဆိုက်ရောက်ပြီး မန္တလေးဘူတာသို့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ပါသည်။

အဆိုပါ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းရှိ ရွှေဘို၊ ကန့်ဘလူ၊ ကောလင်း၊ နဘား၊ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းဘူတာများတွင် ရပ်တန့်ပေးမည် ဖြစ်ကြောင်း သိရသည်။

Nilar Myot Win (Mandalay Directory)

Ref: MOI


Read 399 times
Rate :
(17 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.