Friday, 28 February 2020 14:35

88159753 1269755949886152 8996418105143984128 n

၂၀၂၀ျပည့္ႏွစ္ မတ္လ ၁ ရက္ေန႔မွစ၍ တရားမဝင္သည့္ ေဒသႏၲရလုပ္ ေဘးတြဲ၊ ေနာက္တြဲမ်ား တပ္ဆင္ထားေသာ ေမာ္ေတာ္ဆိုင္ကယ္မ်ား စစ္ေဆးေတြ႕ရွိပါက တည္ဆဲ ၂၀၁၅ ခုႏွစ္၊ ေမာ္ေတာ္ယာဥ္ဥပေဒအရ စိစစ္အေရးယူျခင္း စတင္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဒါ့အျပင္ လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္ျဖစ္ပါက ပို႔ကုန္၊သြင္းကုန္ဥပေဒအရ အမႈဖြင့္အေရးယူျခင္းႏွင့္ တရားမဝင္ တပ္ဆင္ထားေသာ ေဒသႏၲရလုပ္ ေဘးတြဲ၊ ေနာက္တြဲမ်ားအား ျဖဳတ္ယူသိမ္းဆည္းျခင္းတို႔ကို အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ ကင္းရွင္းေရးေကာင္စီမွ အသိေပးေၾကာ္ျငာထားပါသည္။

Read More>>> ရာဇမဏိစူဠာေကာင္းမႈေတာ္ေစတီေတာ္ႀကီးကို ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္

၁၉၈၉ ခုႏွစ္ ေမာ္ေတာ္ယာဥ္ နည္းဥပေဒ-၂၄ အရ ဗဟိုမွတ္ပုံတင္အဖြဲ႕မွ ထုတ္ျပန္ထားေသာ ၫႊန္ၾကားခ်က္မ်ားႏွင့္ေသာ္လည္းေကာင္း၊ မညီၫြတ္ေသာ ေမာ္ေတာ္ယာဥ္ကို ျပည္သူႏွင့္ဆိုင္ေသာေနရာမ်ားတြင္ မည္သူမွ် အသုံးမျပဳရ (သို႔မဟုတ္) အသုံးမျပဳေစရဟု ထုတ္ျပန္ထားရွိၿပီးျဖစ္သျဖင့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားတြင္ ေဘးတြဲတပ္၍ စီးနင္းပါက ၂၀၁၅ ခုႏွစ္ ေမာ္ေတာ္ယာဥ္ဥပေဒပုဒ္မ ၆၅ အရ ေငြက်ပ္ ၃၀,၀၀၀ ထက္မပိုေသာ ဒဏ္ေငြခ်မွတ္ျခင္းခံရမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၅ ခုႏွစ္ ေမာ္ေတာ္ယာဥ္ဥပေဒပုဒ္မ ၅၀(က)အရ လုပ္ငန္းလိုင္စင္မရွိဘဲ ေမာ္ေတာ္ယာဥ္ထုတ္လုပ္ျခင္းလုပ္ငန္း သို႔မဟုတ္ ေရာင္းခ်ျခင္းလုပ္ငန္း သို႔မဟုတ္ တည္ေဆာက္တပ္ဆင္ျခင္းလုပ္ငန္း မျပဳရဟု ပါရွိသျဖင့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားတြင္ ေဘးတြဲတည္ေဆာက္တပ္ဆင္ျခင္းလုပ္ငန္း ျပဳလုပ္ပါက ၂၀၁၅ ခုႏွစ္ ေမာ္ေတာ္ယာဥ္ဥပေဒပုဒ္မ ၅၈(ခ)အရ သုံးလထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြက်ပ္ သိန္း(၅၀) ထက္မပို‌ေသာ ဒဏ္ေငြျဖစ္ေစ၊ ဒဏ္ (၂)ရပ္လုံးျဖစ္ေစ ခ်မွတ္ျခင္းခံရမည္ျဖစ္ေၾကာင္း သိရသည္။

Read More>>> မႏၱေလးတြင္ သႀကၤန္ကာအတြင္း Night Market တစ္ခုျပဳလုပ္မည္

Ref: TheMandalayNewsJournal

### Zawgyi Code

ဘေးတွဲ၊ နောက်တွဲများ တပ်ဆင်ထားသော မော်တော်ဆိုင်ကယ်များကို မတ်လ ၁ ရက်နေ့မှစ၍ အရေးယူသွားမည်

၂၀၂၀ပြည့်နှစ် မတ်လ ၁ ရက်နေ့မှစ၍ တရားမဝင်သည့် ဒေသန္တရလုပ် ဘေးတွဲ၊ နောက်တွဲများ တပ်ဆင်ထားသော မော်တော်ဆိုင်ကယ်များ စစ်ဆေးတွေ့ရှိပါက တည်ဆဲ ၂၀၁၅ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေအရ စိစစ်အရေးယူခြင်း စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်ဖြစ်ပါက ပို့ကုန်၊သွင်းကုန်ဥပဒေအရ အမှုဖွင့်အရေးယူခြင်းနှင့် တရားမဝင် တပ်ဆင်ထားသော ဒေသန္တရလုပ် ဘေးတွဲ၊ နောက်တွဲများအား ဖြုတ်ယူသိမ်းဆည်းခြင်းတို့ကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီမှ အသိပေးကြော်ငြာထားပါသည်။

၁၉၈၉ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေ-၂၄ အရ ဗဟိုမှတ်ပုံတင်အဖွဲ့မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်သော်လည်းကောင်း၊ မညီညွတ်သော မော်တော်ယာဉ်ကို ပြည်သူနှင့်ဆိုင်သောနေရာများတွင် မည်သူမျှ အသုံးမပြုရ (သို့မဟုတ်) အသုံးမပြုစေရဟု ထုတ်ပြန်ထားရှိပြီးဖြစ်သဖြင့် မော်တော်ဆိုင်ကယ်များတွင် ဘေးတွဲတပ်၍ စီးနင်းပါက ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ ၆၅ အရ ငွေကျပ် ၃၀,၀၀၀ ထက်မပိုသော ဒဏ်ငွေချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ ၅၀(က)အရ လုပ်ငန်းလိုင်စင်မရှိဘဲ မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်း သို့မဟုတ် ရောင်းချခြင်းလုပ်ငန်း သို့မဟုတ် တည်ဆောက်တပ်ဆင်ခြင်းလုပ်ငန်း မပြုရဟု ပါရှိသဖြင့် မော်တော်ဆိုင်ကယ်များတွင် ဘေးတွဲတည်ဆောက်တပ်ဆင်ခြင်းလုပ်ငန်း ပြုလုပ်ပါက ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ ၅၈(ခ)အရ သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ် သိန်း(၅၀) ထက်မပို‌သော ဒဏ်ငွေဖြစ်စေ၊ ဒဏ် (၂)ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

Ref: TheMandalayNewsJournal


Read 274 times
Rate :
(10 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.