Thursday, 27 February 2020 14:19

Night Market

မႏၲေလးၿမိဳ႕ေတာ္တြင္ မဟာသၾကၤန္ပြဲေတာ္ကာလအတြက္ ညပိုင္းမွာ ႏိုင္ငံျခားသားခရီးသြားမ်ား လာေရာက္လည္ပတ္ေသာ ေနရာတစ္ခုျဖစ္လာေစရန္ ၃၈လမ္း၊ ၇၃လမ္းႏွင့္ ၇၈လမ္းၾကား၌ Night Market တစ္ခု ဖန္တီးသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။

“၃၈ လမ္း၊ ၇၃ နဲ႔ ၇၈ ကိုသၾကၤန္ရက္မွာ ညပိတ္ၿပီးေတာ့ Night Market တစ္ခုျပဳလုပ္သြားဖို႔ စီစဥ္ထားပါတယ္။ အဲဒီမွာ ႏိုင္ငံျခားသားေတြ တကယ့္ကိုလာၿပီး လည္ပတ္တဲ့ ေနရာေလးတစ္ခုျဖစ္ေအာင္လို႔လည္း ေလာေလာဆယ္ေတာ့ အႀကံျပဳထားတာရွိပါတယ္။ ညမွာ သူ႔ရဲ႕ မိုဘိုင္းကားေလးေတြနဲ႔ သူတို႔ သပ္သပ္ရပ္ရပ္နဲ႔ ယူနီေဖာင္းတူရမယ္ေပါ့။ စင္ကအစ တကယ္လို႔ သူတို႔တဲထိုးမယ္ဆိုရင္လည္း ယူနီေဖာင္းေတြလည္း တူရမယ္။ အျမင့္ေတြကလည္း တူရမယ္။ သန္႔သန္႔ရွင္းရွင္းျဖစ္ရမယ္။ ေနရာေလးတစ္ခုကိုေတာ့ ကြၽန္ေတာ္တို႔ ညေလးမွာေတာ့ ဖန္တီးသြားဖို႔ရွိတယ္။ အဲမွာ အရက္ေသစာ ေရာင္းခ်ခြင့္မျပဳဘူး” မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီဝင္ ဦးေက်ာ္ေဇာေအာင္က ေျပာသည္။

Read More>>> ယခုႏွစ္ေႏြရာသီအတြင္း မႏၲေလးတိုင္းေဒသႀကီးရွိ ေက်း႐ြာ (၅၁) ႐ြာ ေသာက္သုံးေရျပတ္ႏိုင္

မေနာ္ယမန္ရွိ မ႑ပ္ကို တိုင္းရင္းသားလူမ်ိဳးစုမ်ား ပါဝင္သည့္ မ႑ပ္တစ္ခု က်င္းပႏိုင္ရန္ႏွင့္ ယိမ္းအကၿပိဳင္ပြဲ၊ သံခ်ပ္ၿပိဳင္ပြဲမ်ားပါ ထည့္သြင္းက်င္းပရန္စီစဥ္ထားေၾကာင္း၊ လမ္း ၈၀၊ ၂၂ လမ္းမွ ၁၂ လမ္းအထိ ေရကစား မ႑ပ္ႀကီးမ်ားကို ယခုႏွစ္တြင္ ေပ ၁၅၀ ကို ၾကမ္းခင္းေဈး က်ပ္သိန္း ၁၅၀ ဟု အၾကမ္းမ်ဥ္း သတ္မွတ္ထားၿပီး ေလလံပစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေရကစားမ႑ပ္ႀကီးေဘးတြင္ ကာရံထားေသာ ဝင္းထရံမ်ား၊ မ႑ပ္မ်ား၏အျပင္ နားေနေဆာင္ေနရာမ်ားကို အလုံပိတ္ျပဳလုပ္ခြင့္ျပဳမည္ မဟုတ္ေၾကာင္း သိရသည္။

Read More>>> မႏၱေလးၿမိဳ႕တြင္ အခြန္အခမ်ားကို ဖုန္းျဖင့္ေပးေခ်နိုင္သည့္ စနစ္သစ္ စတင္မည္

Ref: TheMandalayNewsJournal

### Zawgyi Code

မန္တလေးတွင် သင်္ကြန်ကာအတွင်း Night Market တစ်ခုပြုလုပ်မည်

မန္တလေးမြို့တော်တွင် မဟာသင်္ကြန်ပွဲတော်ကာလအတွက် ညပိုင်းမှာ နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်သော နေရာတစ်ခုဖြစ်လာစေရန် ၃၈လမ်း၊ ၇၃လမ်းနှင့် ၇၈လမ်းကြား၌ Night Market တစ်ခု ဖန်တီးသွားရန် စီစဉ်ထားကြောင်း သိရသည်။

“၃၈ လမ်း၊ ၇၃ နဲ့ ၇၈ ကိုသင်္ကြန်ရက်မှာ ညပိတ်ပြီးတော့ Night Market တစ်ခုပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ အဲဒီမှာ နိုင်ငံခြားသားတွေ တကယ့်ကိုလာပြီး လည်ပတ်တဲ့ နေရာလေးတစ်ခုဖြစ်အောင်လို့လည်း လောလောဆယ်တော့ အကြံပြုထားတာရှိပါတယ်။ ညမှာ သူ့ရဲ့ မိုဘိုင်းကားလေးတွေနဲ့ သူတို့ သပ်သပ်ရပ်ရပ်နဲ့ ယူနီဖောင်းတူရမယ်ပေါ့။ စင်ကအစ တကယ်လို့ သူတို့တဲထိုးမယ်ဆိုရင်လည်း ယူနီဖောင်းတွေလည်း တူရမယ်။ အမြင့်တွေကလည်း တူရမယ်။ သန့်သန့်ရှင်းရှင်းဖြစ်ရမယ်။ နေရာလေးတစ်ခုကိုတော့ ကျွန်တော်တို့ ညလေးမှာတော့ ဖန်တီးသွားဖို့ရှိတယ်။ အဲမှာ အရက်သေစာ ရောင်းချခွင့်မပြုဘူး” မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။

မနော်ယမန်ရှိ မဏ္ဍပ်ကို တိုင်းရင်းသားလူမျိုးစုများ ပါဝင်သည့် မဏ္ဍပ်တစ်ခု ကျင်းပနိုင်ရန်နှင့် ယိမ်းအကပြိုင်ပွဲ၊ သံချပ်ပြိုင်ပွဲများပါ ထည့်သွင်းကျင်းပရန်စီစဉ်ထားကြောင်း၊ လမ်း ၈၀၊ ၂၂ လမ်းမှ ၁၂ လမ်းအထိ ရေကစား မဏ္ဍပ်ကြီးများကို ယခုနှစ်တွင် ပေ ၁၅၀ ကို ကြမ်းခင်းဈေး ကျပ်သိန်း ၁၅၀ ဟု အကြမ်းမျဉ်း သတ်မှတ်ထားပြီး လေလံပစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေကစားမဏ္ဍပ်ကြီးဘေးတွင် ကာရံထားသော ဝင်းထရံများ၊ မဏ္ဍပ်များ၏အပြင် နားနေဆောင်နေရာများကို အလုံပိတ်ပြုလုပ်ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

Ref: TheMandalayNewsJournal


Read 213 times
Rate :
(6 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.