Tuesday, 25 February 2020 17:13

87551949 786329905223800 6451477419067965440 n

မနၱေလးရတနာေမာလ္အား ရတနာပံုစူပါစင္တာ အေဆာက္အဦး၏ အေပၚဆံုးထပ္ (၆)လႊာသို႔ ယာယီေျပာင္းေရႊ႕ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။

"ေဈးကို ေန႔ေရာညပါ ဖြင့္မွာ။ ဒီတစ္ပတ္အတြင္း ဖြင့္ဖို႔လုပ္ေနတယ္။ ၂ လႊာ ျပင္လို႔ မၿပီးမခ်င္း run (ဖြင့္) မွာ" ဟု မနၱေလးရတနာေမာလ္ေဈးအက်ိဳးေတာ္ေဆာင္ေကာ္မတီ အတြင္းေရးမွဴး ဦးသိန္း၀င္းက ေျပာထားေၾကာင္း သိရသည္။

ရတနာပံုေစ်း မီးေလာင္မႈေၾကာင့္ မႏၱေလးရတနာေမာလ္အား အခ်ိန္ယူကာ အႀကီးစားျပဳျပင္ရမည္ျဖစ္ရာ ရတနာပံုေစ်း (၆)လႊာ ေခါင္မိုးထပ္၌ ယာယီဖြင့္လွစ္ရန္ စီစဥ္ျခင္းျဖစ္ေၾကာင္း မႏၱေလးရတနာေမာလ္ ေစ်းအက်ိဳးေတာ္ေဆာင္ေကာ္မတီ တာ၀န္ရွိသူမ်ားႏွင့္ မႏၱေလးျမိဳ႕ေတာ္စည္ပင္ တာ၀န္ရွိသူမ်ားက ေျပာၾကားထားသည္။

Read More>>> ေမလတြင္ ရန္ကုန္-မႏၱေလးအျမန္လမ္းမႀကီး အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းအတြက္ စိတ္၀င္စားမႈ အဆိုျပဳလႊာေခၚယူမည္

“ရတနာကုန္သည္ေတြအေနနဲ႔ကေတာ့ အခုရက္ပိုင္းအတြင္းမွာ နိဳင္ငံတကာကုန္သည္ေတြ အ၀ယ္လာမယ့္ အေနအထားတစ္ခုမွာ ရွိေနတယ္။ အဲ့ေတာ့ ေရာင္းတာ၀ယ္တာ အဆင္ေျပေအာင္ ရတနာပစၥည္းဆိုေတာ့ သိပ္ျပီးေတာ့ အေလးခ်ိန္မ်ားတာ၊ ၀ိတ္မ်ားတာ မရွိတဲ့အတြက္ ရတနာပံုေစ်း အေဆာက္အဦးၾကီးရဲ႔ အေပၚဆံုးက အမိုးေပါ့။ အဲ့ဒီအထပ္မွာ ယာယီအားျဖင့္ ေစ်းဖြင့္နိဳင္ဖို႔ ခြင့္ေတာင္းတယ္။ စည္ပင္ကလည္း သူတို႔အားလံုး အလုပ္ေတြ လုပ္နိဳင္ၾကတယ္၊ အေရာင္းအ၀ယ္ေတြ ျဖစ္ထြန္းၾကတယ္ဆိုရင္ ၀မ္းသာတာျဖစ္လို႔ ယာယီဖြင့္ခြင့္ေပးမွာ ျဖစ္ပါတယ္။ ယာယီဖြင့္ခြင့္ မေပးခင္မွာ အဲ့ဒီေနရာမွာလည္း ၾကံ႔ခိုင္မွုကို ကၽြမ္းက်င္တဲ့ အင္ဂ်င္နီယာေတြနဲ႔ စစ္ေဆးျပီးေတာ့ အင္ဂ်င္နီယာမ်ားရဲ႔ ေထာက္ခံခ်က္ရတဲ့ေနရာ၊ ေထာက္ခံခ်က္ရတဲ့အပိုင္းမွာ ယာယီေစ်းအေနနဲ႔ ဆိုင္ခင္းျပီး ဖြင့္ၾကေရာင္းၾကမွာ ျဖစ္ပါတယ္”ဟု မႏၲေလးၿမိဳ႕ေတာ္စည္ပင္ ေကာ္မတီ၀င္ ဦးေက်ာ္ဆန္းျမင့္က ေျပာၾကားထားေၾကာင္း သိရသည္။

ျပီးခဲ့သည့္ ဇန္န၀ါရီ (၁၇)ရက္ ညပိုင္းက RC (၆)ထပ္ အေဆာက္အဦျဖစ္သည့္ ရတနာပုံစူပါစင္တာတြင္ မီးေလာင္မႈ ျဖစ္ပြားခဲ့သည္။ ရတနာပံုစူပါစင္တာ ပထမထပ္ရွိ SkyWalk တြင္ အဓိက ေလာင္ကၽြမ္းပ်က္စီးခဲ့ျပီး မီးေလာင္မႈေၾကာင့္ အေဆာက္အဦးအား ျဖိဳဖ်က္ရန္ မလိုအပ္ေသာ္လည္း ပထမထပ္ SkyWalk ႏွင့္ ဒုတိယထပ္ရွိ ရတနာေမာလ္ၾကမ္းခင္းမ်ားကို အဓိကျပဳျပင္ရမည္ျဖစ္ေၾကာင္း မႏၱေလးျမိဳ႕ေတာ္၀န္က ေျပာၾကားထားသည္။

Read More>>> မႏၲ​ေလးၿမိဳ႕က သက္တမ္းအရင့္ဆုံးႏွင့္ အႀကီးမားဆုံး​ ေဈးခ်ိဳေတာ္

မီးေလာင္မႈျဖစ္ပြားျပီး တစ္ပါတ္အၾကာ ဇန္နဝါရီ (၂၅)ရက္တြင္ ရတနာပံုစူပါစင္တာ ေျမညီထပ္ရွိ ရတနာပုံေဈးကို ျပန္လည္ဖြင့္လွစ္ခဲ့ျပီး စတုတၳထပ္ရွိ MRCCI ႐ုံးခန္းကိုလည္း ေဖေဖၚ၀ါရီ(၂၀)ရက္၀န္းက်င္တြင္ ျပန္လည္ဖြင့္လွစ္ခဲ့သည္။

မီးကူးစက္ေလာင္ကြၽမ္းမႈမရွိသည့္ ရတနာပံုစူပါစင္တာ တတိယထပ္၊ စတုတၳထပ္ႏွင့္ ပၪၥမထပ္တြင္ရွိ‌ေသာ ICT YCC စာသင္ခန္း၊ ႐ုံးခန္းမ်ား၊ MCC သင္တန္းခန္းမမ်ားကိုလည္း မၾကာမီ ျပန္လည္ဖြင့္လွစ္နိဳင္ရန္ျပင္ဆင္ေနၿပီး ဖြင့္လွစ္ရန္အဆင္သင့္ျဖစ္‌ေနၿပီဟု မႏၱေလးျမိဳ႔ေတာ္ စည္ပင္ျပန္ၾကားေရးတာ၀န္ခံ ဦးေက်ာ္ဆန္းျမင့္က ဆိုသည္။

"စက္ေလွကားေတြ ဓါတ္ေလွကားေတြ ျမန္ျမန္ျပင္ႏိုင္ဖို႔ သက္ဆိုင္တဲ့ ကုမၸဏီေတြက ျပင္မယ္။ လည္ပတ္မယ္။ အဲဒါေတြၿပီးမယ္ဆိုရင္ ပိုၿပီးလြယ္လြယ္ကူကူ ျမန္ျမန္ဆန္ဆန္ ဖြင့္ႏိုင္မွာပါ"ဟု ဦးေက်ာ္ဆန္းျမင့္က ေျပာသည္။

မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ ၇၈လမ္းႏွင့္ ၃၄လမ္းေထာင့္ရွိ ရတနာပုံေစ်းအေဆာက္အဦးသည္ ဇန္နဝါရီ(၁၇)ရက္ ညေနပိုင္းက မီးေလာင္မႈျဖစ္ပြားခဲ့ျပီး ညလံုးေပါက္ ျငိွမ္းသတ္ခဲ့ရကာ ပ်က္စီးဆံုးရွံုးမႈတန္ဖိုး က်ပ္သိန္းတစ္ေသာင္း ရွိခဲ့ေၾကာင္း သိရသည္။

Read More>>> မႏၱေလးၿမိဳ႕တြင္ သၾကၤန္ပြဲေတာ္အခါ စင္ထိုးျခင္းမ်ားႏွင့္ ေရကစားမ႑ပ္ႀကီးမ်ားကို ေပ ၁၅၀ ထက္ေက်ာ္၍ ေဆာက္လုပ္ခြင့္မျပဳ

Source: Mandalay Indepth News

### Zawgyi Code

မန္တလေး ရတနာမောလ်အား ရတနာပုံဈေး (၆)လွှာသို့ ယာယီပြောင်းရွှေ့ ဖွင့်လှစ်မည်

မန္တလေးရတနာမောလ်အား ရတနာပုံစူပါစင်တာ အဆောက်အဦး၏ အပေါ်ဆုံးထပ် (၆)လွှာသို့ ယာယီပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

"ဈေးကို နေ့ရောညပါ ဖွင့်မှာ။ ဒီတစ်ပတ်အတွင်း ဖွင့်ဖို့လုပ်နေတယ်။ ၂ လွှာ ပြင်လို့ မပြီးမချင်း run (ဖွင့်) မှာ" ဟု မန္တလေးရတနာမောလ်ဈေးအကျိုးတော်ဆောင်ကော်မတီ အတွင်းရေးမှူး ဦးသိန်းဝင်းက ပြောထားကြောင်း သိရသည်။

ရတနာပုံဈေး မီးလောင်မှုကြောင့် မန္တလေးရတနာမောလ်အား အချိန်ယူကာ အကြီးစားပြုပြင်ရမည်ဖြစ်ရာ ရတနာပုံဈေး (၆)လွှာ ခေါင်မိုးထပ်၌ ယာယီဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း မန္တလေးရတနာမောလ် ဈေးအကျိုးတော်ဆောင်ကော်မတီ တာဝန်ရှိသူများနှင့် မန္တလေးမြို့တော်စည်ပင် တာဝန်ရှိသူများက ပြောကြားထားသည်။

“ရတနာကုန်သည်တွေအနေနဲ့ကတော့ အခုရက်ပိုင်းအတွင်းမှာ နိုင်ငံတကာကုန်သည်တွေ အဝယ်လာမယ့် အနေအထားတစ်ခုမှာ ရှိနေတယ်။ အဲ့တော့ ရောင်းတာဝယ်တာ အဆင်ပြေအောင် ရတနာပစ္စည်းဆိုတော့ သိပ်ပြီးတော့ အလေးချိန်များတာ၊ ဝိတ်များတာ မရှိတဲ့အတွက် ရတနာပုံဈေး အဆောက်အဦးကြီးရဲ့ အပေါ်ဆုံးက အမိုးပေါ့။ အဲ့ဒီအထပ်မှာ ယာယီအားဖြင့် ဈေးဖွင့်နိုင်ဖို့ ခွင့်တောင်းတယ်။ စည်ပင်ကလည်း သူတို့အားလုံး အလုပ်တွေ လုပ်နိုင်ကြတယ်၊ အရောင်းအဝယ်တွေ ဖြစ်ထွန်းကြတယ်ဆိုရင် ဝမ်းသာတာဖြစ်လို့ ယာယီဖွင့်ခွင့်ပေးမှာ ဖြစ်ပါတယ်။ ယာယီဖွင့်ခွင့် မပေးခင်မှာ အဲ့ဒီနေရာမှာလည်း ကြံ့ခိုင်မှုကို ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေနဲ့ စစ်ဆေးပြီးတော့ အင်ဂျင်နီယာများရဲ့ ထောက်ခံချက်ရတဲ့နေရာ၊ ထောက်ခံချက်ရတဲ့အပိုင်းမှာ ယာယီဈေးအနေနဲ့ ဆိုင်ခင်းပြီး ဖွင့်ကြရောင်းကြမှာ ဖြစ်ပါတယ်”ဟု မန္တလေးမြို့တော်စည်ပင် ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၁၇)ရက် ညပိုင်းက RC (၆)ထပ် အဆောက်အဦဖြစ်သည့် ရတနာပုံစူပါစင်တာတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ရတနာပုံစူပါစင်တာ ပထမထပ်ရှိ SkyWalk တွင် အဓိက လောင်ကျွမ်းပျက်စီးခဲ့ပြီး မီးလောင်မှုကြောင့် အဆောက်အဦးအား ဖြိုဖျက်ရန် မလိုအပ်သော်လည်း ပထမထပ် SkyWalk နှင့် ဒုတိယထပ်ရှိ ရတနာမောလ်ကြမ်းခင်းများကို အဓိကပြုပြင်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန်က ပြောကြားထားသည်။

မီးလောင်မှုဖြစ်ပွားပြီး တစ်ပါတ်အကြာ ဇန်နဝါရီ (၂၅)ရက်တွင် ရတနာပုံစူပါစင်တာ မြေညီထပ်ရှိ ရတနာပုံဈေးကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး စတုတ္ထထပ်ရှိ MRCCI ရုံးခန်းကိုလည်း ဖေဖေါ်ဝါရီ(၂၀)ရက်ဝန်းကျင်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

မီးကူးစက်လောင်ကျွမ်းမှုမရှိသည့် ရတနာပုံစူပါစင်တာ တတိယထပ်၊ စတုတ္ထထပ်နှင့် ပဉ္စမထပ်တွင်ရှိ‌သော ICT YCC စာသင်ခန်း၊ ရုံးခန်းများ၊ MCC သင်တန်းခန်းမများကိုလည်း မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်ရန်ပြင်ဆင်နေပြီး ဖွင့်လှစ်ရန်အဆင်သင့်ဖြစ်‌နေပြီဟု မန္တလေးမြို့တော် စည်ပင်ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က ဆိုသည်။

"စက်လှေကားတွေ ဓါတ်လှေကားတွေ မြန်မြန်ပြင်နိုင်ဖို့ သက်ဆိုင်တဲ့ ကုမ္ပဏီတွေက ပြင်မယ်။ လည်ပတ်မယ်။ အဲဒါတွေပြီးမယ်ဆိုရင် ပိုပြီးလွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဖွင့်နိုင်မှာပါ"ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈လမ်းနှင့် ၃၄လမ်းထောင့်ရှိ ရတနာပုံဈေးအဆောက်အဦးသည် ဇန်နဝါရီ(၁၇)ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ညလုံးပေါက် ငြှိမ်းသတ်ခဲ့ရကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းတစ်သောင်း ရှိခဲ့ကြောင်း သိရသည်။

Source: Mandalay Indepth News


Read 140 times
Rate :
(21 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.