Monday, 24 February 2020 10:52
Capture_16.jpg
(၂၃.၂.၂၀၂၀) ရက်နေ့မှ (၂၉.၂.၂၀၂၀) ရက်နေ့အထိ (၇) ရက်သားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာ ဗေဒင်ဟောစာတမ်းများကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ
ငွေရေးကြေးရေးအခက်အခဲ ဖြစ်ပေါ်မည်။ စုဆောင်းထားသောငွေကြေးများ ထုတ်ယူသုံးစွဲရလိမ့်မည်။ ခက်ခဲသောပြဿနာများ ရင်ဆိုင်ဖြေရှင်းနိုင်မည်။ အလုပ်အကိုင် စီးပွါးရေး ကြိုးစားပန်းစား ဆောင်ရွက်သမျှ နှောင့်နှေးကြန့်ကြာနေမည်။ အလုပ်အတွက် စီစဉ်ထားသည်များ အလွဲလွဲအချော်ချော် ဖြစ်မည်။ မိသားစုကိစ္စအတွက် စိတ်ပူပင်သောက ရောက်မည်။ ဟိုအရေးဒီအရေးတွေနှင့် စိတ်ရှုပ်ထွေးနေမည်။ ငွေကုန်ကြေးကျ များမည်။ စီးပွါးရေးလုပ်ငန်း အရှုံးပေါ်တတ်သည်။ အချစ်ရေး ပြတ်စဲတတ်သည်။ နေရာဌာန ပြောင်းရွှေ့လုပ်ကိုင်ရမည်။ အိမ်ထောင်ရေး အဆင်မပြေဖြစ်မည်။ သားသမီးများအတွက် မျက်ရည်ကျမည်။ အအေးမိ၊ နှာစေးရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
အုန်းသီး ( 7 ) စိတ် ဘုရားလှူပါ။
ထီနံပါတ် ( 16. 12. 17. )
တနင်္လာ
နေရာသစ်သို့ ပြောင်းရွှေ့လုပ်ကိုင် ဆောင်ရွက်ရမည်။ အလုပ်အကိုင် အပြောင်းအလဲနှင့် တိုးတက်မှုရှိမည်။ အရေးကြီးသော ဆုံးဖြတ်ချက် ချမှတ်အကောင်အထည်ဖေါ်ရမည်။ ဘာသာတူ လူမျိုးခြား အကျိုးပေးမည်။ နာမည်ကျော်ဇောမည်။ ငွေကြေးအမြောက်အမြား ဝင်မည်။ ချစ်သူနှင့် ပျားရည်ဆမ်းခရီး ထွက်ရမည်။ အိမ်၊ ခြံ၊ မြေ၊ ကား ဝင်ကိန်းရှိသည်။ အောက်လက်ငယ်သား တော်လှန်ပုန်ကန်တတ်သည်။ အိမ်ထောင်ဖက် ကောင်းမူကြောင့် မိမိဘဝ ဂုဏ်မြင့်မည်။ စိတ်ချမ်းသာမည်။ သားသမီးအကျိုး ခံစားရမည်။ အလုပ်နှင့်ပတ်သက်သော သင်တန်းများ တက်ရောက်ရမည်။ ပညာထူးချွန်မည်။ နိုင်ငံရပ်ခြား ခရီးဝေးသွားရမည်။ အမွေပစ္စည်းရမည်။ အဆုပ်ရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
နှင်းဆီပန်း ( 9 ) ပွင့် ဘုရားလှူပါ။
ထီနံပါတ် ( 73. 74. 79. )
အင်္ဂါ
မိမိရဲ့ကံဇာတာ ကောင်းလာသဖြင့် စီးပွါးရေးအလုပ်အကိုင် အဆင်ပြေလာမည်။ စိတ်ချမ်းမြေ့ဖွယ် ဘဝရဲ့ငြိမ်းချမ်းမှုကို ခံစားရမည်။ ဖြစ်ပေါ်လာသော အခက်အခဲ အတိုက်အခံတို့ကို အောင်မြင်ကျော်လွှား၍ အဆင့်မြင့်သော အောင်မြင်မှုတို့ကို ဖန်တီးနိုင်မည်။ အဆင်မပြေလို့ လက်လျှော့လိုက်တဲ့ချစ်သူနှင့် ပြန်၍အဆင်ပြေမည်။ မျှော်လင့်မထားသော တိုးတက်မှုအခွင့်အလမ်းကို ရရှိမည်။ အလုပ်နှင့်ပတ်သက်သော စာမေးပွဲများ အောင်မြင်မည်။ ရာထူးတက်မည်။ နေရာဌာန ပြောင်းရွှေ့ရမည်။ နိုင်ငံခြားခရီး သွားရမည်။ ငွေဝင်လမ်း ဖြောင့်ဖြူးသာယာလာမည်။ အမွေပစ္စည်း ရမည်။ ထမင်းရည်ချောင်းစီး မောင်းတီးပြီးလှူရမည်။ ဒူးနာခါးနာရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
ခရေပန်း ( 7 ) ကုံး ဘုရားလှူပါ။
ထီနံပါတ် ( 42. 47. 41. )
Read More>>>ပြင်ဦးလွင်မြို့နယ်ရှိ အဆောက်အအုံ ငါးခုကို မြန်မာ့အမွေအနှစ် စာရင်းဝင်ရန် လုပ်ဆောင်မည်
ဗုဒ္ဓဟူး
အဆိုးအညံ့ကင်းစင်၍ ဆောင်ရွက်သမျှ ထွန်းပေါက်အောင်မြင်မည်။ မျက်နှာစန်းပွင့်မည်။ လူချစ်လူခင် ပေါမည်။ ပညာရေးနှင့် အတတ်ပညာတွင် သူများနှင့်မတူ ထူးခြားစွာအောင်မြင်မှုရရှိမည်။ အလှူအတန်းကိစ္စများ ပါဝင်ပတ်သက်ရလိမ့်မည်။ အလိုရှိရာဆန္ဒတို့ကို ရှေ့တိုးဆောင်ရွက်ရလိမ့်မည်။ နာမည်ဂုဏ်သတင်း ကျော်ဇောထင်ရှားမည်။ အဖက်ဖက်မှ ငွေများ အစုလိုက်အပုံလိုက် ဝင်မည်။ ကူညီမည့်သူ မိတ်ဆွေကောင်း ဆရာကောင်း တွေ့မည်။ ခရီးယာယီ များမည်။ ရပ်ဝေးကချစ်သူ မနောဖြူတဲ့ တိုင်းရင်းသား/သူ တွေ့မည်။ အိမ်ထောင်ရေး အဆင်ပြေလာမည်။ ထီပေါက်ကိန်း ရှိသည်။ သားသမီးများအတွက် စိတ်ချမ်းသာမည်။ ဆီးချိုသွေးချိုရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
ဇလပ်ပန်း ( 10 ) ပွင့် ဘုရားလှူပါ။
ထီနံပါတ် ( 34. 35. 30. )
ရာဟု
အတိုက်အခံများနှင့် ထိပ်တိုက်တွေ့မည်။ ဆောင်ရွက်သမျှ အလွဲလွဲအချော်ချော် ဖြစ်မည်။ မိမိရဲ့ဂုဏ်သိက္ခာ မာန်မာနထိခိုက်အောင် ပြောဆိုသူများနှင့် စကားများရန်ဖြစ်တတ်သည်။ သွေးထွက်သံယိုမှု ဖြစ်မည်။ ဆေးရုံဆေးခန်း ရောက်မည်။ ငွေကုန်ကြေးကျ များမည်။ ဘာလုပ်လုပ် အဆင်မပြေဘဲ ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်ဖြေရှင်းရမည်။ ငွေကြေးရတနာပစ္စည်း အလိမ်ခံရတတ်သည်။ ချစ်သူနှင့် စကားများရန်ဖြစ်တတ်သည်။ မိမိအချစ်ဆုံး သူငယ်ချင်းက မိမိအားပြန်ပြီး ဒုက္ခပေးတတ်သည်။ အမှုအခင်း ရင်ဆိုင်ဖြေရှင်းရလိမ့်မည်။ မိဘဆွေမျိုးသားချင်းများအတွက် မျက်ရည်ကြီးငယ် ကျမည်။ ရွှေ၊ ငွေ၊ ရတနာပစ္စည်း ထွက်မည်။ ကျောက်ကပ်ရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
အောင်သပြေ( 9 ) ညွန့် ဘုရားလှူပါ။
ထီနံပါတ် ( 15. 10. 19. )
ကြာသပတေး
မျှော်လင့်မထားသော ဘဝတိုးတက်မှု စီးပွါးရေးအခွင့်အလမ်းတို့ကို ရရှိမည်။ မိမိဆန္ဒ အလိုပြည့်စုံခြင်းနှင့် ရည်ရွယ်ချက်များ အောင်မြင်မည်။ အထက်လူကြီးများနှင့် ဘာသာခြား လူမျိုးခြားများက ဝိုင်းဝန်းကူညီ ပံ့ပိုးပေးလိမ့်မည်။ လုပ်ငန်းသစ် တိုးချဲ့လုပ်ကိုင် ဆောင်ရွက်ရလိမ့်မည်။ ရွှေ၊ ငွေ၊ ရတနာပစ္စည်းများ ဝင်မည်။ နာမည်ကျော်ကြားမည်။ ချစ်သူသစ် တွေ့မည်။ ပညာနှင့်ပတ်သက်သော အလုပ်အကိုင်ရမည်။ ရပ်ဝေးမှ အထူးဧည့်သည် လာမည်။ ဆွေမျိုး ညီအကိုမောင်နှမတို့၏ ကူညီထောက်ပံ့မှုကို ရရှိမည်။ အိမ်၊ ခြံ၊ မြေ ကား ဝင်မည်။ အိမ်ထောင်ရေး အဆင်ပြေမည်။ ထီပေါက်ကိန်း ရှိသည်။ ထီထိုးပါ။ အိမ်ထောင်ပရိဘောဂပစ္စည်းများ ဝင်မည်။ အစာအိမ်ရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
စံပယ်ပန်း ( 4 ) ကုံး ဘုရားလှူပါ။
ထီနံပါတ် ( 35. 30. 34. )
သောကြာ
ဆောင်ရွက်ထားသမျှ နှောင့်နှေးကြန့်ကြာနေမည်။ ကြံစည်စိတ်ကူးထားသော လုပ်ငန်းကိစ္စများ အလွဲလွဲအချော်ချော် ဖြစ်မည်။ မိတ်ဟောင်းဆွေဟောင်းတို့နှင့် ပြန်လည်ဆုံတွေ့ရမည်။ အလုပ်သစ်အကိုင်သစ် ပေါ်မည်။ မိဘဆွေမျိုးသားချင်းတို့ရဲ့ ကူညီထောက်ပံ့မှုရမည်။ ချစ်သူနှင့် အထင်အမြင် လွဲမှားတတ်သည်။ အရာရာတိုင်းအတွက် စိုးရိမ်ပူပန်ရတတ်သည်။ ဘာပဲလုပ်လုပ် အလုပ်တစ်ခုကို လုပ်ကိုင်ဆောင်ရွက်ပါ။ အစုရှယ်ယာ စပ်တူလုပ်ငန်းများ အကျိုးပေးမည်။ ငွေကြေးအဝင်အထွက် ကြမ်းမည်။ ပညာရေးအညံ့ ရှိသည်။ အိမ်ထောင်ရေး အဆင်မပြေဖြစ်မည်။ ဆန့်ကျင်ဖက်လိင်၏ နှောင့်ယှက်မှုကြောင့် အိမ်ထောင်ရေးပြိုကွဲတတ်သည်။ ရေ၊ွှ ငွေ၊ ရတနာပစ္စည်း ထွက်မည်။ အသည်းရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
သစ်ခွပန်း ( 8 ) ခက် ဘုရားလှူပါ။
ထီနံပါတ် ( 63. 68. 62. )
စနေ
စိတ်ညစ်စရာ စိတ်ရှုပ်ထွေးစရာတွေနှင့် ကြုံတွေ့ရမည်။ ခရီးယာယီ များမည်။ ဘာပဲလုပ်လုပ် အဆင်မပြေဖြစ်မည်။ အလုပ်အကိုင် အရှုံးတွေနှင့် ရင်ဆိုင်ရမည်။ မိန်းမတစ်ယောက်၏ နှောင့်ယှက်မှုကြောင့် အကြီးအကျယ် စကားများရန်ဖြစ်မည်။ အိမ်ထောင်ရေး ပြိုကွဲတတ်သည်။ သားသမီးများအတွက် စိတ်သောကရောက်မည်။ စာချုပ်စာတမ်းကိစ္စနှင့် ပတ်သက်ပြီး ပြဿနာပေါ်မည်။ ငွေကြေးအလိမ်ခံရမည်။ ချစ်သူအသစ် တွေ့မည်။ အလုပ်ပြုတ်တတ်သည်။ လမ်းသွားရင်း ပြဿနာပေါ်တတ်သည်။ ဝယ်ယူစုဆောင်းထားသော ပစ္စည်းများ ရောင်းမထွက်ဘဲ ကြန့်ကြာနေမည်။ ကုန်ရောင်းကုန်ဝယ် မှားတတ်သည်။ မိဘဆွေမျိုးသားချင်းများနှင့် စကားများတတ်သည်။ အမှုအခင်း ဖြစ်မည်။ နှလုံးရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
နှင်းဆီပန်း ( 5 ) ပွင့် ဘုရားလှူပါ။
ထီနံပါတ် ( 73. 75. 70. )
Credit; Baydin World
My Mandalay
Unicode
တနင်္ဂနွေ
ဓါတ်ယတြာ
ထီနံပါတ် ( 16. 12. 17. )
တနင်္လာ
ဓါတ်ယတြာ
ထီနံပါတ် ( 73. 74. 79. )
အင်္ဂါ
ဓါတ်ယတြာ
ထီနံပါတ် ( 42. 47. 41. )
ဗုဒ္ဓဟူး
ဓါတ်ယတြာ
ထီနံပါတ် ( 34. 35. 30. )
ရာဟု
ဓါတ်ယတြာ
ထီနံပါတ် ( 15. 10. 19. )
ကြာသပတေး
ဓါတ်ယတြာ
ထီနံပါတ် ( 35. 30. 34. )
သောကြာ
ဓါတ်ယတြာ
ထီနံပါတ် ( 63. 68. 62. )
စနေ
ဓါတ်ယတြာ
ထီနံပါတ် ( 73. 75. 70. )
Credit; Baydin World
My Mandalay
Read 146 times
Rate :
(5 votes)
Related items
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.