Thursday, 20 February 2020 16:32

philipp-kammerer-6Mxb_mZ_Q8E-unsplash-1024x682_1.jpg


တစ်ယောက်တည်း ခရီးထွက်ချင်ပေမယ့် ခရီးလမ်းတွေကိုလည်းမသိဘူး၊ မကျွမ်းကျင်လို့ ဘယ်နေရာကို သွားရမလဲ စဉ်းစားရခက်နေသူတွေအတွက် မြစ်ကြီးနားကို အလည်အပတ်ထွက်ဖို့ တိုုက်တွန်းချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြစ်ကြီးနားဟာ အရမ်းကိုသွားရလွယ်ကူပြီး ကချင်ပြည်နယ်ရဲ့မြို့တော်ဆိုပေမယ့် လမ်းသိပ်မရှုပ်ဘဲ မြစ်ဆုံအထိလမ်းတောင်မှ ဖြောင့်ဖြူးနေတာကြောင့်ပါ။

မြစ်ကြီးနားကို မန္တလေးကနေ ရထားနဲ့သွားမယ်ဆိုရင် ၂၂နာရီလောက်ကြာပြီး လေယာဉ်နဲ့သွားမယ်ဆိုရင် ၁နာရီကျော်ကျော်၊ ဘတ်စ်ကားနဲ့ ၁၆နာရီ၊ ကိုယ်ပိုင်ကားနဲ ့သွားမယ်ဆိုရင်တော့ ၈နာရီလောက်ကြာအောင် မောင်းရပါတယ်။ ဟိုရောက်ပြီဆိုရင် တည်းခိုဖို့နေရာကို ပြင်ဆင်ပြီး ဟိုတယ်မှာ ငှားလို့ရတဲ့ဆိုင်ကယ်နဲ့ မြို့ထဲကို လျှောက်လည်လို့ရပါတယ်။ ဆိုင်ကယ်ငှားခကတော့ တစ်နေ့ကိုကြာချိန်အလိုက် 8000-10000 ရှိပြီး နာရီအလိုက်ငှားရင် တစ်နာရီ 2000 လောက်ပဲရှိပါတယ်။ လည်ပတ်စရာတွေကတော့...

မြစ်ဆုံနှင့် မြစ်ဆုံအသွားလမ်းကလည်စရာများ

- အောင်မြေသာစံပြကျေးရွာကသံယောဇဉ် ကြိုးတံတားနှင့် ဝါးရုံတောချောင်းဘက်
- Y Garden
- ဂျော်ဘွန်ဆုတောင်းတောင်
- ကရိန်နော်အပန်းဖြေစခန်း

မြစ်ဆုံအသွားလမ်းမှာရှိတဲ့ အောင်မြေသာစံပြရွာက သံယောဇဉ်ကြိုးတံတားတို့၊ ဝါးရုံတောဘက်တို့လည်း ဝင်လို့ရပါတယ်။ ပြီးတော့ အခုနောက်ပိုင်းဖွင့်ထားတဲ့ မြစ်ဆုံအသွားလမ်းမှာပဲရှိတဲ့Y Garden ဆိုတဲ့နေရာမှာလည်း ဝိုင်တွေမြည်းရင်းဝယ်လို့ရသေးတယ်။ ဂျော်ဘွန်တောင်လို့ခေါ်တဲ့ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ဆုတောင်းတောင်လည်း ဝင်လည်လို့ရပါသေးတယ်။ မြစ်ဆုံအသွားလမ်းက နောင်နန်းရွာမှာရှိတာပါ။ ကရိန်နော်ဆိုလည်း မြစ်ဘေးမှာေ ကျာက်ဆောင်တွေနဲ့ တော်တော်လှပါတယ်။ စီတာပူ​မနောကွင်းဘေးလမ်းကနေ တောက်လျှောက်မြစ်ဆုံအထိ လမ်းမှာအဲဒါတွေရှိပါတယ်။

မြို့ထဲလည်စရာများ

- မနောကွင်း
- မြို့မစျေးကြီး
- ဟိန္ဒူရွှေဘုရားကျောင်း
- GEIS memorial church(ဂိုက်စ်ဘုရားကျောင်း)
- ညစျေး

မြို့မစျေးဝန်းကျင်မှာပဲ သစ်သီးတွေသီးသန့်ရောင်းတဲ့ အသီးတန်းလည်းရှိတယ်။ လိမ္မော်သီးတွေဆိုတာများပေါချက် သစ်ကြားသီးတို့ ငါးပေါက်သီးတို့လည်း အစုံရတယ်။ ပြီးတော့ မြို့မှစျေးအောက်လမ်းကနေ ရှေ့ကိုဆက်လျှောက်လိုက်ရ င်ဟိန္ဒူရွှေဘုရားကျောင်းကြီးရှိတယ်။ အဲကနေဆက်သွားရင် အဲဒီလမ်းပေါ်မှာပဲGEIS memorial church ရှိပါတယ်။ ကျောက်တုံးဘုရား ကျောင်းလှလှလေးပါ။ ညစျေးဆိုတာကလည်း မြို့မစျေးနားမှာပဲ ညဘက်ရောင်းကြပါတယ်။

နောက်ဆဒုံးရေတံခွန်လည်း သွားလို့ရပါသေးတယ်။ နဲနဲတော့ဝေးတယ်။ ကားငှားသွားတာပိုအဆင်ပြေပါတယ်။ နောက်ပြီးတော့ မြစ်ကြီးနားကနေထိန်ချုံးဘက်တို့ အင်းတော်ကြီးဘက်တို့လည်း လည်လို့ရပါသေးတယ်။ စားဖို့သောက်ဖို့အတွက်ကတော့ မြစ်ဆုံကဆိုင်လေးတွေမှာနဲ့ သံယောဇဉ်တံတားကဆိုင်မှာလည်း ကောင်းတယ်။ ဧရာဝတီမြစ်ကမ်းဘေးက ကချင်ဆိုင်လေးတွေဆိုလည်း ဟင်းတွေအရမ်းကောင်းပါတယ်။ မြို့မစျေးကြီးထဲမှာလည်း ခေါက်ဆွဲတွေအစုံရပါတယ်။ ညစျေးတန်းမှာဆိုလည်း အစုံစားချင်စရာတွေချည်းပဲ။

ဒီလောက်ဆိုရင် မြစ်ကြီးနားရဲ့ လမ်းတွေရော၊ လည်ပတ်စရာလမ်းတွေရော၊ စားသောက်စရာအကြောင်းတွေကို သိသွားပြီမို့လို့ တစ်ယောက်တည်းခရီးထွက်ပြီး ယောင်လည်လည်ဖြစ်နေမှာကို စိတ်ပူနေစရာမလိုတော့ပါဘူးနော်။

My Mandalay
Source; Zan's Memories


Read 340 times Last modified on Wednesday, 25 March 2020 14:17
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.