Monday, 17 February 2020 12:54

myanmar_1_20161031_630_630.jpg




Read More>>> မန္တလေးတောင်ခြေရှိ ကုသိုလ်တော်ဘုရားဝန်းအတွင်းက ကမ္ဘာ့အကြီးဆုံးစာအုပ်



Read More>>> မြန်မာနိုင်ငံ၌ တတိယအကြီးဆုံးဖြစ်လာမည့် ကြေးသွန်းခေါင်းလောင်းကြီး




Read More>>> ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ပြောင်းလဲကောက်ခံမည့်နှုန်းထားများ





ကားနှင့်ပတ်သက်ဿာ လုပ်ငန်းများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များ>>> https://bit.ly/37yqIXl


### Zawgyi Code

မန္တလေး-အင်ဖာ ဘတ်စ်ကားလိုင်းကို ဧပြီလ (၇) ရက်နေ့မှစ၍ စမ်းသပ်ပြေးဆွဲမည်

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် မန္တလေးမြို့မှ အိန္ဒိယနိုင်ငံ အင်ဖာမြို့သို့ နှစ်နိုင်ငံ ပူးပေါင်း၍ တိုက်ရိုက် ဘတ်စ်ကားလိုင်းကို လာမည့် ဧပြီလအတွင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဘတ်စ်ကားလိုင်း ပြေးဆွဲနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီက မန္တလေးမြို့ရှိ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတွင် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်နှင့် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများ၊ operator ကုမ္ပဏီများ တက်ရောက်၍ နားလည်မှုစာချွန်လွှာ(MoU)လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါ MoU အချက်ပါ ဆွေးနွေးမှုအရ သုံးလအတွင်း လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သော်လည်း လုပ်ငန်းစောလျင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဧပြီလမှစတင်၍ စမ်းသပ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း အိန္ဒိယကောင်စစ်ဝန်ချုပ် Mr.Nandan Singh Bhaisora ကပြောသည်။

မန္တလေး-အင်ဖာ ဘတ်စ်ကားလိုင်းကို မြန်မာနိုင်ငံမှ Shwe Mandalar Express Co. ,Ltd နှင့် အိန္ဒိယနိုင်ငံမှ Seven Sister Holidays Co. ,Ltd တို့အကျိုးတူပူးပေါင်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

"အခုလို ဘတ်စ်ကားလိုင်း တိုက်ရိုက်ပြေးဆွဲခြင်းအားဖြင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်တွေမှာရှိတဲ့ ပြည်သူတွေနဲ့ စစ်ကိုင်း၊ မန္တလေးမှာရှိတဲ့ ပြည်သူတွေအချင်းချင်း နှစ်နိုင်ငံ သွားလာဆက်ဆံမှုကနေ ချစ်ခင်ရင်းနှီးမှုတွေ ပိုမိုရရှိဖို့ ရည်ရွယ်ပါတယ်။ ကလေးဝနဲ့ တမူးကြားမှာ ဒုတိယကမ္ဘာစစ် က တည်ဆောက်ခဲ့တဲ့ ဘေလီတံတား ၆၉ စင်းရှိပါတယ်။ ဒီတံတားတွေကို အိန္ဒိယ နိုင်ငံ ဘက်က တာဝန်ယူပြီး ပြင်ဆင်နေပါတယ်။ နှစ်နိုင်ငံ ဘတ်စ်ကား လိုင်းပူးပေါင်းကာ တိုက်ရိုက် ပြေးဆွဲနိုင်ဖို့ ၂၀၁၈ ခုနှစ်ကတည်းက ကြိုးစားဆောင်ရွက်ခဲ့တာပါ။ အခုတော့ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ အမှန်တကယ် အကောင်အထည်ပေါ် လာပြီ” ဟု ၎င်းက ပြောသည်။

ပူးပေါင်းပြေးဆွဲပေးသွားမည်

အဆိုပါ နှစ်နိုင်ငံပူးပေါင်း ဘတ်စ်ကားလိုင်းပြေးဆွဲမှုတွင် မြန်မာနိုင်ငံမှ ရွှေမန္တလာ Express ကုမ္ပဏီ ဖြင့် မန္တလေး-မုံရွာ -ဂန့်ဂေါ-ကလေး -တမူးအထိ လည်းကောင်း၊ အိန္ဒိယနိုင်ငံ 7 Sisters ကုမ္ပဏီက တမူးနယ်စပ်မှ အိန္ဒိယနိုင်ငံ အင်ဖာအထိ လည်းကောင်း ပူးပေါင်းပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကုမ္ပဏီက 7Sisters ကုမ္ပဏီနဲ့ ပူးပေါင်းပြီး နှစ်နိုင်ငံ ခရီးသွားမြှင့်တင်မှုတွေ ဆောင်ရွက် မှာပါ။ လောလောဆယ် တော့ ကျွန်တော်တို့ဘက်က တမူးနယ်စပ် ဂိတ်အထိကိုပဲ ပြေးဆွဲပေးနိုင်ပြီး နောက်ပိုင်းမှာ အင်ဖာမြို့အထိ တိုက်ရိုက်ပြေးဆွဲနိုင်ဖို့ ဆောင်ရွက်သွားမယ်။ အိန္ဒိယကုမ္ပဏီဘက်ကလည်း 7 Sisters ဆိုတဲ့အတိုင်း ပြည်နယ်ခုနစ်ခုနဲ့ ချိတ်ဆက်ထားတာ ဖြစ်လို့ လည်ပတ်စရာနေရာတွေ သွားနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု ရွှေမန္တလာ Express ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးနေလင်းဦးက ပြောသည်။

ခရီးသွားဝင်ရောက်ဖို့ အဓိကထား

ထို့အပြင် အိန္ဒိယနိုင်ငံ 7 sisters ကုမ္ပဏီမှ Managing Partner H. Radhakrishna Sharma ကလည်း “မြန်မာနိုင်ငံက လက်ရှိမှာ ပွင့်လင်းလာတဲ့ နိုင်ငံဖြစ်တဲ့အတွက် လည်ပတ်စရာတွေ အများကြီးရှိတယ်။ အခုလို ပူးပေါင်းတိုက်ရိုက်ပြေးဆွဲမှုမှာ မြန်မာ နိုင်ငံဘက်ကို ခရီးသွားတွေ ပိုမိုဝင်ရောက်ဖို့ အဓိကထားပြီး အိန္ဒိယနိုင်ငံဘက်ကို ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်နဲ့ ဆေးဝါးကုသမှုတွေအတွက် အဓိကမျှော်မှန်းထားပါတယ်” ဟု ပြောသည်။

စမ်းသပ်ပြေးဆွဲသွားမည်

မန္တလေး-အင်ဖာ ပူးပေါင်းဘတ်စ် ကားလိုင်းဖြင့် မန္တလေးမှတမူးအထိ ၁၁ နာရီကြာမြင့်မည်ဖြစ်ပြီး တမူးမှ အင်ဖာမြို့သို့ သုံးနာရီ ကြာမြင့်မည် ဖြစ်ကာ အဆိုပါဘတ်စ်ကားလိုင်းပြေးဆွဲမှုကို မန္တလေးမြို့မှ ဧပြီ ၇ ရက်နေ့တွင် လည်းကောင်း၊ အင်ဖာမြို့မှ ဧပြီ ၈ ရက်နေ့တွင်လည်းကောင်း စတင်စမ်းသပ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: MOI, Mandalay Indepth News


Read 482 times Last modified on Monday, 17 February 2020 13:43
Rate :
(8 votes)

Related items

  • မန္တလေးက အစားအသောက် ပို့ဆောင်‌ပေးနေတဲ့ Delivery Service ( ၇ ) ခု

    Food-Delivery.jpg

     

    ၁။ Food Panda
        0943013508

    ၂။ Mandalay Door 2 Door
        09 79 738 1113, 09 79 738 1114, 09 95 4444 900

    ၃။ Wishbox Delivery Service
        09 897 100 800, 09 766 458 960,
        09 762 926 280, 09 424 437 073

    ၄။ EGO Delivery 
        09781060606

    ၅။ EZ delivery
        09778803666

    ၆။ EASY RAY Delivery
        09 404414442

    ၇။ Karaweik Cafe Delivery
    0933 444 444, 09 444 44 32 65

     

    U Ye Lwin

  • သင်္ကြန်ကာလအတွင်း Delivery ရမယ့် မန္တလေးမြို့က စားသောက်ဆိုင် ( ၆၁ ) ဆိုင်

    shwe.jpg

     

    ၁။ Budget B.B.Q & Street Foods
        09 790913831, 09 961041881, 09 797900200

    ၂။ Bunny Joule အအေးနှင့်မုန့်မျိုးစုံ
       09 691613191

    ၃။ Cafe Blue ( ကဖေးနှင့် စားဖွယ်စုံ )
        09971222544

    ၄။ Cafe Cho Cho ( ကဖေးနှင့် စားဖွယ်စုံ )
        092004364

    ၅။ Cafe' Queen Restaurant ( ကြေးအိုး )
        09 2027209

    ၆။ Central Park's Pizza
        09 91013500 , 09 31011188

    ၇။ C Chuan House ( စီချွမ်းအစားအစာ )
        09790899997 , 09699807070 , 0933807070

    ၈။ Classic City ( Tea Saloon & Restaurant )
        09 2020941, 09677506020, 09774208777

    ၉။ Chaw Chaw Su ( မိုးကုတ်အစားအစာနှင့်သစ်သီးအမျိုးမျိုး )
        09 402618248

    ၁၀။ Cheesy Bite ( Pizza & Noodle )
         09 797117837, 09 797117838 , 09 772092995

    ၁၁။ Chef Wizard  ( ‌ကော်ဖီ၊ ထမင်းကြော်နှင့် မုန့်မျိုးစုံ )
         09 689798655, 09 695547000

    ၁၂။ ဒေါ်လုံးမုန့်တီ
         09-961343034/09-259058454

    ၁၃။ ဒေါ်ရွှေ ( ကြက်ပေါင်းခေါက်ဆွဲ )
         09 201 5235

    ၁၄။ D&G Food Centre ( ဟင်းလျာမျိုးစုံ )
         09 259523713, 09 797217375

    ၁၅။ Daw Htay Htay ( မြန်မာမုန့်မျိုးစုံ )
         09 890 960 117, 09 431 73231

    ၁၆။ ဒေါ်ဖောင် ရှမ်းခေါက်ဆွဲဆိုင်
         09 969954482

    ၁၇။ EASY RAY ( Bubble Tea နှင့် မုန့် )
         09 404 414 442

    ၁၈။ Eternal Restaurant ( တရုတ်အစားအစာ )
         09 260233335, 02 4033335

    ၁၉။ Family ( Hot Pot )
         09796148659

    ၂၀။ Family ( ထမင်းပေါင်း၊ မာလာရှမ်းကောနှင့် စားဖွယ်စုံ )
         09 976 311 644)

    ၂၁။ Goldious Food & Drink ( ထမင်းနှင့် ဟင်း )
         09 400836400, 09 400837400)

    ၂၂။ GRACE Kimchi ( ကင်မ်ချီနှင့် ကိုရီးယားအစားအစာ )
         09 796499858)

    ၂၃။ Imperial ( ကိုရီးယားအစားအစာ )
         09 782626268

    ၂၄။ Ju Ju Ko - အမရ Crab ( ဂဏန်းဟင်းလျာများ )
         09 976410463

    ၂၅။ ကိန်ကြည် စားသောက်ဆိုင်
         024073150, 024073751, 09 2019150, 09 971901877

    ၂၆။ Karaweik Cafe
         09 897100800, 09 766458960, 09 762926280

    ၂၇။ ကောင်းဟိန်း လက်ဖက်ရည်ဆိုင်
         09 2010439, 09 2019667, 09 790750193

    ၂၈။ KFC ကြက်ကြော်
         Grab Food, Food Panda, Door2Door

    ၂၉။ Kung Fu - Chinese BBQ & Bar
         09 776588858, 09 456588858

    ၃၀။ Life Cafe ( Dim Sum & Restaurant )
         09 73502664, 09 962029563

    ၃၁။ Lotteria ကြက်ကြော်
         09 793222777, 09 794222777

    ၃၂။ မိန်မိန်း ( မာလာဟင်း ၊ မာလာရှမ်းကော နှင့် အကင် )
         092053635, 09788844443

    ၃၃။ Mogok Daw Shan ခေါက်ဆွဲ
         02 73412, 09 47141465

    ၃၄။ မိုးဝေကျော် ( ကဖေးနှင့် စားဖွယ်စုံ )
         09-441022687, 09-898880973, 09-898880673

    ၃၅။ မြကျွန်းဝါ ( Food & Juice )
         09 442672374 , 09 962006191

    ၃၆။ Pizza Hut Myanmar
         Food Panda, Mandalay Door 2 Door , Wishbox

    ၃၇။ Rainbow ( BBQ & Restaurant )
         09-43191720

    ၃၈။ Red Chilli ( Hotpot & BBQ )
          09796148659

    ၃၉။ Royal Star ( Dim Sum & Restaurant )
         092015780, 09977186453, 09444030097

    ၄၀။ စန္ဒာမေ ( အအေးနှင့် ဖက်ထုပ်ပေါင်း )
         02-4034082, 02-4068226, 02-4081464
         09-258888282, 09-777799269,
         09-2034082, 09-402034082

    ၄၁။ ဆာဝါဒီ ကြက်ဆီထမင်း
         092022386, 024036861, 024076057

    ၄၂။ ရှမ်းမလေး ကြက်ဆီထမင်း
         09960177919

    ၄၃။ ရွှေတောင်တန်း ( ကြေးအိုး၊ ဆီချက်၊ ကြက်ဆီထမင်း )
         09-250-431744 , 09-798-840-850

    ၄၄။ တူးတူး မြန်မာထမင်းဆိုင်
         02-4066451

    ၄၅။ The Pizza Company Myanmar
         09 969961112

    ၄၆။ ပန်းသခင်ကဖေး ( ကော်ဖီနှင့် မုန့်မျိုးစုံ )
         Door2Door - 09797381113
         Wish Box - 09897100800

    ၄၇။ Samurai Sushi ( ဆူရှီနှင့် ဂျပန်အစားအစာ )
         0943066907, 09402574784

    ၄၈။ Shukorea Myanmar ( ကိုရီးခေါက်ဆွဲအစပ် )
         09 682 87 9999

    ၄၉။ Shwe Lar Restaurant ( ခေါက်ဆွဲနှင့် တရုတ်အစားအစာ )
         02 4035460, 09 2014138

    ၅၀။ ရွှေဖြိုးအောင်
         ‌ရွှေတောက်ခေါက်ဆွဲနှင့် ရွှေတောင်ဒေသ အစားအစာဆိုင်
         09 400453873, 09 444012774, 09 797798987

    ၅၁။ ရွှေပိုးမ စားဖွယ်စုံ ( ထမင်းနှင့် အသုပ်အမျိုးမျိုး )
         09 787157542

    ၅၂။ ရွှေတောင်ပံ ( ကြက်ကြော်နှင့် အသုပ်မျိုးစုံ )
         09 797356546

    ၅၃။ Spoon ( အကင်စုံနှင့် မာလာရှမ်းကော )
          09 787388407

    ၅၄။ Station 36 ( Cafe & Restaurant )
         ( Door2Door , Ego Delivery Service , Wish box Delivery Service, Lucky Delivery
         Service )

    ၅၅။ Star Tea House
         09 895001112, 09 776988871

    ၅၆။ Super 81 Restaurant
         09 789106551

    ၅၇။ Tea Box ( Bubble tea )
         Foodpanda

    ၅၈။ Unique Mandalay Tea Room
         Door2Door - 09 797381113

    ၅၉။ U Satt Gyi ဥူးစက်ကြီး ဖက်ထမင်း
         09779212827, 09447878712

    ၆၀။ Yangon Food Villa ( ကြေးအိုး၊ တရုတ်စာ )
         09 254112558, 441004668

    ၆၁။ Yathar Mon - ရသာမွန် လက်ဖက်
         09977280630

     

    U Ye Lwin

  • Covid-19 ကြောင့် တစ်ရက်အတွင်း ( ၂ ) ဦး သေဆုံးပြီး စုစုပေါင်း (၃) ဦးရှိလာ

    _111691964_91256948_2607270899539887_869303124467122176_o.jpg

     

    သေဆုံးသူများမှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ဝေဘာဂီဆေးရုံမှ လူနာအမှတ် (၁၆ ) နှင့် ပေါက်ခေါင်းမြို့နယ် ပြည်ဆေးရုံမှ လူနာအမှတ် ( ၁၇ ) တို့ ဖြစ်ပြီး ဧပြီလ ၈ ရက်နေ့ ( ယနေ့ ) မနက်ပိုင်းက သေဆုံးခဲ့ကြခြင်း ဖြစ်သည်။

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.