Friday, 14 February 2020 17:33
Capture_12.jpg
ခရီးသွားတာပဲဖြစ်ဖြစ်၊ သူငယ်ချင်းအိမ်ကိုသွားလည်တာပဲဖြစ်ဖြစ် လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်တွေဆိုတာရှိပါတယ်။ ဒါကို တစ်နည်းအားဖြင့် ယဉ်ကျေးမှုလို့လဲခေါ်ပါတယ်။ သူများနိုင်ငံကို သွားလည်မယ်ဆိုရင် ပိုပြီးတောတောင် မိမိတို့ရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းသင့်ပါတယ်။ ဒါကြောင့် ခရီးသွားတဲ့အခါမှာ လိုက်နာကျင့်သုံးရမယ့် ယဉ်ကျေးမှု(၁၁)ခုကို ဖော်ပြပေးလိုက်ပါတယ်၊
၁။ ရထား၊ သင်္ဘော ဒါမှမဟုတ် အခြားယာဉ်တစ်ခုခုနဲ့ ခရီးသွားတဲ့အခါ အတင်းတိုးပြီး မဝင်သင့်ပါဘူး။ အားနည်းသူများကို ဦးစားပေးတဲ့စနစ်ကို ကျင့်သုံးပါ။ သူများ အထူးသဖြင့် အားနည်းသူများကို တတ်နိုင်သလောက်ကူညီပါ။ ကူညီရာ၏။ မကူညီနိုင်ခဲ့သော် မိမိအတွက်နဲ တခြားသူ အနှောင့်အယှက် မဖြစ်ပါစေနဲ့။ တံခါးကိုဖွင့်ပေးခြင်း၊ ပစ္စည်းတစ်ခုခုကို ယူပေးခြင်း၊ အတက်အဆင်းတွေမှာ လွယ်ကူမှုရှိစေရန် ကူညီခြင်း၊ လေးသောဝန်ကို ပင့်ပေးခြင်း၊ ချပေးခြင်း စတာတွေကို အကူပေးပါ။)
၂။ မိမိအတွက် သင့်လျော်သည်ထက်ပိုပြီး နေရာမယူရပါ။
၃။ တစ်စုံတစ်ရာကြောင့် တခြားသူကို ထိခိုက်မိခဲ့တယ်ဆိုရင် တောင်းပန်ဖို့ မနှောင့်နှေးပါနဲ့။
၄။ ကျေးဇူးတင်သင့်တဲ ကိစ္စဖြစ်ပါက တင်ပြီး၊ အပြစ်မှ ခွင့်လွှတ်ကြောင်းများကိုလည်း ယဉ်ကျေးစွာပြောဆိုပါ။
၅။ လူအများနဲ့ ဆက်ဆံစကားပြောနေချိန်တွေမှာ တံတွေးမထွေးပါနှင့်၊ တံတွေးထွေးခြင်းဟာ ညစ်ညမ်းစေရုံမျှမက ဉပါဒ်အန္တရာယ်ကိုလည်း ဖြစ်စေတာကြောင့်ပါ။
Read More>>>>မုံရွာမြို့ကို အလည်အပတ်သွားရောက်မယ့်သူတွေ သိထားသင့်တဲ့ အထင်ကရနေရာများ
၆။ ရထားအတွင်း၊ သင်္ဘောအတွင်း၊ ဘတ်စကားများအတွင်း စတဲ့ လူအများနှင့် ဆက်ဆံရာနေရာတွေမှာ စကားကို ကျယ်လောင်စွာပြောခြင်း၊ အော်ဟစ်ခြင်း မပြုရပါ။ မိမိတို့အချင်းချင်း ကြားရုံမျှသာ စကားပြောဆိုပါ။
၇။ ပါးစပ်ထဲတွင် တစ်စုံတစ်ရာရှိနေချိန်တွေမှာ စကားမပြောရ။ သူတစ်ပါးမခံသာသော အနံ့ရှိတဲ့ ပစ္စည်းများ အသုံးပြုခြင်းကိုလည်း ရှောင်ကျဉ်ပါ။
၈။ စက္ကူစုတ်၊ မုန့်ထုပ်စက္ကူ၊ သစ်သီးခွံ၊ စားကြွင်း စတာတွေကို မကြွင်းကျန်အောင် ဂရုစိုက်ပါ။
၉။ ချောင်းဆိုးခြင်း၊ ချေဆတ်ခြင်းတို့ကို လူတွေရှေ့မှာ မပြုလုပ်သင့်ပါ။ တစ်ခြားနေရာသို့ ထွက်ခွာဖို့ အဆင်မပြေပါကလက်ကိုင်ပဝါအသုံးပြုပါ။
၁၀။ ဘူတာရုံ၊ သင်္ဘောဆိပ်၊ ကားဂိတ်၊ ရုပ်ရှင်ရုံ၊ ဇာတ်ရုံ စတာတွေရောက်ရင် လက်မှတ်ခံခြင်း၊ ဝင်ခြင်း၊ ထွက်ခြင်းတို့ကို တိုးဝှေ့ခြင်းမရှိဘဲ တစ်ယောက်နောက် တစ်ယောက်စီကာ မိမိအလှည့်ကို စောင့်ဆိုင်းတဲံ အကျင့်ကို ပြုလုပ်ပါ။
၁၁။ လူစည်ကားတဲ့နေရာတွေမှာ မိန်းကလေးများရှိရာကို အတင်းဝင်ပြီးတိုးခြင်း၊ နောက်ပြောင်ပြောဆိုခြင်းတွေဟာ အလွန်ရိုင်းပြတဲ့ အပြုအမှုတွေပဲဖြစ်ပါတယ်။
My Mandalay
Source; Wiki
Unicode
ခရီးသွားတာပဲဖြစ်ဖြစ်၊ သူငယ်ချင်းအိမ်ကိုသွားလည်တာပဲဖြစ်ဖြစ် လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်တွေဆိုတာရှိပါတယ်။ ဒါကို တစ်နည်းအားဖြင့် ယဉ်ကျေးမှုလို့လဲခေါ်ပါတယ်။ သူများနိုင်ငံကို သွားလည်မယ်ဆိုရင် ပိုပြီးတောတောင် မိမိတို့ရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းသင့်ပါတယ်။ ဒါကြောင့် ခရီးသွားတဲ့အခါမှာ လိုက်နာကျင့်သုံးရမယ့် ယဉ်ကျေးမှု(၁၁)ခုကို ဖော်ပြပေးလိုက်ပါတယ်၊
My Mandalay
Source; Wiki
Read 101 times
Rate :
(10 votes)
Related items
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.