Friday, 14 February 2020 14:17

Exam Identity Card

၂၀၂၀ ျပည့္ႏွစ္၊ မတ္လ (၁၁) ရက္ေန႔မွစ၍ (၂၀) ရက္ေန႔အထိ က်င္းပမည့္ တကၠသိုလ္ဝင္စာေမးပြဲကို ေျဖဆိုခြင့္ေလၽွာက္ထားၾကေသာ ေက်ာင္းသား/သူမ်ားအတြက္ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုခြင့္ကတ္ျပား ထုတ္ယူျခင္းႏွင့္စပ္လ်ဥ္း၍ ပညာေရးဝန္ႀကီးဌာနႏွင့္ ျမန္မာနိုင္ငံစာစစ္ဦးစီးဌာနမွ ေအာက္ပါအတိုင္း ေၾကညာထားပါသည္။

အဆိုပါ ေၾကညာခ်က္တြင္ တိုင္းေဒသႀကီး/ျပည္နယ္မ်ားရွိ စာစစ္ဌာနအသီးသီးတြင္ ေျဖဆိုၾကမည့္ ေက်ာင္းသား/သူမ်ားသည္ မိမိတို႔၏ ဓာတ္ပုံကပ္ထားသည့္ ခုံအမွတ္စဥ္ပါေသာ စာေမးပြဲေျဖဆိုခြင့္ကတ္ျပား (Identity Card ) မ်ားကို ၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္ဝါရီလ (၂၀) ရက္ ၾကာသပေတးေန႔မွစ၍ ထုတ္ယူနိုင္ေၾကာင္း ေၾကညာထားပါသည္။

Read More>>> ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္ စာေမးပြဲက်င္းပစစ္ေဆးသြားမည့္ ရက္မ်ား

အေျခခံပညာအထက္တန္းေက်ာင္း၊ (ေက်ာင္းခြဲ)ႏွင့္ (တြဲဖက္) အေျခခံပညာအထက္တန္းေက်ာင္း၊ ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းသား/သူမ်ားသည္ မိမိတို႔၏ စာေမးပြဲေျဖဆိုခြင့္ကတ္ျပား (Identity Card )မ်ားကို မိမိတို႔ ေက်ာင္းအုပ္ႀကီးမ်ားထံမွ ထုတ္ယူၾကရမည္ျဖစ္ေၾကာင္း ေၾကညာထားပါသည္။

ျပင္ပမွ ေျဖဆိုသူမ်ားအတြက္ စာေမးပြဲေျဖဆိုခြင့္ကတ္ျပား (Identity Card ) မ်ားကို မိမိတို႔ေျဖဆိုရမည့္ စာစစ္ဌာန၊ ႀကီးၾကပ္ေရးမွဴးမ်ားထံမွ ထုတ္ယူၾကရမည္ျဖစ္ေၾကာင္း ေၾကညာထားပါသည္။

ေက်ာင္းသား/သူမ်ားအေနျဖင့္ စာေမးပြဲေျဖဆိုခြင့္ကတ္ျပား (Identity Card) မ်ားထုတ္ယူရာတြင္ အခက္အခဲရွိပါက သက္ဆိုင္ရာေက်ာင္းအုပ္ႀကီးမ်ား၊ စာစစ္ဌာနႀကီးၾကပ္ေရးမွဴးမ်ား၊ ၿမိဳ႕နယ္ပညာေရးမွဴးမ်ားႏွင့္ ျမန္မာနိုင္ငံစာစစ္ဦးစီးဌာနထံ တိုက္ရိုက္စုံစမ္းေမးျမန္းနိုင္ေၾကာင္း ေဖာ္ျပထားသည္။

Read More>>> တကၠသုိလ္တက္ေရာက္နိုင္ရန္ အထက္တန္းေအာင္ျမင္ေၾကာင္း လက္မွတ္ထုတ္ေပးမည္

Ref: MOI

### Zawgyi Code

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ လာမည့်ကြာသပတေးမှစ၍ ထုတ်ယူနိုင်

၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၁) ရက်နေ့မှစ၍ (၂၀) ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်လျှောက်ထားကြသော ကျောင်းသား/သူများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အောက်ပါအတိုင်း ကြေညာထားပါသည်။

အဆိုပါ ကြေညာချက်တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/သူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card ) များကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၂၀) ရက် ကြာသပတေးနေ့မှစ၍ ထုတ်ယူနိုင်ကြောင်း ကြေညာထားပါသည်။

အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ)နှင့် (တွဲဖက်) အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူများသည် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card )များကို မိမိတို့ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမည်ဖြစ်ကြောင်း ကြေညာထားပါသည်။

ပြင်ပမှ ဖြေဆိုသူများအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card ) များကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန၊ ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမည်ဖြစ်ကြောင်း ကြေညာထားပါသည်။

ကျောင်းသား/သူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ကြောင်း ဖော်ပြထားသည်။

Ref: MOI

 


Read 103 times
Rate :
(14 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.