Monday, 10 February 2020 14:19

 

Capture_1.png

(၉.၂.၂၀၂၀) ရက်နေ့မှ (၁၅.၂.၂၀၂၀) ရက်နေ့အထိ (၇) ရက်သားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာ ဗေဒင်ဟောစာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ

မိမိရှိရာသို့ ပြဿနာများစွာသည် ရောက်ရှိလာစေတတ်ပါသည်။ ကူညီစောင့်ရှောက်မှုပြုပေးရန် လိုအပ်ပါက အဝေးမှစောင့်ရှောက်ခြင်းမျိုးဖြင့်သာ ကူညီမှုပြုပေးပါ။ ဘုန်းကြီးအမှု ရွာပတ်တတ်သည်။ ငွေကြေးအရှုပ်အရှင်း ဖြစ်မည်။ အောက်လက်ငယ်သားအတွက် စိတ်ညစ်ရမည်။ အလုပ်အကိုင် အဆင်မပြေဖြစ်မည်။ ခရီးယာယီများမည်။ မိသားစု ဆွေမျိုးသားချင်းများအတွက် စိတ်သောကရောက်မည်။ ငွေကြေးအကုန်အကျ များမည်။ အချစ်ရေး ကြားလူကုန်းတိုက်မှုကြောင့် အဆင်မပြေဖြစ်မည်။ ရွှေငွေရတနာပစ္စည်း ထွက်မည်။ ပညာရေးထူးချွန်မည်။ အိမ်ထောင်ရေး အဆင်ပြေသာယာလာမည်။ သားသမီးများအတွက် စိတ်ချမ်းသာမှုဖြစ်မည်။ အိမ်တွင်ရှိသော စက်ပစ္စည်းအစုတ်အပဲ့များ လွှင့်ပစ်လိုက်ပါ။ လူလိမ်ခံရတတ်သည်။

ဓါတ်ယတြာ
သစ်ခွပန်း ( 7 ) ခက် ဘုရားလှူပါ။
ထီနံပါတ် ( 61. 62. 67. )

တနင်္လာ

မူလနေရာမှ တခြားနေရာသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမည်။ ခရီးသွားလာရခြင်းဆိုင်ရာ လုပ်ငန်းများနှင့် အကျိုးပေးမည်။ မထင်မှတ်ဘဲ ဝင်ငွေအမြောက်အမြား ဝင်မည်။ အချစ်ရေး အဆင်ပြေလာမည်။ ရပ်ဝေးသူ အနီးအနားမှာ တွေ့မည်။ ဘာသာတူ လူမျိုးခြား ဖြစ်မည်။ ပညာရေး ထူးချွန်မည်။ ရာထူးတက်မည်။ အထက်လူကြီးများက ကူညီပံ့ပိုးပေးလိမ့်မည်။ မိမိအား မနာလိုသူက ကွယ်ရာမှာ အတင်းစကားပြော ရန်ရှာလိမ့်မည်။ သူများကိစ္စနှင့် မိမိက တာဝန်ယူအာမခံခြင်း မလုပ်ပါနှင့်။ ငွေကြေးစိုက်လျှော် ဖြေရှင်းပေးရတတ်သည်။ အလုပ်ထိခိုက်တတ်သည်။ အိမ်ထောင်ရေး မိန်းမနှောင့်ယှက်မှုကြောင့် ပြိုကွဲတတ်သည်။ သားသမီးအကျိုး ခံစားရမည်။ မမျှော်လင့်ဘဲ ထီပေါက်တတ်သည်။ ရွှေထည်ပစ္စည်း ဝင်မည်။

ဓါတ်ယတြာ
ခရေပန်း ( 6 ) ကုံး ဘုရားလှူပါ။
ထီနံပါတ် ( 42. 47. 46. )

အင်္ဂါ

မိမိကျွမ်းကျင်မှုရှိသော လုပ်ငန်းများတွင် သေချာသပ်ရပ်စွာ စည်းကမ်းတကျ လုပ်ကိုင်ဆောင်ရွက်ခြင်းကြောင့် နာမည်ဂုဏ်သတင်း ကျော်ဇောထင်ရှားမည်။ ဝင်ငွေလမ်း ဖြောင့်ဖြူးသာယာလာမည်။ ပြောဆိုလုပ်ကိုင် ဆောင်ရွက်သမျှ အောင်မြင်မည်။ ဆေးစက်ကျရာ အရုပ်ထင်မည်။ မိတ်ဆွေအပေါင်းအသင်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလိမ့်မည်။ ကံဇာတာစန်းထလာသဖြင့် ချစ်သူခင်သူ ပတ်ပတ်လည်ဝိုင်းနေမည်။ မျက်နှာစန်းပွင့်မည်။ ထူးကဲသောပညာ တတ်မြောက်မည်။ အလုပ်စာမေးပွဲ အောင်မည်။ လမ်းသွားရင်း ထိခိုက်ဒဏ်ရာ ရတတ်သည်။ ဆေးရုံဆေးခန်း ရောက်မည်။ လူမှုရေး ဘာသာရေး အလုပ်ကိစ္စတွေနှင့် စိတ်ရှုပ်နေတတ်သည်။ အိမ်ထောင်ရေး အဆင်ပြေသာယာလာမည်။ ခရီးရပ်ဝေး သွားရမည်။ သားသမီးများအတွက် မင်္ဂလာအခမ်းအနား ပြုလုပ်ပေးရမည်။ အိမ်၊ ခြံ၊ မြေ၊ ကား ဝင်မည်။ ထီမကြာခဏဆိုသလို ပေါက်မည်။

ဓါတ်ယတြာ
ကြာပန်း ( 1 ) ပွင့် ဘုရားလှူပါ။
ထီနံပါတ် ( 52. 57 . 51. )

ဗုဒ္ဓဟူး

အတွေးအခေါ်နှင့် အကြံအစည်ဟူသမျှတို့သည် ဖြစ်ချင်သည့်ဆန္ဒနှင့် ကိုက်ညီမှုမရှိ ဖြစ်နေမည်။ မှားယွင်းစွာ လုပ်ကိုင်ဆောင်ရွက်မိခြင်းကြောင့် ငွေကြေးဆုံးရှုံးမှုများ ဖြစ်မည်။ ဘာပဲလုပ်လုပ် အဆင်မပြေဖြစ်မည်။ အတိုက်အခိုက် များမည်။ အထက်လူကြီးနှင့် အဆင်မပြေဖြစ်မည်။ လူယုံသတ်ခြင်း ခံရမည်။ သားသမီးများအတွက် စိတ်မချမ်းမြေ့စရာများ ကြားသိခံစားရပါသည်။ မိတ်ဆွေဟောင်းများနှင့် အဆက်အသွယ်ကောင်းများ ရရှိပါလိမ့်မည်။ ယခုအချိန်တွင် ဖက်စပ်စီးပွါးရေးလုပ်ငန်းများ ပူးတွဲလုပ်ကိုင်ရန် အကောင်းဆုံးအချိန် ဖြစ်ပါသည်။ မိမိချစ်သူရဲ့ မဟုတ်မမှန်သတင်းများ မဖွယ်မရာသတင်းစကားများ အတင်းပြောဆိုခြင်းကို ကြားသိခံစားရလိမ့်မည်။

ဓါတ်ယတြာ
စိန်ချယ်ပန်း ( 6 ) စည်း ဘုရားလှူပါ။
ထီနံပါတ် ( 32. 37. 36. )

Read More>>>ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်စားသည့် ခေါနူးစုမ် (နတ်မတောင်) အမျိုးသားဥယျာဉ်

ရာဟု

စီးပွါးရေးလုပ်ငန်းအသစ် နှစ်မျိုး တစ်ပြိုင်တည်း လုပ်ကိုင်ခွင့် ရရှိစေတတ်ပါသည်။ အလှအပနှင့်ဆိုင်ရာ ပြုပြင်မွမ်းမံ တပ်ဆင်ခြင်း ရောင်းဝယ်ခြင်းများမှ ဝင်ငွေကောင်းများ ရရှိပါလိမ့်မည်။ စိတ်လှုပ်ရှားမှု စိတ်ပင်ပန်းမှု ဖြစ်မည်။ မိမိအထက်လူကြီးများထံမှ ပံ့ပိုးကူညီမှုများ အားပေးထောက်ခံမှုများ အပြည့်အဝ ရရှိမည်။ အချစ်ရေးတွင် စိတ်သဘောထား မြင့်မြတ်ပြီး သနားကြင်နာတတ်သော ချစ်သူကိုတွေ့မည်။ အလုပ်နှင့် ပတ်သက်သော ဘာသာရပ်ဆိုင်ရာ သင်တန်းများ တက်ရောက်အောင်မြင်မည်။ နိုင်ငံရပ်ခြား ခရီးဝေးသွားရမည်။ မိသားစုများမှ ပံ့ပိုးကူညီပေးလိမ့်မည်။ အိမ်ထောင်ရေး အဆင်ပြေသာယာမည်။ ရပ်ဝေးမှ သားသမီးများအတွက် ကောင်းမြတ်သော မင်္ဂလာသတင်းစကား ကြားရမည်။

ဓါတ်ယတြာ
နှင်းဆီ( 9 ) ပွင့် ဘုရားလှူပါ။
ထီနံပါတ် ( 73. 78. 79. )

ကြာသပတေ

ဗာဟီရအလုပ်ကိစ္စတွေနှင့် စိတ်ရှုပ်ထွေးနေတတ်သည်။ ခရီးယာယီ များမည်။ သူများကိစ္စတွေနှင့် အလုပ်များနေတတ်သည်။ အထက်လူကြီးများက ကူညီပံ့ပိုးနေမည်။ ရာထူးဂုဏ်ထူး တက်မည်။ တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရမည်။ ခရီးယာယီ များမည်။ အလုပ်အကိုင် အဆင်ပြေလာမည်။ ငွေကြေးအမြောက်အမြား ဝင်မည်။ အရင်းနှီးဆုံး မိတ်ဆွေများက ဝိုင်းဝန်းကူညီပေးလိမ့်မည်။ ချစ်သူအသစ် တွေ့မည်။ အိမ်ထောင်ကျကိန်း ရှိသည်။ အလုပ်နှင့်ပတ်သက်သော သင်တန်းများ တက်ရောက်အောင်မြင်မည်။ နိုင်ငံခြား သွားရမည်။ မိဘဆွေမျိုးသားချင်းများက ပံ့ပိုးကူညီပေးလိမ့်မည်။ အိမ်ထောင်ရေး အဆင်ပြေလာမည်။ သားသမီးအကျိုး ခံစားရမည်။

ဓါတ်ယတြာ
လိမ္မော်သီး ( 9 ) လုံး ဘုရားလှူပါ။
ထီနံပါတ် ( 54. 59. 50. )

သောကြာ

လက်လွန်ဆုံးရှုံးထားသော ငွေကြေးနှင့် ဥစ္စာပစ္စည်းတို့အား ပြန်လည်ရရှိမည်။ ရောင်းမထွက်သော ပစ္စည်းများ ရောင်းထွက်မည်။ ဖြစ်ပေါ်လာသော အမှုပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်မည်။ မိမိရဲ့အတတ်ပညာကြောင့် စပ်တူရှယ်ယာလုပ်ငန်းတွေ အောင်မြင်မည်။ ဘဝလမ်းကြောင်း တိုးတက်မှုများကို ဖန်တီးနိုင်မည်။ ဆိုင်းငံ့ထားသောလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရလိမ့်မည်။ ငွေကြေးအမြောက်အမြား ဝင်မည်။ အိမ်ထောင်ဖက်ချစ်သူကို တွေ့မည်။ ချစ်သူနှင့် မင်္ဂလာဆောင်ရလိမ့်မည်။ ပညာရေး ထူးချွန်မည်။ နိုင်ငံရပ်ခြားခရီးဝေး သွားရမည်။ အိမ်ထောင်ရေး အဆင်ပြေသာယာလာမည်။ သားသမီးအကျိုး ခံစားရမည်။ ငွေအစုလိုက်အပုံလိုက် ဝင်မည်။

ဓါတ်ယတြာ
အင်ကြင်းပန်း ( 8 ) ပွင့် ဘုရားလှူပါ။
ထီနံပါတ် ( 12. 17. 18. )

စနေ

ဘာသာတူ လူမျိုးခြားတို့နှင့် စပ်တူလုပ်ကိုင်သောလုပ်ငန်းများ အောင်မြင်ကျော်ကြားလာမည်။ ငွေကြေးအမြောက်အမြား ဝင်မည်။ လူချစ်လူခင် ပေါမည်။ ခရီးယာယီ များမည်။ မိမိအရင်းနှီးဆုံးပုဂ္ဂိုလ်က မိမိအား မနာလိုသဝန်တိုဖြစ်ကာ ဂုံးချောစကား အတင်းအဖျင်းပြောလိမ့်မည်။ သ ည်းခံခြင်းဖြင့် အနိုင်ယူလိုက်ပါ။ မိမိလုပ်ဆောင်သမျှ ထွန်းပေါက်အောင်မြင်မည်။ စိတ်ချမ်းသာမှု ဖြစ်မည်။ ချစ်သူနှင့် ပျားရည်ဆမ်းခရီး သွားရမည်။ လူချစ်လူခင် ပေါမည်။ ချစ်သူက ပံ့ပိုးကူညီမည်။ ပညာထူးချွန်မည်။ အိမ်မိသားစုအတွက် အချိန်ပေးရမည်။ ချစ်သူ၏ ကူညီပံ့ပိုးမှုကို ရရှိမည်။ ဘုရားဖူး သွားရမည်။

ဓါတ်ယတြာ
ဂန္ဓမာပန်း ( 10 ) ပွင့် ဘုရားလှူပါ။
ထီနံပါတ် ( 75. 70. 72. )

Credit; Baydin World

 

Zawgyi

 

(၉.၂.၂၀၂၀) ရက္ေန႔မွ (၁၅.၂.၂၀၂၀) ရက္ေန႔အထိ (၇) ရက္သားသမီးမ်ားအတြက္ တစ္ပတ္စာ ကံၾကမၼာ ေဗဒင္ေဟာစာတမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

တနဂၤေႏြ

မိမိရွိရာသို႔ ျပႆနာမ်ားစြာသည္ ေရာက္ရွိလာေစတတ္ပါသည္။ ကူညီေစာင့္ေရွာက္မႈျပဳေပးရန္ လိုအပ္ပါက အေဝးမွေစာင့္ေရွာက္ျခင္းမ်ိဳးျဖင့္သာ ကူညီမႈျပဳေပးပါ။ ဘုန္းႀကီးအမႈ ရြာပတ္တတ္သည္။ ေငြေၾကးအရႈပ္အရွင္း ျဖစ္မည္။ ေအာက္လက္ငယ္သားအတြက္ စိတ္ညစ္ရမည္။ အလုပ္အကိုင္ အဆင္မေျပျဖစ္မည္။ ခရီးယာယီမ်ားမည္။ မိသားစု ေဆြမ်ိဳးသားခ်င္းမ်ားအတြက္ စိတ္ေသာကေရာက္မည္။ ေငြေၾကးအကုန္အက် မ်ားမည္။ အခ်စ္ေရး ၾကားလူကုန္းတိုက္မႈေၾကာင့္ အဆင္မေျပျဖစ္မည္။ ေရႊေငြရတနာပစၥည္း ထြက္မည္။ ပညာေရးထူးခၽြန္မည္။ အိမ္ေထာင္ေရး အဆင္ေျပသာယာလာမည္။ သားသမီးမ်ားအတြက္ စိတ္ခ်မ္းသာမႈျဖစ္မည္။ အိမ္တြင္ရွိေသာ စက္ပစၥည္းအစုတ္အပဲ့မ်ား လႊင့္ပစ္လိုက္ပါ။ လူလိမ္ခံရတတ္သည္။

ဓါတ္ယၾတာ
သစ္ခြပန္း ( 7 ) ခက္ ဘုရားလႉပါ။
ထီနံပါတ္ ( 61. 62. 67. )

တနလၤာ

မူလေနရာမွ တျခားေနရာသို႔ ေျပာင္းေရႊ႕တာဝန္ထမ္းေဆာင္ရမည္။ ခရီးသြားလာရျခင္းဆိုင္ရာ လုပ္ငန္းမ်ားႏွင့္ အက်ိဳးေပးမည္။ မထင္မွတ္ဘဲ ဝင္ေငြအေျမာက္အျမား ဝင္မည္။ အခ်စ္ေရး အဆင္ေျပလာမည္။ ရပ္ေဝးသူ အနီးအနားမွာ ေတြ႕မည္။ ဘာသာတူ လူမ်ိဳးျခား ျဖစ္မည္။ ပညာေရး ထူးခၽြန္မည္။ ရာထူးတက္မည္။ အထက္လူႀကီးမ်ားက ကူညီပံ့ပိုးေပးလိမ့္မည္။ မိမိအား မနာလိုသူက ကြယ္ရာမွာ အတင္းစကားေျပာ ရန္ရွာလိမ့္မည္။ သူမ်ားကိစၥႏွင့္ မိမိက တာဝန္ယူအာမခံျခင္း မလုပ္ပါႏွင့္။ ေငြေၾကးစိုက္ေလၽွာ္ ေျဖရွင္းေပးရတတ္သည္။ အလုပ္ထိခိုက္တတ္သည္။ အိမ္ေထာင္ေရး မိန္းမေႏွာင့္ယွက္မႈေၾကာင့္ ၿပိဳကြဲတတ္သည္။ သားသမီးအက်ိဳး ခံစားရမည္။ မေမၽွာ္လင့္ဘဲ ထီေပါက္တတ္သည္။ ေရႊထည္ပစၥည္း ဝင္မည္။

ဓါတ္ယၾတာ
ခေရပန္း ( 6 ) ကုံး ဘုရားလႉပါ။
ထီနံပါတ္ ( 42. 47. 46. )

အဂၤါ

မိမိကၽြမ္းက်င္မႈရွိေသာ လုပ္ငန္းမ်ားတြင္ ေသခ်ာသပ္ရပ္စြာ စည္းကမ္းတက် လုပ္ကိုင္ေဆာင္ရြက္ျခင္းေၾကာင့္ နာမည္ဂုဏ္သတင္း ေက်ာ္ေဇာထင္ရွားမည္။ ဝင္ေငြလမ္း ေျဖာင့္ျဖဴးသာယာလာမည္။ ေျပာဆိုလုပ္ကိုင္ ေဆာင္ရြက္သမၽွ ေအာင္ျမင္မည္။ ေဆးစက္က်ရာ အ႐ုပ္ထင္မည္။ မိတ္ေဆြအေပါင္းအသင္းမ်ားက ဝိုင္းဝန္းကူညီ ေဆာင္ရြက္ေပးလိမ့္မည္။ ကံဇာတာစန္းထလာသျဖင့္ ခ်စ္သူခင္သူ ပတ္ပတ္လည္ဝိုင္းေနမည္။ မ်က္ႏွာစန္းပြင့္မည္။ ထူးကဲေသာပညာ တတ္ေျမာက္မည္။ အလုပ္စာေမးပြဲ ေအာင္မည္။ လမ္းသြားရင္း ထိခိုက္ဒဏ္ရာ ရတတ္သည္။ ေဆး႐ုံေဆးခန္း ေရာက္မည္။ လူမႈေရး ဘာသာေရး အလုပ္ကိစၥေတြႏွင့္ စိတ္ရႈပ္ေနတတ္သည္။ အိမ္ေထာင္ေရး အဆင္ေျပသာယာလာမည္။ ခရီးရပ္ေဝး သြားရမည္။ သားသမီးမ်ားအတြက္ မဂၤလာအခမ္းအနား ျပဳလုပ္ေပးရမည္။ အိမ္၊ ၿခံ၊ ေျမ၊ ကား ဝင္မည္။ ထီမၾကာခဏဆိုသလို ေပါက္မည္။

ဓါတ္ယၾတာ
ၾကာပန္း ( 1 ) ပြင့္ ဘုရားလႉပါ။
ထီနံပါတ္ ( 52. 57 . 51. )

ဗုဒၶဟူး

အေတြးအေခၚႏွင့္ အႀကံအစည္ဟူသမၽွတို႔သည္ ျဖစ္ခ်င္သည့္ဆႏၵႏွင့္ ကိုက္ညီမႈမရွိ ျဖစ္ေနမည္။ မွားယြင္းစြာ လုပ္ကိုင္ေဆာင္ရြက္မိျခင္းေၾကာင့္ ေငြေၾကးဆုံးရႈံးမႈမ်ား ျဖစ္မည္။ ဘာပဲလုပ္လုပ္ အဆင္မေျပျဖစ္မည္။ အတိုက္အခိုက္ မ်ားမည္။ အထက္လူႀကီးႏွင့္ အဆင္မေျပျဖစ္မည္။ လူယုံသတ္ျခင္း ခံရမည္။ သားသမီးမ်ားအတြက္ စိတ္မခ်မ္းေျမ့စရာမ်ား ၾကားသိခံစားရပါသည္။ မိတ္ေဆြေဟာင္းမ်ားႏွင့္ အဆက္အသြယ္ေကာင္းမ်ား ရရွိပါလိမ့္မည္။ ယခုအခ်ိန္တြင္ ဖက္စပ္စီးပြါးေရးလုပ္ငန္းမ်ား ပူးတြဲလုပ္ကိုင္ရန္ အေကာင္းဆုံးအခ်ိန္ ျဖစ္ပါသည္။ မိမိခ်စ္သူရဲ့ မဟုတ္မမွန္သတင္းမ်ား မဖြယ္မရာသတင္းစကားမ်ား အတင္းေျပာဆိုျခင္းကို ၾကားသိခံစားရလိမ့္မည္။

ဓါတ္ယၾတာ
စိန္ခ်ယ္ပန္း ( 6 ) စည္း ဘုရားလႉပါ။
ထီနံပါတ္ ( 32. 37. 36. )

ရာဟု

စီးပြါးေရးလုပ္ငန္းအသစ္ ႏွစ္မ်ိဳး တစ္ၿပိဳင္တည္း လုပ္ကိုင္ခြင့္ ရရွိေစတတ္ပါသည္။ အလွအပႏွင့္ဆိုင္ရာ ျပဳျပင္မြမ္းမံ တပ္ဆင္ျခင္း ေရာင္းဝယ္ျခင္းမ်ားမွ ဝင္ေငြေကာင္းမ်ား ရရွိပါလိမ့္မည္။ စိတ္လႈပ္ရွားမႈ စိတ္ပင္ပန္းမႈ ျဖစ္မည္။ မိမိအထက္လူႀကီးမ်ားထံမွ ပံ့ပိုးကူညီမႈမ်ား အားေပးေထာက္ခံမႈမ်ား အျပည့္အဝ ရရွိမည္။ အခ်စ္ေရးတြင္ စိတ္သေဘာထား ျမင့္ျမတ္ၿပီး သနားၾကင္နာတတ္ေသာ ခ်စ္သူကိုေတြ႕မည္။ အလုပ္ႏွင့္ ပတ္သက္ေသာ ဘာသာရပ္ဆိုင္ရာ သင္တန္းမ်ား တက္ေရာက္ေအာင္ျမင္မည္။ နိုင္ငံရပ္ျခား ခရီးေဝးသြားရမည္။ မိသားစုမ်ားမွ ပံ့ပိုးကူညီေပးလိမ့္မည္။ အိမ္ေထာင္ေရး အဆင္ေျပသာယာမည္။ ရပ္ေဝးမွ သားသမီးမ်ားအတြက္ ေကာင္းျမတ္ေသာ မဂၤလာသတင္းစကား ၾကားရမည္။

ဓါတ္ယၾတာ
ႏွင္းဆီ( 9 ) ပြင့္ ဘုရားလႉပါ။
ထီနံပါတ္ ( 73. 78. 79. )

ၾကာသပေတး

ဗာဟီရအလုပ္ကိစၥေတြႏွင့္ စိတ္ရႈပ္ေထြးေနတတ္သည္။ ခရီးယာယီ မ်ားမည္။ သူမ်ားကိစၥေတြႏွင့္ အလုပ္မ်ားေနတတ္သည္။ အထက္လူႀကီးမ်ားက ကူညီပံ့ပိုးေနမည္။ ရာထူးဂုဏ္ထူး တက္မည္။ တစ္ေနရာမွတစ္ေနရာသို႔ ေျပာင္းေရႊ႕ တာဝန္ထမ္းေဆာင္ရမည္။ ခရီးယာယီ မ်ားမည္။ အလုပ္အကိုင္ အဆင္ေျပလာမည္။ ေငြေၾကးအေျမာက္အျမား ဝင္မည္။ အရင္းႏွီးဆုံး မိတ္ေဆြမ်ားက ဝိုင္းဝန္းကူညီေပးလိမ့္မည္။ ခ်စ္သူအသစ္ ေတြ႕မည္။ အိမ္ေထာင္က်ကိန္း ရွိသည္။ အလုပ္ႏွင့္ပတ္သက္ေသာ သင္တန္းမ်ား တက္ေရာက္ေအာင္ျမင္မည္။ နိုင္ငံျခား သြားရမည္။ မိဘေဆြမ်ိဳးသားခ်င္းမ်ားက ပံ့ပိုးကူညီေပးလိမ့္မည္။ အိမ္ေထာင္ေရး အဆင္ေျပလာမည္။ သားသမီးအက်ိဳး ခံစားရမည္။

ဓါတ္ယၾတာ
လိေမၼာ္သီး ( 9 ) လုံး ဘုရားလႉပါ။
ထီနံပါတ္ ( 54. 59. 50. )

ေသာၾကာ

လက္လြန္ဆုံးရႈံးထားေသာ ေငြေၾကးႏွင့္ ဥစၥာပစၥည္းတို႔အား ျပန္လည္ရရွိမည္။ ေရာင္းမထြက္ေသာ ပစၥည္းမ်ား ေရာင္းထြက္မည္။ ျဖစ္ေပၚလာေသာ အမႈျပႆနာမ်ားကို ရင္ဆိုင္ေျဖရွင္းနိုင္မည္။ မိမိရဲ့အတတ္ပညာေၾကာင့္ စပ္တူရွယ္ယာလုပ္ငန္းေတြ ေအာင္ျမင္မည္။ ဘဝလမ္းေၾကာင္း တိုးတက္မႈမ်ားကို ဖန္တီးနိုင္မည္။ ဆိုင္းငံ့ထားေသာလုပ္ငန္းမ်ား ျပန္လည္ေဆာင္ရြက္ရလိမ့္မည္။ ေငြေၾကးအေျမာက္အျမား ဝင္မည္။ အိမ္ေထာင္ဖက္ခ်စ္သူကို ေတြ႕မည္။ ခ်စ္သူႏွင့္ မဂၤလာေဆာင္ရလိမ့္မည္။ ပညာေရး ထူးခၽြန္မည္။ နိုင္ငံရပ္ျခားခရီးေဝး သြားရမည္။ အိမ္ေထာင္ေရး အဆင္ေျပသာယာလာမည္။ သားသမီးအက်ိဳး ခံစားရမည္။ ေငြအစုလိုက္အပုံလိုက္ ဝင္မည္။

ဓါတ္ယၾတာ
အင္ၾကင္းပန္း ( 8 ) ပြင့္ ဘုရားလႉပါ။
ထီနံပါတ္ ( 12. 17. 18. )

စေန

ဘာသာတူ လူမ်ိဳးျခားတို႔ႏွင့္ စပ္တူလုပ္ကိုင္ေသာလုပ္ငန္းမ်ား ေအာင္ျမင္ေက်ာ္ၾကားလာမည္။ ေငြေၾကးအေျမာက္အျမား ဝင္မည္။ လူခ်စ္လူခင္ ေပါမည္။ ခရီးယာယီ မ်ားမည္။ မိမိအရင္းႏွီးဆုံးပုဂၢိဳလ္က မိမိအား မနာလိုသဝန္တိုျဖစ္ကာ ဂုံးေခ်ာစကား အတင္းအဖ်င္းေျပာလိမ့္မည္။ သ ည္းခံျခင္းျဖင့္ အနိုင္ယူလိုက္ပါ။ မိမိလုပ္ေဆာင္သမၽွ ထြန္းေပါက္ေအာင္ျမင္မည္။ စိတ္ခ်မ္းသာမႈ ျဖစ္မည္။ ခ်စ္သူႏွင့္ ပ်ားရည္ဆမ္းခရီး သြားရမည္။ လူခ်စ္လူခင္ ေပါမည္။ ခ်စ္သူက ပံ့ပိုးကူညီမည္။ ပညာထူးခၽြန္မည္။ အိမ္မိသားစုအတြက္ အခ်ိန္ေပးရမည္။ ခ်စ္သူ၏ ကူညီပံ့ပိုးမႈကို ရရွိမည္။ ဘုရားဖူး သြားရမည္။

ဓါတ္ယၾတာ
ဂႏၶမာပန္း ( 10 ) ပြင့္ ဘုရားလႉပါ။
ထီနံပါတ္ ( 75. 70. 72. )

Credit; Baydin World

 


Read 265 times Last modified on Monday, 10 February 2020 14:42
Rate :
(11 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.