Tuesday, 04 February 2020 17:07

81936567_107295644126329_7249463157045854208_n_1.jpg

 

(၂.၂.၂၀၂၀) ရက်နေ့မှ (၈.၂.၂၀၂၀) ရက်နေ့အထိ (၇) ရက်သားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာ ဗေဒင်ဟောစာတမ်းကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ

လူမျိုးခြားများနှင့် ဆက်စပ်လုပ်ကိုင်သောလုပ်ငန်းများမှ အကျိုးဆက်ကောင်းများ ရရှိမည်။ စီးပွါးရေးလုပ်ငန်းကိစ္စ အဆင်ပြေလာမည်။ နယ်ခြားပြည်ခြား လုပ်ငန်းတိုးချဲ့လုပ်ကိုင် ဆောင်ရွက်ရမည်။ ငွေဝင်လမ်း ဖြောင့်ဖြူးသာယာလာမည်။ ဝယ်ယူသိုလှောင်ထားသော ပစ္စည်းများ အမြတ်များများ ရမည်။ ဘာသာတူ လူမျိုးခြား တိုင်းရင်းသားချစ်သူကို တွေ့မည်။ မိမိအား အကျိုးပြုလိမ့်မည်။ ခရီးယာယီ များမည်။ ပညာထူးချွန်မည်။ အလုပ်နှင့်ပတ်သက်သော စာမေးပွဲများ ဖြေဆိုအောင်မြင်မည်။ အချစ်ဆုံးသူငယ်ချင်းက ပြဿနာရှာတတ်သည်။ မဟုတ်သတင်း ပြောဆိုလိမ့်မည်။ မိသားစု အိမ်တွင်းရေးပြဿနာ ပေါ်တတ်သည်။ စိတ်ရှည်သည်းခံပါ။ လမ်းသွားရင်း ရန်ဖြစ်တတ်သည်။ အပေါင်ပစ္စည်း လက်မခံပါနှင့်။ ဘုန်းကြီးအမှု ရွာပတ်တတ်သည်။ အိမ်ထောင်ရေး အဆင်ပြေမည်။ သားသမီးများအတွက် ဝမ်းသာဂုဏ်ယူရမည်။ ငွေဝင်လမ်းကြောင်း ကောင်းမည်။ အဆုပ်ရောဂါ ဂရုစိုက်ပါ။

ဓါတ်ယတြာ

ရွက်လှ( 3 ) ညွန့် ဘုရားလှူပါ။

ထီနံပါတ် ( 84. 89. 83. )

တနင်္လာ

စိတ်ညစ်ညစ်နဲ့ ခရီးရပ်ဝေးသွားရမည်။ အံ့သြစရာကောင်းလောက်အောင် မထင်မှတ်တာတွေ ဖြစ်မည်။ စိုးရိမ်ကြောင့်ကျမှုတွေ ဖြစ်မည်။ နောက်ဆုံးမှာ အောင်မြင်မှုပန်းတိုင်ကို တက်လှမ်းနိုင်မည်။ အစစအရာရာ အားလုံးအဆင်ပြေလာမည်။ ကျောက်မျက်ရတနာလုပ်ငန်း အိမ်၊ ခြံ၊ မြေ ကားလုပ်ငန်းတွေ အကျိုးပေးမည်။ မထင်မှတ်ဘဲ ငွေကြေးအစုလိုက်အပုံလိုက် ဝင်မည်။ နာမည်ဂုဏ်သတင်း ကျော်ဇောထင်ရှားမည်။ ချစ်သူ၏ ကူညီပံ့ပိုးမှုကြောင့် စီးပွါးရေးလုပ်ငန်း တိုးချဲ့လုပ်ကိုင် ဆောင်ရွက်ရမည်။ နိုင်ငံခြားပညာတော်သင် သွားရမည်။ အိမ်ထောင်ရေး အဆင်ပြေမည်။ သားသမီးများအတွက် စိတ်ပူပင်ရမည်။ ရွှေထည်ပစ္စည်း ပျောက်ဆုံးတတ်သည်။ ကျောက်ကပ်ရောဂါ ဂရုစိုက်ပါ။

ဓါတ်ယတြာ

နှင်းဆီပန်း ( 4 ) ပွင့် ဘုရားလှူပါ။

ထီနံပါတ် ( 73. 78. 74. )

Read More>>>ဆုကြေးငွေ ၁သိန်းခွဲကျပ်ထိ ရရှိမယ့် မန္တလေးမြို့က Debate ပြိုင်ပွဲကြီး

အင်္ဂါ

ထွက်နေ ဆုံးရှုံးနေတဲ့ငွေတွေ ပစ္စည်းတွေ လုပ်ငန်းတွေ ပြန်ရတတ်သည်။ နေရာဟောင်း လုပ်ငန်းဟောင်း လုပ်ဖေါ်ကိုင်ဖက်ဟောင်းတွေနှင့် ပြန်လည်ဆုံစည်းရတတ်သည်။ ကူညီမည့်သူ ပေါ်မည်။ အလုပ်အကိုင် အကြံအစည် အောင်မြင်လာမည်။ ငွေဝင်လမ်း ဖြောင့်ဖြူးသာယာမည်။ စိတ်ညစ်တာတွေ ပျောက် စိတ်ချမ်းသာမှုတွေ ရောက်လာမည်။ ချစ်သူတွေ့မည်။ ချစ်သူရဲ့ပံ့ပိုးကူညီမှုကြောင့် အလုပ်အကိုင် အဆင်ပြေလာမည်။ နာမည်ဂုဏ်သတင်း ကျော်ဇောထင်ရှားမည်။ အိမ်ထောင်ရေး အိမ်တွင်းရေး မိသားစုအဆင်ပြေလာမည်။ ရွှေငွေရတနာပစ္စည်း ဝင်မည်။ ကျန်းမာရေး ကောင်းလာမည်။ ထီပေါက်ကိန်း ရှိသည်။ ငွေကြေး ချေးငှားခြင်း အပေါင်ခံခြင်း မလုပ်ပါနှင့်။ ခါးနာ ဒူးနာရောဂါ ဂရုစိုက်ပါ။

ဓါတ်ယတြာ

အောင်သပြေ( 9 ) ညွန့် ဘုရားလှူပါ။

ထီနံပါတ် ( 15. 10. 19. )

 

ဗုဒ္ဓဟူး

ကံဇာတာ အညံ့လေးတွေက ကင်းလွတ်လာမည်။ အဖက်ဖက်က အနှောင့်အယှက်တွေ ရှိနေမည်။ နေရာသစ် အိမ်သစ် လုပ်ငန်းသစ် အစီအစဉ်များ အထူးကောင်းမွန်မည်။ ခရီးယာယီ သွားရမည်။ ထွက်ပြီးထားသော ရွှေ ငွေ ရတနာပစ္စည်းများ ပြန်ဝင်လာမည်။ အချစ်ရေး ကံကောင်းမည်။ လုပ်ငန်းသစ် လုပ်ကိုင်ဆောင်ရွက်ရမည်။ မထင်မှတ်သော အောင်မြင်မှုတွေ ရလာမည်။ နာမည် ကျော်ဇောမည်။ ဆရာကောင်း သမားကောင်း တွေ့မည်။ အိမ်ထောင်ရေး သာယာမည်။ မိတ်ဟောင်းဆွေဟောင်းများက ကူညီမည်။ သားသမီးများအတွက် မင်္ဂလာအခမ်းအနား ပြုလုပ်ပေးရမည်။ အိမ်ထောင်ပရိဘောဂပစ္စည်းများ ဝင်မည်။ အသည်းရောဂါ ဂရုစိုက်ပါ။

ဓါတ်ယတြာ

ဇလပ်ပန်း ( 9 ) ပွင့် ဘုရားလှူပါ။

ထီနံပါတ် ( 34. 39. 35. )

ရာဟု

အဖက်ဖက်က အခြေအနေကောင်းတွေ ဖြစ်လာမည်။ စီးပွါးရေးလုပ်ငန်းတွေ အထူးတိုးချဲ့ဆောင်ရွက် လုပ်ကိုင်ရမည်။ မိတ်ကောင်းဆွေကောင်း တွေ့မည်။ စပ်တူရှယ်ယာလုပ်ငန်းတွေ အောင်မြင်မည်။ ပညာရေး ကောင်းမည်။ ဘာသာရေး လူမှုရေးအလုပ်တွေ လုပ်နေရမည်။ အိမ် ခြံ မြေ ကား အရောင်းအဝယ်ကိစ္စနှင့် ငွေအမြောက်အမြား ဝင်မည်။ ချစ်သူနှင့် ပျားရည်ဆမ်းခရီး ထွက်ရမည်။ လမ်းသွားရင်း ခိုက်ရန်ဒေါသ ဖြစ်မည်။ စိတ်ရှည်သည်းခံလိုက်ပါ။ သူများအတွက် မိမိကတာဝန်ယူ လိုက်လံဖြေရှင်းရလိမ့်မည်။ ပညာထူးချွန်မည်။ အဆုပ်ရောင်ရောဂါ ဂရုစိုက်ပါ။

ဓါတ်ယတြာ

သရက်သီး ( 3 ) လုံး ဘုရားလှူပါ။

ထီနံပါတ် ( 64. 68. 63. )

ကြာသပတေး

ဖြေဆိုထားသော အလုပ်စာမေးပွဲများ အောင်မြင်မည်။ ရာထူးဂုဏ်ထူး တိုးတက်မည်။ အလုပ်နေရာဌာန ပြောင်းရွှေ့ရမည်။ နိုင်ငံခြားခရီး သွားရမည်။ ချစ်သူ၏ ပံ့ပိုးကူညီမှုကြောင့် အစစအရာရာ အားလုံးအဆင်ပြေလာမည်။ ရောင်းအားဝယ်အား ကောင်းလာမည်။ ကုမ္ပဏီလုပ်ငန်း အိမ် ခြံ မြေ ကားလုပ်ငန်းတွေ အကျိုးပေးမည်။ အိမ်ထောင်ရေး တဖြေးဖြေးအဆင်ပြေလာမည်။ တိုင်းရင်းသား လူမျိုးခြား အကျိုးပေးမည်။ ကျောက်အရောင်းအဝယ် ကောင်းလာမည်။ ငွေဝင်လမ်း ဖြောင့်ဖြူးသာယာမည်။ အိုးသစ်အိမ်သစ် ဝင်မည်။ ဦးဏှောက်နှင့် အာရုံကြောရောဂါ ဂရုစိုက်ပါ။

ဓါတ်ယတြာ

ပဒုမ္မာကြာပန်း ( 1 ) ပွင့် ဘုရားလှူပါ။

ထီနံပါတ် ( 52. 57. 51. )

သောကြာ

ငွေတိုးချေးမစားပါနှင့်။ လူလိမ်လူကောက်တွေနှင့် တွေ့ကြုံရတတ်သည်။ ငွေကြေးဆုံးရှုံးရတတ်သည်။ အမှုအခင်း ရင်ဆိုင်ဖြေရှင်းရတတ်သည်။ မိမိအားမနာလို၍ သွားပုပ်လေလွင့် ပြောဆိုခြင်းခံရမည်။ ငွေကုန်ကြေးကျ များမည်။ ရွှေ ငွေ ရတနာပစ္စည်း ထွက်မည်။ အလုပ်နှင့်ပတ်သက်သော ဘာသာရပ်သင်တန်းများ တက်ရောက်အောင်မြင်မည်။ နိုင်ငံခြားခရီး သွားရမည်။ ချစ်ဦးသူ တွေ့မည်။ ဘာသာတူ လူမျိုးခြားတို့၏ ကူညီထောက်ပံ့မှုကို ရရှိမည်။ အမွေရကိန်း ရှိသည်။ အိမ် ခြံ မြေ ကား ဝင်မည်။ ထမင်းရည်ချောင်းစီး မောင်းတီးပြီး လှူရမည်။ အစာအိမ်ရောဂါ ဂရုစိုက်ပါ။

ဓါတ်ယတြာ

စွယ်တော်ပန်း ( 9 ) ပွင့် ဘုရားလှူပါ။

ထီနံပါတ် ( 32. 37. 39. )

စနေ

စီးပွါးရေးလုပ်ငန်းတွေက အောင်မြင်တော့မလိုနှင့် ကျရှုံးနေမည်။ စိတ်ပူပန်မှုတွေနှင့် ရှုပ်ထွေးသောက ရောက်မည်။ သူများအပူကို မိမိကဝယ်ယူနေသလို ဖြစ်မည်။ အမြဲတမ်း စိတ်ညစ်စရာတွေနှင့် ကြုံတွေ့နေရမည်။ ရွှေ ငွေ ရတနာပစ္စည်း ထွက်မည်။ အရင်းနှီးဆုံးလူက မိမိအားလိမ်လည်လိမ့်မည်။ ငွေကုန်ကြေးကျ များမည်။ ဆေးရုံဆေးခန်း ရောက်မည်။ ချစ်သူနှင့် စကားများရန်ဖြစ်မည်။ မတရားသဖြင့် ဂုံးချောအတင်း ပြောခြင်းခံရမည်။ ကိုယ်ဝန်ဆောင်အမျိုးသမီး ညအိပ်ညနေ လက်မခံပါနှင့်။ မိဘဆွေမျိုးသားချင်းများနှင့် ရန်ဖြစ်မည်။ ဆီးချိုသွေးချိုရောဂါ ဂရုစိုက်ပါ။

ဓါတ်ယတြာ

ခရေပန်း ( 8 ) ပွင့် ဘုရားလှူပါ။

ထီနံပါတ် ( 24. 29. 28. )

Credit ; Baydin world


Read 250 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.